Monday, February 17, 2014

ဆေးဖက်ဝင် မရမ်းသီး

ဆေးဖက်ဝင် မရမ်းသီး

မရမ်းသီးသည် သွေးဝမ်း သွားခြင်း၊ ၀မ်းကိုက်ခြင်း၊ သွေးကြောင့် ဖြစ်သော ရောဂါ၊ အဖျား ဟောင်းနှင့် ကိုယ်တွင်းပူ လောင်ခြင်း၊ အသားကြား အရိုးကြား တို့၌ နာကျင် ကိုက်ခဲခြင်းတို့ကို သက်သာ ပျောက်ကင်း စေသည်။

မရမ်းသီးကို သုပ်စားခြင်း၊ ချက်စားခြင်း၊ စသည်ဖြင့် ပြုလုပ် စားသုံးပါက ခံတွင်း ပျက်ခြင်းနှင့် ခံတွင်း အရသာ မပေါ်ခြင်းတို့ကို သက်သာ ပျောက်ကင်း စေနိုင်သည်။

ဝမ်းကိုက်ခြင်း၊ မီးယပ်ဝမ် သွားခြင်းများ အတွက် မရမ်းသီး ဆားရည်စိမ် အရည် သောက်ပေးခြင်း၊
http://www.myanmarcnn.com/2014/02/blog-post_5635.html

နောက်တစ်မျိုး တိုးတဲ့ သံလွင်ဆီ အကျိုးထူး

နောက်တစ်မျိုး တိုးတဲ့ သံလွင်ဆီ အကျိုးထူး
=========

သံလွင်ဆီထဲမှာ အဓိကပါဝင် ပစ္စည်း ဟိုက်ဒရောစီ တိုင်ရိုဆော (Hydroxytyrosol)က သွေးဆုံး ပြီး အမျိုးသမီးကြီးတွေမှာ ဖြစ်ပွား နိုင်တဲ့ ရင်သား ကင်ဆာကို ကာကွယ် ပေးနိုင်ပါတယ်။


ရင်သားကင်ဆာနှင့် ရင်သား
သိပ်သည်းမှုအကြား ဆက်စပ်မှုရှိ ကြောင်း ဟောက်စ်တန်မက်သိုဒစ် ကင်ဆာဌာနမှ
ရင်သား ကင်ဆာကု ဆရာဝန်ကြီးတစ်ဦးက ပြောပြခဲ့ပါ တယ်။ ရင်သားသိပ်သည်းလာ၊ မာလာ၊
ထူလာတာ ၁ရာခိုင်နှုန်း တွေ့ ရပါက ရင်သားကင်ဆာဖြစ်နိုင်ခြေ ၂ရာခိုင်နှုန်း
နီးပါးပြောင်းလာနိုင်တယ် လို့ ဆိုတယ်။ ပြီးခဲ့တဲ့ လေ့လာချက် များအရ
သံလွင်ဆီဟာ နှလုံးရောဂါ၊ သွေးတိုးရောဂါနှင့် လေဖြတ်နိုင်ခြေ တို့မှ
နည်းပါးကျဆင်းစေနိုင်တဲ့ ကျန်းမာရေး အကျိုးကျေးဇူးတွေ ရှိ ကြောင်း
ပြသနိုင်ခဲ့ ပါတယ်။


ဟောက်စ်တန်မက် ဆိုဒစ်မှ အမျိုးသမီးလူနာ ၁၀ဝဦး (သွေးမဆုံး မီ ၅၀ဦးနှင့်
သွေးဆုံးပြီး ၅၀ ဦးစီ) တို့အား လူနာတစ်ဦးလျှင် Hydroxytyrosol ၂၅
မီလီဂရမ်ပါ ဆေး တစ်တောင့်အား ၁၂ လတိုင်အောင် နေ့စဉ် တိုက်ကျွေး ပြီး
၃လတစ်ကြိမ် စစ်ဆေးခဲ့ ပါတယ်။ ဟိုက်ဒရောစီတိုင် ရိုဆောဟာ ရင်သား ထူတာ ကာကွယ်
နိုင်လားဆိုတာ စောင့်ကြည့်ခဲ့ပါတယ်။ ထို့ပြင် ဘေးထွက် ဆိုးကျိုးတွေလည်း
သတိထားခဲ့ရာမှ ရင်သားကင်ဆာ ကာကွယ်နိုင်ကြောင်း တွေ့ရခြင်း ဖြစ်တယ်။

ရွှန်းစိုတဲ့အသားအရေကိုပေးစွမ်းနိုင်မယ့်အစားအစာခုနှစ်မျိုး

ရွှန်းစိုတဲ့အသားအရေကိုပေးစွမ်းနိုင်မယ့်အစားအစာခုနှစ်မျိုး

ရေပန်းစားနေတဲ့ခရင်မ်တွေကိုလည်းသုံး၊ မျက်နှာကိုလည်းထိန်းသိမ်းပါ။ အစားအစာနဲ့ အာဟာရပညာရှင်Danna James က ချော့မွေ့နူးညံ့တဲ့အသားအရေကိုပိုင်ဆိုင်နိုင်ဖို့ သူကြိုက်နှစ်သက်တဲ့အစားအစာတွေကို ဝေငှထားပါတယ်။

၁။ သင်္ဘောသီး
မျက်နှာဆေးမယ်ဆိုရင်တောင်သင်္ဘောသီးကိုအသုံးပြုနိုင်ပါတယ်။ စားတောင်စားသေးတာပဲလေ၊ မဟုတ်ဘူးလား။ သင်္ဘောသီးဟာ ဗီတာမင်စီဓာတ် အလွန်ကြွယ်ဝပြီး မျက်နှာမှာရှိတဲ့ဆဲလ်အသေတွေကိုလည်း ဖယ်ရှားပေးနိုင်ပါတယ်။ နှစ်ရက်တာခန့်သင်္ဘောသီးကိုစားမယ်ဆိုရင်ပဲအသားအရေဟာ ၀င်းလက်တောက်ပပြီး ကျစ်လစ်လှပနေမှာပါ။ သင်္ဘောသီးမှာဗီတာမင်အေ ပေါင်းစပ်ပါဝင်တဲ့အတွက် ခရင်မ်တွေရဲ့စွမ်းဆောင်ရည်လိုပဲအသားအရေကိုနူးညံ့စေပါတယ်။ သင်္ဘောသီးမှာပါပိန်း(papain) လို့ခေါ်တဲ့အစာချေစနစ်ကိုကောင်းမွန်စေတဲ့ဓာတ် ပါဝင်ပြီးအသားအရေရောင်ရမ်းခြင်းကိုတိုက်ဖျက်ပေးခြင်းအားဖြင့်နီစပ်စပ်အသားအရေကိုလျော့ကျစေပါတယ်။

၂။ အုန်းနို့ရည်
အုန်းနို့ဆိုတာတော့ကြားဖူးမှာပါ။ အုန်းသီးကိုအရည်ညှစ်ပြီးရလာတဲ့အုန်းနို့ရည်မှာအကျိုးပြုဘက်တီးရီးယား ပါဝင်ပါတယ်။ အုန်းနို့ရည်အနည်းငယ်အတွင်းမှာ ဒိန်ချဉ်မှာပါဝင်တဲ့ပမာဏထက်သုံးဆများတဲ့ ၁၅ဘီလီယံ လောက်ရှိတဲ့ စမသဘငသအငချ ဘက်တီးရီးယားတွေပါဝင်ပါတယ်။ အဲ့ဒီ့အကျိုးပြုဘက်တီးရီးယားတွေကအသားအရေကိုကြည်လင်စေပါတယ်။ အုန်းနို့ရည်ဟာ သဘာဝအချိုဓာတ်ရှိတဲ့အတွက် အသားအရေရဲ့ အဓိကရန်သူဖြစ်တဲ့သကြားအစားအချိုဓာတ်ကိုပေးစွမ်းပြီးအာသာပြေစေပါတယ်။

၃။ နှမ်းမဲ
အရက်သောက်လွန်လို့အသားအရေပျက်စီးနေတာတောင်မှနှမ်းမဲဟာအသားအရေကိုပြန်လည်တင်းရင်းစေပြီး ၀င်းလက်တောက်ပစေပါတယ်။ နှမ်းမဲမှာမရှိမဖြစ်အဆီဓာတ်၊ cellulite အက်စစ်၊ အမိုင်နိုအက်စစ်၊ ပိုတက်စီယမ်နဲ့
http://www.myanmarcnn.com/2014/02/blog-post_3884.html

ရင်သားကင်ဆာ ဖြစ်ပွားမှုနှင့် သဘာဝပတ်ဝန်းကျင် ဆက်စပ်မှုကို လေ့လာရာမှ အံ့သြစရာများ တွေ့ရှိ

ရင်သားကင်ဆာ ဖြစ်ပွားမှုနှင့် သဘာဝပတ်ဝန်းကျင် ဆက်စပ်မှုကို လေ့လာရာမှ အံ့သြစရာများ တွေ့ရှိ

ရင်သားကင်ဆာ ဖြစ်ပွားရခြင်း၏ အကြောင်းအရင်းကို ရှာဖွေရာတွင် ဓာတ်ခွဲခန်းတွင် တိရစ္ဆာန်များနှင့် ကျန်းမာသော အမေရိကန် မိန်းကလေးများ အုပ်စုတစ်စုကို လေ့လာရာမှ အံ့သြစရာတချို့ကို တွေ့ရှိခဲ့ကြောင်း  သိပ္ပံပညာရှင်များက ပြောကြားခဲ့သည်။ စူးစမ်းရှာဖွေရေး စင်တာတွင် ရင်သားကင်ဆာ မရှိသောကျောင်းသူ ၁၂၀၀ ရှိသည်။ သို့သော်လည်း ရင်သားကင်ဆာ ဖြစ်နိုင်သော မူလအရင်းခံများနှင့် ပတ်သက်၍ ၎င်းမိန်းကလေးများက အရေးကြီးသော သဲလွန်စအ သစ်များကို သိပ္ပံပညာရှင်များအား ပေးအပ်လျက်ရှိသည်။စောစီးစွာ အပျိုဖော်ဝင်ခြင်း၊ အသက်ကြီးမှ ကလေးယူခြင်း၊ နောက်ကျမှ သွေးဆုံးခြင်း၊ အီစထရိုဂျင်ဟော်မုန်း အစားထိုးကုထုံး၊ အရက်သောက်ခြင်းနှင့် ဓာတ်ရောင်ခြည်သင့်ခြင်း အပါအဝင် တချို့သော အန္တရာယ်ပေးသည့် အချက်အလက်များကို ကောင်းစွာ သိရှိထားပြီး ဖြစ်သည်။
 
အန္တရာယ်ရှိသော မျိုးဗီဇဖောက်ပြန်မှုကို ခွဲခြားသိရှိအောင် ပြုလုပ်မှုတွင် တိုးတက်မှုများ ရရှိပြီ ဖြစ်သော်လည်း ယင်းအခြေအနေများမှာ အနည်းငယ်သာ ပါဝင်ပတ်သက်မှု ရှိသည်။ “အထူးသဖြင့် အမျိုးသမီးငယ်တွေထဲမှာ ဖြစ်ပွားတဲ့ ရင်သားကင်ဆာ အများစုဟာ မိသားစုမျိုးရိုးနဲ့ မပတ်သက်ပါဘူး။ သဘာဝပတ်ဝန်းကျင်နဲ့ ရာခိုင်နှုန်း ၈၀ ပတ်သက်မှု ရှိတယ်ဆိုတာ ကျွန်တော်တို့ သိထားပါတယ်” ဟု ရင်သားကင်ဆာနှင့် သဘာဝပတ်ဝန်းကျင် သုတေသန အစီအစဉ် (BC-ERP) မှ ရိန်းလစ်က ပြောသည်။ ၎င်းအစီအစဉ်သည် ၂၀၀၃ ခုနှစ်ကတည်းက အမေရိကန် အစိုးရထံမှ ဒေါ်လာသန်း ၇၀ ခန့်ထောက်ပံ့မှု ရရှိထားသည်။ သုတေသီတချို့က လူများဖြစ်ပျက်နေသည်ကို ခြေရာခံပြီး အခြားသုတေသီများက ကာစီနိုဂျင် (သက်ရှိတစ်သျှူးနှင့် တွေ့သောအခါ ကင်ဆာဖြစ်စေသော ပစ္စည်း)၊ ညစ်ညမ်းစေသော အရာများ၊ အစားအစာများက ဓာတ်ခွဲခန်းကြွက်များတွင် နို့ရည်ဂလင်းများနှင့် ရင်သားအကျိတ်များ ဖြစ်ထွန်းမှုအပေါ် မည်သို့သက်ရောက်သည်ကို လေ့လာခဲ့ကြသည်။ ပရိုဂရမ်၏ စူးစိုက်မှုမှာ အပျိုဖော်ဝင်ချိန် ဖြစ်သည်။
 
အကြောင်းမှာ အမျိုးသမီးများ ရင်သားကင်ဆာကို ခန့်မှန်းရာတွင် အကောင်းဆုံး ဖြစ်နိုင်သောကြောင့် ဖြစ်သည်ဟု ရိန်းလစ်ကဆိုသည်။ အပျိုဖော်ဝင်ချိန်သည် ရင်သားတစ်သျှူးများ လျင်မြန်စွာ ကြီးထွားနေချိန်လည်း ဖြစ်သည်။ အပျိုဖော်ဝင်ချိန်တွင် ရေဒီယိုသတ္တိကြွမှုကို ထိတွေ့ခဲ့ရသော သူတို့သည် အရွယ်ရောက်လျှင် ရင်သားကင်ဆာ ဖြစ်နိုင်ခြေပို၍ မြင့်မားကြောင်း ဂျပန်တွင် ဟီရိုရှီးမား၌ အဏုမြူဗုံးကြဲ ခံရပြီးနောက် ရှင်သန်သူများကို ပြုလုပ်သော သုတေသနက ပြသခဲ့သည်။ အမေရိကန် မိန်းကလေး ၁၂၀၀ သည် မြောက်ပိုင်း ကယ်လီဖိုးနီးယား၊ နယူးယောက်စီးတီးရှိ ဆိုက်နေရာများတွင် လေ့လာမှုခံယူရန် စာရင်းပေးခဲ့ကြသည်။ ထို့နောက် ၎င်းတို့ အသက်ခြောက်နှစ်နှင့် ရှစ်နှစ်ကြား ၂၀၀၄ ခုနှစ်မှစ၍ အိုဟိုင်းယိုးရှိ စင်စင်နာကီ ဧရိယာတွင် လေ့လာမှု စတင်ခဲ့သည်။ ရည်ရွယ်ချက်မှာ သွေးနှင့်ဆီး စမ်းသပ်မှုများမှ မိန်းကလေးများ၏ ဓာတုဗေဒ ထိတွေ့မှုကို တိုင်းတာရန်နှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ထိတွေ့မှုများက အပျိုဖော်ဝင်စ အချိန်တွင် မည်သို့ထိခိုက်၍ နောက်ပိုင်းတွင် ရင်သားကင်ဆာ မည်သို့ဖြစ်နိုင်သည်ကို သိရှိရန်ဖြစ်သည်။

ဆီးချို၊ သွေးချို ရောဂါအတွက် ပျားမြီးရွက်ပင်

ဆီးချို၊ သွေးချို ရောဂါအတွက် ပျားမြီးရွက်ပင်

ဆီးချို၊ သွေးချို (Dibetes) ရောဂါ ကုသရေး အတွက် တိုင်းရင်းဆေး ဖြစ်တဲ့ ပျားမြီးရွက်အပင် (Bee Tail Plant) အကြောင်း သိမှတ်ဖွယ်...

(၁)။ ဆေးပင်အမည်= ပျားမြီးရွက်အပင် (Bee Tail Plant)

(၂)။ မူရင်း= ထိုင်ဝမ်

(၃)။ ပျံ့နှံ့မှု=မြန်မာ၊ထိုင်း၊ မလေးရှား၊စကာင်္ပူ၊အင်ဒိုနီးရှား၊

(၄)။ ထူးခြားမှု= ပင်ပျော့၊ နွယ်ပင်မျိုးဖြစ်သည်။

အရွက်သည် ပျားကိုယ် အနောက်ပိုင်းနဲ့တူပြီး အရွက်ဘေးတွင် အထစ်များ ပါဝင်သည်။ ရင့်သော အပင်များ၏ ပင်စည်သည် နီညိုရောင် ရှိသည်။ အရိုး၊ အလက်ကိုဖြတ်၍ မြေတွင် စိုက်ရုံဖြင့် ရှင်သန်သည်။ မျိုးပွားလွယ်သည်။

(၅)။ ကုသနည်း= ဦးစွာ သွေးချို၊ ဆီးချိုကို စစ်ဆေး တိုင်းတာရပါမည်။

(က) ပုံမှန် ထက်အနည်းငယ် တက်နေပါက တစ်နေ့လျှင် ပျားမြီးရွက် တစ်ရွက်အား

ရေသန့်သန့်နှင့်ဆေး၍ ဝါးစားရန်ဖြစ်သည်။

စားပြီးနောက်တစ်နေ့တွင် ဆီးချို၊သွေးချိုကို ပြန်တိုင်းကြည့်ပါ။

( ပုံမှန်ဖြစ်သွားပါက ဆက်စားရန်မလိုပါ )

(ခ) ဆီးချို၊သွေးချိုသည် (၂၀၀)နှင့် (၃၆၀)ကြားရှိပါက နေ့စဉ် ပျားမြီးရွက် သုံးရွက်ကို ရေစင်စင် ဆေး၍ ဝါးစားရန်ဖြစ်သည်။

စားပြီးနောက်တစ်နေ့တွင် ဆီးချို၊သွေးချိုကို ပြန်တိုင်းကြည့်ပါ။

( ပုံမှန်ဖြစ်သွားပါက ဆက်စားရန်မလိုပါ )

(ဂ) အကယ်၍ ဆီးချို၊သွေးချိုသည် (၄၆၀)ကျော်ထိ ဖြစ်နေပါက ပျားမြီးရွက် အစိမ်း (၆)မှ (၉)ရွက်ထိ ရေသန့်သန့်ဖြင့် ဆေးပြီး ဝါးစားရန် ဖြစ်ပါသည်။

စားပြီးနောက်တစ်နေ့တွင် ဆီးချို၊သွေးချိုကို ပြန်တိုင်းကြည့်ပါ။

( ပုံမှန်ဖြစ်သွားပါက ဆက်စားရန်မလိုပါ )

(ဃ) အကယ်၍ ဆီးချို၊သွေးချိုသည် ပျားမြီးရွက်စားများ၍ သွေးချိုကျဆင်းသွားပါက အချိုရည် တစ်ခုခုကို သောက်သုံးနိုင်သည်။

မူလ (Normal Level) အခြေသို့ရောက်သွားသောအခါ အချိုရည် အစားအစာကို ခေတ္တ ရပ်ထားလိုက်ပါ။

(င) ဆီးချို၊သွေးချို ကြောင့် ခွဲစိတ်ရန် လိုအပ်သူများသည် အထက်ပါ ပျားမြီးရွက်ကို စားခြင်းဖြင့် အဆင်ပြေနိုင်ကြောင်း လေ့လာသိရှိရပါသည်။

ဆီးချို၊သွေးချို ရောဂါနှင့် ပတ်သက်၍ ကျွန်တော် လက်လှမ်းမီသမျှ လေ့လာ ထားတာ ရှိပါသည်။ ဆီးချို၊ သွေးချို ရောဂါဆိုတာ သွေးထဲမှာ သကြားဓာတ်(အချိုဓာတ်) လွန်ကဲ များပြား နေခြင်းကြောင့် ဖြစ်ပေါ်လာသည့် ရောဂါမျိုး ဖြစ်ပါသည်။ အမျိုးသား အမျိုးသမီး မရွေး ဖြစ်နိုင်သည် ရောဂါ ဖြစ်ပါသည်။ မျိုးရိုးလိုက်၍ ဆီးချို၊ သွေးချို ရောဂါ ဖြစ်နိုင်သလို ကိုယ်ခန္ဓာ ဝသူ၊ပိန်သူ၊ ကြီးသူ၊ ငယ်သူ ဖြစ်ပါစေ ၊ အစားအသောက် အနေအထိုင် မဆင်ခြင်ပါက ဆီးချို၊ သွေးချိုရောဂါ ဖြစ်နိုင်ပါသည်။ သွေးဖောက်စစ် ဆေးလို့ ရောဂါ မရှိပေမယ့် တစ်ချိန်ချိန်မှာ ဆီးချို၊ သွေးချိုရောဂါ ရှိလာနိုင်ကြောင်းလည်း လေ့လာ သိရှိရပါသည်။

ဆီးချို၊ သွေးချို ရှိလာလျှင် နှလုံးသွေးကြောကျဉ်း ရောဂါဖြစ်ဖို့ အခြေအနေ ပိုလာနိုင်ခြင်း၊ သွေးတိုး ရောဂါခံ ရှိနေသူသည် ဆီးချို၊သွေးချို ရောဂါ ရှိလာပါက လေဖြတ်နှုန်း ပိုများလာနိုင်ခြင်း ၊ဆီးချို၊ သွေးချို ရောဂါကြောင့် ဖြစ်လာနိုင်သော ရောဂါများတွင် အနာများ ပေါက်ပွားလာနိုင်ခြင်း ၊ ထိုအနာများသည်လည်း ပျောက်ခဲခြင်း ၊ ထိုပြင် နောက်ဆက်တွဲ ရောဂါ များစွာလည်း ဖြစ်လာနိုင်သည့် အပြင် အနေဆင်းရဲ အစား ဆင်းရဲခြင်း များပါ ခံစား ရတတ်ပါသည်။

ဒါပေမယ့် ပျားမြီးရွက်ကို စနစ်တကျ စားသုံးမှီဝဲခြင်းဖြင့် ဆီးချို၊ သွေးချိုရောဂါကို သက်သာ ပျောက်ကင်းအောင် ထိန်းသိမ်း ထာနိုင်ကြောင်း တွေ့ရပါသည်။

ထို့အတူ ဆီးချို၊သွေးချိုရှိရာ ရောဂါဝေဒနာရှင် စားသုံးသူတိုင်း အတွက်လည်း ဆက်၍ နေ့စဉ် ၁...၂ ရွက် စားသုံး၍ ရောဂါ ကို ထိန်းထား(control) လုပ်နိုင်သောကြောင့် အကျိုး ထိရောက်မှု ရှိနေကြောင်း သိရပါသည်။

ဆေးဖက်ဝင်ပျားမြီးရွက်နှင့် ဆေးဆောင်းပါးများ

စောငုဝါ

ကျန်းမာရေးစာတိုများစုစည်းမှု

မြ၀တီ

“ ဘီပိုး စီပိုး အသည်းသမားများ သခွတ်ကိုသောက် ရောဂါပျောက် ”

“ ဘီပိုး စီပိုး အသည်းသမားများ သခွတ်ကိုသောက် ရောဂါပျောက် ”

=====================================
သခွတ်အစွမ်းကြောင့် စီပိုး အသည်းသမားသည် ပိုးကောင်ရေ သိန်းချီရာမှ ဆယ်ဂဏန်းမျှသာကျန်ရှီတော့ပြီး ရောဂါမှာ သိသိသာသာ ပျောက်ကင်း သွားသလောက်ဖြစ်သွားသောကြောင့် အသည်းအထူးကု ဒေါက်တာ ခင်မောင်ဝင်း ဆရာကြီးကိုယ်တိုင်အံ့အားသင့်လို့  သခွတ်သောက်သော လူနာကို မှတ်တမ်းအပြု့ ခံလိုက်ရသော မြန်မာတို့ ၏ သခွတ်ပင် သာဖြစ်ပါသည်။

သခွတ်ပင်၏ အပွင့် အရွက် အခေါက် တို့ကို ယူပါ။ အပွင့်နှင့်အရွက်ကိုတော့
နေအနည်းရသော နေရာမှာ အခြောက်ခံလိုက်ပါ (လက်ဖက်ခြောက်လို
့လည်း သောက်သုံးလို့ ရနိုင်စေရန် အတွက် ) အခေါက်ကိုတော့ ရေဆေးပြီး ကြာရှည်သိမ်းထားလို့ ရအောင် နေဖန့် ဖန့် ပြပြီး အခေါက်ကို သုံးစွဲ ရပါမည်။

ဆေးရည်ကျိုနည်း …. ပထမဦးစွာ ဆေးကျိုရန်အတွက် မြေအိုးအသစ်တလုံး ကို ရယူပါ မြေအိုးထဲ့တွင် သခွတ်ပွင့် ၊ အရွက် နှင့် အခေါက်တို့ ကို ရေနဲ့  သုံးခွက်တခွက်ကျော်ကျော်လောက် ပြုတ်ပြီး သောက်သုံးပေးပါ တနေ့ ကို သုံးကြိမ်( သို့  ) နှစ်ကြိမ်လောက် လုပ်ဆောင်သောက်သုံးပေးပါ။

အခေါက်တစ်မျိုးတည်းကိုလည်း ကြိုချက်သောက်သုံးနိုင်ပါသည်။ အရွက်အခြောက်နှင့် အပွင့်အခြောက်ကိုတော့ အောက်ဖော်ပြပါ အတိုင်း သောက်သုံးလည်း ရပါသည် ။ အရွက်ခြောက်နဲ့ အပွင့်ခြောက်အနည်းငယ် ကိုလည်းလက်ခြောက်ပုံစံပြုလုပ်ပြီးတော့လည်း ဆေးအဖြစ် သောက်သုံး နိုင်ပါသေးသည်၊ လက်ဖက်ခြောက်ခပ်သည့် ပုံစံလို လက်ဖက်ခြောက်အစား သခွတ်အရွက်ခြောက်နှင့် အပွင့်ခြောက် အနည်းငယ်ထည့်ခပ် ရေနွေးကြမ်း သောက်သုံးသလို့ လည်း လုပ်သောက်ခြင်းဖြင့် အသည်းရောဂါအတွက် ကြိုတင်ကာကွယ်ခြင်း အကျိုးကျေးဇူးရရှိပါသည် ၊ သခွတ်ဆေးရည် သည် အသည်းနဲ့ ပတ်သက်သော အသည်းအဆီဖုံးခြင်းနှင့် ဘီပိုး စီပိုး အသည်း ရောဂါ ဖြစ်နေသူများ အတွက် အကောင်းဆုံး ဆေးစွမ်းထက်မြတ် ပေးစွမ်း နိုင်သော သခွတ်ပင်၏ ကျေးဇူးများသာ ဖြစ်ပါသည်။

Aye Chan Mon# Credit To :Myanmar News Media> ပြန်လည် မျှဝေခြင်း ဖြစ်ပါသည်

အမျိုးသားတို့ ကြက်သွန်ဖြူ စားသင့်သော အချက်သုံးရပ်

အမျိုးသားတို့ ကြက်သွန်ဖြူ စားသင့်သော အချက်သုံးရပ်
========
ကြက်သွန်ဖြူက
လူ့ခန္ဓာကိုယ် ကျန်းမာရေး အတွက် ကောင်းမွန်တာ မှန်ပေမယ့် အမျိုးသားတွေ
ရရှိနိုင်တဲ့ သီးသန့် အကျိုးကျေးဇူး သုံးမျိုး ရှိပါတယ်။


(၁) ဆီးကျိတ် ကင်ဆာ ကာကွယ်မှု ပုံမှန်


စားတာကြောင့် ဆီးကျိတ် ကင်ဆာ ဖြစ်နိုင်ခြေကို လျော့ကျ စေကြောင်း လေ့လာမှု
တွေအရ သိရပါတယ်။ ကြက်သွန် ဖြူက ဆီးကျိတ် ကင်ဆာ ဆဲလ်ကြီးထွားမှုကို
နှေးကွေးစေကြောင်း လေ့လာမှုအ များအပြားက ဆိုပါတယ်။ တရုတ်နိုင်ငံမှာ
ပြုလုပ်တဲ့ လေ့လာမှု တစ်ရပ်အရ ကြက် သွန်ဖြူကို များများ စားတဲ့ အမျိုးသားတွေ
က ဆီးကျိတ် ကင်ဆာ ဖြစ်နိုင်ခြေ ၅၀ ရာ ခိုင်နှုန်း လျော့ကျ နေကြောင်း သိရပါ
တယ်။ ကြက်သွန်ဖြူကို အစိမ်းလိုက်စား တာက ကင်ဆာ ကာကွယ်ပေးတဲ့ ကောင်း
ကျိုးကို ရရှိစေပါတယ်။


(၂) နှလုံးကို ကျန်းမာစေခြင်း


ကြက်သွန်ဖြူမှာ ပါတဲ့ ဒြပ်ပေါင်း တွေက ဟိုက်ဒရိုဂျင် ဆာလ်ဖိုက် အဖြစ်
ကူးပြောင်းပြီး သွေးကြောတွေကို အနားရစေ ကာ သွေးစီးဆင်းမှုနဲ့ သွေးလှည့်
ပတ်မှုကို ကောင်းမွန် စေပါတယ်။ လေ့လာမှု အရ ဟိုက်ဒရိုဂျင် ဆာလ်ဖိုက်ဟာ
နှလုံးရောဂါ မဖြစ်အောင် ကာကွယ် ပေးနိုင်ပြီး နှလုံး ရောဂါထမှု(Heart Attack)
ကိုပါ ကာ ကွယ်ပေးကြောင်း သိရပါတယ်။ ကြက် သွန်ဖြူ မစားတဲ့ အမျိုးသား တွေနဲ့
ယှဉ်ရင် ကြက်သွန်ဖြူ စားသူတွေက သွေးကြော ထဲမှာ သွေးခဲဖတ် ပိတ်ဆို့မှု ၅၀
ရာခိုင် နှုန်း နှေးကွေးကြောင်း UCNA လေ့လာ မှုတစ်ရပ်အရ တွေ့ရပါတယ်။


(၃) အမျိုးသား မစွမ်းဆောင်နိုင်မှုကို ကုသပေးခြင်း


ကြက်သွန်ဖြူက တက်စတို စတီရုန်း ကျားဟော်မုန်း အဆင့်ကို တိုးစေပြီး သွေး
လှည့်ပတ်မှုကို ကောင်းမွန်စေပါတယ်။ ဒါ့ အပြင် မစွမ်းဆောင် နိုင်မှုကို သက်သာ
စေတဲ့ အင်ဇိုင်း ထုတ်လုပ်မှုကို လှုံ့ဆော် ပေးနိုင်ပါတယ်။

ရင်သားကင်ဆာ ရှိမရှိ ကြိုတင်စစ်ဆေးခြင်း (တက္ကသိုလ် လှမွန်)

ရင်သားကင်ဆာ ရှိမရှိ ကြိုတင်စစ်ဆေးခြင်း (တက္ကသိုလ် လှမွန်)

အခုရက်ပိုင်း အမေရိကန်နိုင်ငံ ကျန်းမာရေး သတင်းတွေမှာ ရေပန်းစားနေတာကတော့ အမျိုးသမီးများ ရင်သားကင်ဆာ ရှိမရှိ ကြိုတင်စစ်ဆေးခြင်းကို ဘယ်အသက်အရွယ်မှာ
စပြီး လုပ်သင့်တယ်၊ ဘယ်လောက်တစ်ခါ လုပ်သင့်တယ် ဆိုတဲ့ ကိစ္စပဲဖြစ်ပါတယ်။
ဒီသတင်းနဲ့ ဆက်ဆိုင်တဲ့ သုတေသန စာတမ်းတွေ၊ ထောက်ခံအကြံပြုချက်တွေကို
ပြန်လည် တင်ပြပြီး ဒီအချက်အလက်တွေဟာ မြန်မာနိုင်ငံက အမျိုးသမီးတွေနဲ့
ဘယ်လို ဆက်စပ်နိုင်လည်း ဆိုတာကိုပါ ဆက်လက် ဆွေးနွေးတင်ပြသွားပါမယ်။
ဆွေးနွေးချက်က နည်းနည်းရှည်တော့ အနှစ်ချုပ်ကို အရင်ဖော်ပြပြီး အသေးစိတ်
အချက်အလက်တွေကို နောက်ပိုင်းမှာ ဖော်ပြထားပါတယ်။

အနှစ်ချုပ်

အမေရိကန်နိုင်ငံ ကျန်းမာရေးဝန်ကြီးဌာန (U.S. Department of Health and Human Services) ရဲ့
ဌာနခွဲ တစ်ခုဖြစ်တဲ့ ကျန်းမာရေးစောင့်ရှောက်မှု အရည်အသွေး မြှင့်တင်ရေး နဲ့
သုတေသန ဌာနခွဲ (Agency for Healthcare Research and Quality) က အရပ်ဖက်
ပညာရှင်များ ပါဝင်တဲ့ အဖွဲ့တစ်ခု (U.S. Preventive Services Task Force)
ဖွဲ့စည်းပေးပါတယ်။ ဒီအရပ်ဖက် ပညာရှင်တွေက ကျန်းမာရေးဝန်ကြီးဌာနရဲ့
စွက်ဖက်မှု၊ ကြိုတင်အဖြေထုတ်ပေးမှုတွေ မပါပဲ မိမိတို့ တတ်ကျွမ်းတဲ့ ပညာနဲ့
လွတ်လွတ်လပ်လပ် သုတေသနပြုပြီး ရလဒ်ကို အများပြည်သူ သိရှိရအောင်
ထောက်ခံအကြံပြုချက် အနေနဲ့ ၂၀၀၉ ခုနှစ် နိုဝင်ဘာလမှာ အခုလို ထုတ်ပြန်ပါတယ်။
  • အမေရိကန်နိုင်ငံရှိ အသက် ၅၀ မှ ၇၄ နှစ်အတွင်း အမျိုးသမီးများ အားလုံး အနည်းဆုံး ၂ နှစ် ၁ ကြိမ် ရင်သားဓာတ်မှန်ရိုက်ပြီး စစ်ဆေးသင့်သည်။
  • အမေရိကန်နိုင်ငံရှိ အသက် ၄၀ မှ ၄၉ အတွင်းရှိ အမျိုးသမီးများ အနေဖြင့်မူ ပုံမှန် စစ်ဆေးရန်မလို။ အကယ်၍ ရင်သားကင်ဆာ ဖြစ်စေနိုင်သော မျိုးရိုးဗီဇ ရှိပါက ရင်သားဓာတ်မှန်
    ရိုက်သင့်မရိုက်သင့်ကို ဆရာဝန်နှင့် တိုင်ပင်ပြီး ဆောင်ရွက်သင့်သည်။
  • အမေရိကန်နိုင်ငံရှိ အသက် ၇၅ နှစ်ကျော် အမျိုးသမီးများအတွက်မူ မည်သည့် ထောက်ခံအကြံပြုချက်မျှ မပေးနိုင်သေးပါ။ (သုတေသနပြုချက်များ ပြည့်စုံလုံလောက်မှု မရှိ။)
ဒီလို ထောက်ခံအကြံပြုချက်ဟာ အမေရိကန်နိုင်ငံသူတွေ အတွက်သာ အဓိကဖြစ်လို့
မြန်မာနိုင်ငံသူတွေ အနေနဲ့ ဒီအတိုင်း ထပ်ချပ် ဆောင်ရွက်သင့်တယ်လို့
ပြောဖို့ခက်ပါတယ်။ နောက်တစ်ချက်က ရင်သားဓာတ်မှန်ရိုက်တဲ့ စက်နဲ့
ဓာတ်မှန်ဖတ်တတ်သူက မြို့တိုင်း နယ်တိုင်းမှာ မရှိပါ။ ရောဂါတွေ့လာလျှင်
စနစ်တကျ ကုသပေးနိုင်တဲ့ ဆရာဝန်၊ ဆေးရုံများကလည်း အကန့်အသတ်နှင့်သာ
ရှိပါတယ်။ ကုန်ကျစရိတ်ကလည်း ထည့်စဉ်းစားစရာ အချက်တစ်ခု ဖြစ်ပါတယ်။
မြန်မာအမျိုးသမီးများကို ကိုယ်စားပြုတဲ့ ရင်သားကင်ဆာဆိုင်ရာ သုတေသန
ပြုချက်တွေ ပိုပြီး ထွက်ပေါ်လာစေဖို့နဲ့ သုတေသန တွေ့ရှိချက်တွေကို
ပြည်သူအများ သိရှိနိုင်အောင် ချပြ ပြောဆိုဖို့ လိုအပ်ကြောင်း ပြောလိုပါတယ်။

ကင်ဆာ၏ အခြေခံသဘောတရားများ

ကင်ဆာတို့ မည်သည် မျက်စိဖြင့်မမြင်နိုင် လက်ဖြင့် မစမ်းသပ်နိုင်သော အရွယ်အစားလေးမှ
တဆင့် စမ်းသပ်နိုင်သည့် အရွယ်အထိ ကြီးထွားလာသည့် သဘောရှိသည်။ ကြီးထွားနှုန်း
အနှေးအမြန်မှာ ကင်ဆာ အမျိုးအစား တစ်ခုနှင့် တစ်ခု မတူပေ။
လက်ဖြင့်ကိုင်တွယ် စမ်းသပ်နိုင်သော အဖုအကျိတ်အရွယ်ထိ
ကြီးထွားလာနေပြီဆိုလျှင် အတော့်ကို အန္တရာယ်ရှိနေပေပြီ။ တဖန် အခြား
ခန္ဓာကိုယ် အစိတ်အပိုင်းများကိုပါ ပြန့်ပွားနေပြီဆိုလျှင် ကင်ဆာရောဂါ
အဆိုးဆုံး အခြေအနေကို ရောက်နေပြီဟု ပြောလို့ရနိုင်သည်။

ဘာကြောင့်ကြိုတင်စစ်ဆေးဖို့လိုအပ်တာလဲ

တကယ်လို့များ လက်ဖြင့် စမ်းသပ်နိုင်သည့် အဖုအကျိတ်အရွယ် မရောက်မီကပင် ကင်ဆာကို
ရှာဖွေနိုင်ခဲ့ပြီး နည်းမှန်လမ်းမှန် ကုသနိုင်ခဲ့လျှင်
အသက်ပိုရှည်နိုင်သည်။ ဒါကြောင့်လည်း ကျန်းမာရေး ပညာရှင်တွေက ကင်ဆာရှိမရှိ
ကြိုတင် စစ်ဆေးဖို့ တိုက်တွန်းကြခြင်းဖြစ်သည်။ သို့ရာတွင် ‘ပေါ့စေလိုလို့
ကြောင်ရုပ်ထိုး ဆေးအတွက်လေး’ ဆိုတာမျိုး မဖြစ်ရအောင် ကင်ဆာရှိမရှိ
ကြိုတင်စစ်ဆေးသည့် နည်းလမ်းများကြောင့် ဖြစ်လာနိုင်သည့် အန္တရာယ်များကိုလည်း
ထည့်တွက်သင့်သည်။

အမျိုးသမီးများ နှင့် ရင်သားကင်ဆာ

ရင်သားကင်ဆာသည် အမျိုးသမီးများတွင်သာ ဖြစ်နိုင်သလော။ မဟုတ်ပါ။ အမျိုးသားများတွင်လည်း
ဖြစ်နိုင်ပါသည်။ သို့ရာတွင် ကမ္ဘာပေါ်၌ ကင်ဆာကြောင့် သေဆုံးသူ အမျိုးသမီးများ
အနက် ရင်သားကင်ဆာက အဓိက တရားခံဖြစ်သည်။ အမျိုးသားများ အတွက်မူ
လည်ချောင်းနှင့် အဆုတ်ကင်ဆာများက ဒုက္ခအပေးဆုံးပင်။ (WHO global burden of
disease)

ရင်သားကင်ဆာ ကြိုတင်စစ်ဆေးနည်းများ

အဓိက စစ်ဆေးနည်း ၅ မျိုးမှာ -
  1. သံလိုက်အားသုံး ဓာတ်မှန် – Magnetic Resonance Imaging (MRI)
  2. ရင်သား ဓာတ်မှန် – Film Mammography
  3. ရင်သား ဒစ်ဂျစ်တယ် ဓာတ်မှန် – Digital Mammography
  4. ဆရာဝန် စမ်းသပ်ခြင်း - Clinical Breast Examination
  5. မိမိကိုယ်တိုင် စမ်းသပ်ခြင်း - Breast Self Examination
အခုလို ကြိုတင်စစ်ဆေးနည်းမှာ ဘယ်ဟာက ပိုသာလဲ ဆိုတာကို တွေ့ရှိနိုင်စွမ်း
(sensitivity) နဲ့ တိကျမှု (specificity) ဆိုတဲ့ အချက် နှစ်ချက်
နဲ့တိုင်းပါတယ်။

ကြိုတင်စစ်ဆေးနည်း တစ်ခုရဲ့ ‘တွေ့ရှိနိုင်စွမ်း’ ဆိုတာဟာ ကင်ဆာရှိနေသူ လူ ၁၀၀ ကို စစ်ဆေးကြည့်လိုက်လို့ အဲဒီအထဲက
ဘယ်နှစ်ယောက်ကို ကင်ဆာရှိနေပါတယ် လို့ မှန်မှန်ကန်ကန် အဖြေထွက်လဲ ဆိုတာကို
ကြည့်ခြင်း ဖြစ်ပါတယ်။ ဥပမာ ပေးရရင် ဗေဒင်ဆရာ တစ်ယောက်ကို ဗေဒင်သွားမေးတယ်
ဆိုပါစို့။ ခင်ဗျားအိမ်မှာ သရက်ပင် ရှိတယ်လို့ ဟောတယ်။ အိမ်မှာ
သရက်ပင်ရှိတဲ့ မေးသူ ၁၀၀ မှာ ဘယ်နှစ်ယောက်ကို မှန်အောင် ဟောနိုင်လဲ ဆိုတာ
‘တွေ့ရှိနိုင်စွမ်း’ ပါပဲ။ သတိချပ်ဖို့က တချို့မေးသူတွေအိမ်မှာ
သရက်ပင်ရှိပေမယ်လို့ ဗေဒင်ဆရာက သရက်ပင်ရှိတယ်လို့ မဟောလိုက်နိုင်ဘူး။
(မသိတဲ့ အခါလည်း မသိဘူးပေါ့)

‘တိကျမှု’ ဆိုတာကျတော့ ကြိုတင်စစ်ဆေးနည်း အဖြေက ကင်ဆာ ရောဂါရှိတယ် လို့ အဖြေထွက်ပေမယ့် တကယ်တန်း
လက်တွေ့မှာ အဲဒီလူအားလုံး ရောဂါရှိနေတာ မဟုတ်ပါ။ တချို့တလေမှာ ရောဂါ
မရှိပါပဲနဲ့ ကြိုတင်စစ်ဆေးနည်းက ရောဂါရှိပါတယ်လို့ အဖြေထွက်လာတာမျိုး
ဖြစ်တတ်ပါတယ်။ ဥပမာ နဲ့ ရှင်းပြရရင် ဗေဒင်ဆရာက တစ်နှစ်အတွင်း
ထီပေါက်မယ်လို့ ဟောလိုက်တယ်။ အဲဒီလို ထီပေါက်မယ်လို့ အဟောခံရတဲ့ လူ ၁၀၀ မှာ
ဘယ်နှစ်ယောက်က တစ်နှစ်အတွင်း တကယ် ထီပေါက်သလဲ ဆိုတာဟာ ‘တိကျမှု’ ဖြစ်ပါတယ်။
သတိချပ်ဖို့က ထီပေါက်မယ် အဟောခံရတိုင်း ပေါက်ချင်မှ ပေါက်တာ။
(မှားတဲ့အခါလည်း မှားပေမပေါ့)

အထက်မှာ ဖော်ပြခဲ့တဲ့ နည်းလမ်း ၅ မျိုးရဲ့ တွေ့ရှိနိုင်စွမ်း၊ တိကျမှုနဲ့ အမေရိကန်နိုင်ငံက ကုန်ကျစရိတ် ကို ဇယားနဲ့ ဖော်ပြလိုက်ပါတယ်။
စဉ် နည်းလမ်း တွေ့ရှိနိုင်စွမ်း တိကျမှု ကုန်ကျစရိတ်
၁။ သံလိုက်အားသုံး ဓာတ်မှန် ၇၁ - ၁၀၀% ၈၁ - ၉၁% ဒေါ်လာ ၃၆၀၀ + စမ်းသပ်ခ
၂။ ရင်သား ဓာတ်မှန် ၇၇ - ၉၅% ၉၄ - ၉၇% ဒေါ်လာ ၈၅ + စမ်းသပ်ခ
၃။ ရင်သား ဒစ်ဂျစ်တယ် ဓာတ်မှန် ၇၇ - ၉၅% ၉၄ - ၉၇% ဒေါ်လာ ၁၃၅ + စမ်းသပ်ခ
၎။ ဆရာဝန် စမ်းသပ်ခြင်း ၄၀ - ၆၉% ၈၈ - ၉၉% စမ်းသပ်ခ
၅။ မိမိကိုယ်တိုင် စမ်းသပ်ခြင်း ၁၂ - ၄၁% - -

ရာခိုင်နှုန်းတွေကို နမူနာ ရှင်းပြရမယ် ဆိုရင် -

ရင်သားဓာတ်မှန်ရဲ့ ကင်ဆာ တွေ့ရှိနိုင်စွမ်း ၇၇ မှ ၉၅% ဆိုတာ၊ တကယ်တန်း ကင်ဆာ ရောဂါရှိတဲ့ အမျိုးသမီး ၁၀၀ ကို ရင်သားဓာတ်မှန် ရိုက်ကြည့်ရင် ၇၇ ယောက်ကနေ ၉၅
ယောက်လောက်အထိရဲ့ ဓာတ်မှန်မှာ ကင်ဆာသဏ္ဍန်ကို တွေ့နိုင်ပါမယ်။ ဒါပေမယ့်လည်း
ခန့်မှန်းချေ ၅ ယောက်ကနေ ၂၃ ယောက်လောက်ကတော့ ရောဂါရှိနေလျက်နဲ့ ဓာတ်မှန်မှာ
ရောဂါ တွေ့မှာ မဟုတ်ပါဘူး။ တနည်း ပြောရရင် ဓာတ်မှန်မှာ ကင်ဆာ
မတွေ့ဘူးဆိုတိုင်း ကင်ဆာ မရှိဘူးလို့ တတ်အပ် ပြောလို့ မရပါ။

တစ်ခါ တိကျမှု ၉၄ မှ ၉၇% ဆိုတာ ရင်သားဓာတ်မှန်မှာ ကင်ဆာသဏ္ဍန်တွေ့တဲ့ အမျိုးသမီး ၁၀၀
မှာ ၉၄ ယောက်ကနေ ၉၇ ယောက်လောက် အထိက တကယ် ကင်ဆာ ရှိကြပါတယ်။ တနည်း
ပြောရရင် ဓာတ်မှန်မှာ ကင်ဆာ တွေ့တိုင်းလည်း ကင်ဆာ ရှိနေပြီလို့ သေချာပေါက်
ပြောလို့ မရပါ။

ဒါဆို သေချာအောင် ဘယ်လို လုပ်ရမလဲ။

ရင်သားဓာတ်မှန်ရိုက်လို့ ကင်ဆာ သဏ္ဍန် တွေ့တယ်ဆိုရင် အဲဒီ ကင်ဆာ ဖြစ်နေတယ်လို့ သံသယရှိတဲ့ နေရာက
အသားစ နမူနာယူပြီး ဓာတ်ခွဲ စစ်ဆေးရပါမယ်။ အဲဒါမှ ကင်ဆာရှိမရှိ ပိုပြီး
သေသေချာချာ သိနိုင်မှာ ဖြစ်ပါတယ်။

ရင်သားဓာတ်မှန်ရိုက်လို့ ကင်ဆာ သဏ္ဍန် မတွေ့ရင်လည်း နောက် ၂ နှစ်နေရင် တစ်ခါ ပြန်ရိုက်သင့်ပါတယ်။
ဘယ်အသက်အရွယ်မှာ စပြီးတော့ ရင်သားဓာတ်မှန် ရိုက်သင့်လဲ အမေရိကန်နိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနရဲ့ ဌာနခွဲ တစ်ခုဖြစ်တဲ့ ကျန်းမာရေးစောင့်ရှောက်မှု အရည်အသွေး မြှင့်တင်ရေး နဲ့ သုတေသန ဌာနခွဲ က အရပ်ဖက် ပညာရှင်များ ပါဝင်တဲ့
အဖွဲ့တစ်ခု ဖွဲ့စည်းပေးပါတယ်။ ဒီအရပ်ဖက် ပညာရှင်တွေက ကျန်းမာရေးဝန်ကြီးဌာနရဲ့ စွက်ဖက်မှု၊ ကြိုတင်အဖြေထုတ်ပေးမှုတွေ မပါပဲ မိမိတို့ တတ်ကျွမ်းတဲ့ ပညာနဲ့ လွတ်လွတ်လပ်လပ် သုတေသနပြုပြီး ရလာဒ်ကို အများပြည်သူ သိရှိရအောင် ထောက်ခံအကြံပြုချက် အနေနဲ့ ထုတ်ပြန်ပါတယ်။

ဒီနေရာမှာ ဆက်ဆိုင်လို့ ထောက်ခံအကြံပြုချက် (Recommendation) ရဲ့ အဓိပ္ပါယ်ကို
ရှင်းချင်ပါတယ်။ ထောက်ခံအကြံပြုချက်ဆိုတာ ဥပဒေနဲ့ မတူပါဘူး။ လိုက်လုပ်လည်း
ရတယ်။ မလုပ်ချင်လည်း ရတယ်။ ကင်ဆာဆရာဝန် သို့မဟုတ် ခွဲစိတ်ဆရာဝန်က
ကိုယ့်သမ္ဘာ နဲ့ကိုယ် ဆုံးဖြတ်ပြီး ပညာရှင်တွေရဲ့ ထောက်ခံအကြံပြုချက်ကို
မလိုက်နာပဲ ကုပေးတာကို ဘယ်သူကမှ လာပြီး အပြစ်ပေးလို့ မရပါ။ ဘယ် ရဲ ကမှလည်း
စောင့်ကြည့်မနေပါ။

ဒါပေမယ့် ဘာသာရပ်ပိုင်းဆိုင်ရာ (ဒီကိစ္စမှာ ရင်သားကင်ဆာ ဆိုင်ရာ) တတ်ကျွမ်းတဲ့ ပညာရှင်တွေက ဒီလို ဒီလိုတော့ဖြင့်
လုပ်သင့်ပါတယ် ပြောထားလျက်နဲ့ ကိုယ်က လိုက်မလုပ်ဖြစ်ခဲ့လို့ လူနာမှာ
တစ်ခုခု နစ်နာ ဆုံးရှုံးသွားရမယ် ဆိုရင်တော့ နစ်နာမှုနဲ့ တရားစွဲတာ
ခံရနိုင်ပါတယ်။ နောက်ပိုင်းကိစ္စကတော့ တရားခွင်မှာ ဆက်ရှင်းပေါ့။

အရပ်ဖက်ပညာရှင်အဖွဲ့ဆိုတာမျိုးက အခုမှ ပေါ်လာတာ မဟုတ်ပါ။ ၁၉၈၄ ခုနှစ်လောက် ကတည်းက ရှိခဲ့တဲ့
အဖွဲ့ဖြစ်ပါတယ်။ အဖွဲ့ဝင်တွေ ပြောင်းရင်သာ ပြောင်းသွားမယ် လွတ်လွတ်လပ်လပ်
လုပ်ငန်းဆောင်ရွက်နိုင်မှု သဘောတရားကတော့ မပြောင်းပါ။
ရင်သားဓာတ်မှန်ရိုက်ပြီး ရင်သားကင်ဆာ ရှာဖွေကြည့်ခြင်း ဆိုင်ရာ
ထောက်ခံအကြံပြုချက်ကို ၂၀၀၂ ခုနှစ်တုန်းက ဒီအဖွဲ့ကပဲ ပြောခဲ့ဖူးပါတယ်။
အခုတော့ သုတေသန တွေ့ရှိချက် အသစ်တွေပေါ် အခြေခံပြီး ၂၀၀၉ ခုနှစ်
ထောက်ခံအကြံပြုချက်ကို ထုတ်တာပါ။ ဘာတွေကွာခြားလဲ ဆိုတာ
နှိုင်းယှဉ်ကြည့်ရအောင်။
အမျိုးသမီးများ၏ အသက် ၂၀၀၂ ၂၀၀၉
၄၀ - ၄၉ နှစ် ၁ နှစ် (သို့) ၂ နှစ် လျှင် တစ်ကြိမ်နှုန်းဖြင့် ရင်သားဓာတ်မှန် ရိုက်သင့်သည်။ ရင်သားဓာတ်မှန် ပုံမှန် ရိုက်စရာမလို။ လူတစ်ဦးချင်း အနေအထားပေါ် မူတည်၍ ဆရာဝန်နှင့် တိုင်ပင်ကာ လိုအပ်မှ ရိုက်သင့်သည်။
၅၀ - ၇၄ နှစ် ၁ နှစ် (သို့) ၂ နှစ် လျှင် တစ်ကြိမ်နှုန်းဖြင့် ရင်သားဓာတ်မှန် ရိုက်သင့်သည်။ ၂ နှစ် ၁ ကြိမ်နှုန်းဖြင့် ရင်သားဓာတ်မှန် ရိုက်သင့်သည်။
၇၅ နှစ် အထက် ၁ နှစ် (သို့) ၂ နှစ် လျှင် တစ်ကြိမ်နှုန်းဖြင့် ရင်သားဓာတ်မှန် ရိုက်သင့်သည်။ သုတေသနပြုချက်များ လုံလောက်မှုမရှိသဖြင့် အတတ်မပြောနိုင်။

၂၀၀၉ ထောက်ခံအကြံပြုချက်မှာ ပါတဲ့ နောက်အချက် တစ်ခုကတော့ MRI, Digital Mammography နဲ့ ဆရာဝန် စမ်းသပ်တာတွေ အတွက်ကိုတော့ မည်သို့မျှ
မပြောလိုကြောင်း၊ သုတေသန ပြုချက်များ မလုံလောက်ကြောင်း ပါရှိပါတယ်။
‘မိမိကိုယ်တိုင်စမ်းသပ်ခြင်း’ နည်းလမ်းကိုတော့ ကြိုတင်စစ်ဆေးမှုအတွက်
အသုံးမပြုသင့်ကြောင်း ပြောထားပါတယ်။

ဘာကြောင့် ဒီလို ထောက်ခံအကြံပြုသလဲ

ရင်သားကင်ဆာကြောင့် အသက်သေဆုံးရမှု လျှော့ကျစေဖို့ကို အဓိကရည်ရွယ်ပြီး ဒီလို ထောက်ခံအကြံပြုတာဖြစ်ပါတယ်။

သူတို့ ဘယ်လိုသိသလဲ

အမေရိကန် အရပ်ဖက် ပညာရှင်အဖွဲ့က အခြားသုတေသီတွေ လုပ်ဆောင်ခဲ့သမျှတွေကို စနစ်တကျ
လေ့လာပြီး အနှစ်ချုပ်ရလဒ်ကို ကြည့်ပါတယ်။ နောက်ပြီးတော့
အမေရိကန်နိုင်ငံသူတွေရဲ့ ရင်သားကင်ဆာ ဖြစ်ပွားနှုန်း၊ ရောဂါအပြင်းအပျော့၊
ကင်ဆာကြောင့် သေဆုံးမှုနှုန်း စတဲ့ အချက်အလက်တွေကို ကွန်ပျူတာထဲ
ထည့်သွင်းပြီး ဘယ်အသက်အရွယ်မှာ ရင်သားဓာတ်မှန် ရိုက်တာက ရင်သားကင်ဆာကြောင့်
သေဆုံးမှုနှုန်းကို လျှော့ချပေးနိုင်လဲ ဆိုတာကို ဆန်းစစ်ပါတယ်။

ဒီဆန်းစစ်ချက်တွေအရ အသက် ၅၀ ကနေ ၆၉ နှစ်အတွင်း ရှိ အမျိုးသမီးများကို ၂ နှစ် ၁ ကြိမ်
ရင်သားဓာတ်မှန် ရိုက်တာက ရင်သားကင်ဆာကြောင့် သေဆုံးမှုနှုန်းကို ၁၅
ရာခိုင်နှုန်းခန့် လျှော့ချနိုင်ပြီး၊ မလိုအပ်ပဲ အသားစယူခံရမှု အနည်းဆုံး
ဆိုတာ တွေ့ပါတယ်။ အသက် ၄၀ နဲ့ ၅၀ ကြား အမျိုးသမီးတွေကိုပါ ၂ နှစ် ၁ ကြိမ်
ရင်သားဓာတ်မှန် ရိုက်ပြီး စစ်ဆေးမယ် ဆိုရင်တော့ ရှားရှားပါးပါး တစ်ယောက်
တစ်လေရဲ့ အသက်ကို ထပ်ပြီး ကယ်တင်ကောင်း ကယ်တင်နိုင်ပါမယ်။ ဒီလို
အသက်တစ်ချောင်း ကယ်တင်နိုင်ဖို့အတွက် လူ ၁၃၀၀ လောက်ကို ရင်သားဓာတ်မှန်
ရိုက်ပြီးစစ်ဆေးဖို့ လိုပါမယ်။ ရင်သားဓာတ်မှန် ၁၂၉၉ ကြိမ် (တန်ဖိုးအားဖြင့်
ဒေါ်လာ ၁ သိန်း ၃ သောင်းဖိုးလောက်) က အပိုရိုက်ရသလို ဖြစ်နေတယ်။
အကြမ်းဖျင်း ပြောကြေးဆိုရင် အသက်တစ်ချောင်းက ဒေါ်လာ ၁ သိန်း ၃ သောင်း တန်တယ်
ဆိုပါစို့ရဲ့။ စာရှုသူဆိုရင် ဘယ်လို ဆုံးဖြတ်မလဲ။

ဆွေးနွေးချက်

ဒီ ထောက်ခံအကြံပြုချက် ထွက်ပေါ်အပြီးမှာ အမေရိကန် ရုပ်မြင်သံကြားတွေက
ရင်သားကင်ဆာ ဝေဒနာရှင် အမျိုးသမီး တစ်ချို့နဲ့ တွေ့ဆုံပါတယ်။ ကာယကံရှင်တွေ
ပြောတာက သူတို့တွေ အသက် ၄၀ ကျော် ၅၀ မတိုင်မီအရွယ်တုန်းက ရင်သားဓာတ်မှန်
ရိုက်လိုက်မိလို့သာ ကင်ဆာကို စောစောတွေ့ပြီး အသက်ရှင်နိုင်တာပါတဲ့။
မှန်ပါတယ်။ တစ်ဦးချင်း အနေနဲ့ ဒီလို အတွေ့အကြုံမျိုးကတော့ ရှိမှာပါပဲ။
ဒါပေမယ့်လည်း ရုပ်မြင်သံကြားမှာ တွေ့ဆုံမေးမြန်း ခံရတဲ့ အမျိုးသမီး
တစ်ယောက် ရှိရင်၊ သူ့လိုပဲ အသက် ၅၀ မတိုင်ခင် ရင်သားဓာတ်မှန် ရိုက်ပြီး
ကင်ဆာမရှိပါပဲ ကင်ဆာရှိတယ်လို့ မှားပြီး သတ်မှတ်ခံရတဲ့ အမျိုးသမီးက ၈၈
ယောက် ရှိနေပါလိမ့်မယ်။ အဲဒီ ၈၈ ယောက်မှာတော့ မလိုအပ်ပဲ အသားစယူ စစ်ဆေးတာ
ခံခဲ့ရမှာပါ။ ဒီလို မှားယွင်းပြီး အသားစယူခံရတဲ့ အမျိုးသမီး တွေကိုတော့
ရုပ်မြင်သံကြားတွေက တွေ့ဆုံမေးမြန်းခြင်း မပြုပါဘူး။

အခု ထောက်ခံအကြံပြုချက်ဟာ သိပ္ပံနည်းကျ စနစ်တကျ သုတေသနပြုပြီး ရလာတဲ့
အချက်အလက်တွေပေါ်မှာ အခြေခံ ရေးသားထားတာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း
နိုင်ငံတစ်နိုင်ငံရဲ့ ကျန်းမာရေး ပေါ်လစီ ချမှတ်တဲ့ အခါမှာ သိပ္ပံနည်းကျတာ
မကျတာ တစ်ချက်တည်းနဲ့ ဖြစ်ချင်မှ ဖြစ်ပါတယ်။ ဥပဒေပြု အမတ်တွေကို
ရွေးကောက်တင်မြှောက်ထားတဲ့ ပြည်သူလူထုက မကြိုက်ရင် သိပ္ပံနည်း ဘယ်လို ကျနေနေ
အမတ်တွေ ဘာမှ မတတ်နိုင်ပါဘူး။

နောက်တစ်ချက်က ရင်သားဓာတ်မှန်ကြောင့် အကျိုးဖြစ်နေသူတွေ (ဥပမာ ဓာတ်မှန်စက် တီထွင်သူတွေ၊
ဓာတ်မှန်စက် ထောင်သူတွေ၊ ဓာတ်မှန် ဆရာဝန်တွေ) လည်း အများအပြားရှိသေးတော့
သူတို့ရဲ့ အမြင်တွေကလည်း ဥပါဒါန် မကင်းနိုင် ဖြစ်တတ်ပါတယ်။

နောက်ဆုံး လူတွေ မပြောချင်ကြပေမယ့် မပြောမဖြစ်ပြောရမယ့် ကိစ္စက ငွေရေးကြေးရေးပါ။
‘ငွေဘယ်လောက်ကုန်ကုန် ကုလိုက်မယ်’ ဆိုတာ စကားအဖြစ်သာ ရှိပါတယ်။ တကယ်တန်းမှာ
မိသားစုတိုင်း၊ မိသားစုတိုင်း ငွေကြေးတတ်နိုင်မှုပေါ် မူတည်ပြီး ကျန်းမာရေး
စောင့်ရှောက်မှုအတွက်ကို သုံးကြရပါတယ်။ နိုင်ငံတစ်နိုင်ငံမှာလည်း
ဒီအတိုင်းပါပဲ။ တိုင်းပြည်က ဘယ်လောက် ချမ်းသာနေလဲ၊ ကျန်းမာရေးအတွက်
ဘယ်လောက် ငွေအကုန်ခံနေလဲ ဆိုတဲ့ အချက်တွေဟာ အရေးကြီးတဲ့ အချက်တွေပါ။

မြန်မာအမျိုးသမီးများနဲ့ ဘယ်လို သက်ဆိုင်မလဲ

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ သုံးသပ်ချက်အရကတော့ အရှေ့တောင်အာရှ နိုင်ငံတွေမှာ ရင်သားကင်ဆာဟာ
အမျိုးသမီးတွေအတွက် ဒုတိယ ဒုက္ခအပေးဆုံး ဖြစ်ပါတယ်တဲ့။ ဒီလိုဆိုတော့
အရှေ့တောင်အာရှထဲမှာ ပါတဲ့ မြန်မာနိုင်ငံက အမျိုးသမီးတွေအတွက်လည်း
အရေးကြီးတာပေါ့။

မြန်မာနိုင်ငံအနေနဲ့ ရင်သားကင်ဆာ ကြိုတင်စစ်ဆေးခြင်း ကိစ္စကို တစ်နိုင်ငံလုံး အတိုင်းအတာနဲ့
လုပ်ဆောင်နိုင်နေပြီလို့တော့ မကြားမိသေးပါ။ စာရေးသူတို့ ဆေးကျောင်းသား
ဘ၀ကများဆိုရင် ရင်သားကင်ဆာ ဝေဒနာရှင်တွေဟာ အဖုအကျိတ် အတော်ကြီးကို ကြီးမှ
ဆေးရုံရောက်လာကြတာတွေ ရှိပါတယ်။ ရောဂါကျွမ်းမှ ရောက်လာတာပေါ့။ ကုသရလည်း
ခက်ခဲသွားပြီး အသက်ရှင်ဖို့လည်း မလွယ်တော့ပါ။

ဒီနေ့ ဒီအချိန်မှာတော့ မြို့ကြီးတွေမှာ ရင်သားဓာတ်မှန် ရိုက်လို့ ရနေပါပြီ။ ဒါပေမယ့်
မြို့တိုင်းမှာတော့ မရသေးပါ။ ကျန်းမာရေး ဗဟုသုတရှိသူ ဆေးရုံဆေးခန်းနဲ့
နီးစပ်သူများကတော့ ရင်သားဓာတ်မှန် ရိုက်ဖို့ ဆရာဝန်နဲ့ တိုင်ပင်တာတွေ
ရှိလာနေပါပြီ။ တစ်ဖက်မှာလည်း ရင်သားဓာတ်မှန်ရိုက်တယ် ဆိုတာကို ဘာမှန်း
မသိသူများလည်း ရှိပါသေးတယ်။ အရွယ်ရောက်တဲ့ မြန်မာ အမျိုးသမီးတိုင်း
ရင်သားကင်ဆာ ဗဟုသုတ ရှိနေဖို့ အတော်အားထုတ် လုပ်ဆောင်ရပါဦးမယ်။

ဖော်ပြပါ သုတေသန ပြုချက်တွေဟာ အမေရိကန် အမျိုးသမီးတွေကို အဓိကထား
စဉ်းစားထားတာဖြစ်လို့ မြန်မာအမျိုးသမီးတွေမှာ လည်း ဒီလိုအခြေအနေရှိမယ်လို့
တပ်အပ် မပြောနိုင်ပါ။ မြန်မာအမျိုးသမီးများမှာ ရင်သားကင်ဆာ
ဖြစ်ပွားမှုနှုန်း၊ ရောဂါအမျိုးအစား၊ အနုအရင့် စတာတွေကို သိရှိနိုင်ဖို့
သုတေသန ပြုချက်တွေ လိုပါမယ်။

ကဲ စာရေးသူရေ ဝေ့၀ိုက်မနေပါနဲ့ မြန်မာအမျိုးသမီးတွေကို ဘယ်လို အကြံပေးမလဲ ဆိုရင်တော့ …
  • အသက် ၄၀ ကျော်ပြီး မိသားစု (မိခင်၊ အဒေါ်၊ ညီမ၊ အစ်မ) မှာ ရင်သားကင်ဆာ ဖြစ်ဖူးရင်
  • အသက် ၄၀ ကျော်ပြီး ရင်သားမှာ နဂိုကမရှိတဲ့ အဖုအကျိတ် ရှိလာပြီလို့ သံသယရှိရင်
  • အသက် ၅၀ ကျော်ပြီး ရင်သားဓာတ်မှန် ရိုက်ဖို့ အဆင်ပြေရင် (မိမိနေတဲ့မြို့မှာ ရင်သားဓာတ်မှန် ရိုက်လို့ရရင်)


နီးစပ်ရာ တတ်ကျွမ်းနားလည်တဲ့ ဆရာဝန်များနဲ့ တိုင်ပင်ပြီး ရင်သားဓာတ်မှန် ရိုက်ကြည့်သင့်ပါတယ်။ တစ်ဆက်တည်း ၂ နှစ် ၁ ကြိမ် ပုံမှန် စစ်ဆေးဖို့ရာလည်း
တိုက်တွန်းလိုက်ပါတယ်။

သိချင် ဆွေးနွေးချင်တာများရှိရင် မှတ်ချက်မှာ ရေးသားပေးခဲ့ပါ။ စီဘောက်မှာ ဆွေးနွေးရတာ အဆင်မပြေလို့ပါ။

အာရောဂျံ ပရမံ လာဘံ
တက္ကသိုလ် လှမွန်

စာကိုး။

Mandelblatt et al. Effects of Mammography Screening Under Different Screening
Schedules: Model Estimates of Potential Benefits and Harms. Ann Intern
Med. 2009;151:738-747.

Nelson et al. 2009. Screening for Breast Cancer: An Update for the U.S. Preventive Services Task Force. Ann
Intern Med. 2009;151:727-737.

Screening for Breast Cancer: U.S. Preventive Services Task Force Recommendation Statement. U.S. Preventive
Services Task Force*. 2009. Ann Intern Med. 2009;151:716-726.

U.S. Preventive Services Task Force’s recommendation on Screening for Breast Cancer. 2002. Retrieved from http://www.ahrq.gov/clinic/pocketgd09/gcp09s2.htm#BreastScreening on November 19, 2009.

U.S. Preventive Services Task Force’s recommendation on Screening for Breast Cancer. 2009. Retrieved from http://www.ahrq.gov/clinic/uspstf/uspsbrca.htm on November 19, 2009.

WHO. 2006. Global disease burden 2004 update.

လ္ဘက်စိမ်းအဆီအနှစ်က ဘေးထွက်ဆိုးကျိုးမရှိဘဲ အရေပြားကင်ဆာ ပျောက်ကင်းစေသည် ...

လ္ဘက်စိမ်းအဆီအနှစ်က ဘေးထွက်ဆိုးကျိုးမရှိဘဲ အရေပြားကင်ဆာ ပျောက်ကင်းစေသည် ...

လ္ဘက်စိမ်းတွင် ပါဝင်သော ဓာတုပစ္စည်း တစ်မျိုးသည် အရေပြားကင်ဆာ ၂ မျိုးကို ကုသရာတွင် အသုံးဝင်သည်ဟု သိပ္ပံ ပညာရှင်များက ပြောကြားသည်။ ဓာတ်ခွဲခန်းတွင် ကင်ဆာဆဲလ်များ၌ လ္ဘက်စိမ်း အဆီအနှစ်ကို အသုံးပြုကြည့်သောအခါ ကင်ဆာအကျိတ်များ ၃ ပုံ ၂ ပုံ လျော့ကျသွားခြင်း သို့မဟုတ် ပျောက်ကွယ်သွားသည်ကို တွေ့ခဲ့ရသည်။ Strathclyde တက္ကသိုလ်နှင့် Glasgow တက္ကသိုလ်တို့မှ အဆိုပါ သုတေသန လုပ်ငန်းကို လုပ်ကိုင်ကြသူ သိပ္ပံ ပညာရှင်များက EGCg ဟုခေါ်သော လ္ဘက်စိမ်း အဆီအနှစ်သည် အခြားဆဲလ် သို့မဟုတ် တစ်သျှူးများအပေါ်တွင် ဘေးထွက်ဆိုးကျိုး သက်ရောက်မှု မရှိသည်ကို စူးစမ်းရှာဖွေ တွေ့ရှိခဲ့ကြသည်။

သိပ္ပံ ပညာရှင်များက EGCg နှင့် ကင်ဆာဆဲလ်များ၏ မျက်နှာပြင်ပေါ်တွင် ပိတ်ဆို့တတ်သော ပရိုတိန်းတစ်မျိုးတို့ကို ဖန်တီး၍ ကင်ဆာကျိတ်များတွင် အသုံးပြုကြည့်ကြသည်။ ထိုအခါ ယင်းသို့ သုတေသနပြု စမ်းသပ်မှုသည် အရေပြားကင်ဆာဆဲလ် ၂ မျိုးတွင် ထိရောက်သော အကျိုးသက်ရောက်မှု ရှိသည်ကို တွေ့ရှိခဲ့ကြသည်။ စမ်းသပ်မှု၌ အဆိုပါ အရေပြားကင်ဆာ ၂ မျိုးစလုံးတွင် ကင်ဆာကျိတ်များ၏ ၄၀ ရာခိုင်နှုန်းကို ဖယ်ရှားပစ်နိုင်သည်ကို တွေ့ရှိခဲ့ရပြီး ၂၀ ရာခိုင်နှုန်းနှင့် ၃၀ ရာခိုင်နှုန်းတွင် ကင်ဆာကျိတ် လျော့ကျသွားသည်ကို တွေ့ရှိခဲ့ကြပြီး ၁၀ ရာခိုင်နှုန်းမှာမူ ကင်ဆာကျိတ် ကြီးထွားလာခြင်း မရှိတော့သည်ကို တွေ့ရသည်ဟု ဆိုသည်။

Credit to..,ကူးကူး
Source - http://www.yatanarpon.com.mm/

ရှားစောင်းလက်ပတ် ၃၀ စင်တီမီတာ ခန့်တလက်၊ အလယ်မှဂျယ်လီနှစ်ကိုခွါ

ရှားစောင်းလက်ပတ် ၃၀ စင်တီမီတာ ခန့်တလက်၊ အလယ်မှဂျယ်လီနှစ်ကိုခွါ

ဗမာသံပုရာသီး တစိတ် အရည်ညှစ်

ပျားရည် စားပွဲစားဇွန်းတဇွန်း

သကြား စားပွဲစားဇွန်းတဇွန်း
(ဆီးချိုရောဂါရှိလျှင်သကြားမထည့်)

အားလုံးရောသမမွှေ

ရေခဲသေတ္တာထဲမှာ နာရီဝက်လောက်ထား

နံနက် တကြိမ်စား

ညတကြိမ်စား

ကျန်းမာရေးအတွက် ကောင်းသလားမမေးနဲ့

ကောင်းမှကောင်း

အစာအိမ်နှင့်အူလမ်းကြောင်းအတွက်အလွန်ကောင်း

ရင်သားကင်ဆာ လွယ်ကူစွာ ကာကွယ်ပါ

ရင်သားကင်ဆာ လွယ်ကူစွာ ကာကွယ်ပါ 

 

ရင်သားကင်ဆာဟာ အမျိုးသမီးတွေ အတွက် အရမ်းကို ကြောက်စရာ ကောင်းတဲ့ ရောဂါတစ်ခု ဖြစ်ပါတယ်။
ကင်ဆာရောဂါ တိုင်းဟာ ဆိုးဝါး လှသလို ရင်သား ကင်ဆာ ဆိုတာ ကလည်း ထိုနည်းတူ ပါပဲ။ စောစီးစွာ သိရှိပြီး မပျံ့နှံ့သေးဘူး ဆိုရင် ခွဲစိတ် ကုသလို့ ရတယ် ဆိုပေမယ့် ခံစားရသူ အမျိုးသမီးမှာ ရင်သား တစ်ဖက် ကံဆိုးရင် နှစ်ဖက်လုံး ထုတ်လိုက် ရတဲ့အတွက် စိတ်ဓာတ်ပိုင်း ဆိုင်ရာ အရမ်း ထိခိုက်မှု ဖြစ်စေသလို ခွဲစိတ်မှု နောက်ကနေ လိုက်သွင်းရတဲ့ ကင်ဆာ ဆေးတွေရဲ့ ဘေးထွက် ဆိုးကျိုး တွေကလည်း ကြောက်ခမန်း လိလိပါပဲ။
ဒါတွေကြောင့် အမျိုးသမီးတွေ အတွက် ရင်သား ကင်ဆာကို ကြိုတင် ကာကွယ် နိုင်တဲ့ သိပ္ပံ နည်းကျ နေထိုင် စားသောက်ပုံ နည်းလမ်း (Lifestyle) များကို ဖော်ပြပေး လိုက်ပါတယ်။
(၁) သွက်လက်လှုပ်ရှား တက်ကြွစွာ နေထိုင်ပါ
နော်ဝေနိုင်ငံက ကျန်းမာရေး ပညာရှင်များရဲ့ မကြာသေး မီကမှ ပြုလုပ်ခဲ့တဲ့ ရင်သား ကင်ဆာနဲ့ ကိုယ်လက် လှုပ်ရှားမှု ဆိုင်ရာ သုတေသန တစ်ခုရဲ့ ရလဒ်အရ သွက်လက်တက်ကြွ ဖျတ်လတ်စွာ နေပြီး အပတ်စဉ် ကိုယ်လက်လှုပ်ရှားမှု မှန်မှန် ပြုလုပ်သူ အမျိုးသမီးများဟာ သာမန် အမျိုးသမီးများ အောက်ရင်သား ကင်ဆာ ဖြစ်နိုင်စွမ်း ၇၂% လျော့နည်း ပါသတဲ့။
(၂) သဘာဝ အီစထရိုဂျင် ကြွယ်ဝသော အစားအသောက်များ ပုံမှန် စားပေးပါ
အီစထရိုဂျင် (Oestrogen) လို့ခေါ်တဲ့ မဟော်မုန်းဟာ အမျိုးသမီးတွေရဲ့ ခန္ဓာကိုယ်ထဲမှာ ပြည့်ဝ မျှတတဲ့ ပမာဏ ပုံမှန်ရှိနေမယ် ဆိုရင် ရင်သားကင်ဆာ ဖြစ်နိုင်ရန် အခွင့်အလမ်း ၄ ဆ လျော့နည်း တယ်လို့ လေ့လာတွေ့ရှိရပါတယ်။
ဒါပေမယ့် အီစထရိုဂျင် ဆေးပြားတွေမှာ ပါဝင်တဲ့ အီစထရိုဂျင်က တိရိစ္ဆာန်တွေက ထုတ်လုပ် ထားတာ ဖြစ်ပြီး အီစထရိုဂျင် မော်လီကျူးရဲ့ ပုံစံက active form (အသင့်သုံးပုံစံ) ဖြစ်နေလို့ သောက်သုံးလိုက်ရင် သွေးထဲမှာ အီစထရိုဂျင် ဟော်မုန်း ပမာဏ မြင့်မားခြင်းကို ဖြစ်စေကာ သားအိမ် ကင်ဆာကို ဖြစ်စေတဲ့ အန္တရာယ် အနည်းငယ် ရှိပါတယ်။ အပင်တွေက ရတဲ့ အီစထရိုဂျင် (phytoestrogen) တွေကျတော့ precursor form (ကနဦးပုံစံ) ဖြစ်နေလို့ လိုအပ်တဲ့ အချိန်ကျမှ လိုအပ်သလောက်ပဲ active form ပြောင်းလိုက်လို့ ရတဲ့အတွက် အထက်မှာ ပြောခဲ့တဲ့ အန္တရာယ်မျိုး မရှိပါဘူး။ သဘာဝ အီစထရိုဂျင် ကြွယ်ဝတဲ့ အစားအသောက် တွေကတော့ ဂျုံ၊ အုတ်၊ ဘာလီ စသော နှံစားသီးနှံများ၊ ပဲကြီး၊ အခွံမာသီး အဆန်များ၊ နေကြာစေ့ ဖရုံစေ့ စသော အစေ့မျိုးစုံ၊ ပဲပင်ပေါက်၊ ပဲပြား၊ တို့ဟူး စသည်တို့နဲ့ အသီးအရွက်များ ဖြစ်ပါတယ်။ တရုတ်လို ဒေါင်းကွေးလို့ ခေါ်တဲ့ အပင်တစ်မျိုးဟာ ကောင်းမွန်တဲ့ သဘာဝ အီစထရိုဂျင် ကြွယ်ဝလွန်းလို့ ဒီအပင်ကနေ အီစထရိုဂျင် ဆေးပြားများ ထုတ်ရောင်း နေပါတယ်။ သွေးဆုံးပြီး အမျိုးသမီးများ အတွက် အထူး သင့်တော်ပါတယ်။
အရွယ်ရောက်ပြီး အမျိုးသမီးများ အနေနဲ့လည်း ရာသီမလာခင် ရက်အနည်းငယ် ကြိုပြီး ရာသီလာစဉ် တွေမှာပါ မှီဝဲပေးမယ် ဆိုရင် လစဉ်ခံစားရတဲ့ နာကျင်ကိုက်ခဲမှုတွေ စိတ်ပိုင်း ဆိုင်ရာ ဝေဒနာ တွေကို အထူးသက်သာ စေပါတယ်။
(၃) နို့ထွက်ပစ္စည်းများနဲ့ အသားများလည်း စားပေးပါ
အသီးအရွက် တွေချည်းပဲ စားတဲ့ အမျိုးသမီး တွေဟာလည်း ရင်သား ကင်ဆာ အန္တရာယ်ကနေ သိသာစွာ ကင်းလွတ်မှု မရှိတာ တွေ့ရပါတယ်။ အသား အရမ်းစားရင် ကင်ဆာ ရောဂါတွေ ဖြစ်စေနိုင်တယ် ဆိုပေမယ့် တိရိစ္ဆာန် အဆီတွေထဲမှာ ရင်သားကင်ဆာ ဖြစ်ပေါ် ခြင်းကို အားမပေးတဲ့ ဒြပ်ပေါင်းတွေ အများကြီး ပါပါတယ်။
ဒါကြောင့် အမျိုးသမီးများ အနေနဲ့ အသီးအရွက်ချည်းပဲ မစားဘဲ သမမျှတစွာ စားသုံး သင့်ပါတယ်။ ဒါကြောင့် ဒိန်ချဉ်၊ ချိစ်၊ နို့၊ ထောပတ်၊ သံလွင်ဆီ စတာတွေထဲက တစ်မျိုးမျိုးကို နေ့စဉ် ပါဝင်အောင် စားသုံးပေးမယ်၊ သင့်တော်တဲ့ အချိန်တိုင်းမှာ အသားဟင်းတစ်ခွက် စားသုံးပေးမယ် ဆိုရင် ရင်သားကင်ဆာ မဖြစ်အောင် ကာကွယ်ရာ ရောက်ပါလိမ့်မယ်။
(၄) ပဲနို့နဲ့ တို့ဖူးများ အလွန်အကျွံ စားသုံးခြင်းကို ရှောင်ကြဉ်ပါ
ဒီလမ်းညွှန်ချက်ဟာ ထူးဆန်းသလို ဖြစ်နေပါတယ်။ ဒီနှစ်မျိုးဟာ သဘာဝ အီစထရိုဂျင် ကြွယ်ဝတဲ့ ပစ္စည်းတွေ ဖြစ်လို့ ရင်သားကင်ဆာကို တစ်ဖက်က ကာကွယ်ပေးနေသလို တစ်ဖက်ကလည်း isoflavone လို့ခေါ်တဲ့ ဒြပ်ပေါင်း တစ်မျိုး ဒီအစား အသောက် တွေထဲမှာ ပါဝင်နေတဲ့ အတွက် ရင်သား ကင်ဆာဆဲလ်တွေ ပျံ့ပွားခြင်းကို အားပေးရာ ရောက်စေ လို့ပါတဲ့။
ရင်သားကင်ဆာ အပါအ၀င် အမျိုးသမီးတွေမှာ ဖြစ်တတ်တဲ့ ကင်ဆာ အများစုကို လုံးဝ တားဆီး နိုင်စွမ်း ရှိတဲ့ အသီးတစ်မျိုး ကတော့ မန်ကျည်းသီး ဖြစ်ကြောင်း တွေ့ရှိ ထားရပါတယ်။ ရောဂါ ရှိပြီးသား လူတွေမှာတောင် ကင်ဆာဆဲလ်တွေ ပျံ့ပွားနှုန်းနှေး စေတာကို တွေ့ရှိရလို့ မန်ကျည်းဖျော်ရည် အေးအေးလေး တစ်ခွက်ဟာ အမျိုးသမီးများ အဆင်ပြေတိုင်း သောက်သုံး ပေးသင့်တဲ့ သဘာဝဓာတ်စာ တစ်မျိုးလို့ ဆိုနိုင်ပါတယ်။
(၅) ဗိုက်တာမင် အီး နဲ့ ဗိုက်တာမင် စီ အားဖြည့်ဆေးများ ပုံမှန် မှီဝဲခြင်းကို ရှောင်ကြဉ်ပါ
ဗိုက်တာမင်အီးဟာ အမျိုးသမီးများရဲ့ အသားအရေ စိုပြေလှပခြင်း အတွက် မရှိမဖြစ် လိုအပ်သလို ဗိုက်တာမင်စီ ချို့တဲ့ရင် ခုခံအားစနစ် အားလျော့ နိုင်ပါတယ်။ ယနေ့ ခေတ်မှာ ဒီဆေးတွေကို ဒီရည်ရွယ်ချက်တွေ အတွက် သီးသန့် ကြော်ငြာအား ကောင်းကောင်းနဲ့ ထုတ်ရောင်း နေကြတာ ဖြစ်လို့ ပုံမှန် သောက်သုံး နေကြ သူတွေတောင် ရှိပါတယ်။
ဘယ်လိုပဲ ဖြစ်ဖြစ် ဗိုက်တာမင်အီးနဲ့ စီအားဖြည့်ဆေးတွေ ပုံမှန် စွဲသောက်ရင် ရင်သားကင်ဆာ ဖြစ်နိုင်စွမ်းကို မြင့်မား လာစေကြောင်း တွေ့ရှိထားရလို့ ဆင်ခြင်ဖွယ်တစ်ခု တင်ပြပေး လိုက်ပါတယ်။
အသားအရေ လှပြီး ကိုယ်ခံအား ကောင်းချင်ရင် သဘာဝ သစ်သီးတွေကို အားကိုးတာ အကောင်းဆုံး နည်းလမ်းပါပဲ။
(၆) အလင်းရောင်နဲ့ အိပ်စက်ခြင်းကို ရှောင်ကြဉ်ပါ
မီးတွေ ပိတ်ပြီး အိပ်တာ ကျန်းမာရေးအတွက် အထူး သင့်တော်ပါတယ်။ မကြာသေးမီက လေ့လာချက် များအရ ညဖက်မှာ အလင်းရောင်တွေအောက် အိပ်စက်လေ့ရှိတဲ့ အမျိုးသမီး တွေဟာ ရင်သားကင်ဆာ ဖြစ်လာနိုင်ဖို့ အခြားသူများထက် ၃၆% ပိုနီးစပ်တယ်လို့ တွေ့ရှိထား ရပါတယ်။
(၇) ပင်လယ်ရေမှော်နဲ့ ကျောက်ပွင့်များ စားသုံးပေးပါ
ဒီအစားအသောက် တွေဟာ မကြာခဏ စားသုံးပေးရင် ရင်သား ကင်ဆာကို ထိရောက်စွာ ကာကွယ် နိုင်ကြောင်း အတည်ပြု တွေ့ရှိထားရပါတယ်။ အထက်ပါ အချက်များကို လိုက်နာ ကျင့်သုံးမယ် ဆိုရင် အမျိုးသမီး တွေအတွက် အရမ်းကြောက်စရာ ကောင်းတဲ့ ရင်သား ကင်ဆာကို ကာကွယ်ပြီးသား ဖြစ်မှာပါ။
အထူးသဖြင့် မိမိရဲ့ မိခင်၊ အဒေါ်၊ အဘွား စသူတွေမှာ ရင်သားကင်ဆာနဲ့ သားအိမ်ကင်ဆာ ရှိခဲ့ဖူးသူများ ဆိုရင် အထူးလိုက်နာသင့်ပါတယ်။
နောက်ပြီးတော့ ရင်သားကင်ဆာ အပါအ၀င် ကင်ဆာရောဂါ မှန်သမျှဟာ ဖြစ်ရန်အကြောင်း မျိုးစုံ ရှိသော ရောဂါ (Multifactorial Diseases) များ ဖြစ်ကြတဲ့အတွက် ရောဂါအစပျိုးချိန်မှာ လက်ဦးမှု ရယူနိုင်ဖို့လဲ အရေးကြီးပါတယ်။
ဒါကြောင့် အမျိုးသမီးများ အနေနဲ့ အ၀တ်အစားလဲတိုင်း၊ ရေချိုးတိုင်း ချိုင်းနား အထိ အပါအ၀င် ရင်သားရဲ့ နေရာအနှံ့ကို ပုံမှန် စမ်းသပ် ပေးသင့်ပါတယ်။
အလုံးအကျိတ် တစ်ခုခု တွေ့ရင်လည်း လုံးဝ ထိတ်လန့် သွားတာမျိုး မဖြစ်ပါနဲ့။ နေ့စဉ် မှန်မှန် စမ်းသပ်လာတဲ့ ကြားက ပေါ်လာတဲ့ အလုံးအကျိတ်တစ်ခုဟာ ကင်ဆာ ဖြစ်နေစေ ဦးတော့၊ သေချာပေါက် ကုလို့ ပျောက်ပါတယ်လို့ ကျန်းမာရေး ပညာရှင်များက အာမခံထား ကြပါတယ်။
Myawady News

 

ကန်စွန်းဥကို ဓာတ်လိုက်အောင် လုပ်လျှင်...

ကန်စွန်းဥကို ဓာတ်လိုက်အောင် လုပ်လျှင်...

ကန်စွန်းဥထဲမှာ ကျန်းမာရေးနှင့် ညီညွတ်သော ပေါ်လီဖီနောလ် ခေါ် အင်တီ အောက်စီး ဒင့်တွေ ပါဝင်ပါ တယ်။ အဲဒီကန်စွန်းဥထဲကို ရိုးရိုး ကလေးနဲ့ ကုန်ကျ စရိတ်လည်း မရှိတဲ့ နည်းဖြစ်တဲ့ လျှပ်စစ်စီးကြောင်း တစ်ခု ဖြတ်သန်း လိုက်စေခြင်းအားဖြင့် သူ့ အထဲမှာပါဝင်တဲ့ အင်တီအောက်စီးဒင့် ပမာဏ ၆၀ ရာခိုင်နှုန်းထိ မြင့်တက် သွားစေနိုင်ကြောင်း သုတေသီများက တွေ့ရှိထားပါတယ်။

ဒီသုတေသန စာတမ်းအကြောင်းကို ကမ္ဘာ့အကြီးဆုံး သိပ္ပံပညာအဖွဲ့အစည်းကြီးဖြစ်သော အမေရိကန်ဓာတုဗေဒအဖွဲ့အစည်းကြီး ရဲ့ ၂၄၄ ကြိမ်မြောက် အမျိုးသား အစည်းအဝေးမှာ ထုတ်ပြန်ကြေညာ ခဲ့ခြင်းဖြစ်ပါတယ်။

ကမ္ဘာပေါ်ရှိ လူ အများစုဟာ ကန်စွန်းဥသည် ကမ္ဘာ့အရေးကြီးဆုံးသော အစားအစာတစ်ခု ဖြစ်ကြောင်း မသိကြဘူးဟုဆိုပါတယ်။ တစ်ကမ္ဘာလုံးရဲ့ ကန်စွန်းဥ စိုက်ပျိုး ထုတ်လုပ်မှုဟာ ဖွံ့ဖြိုးဆဲနိုင်ငံများမှ ဖြစ်ပါတယ်။

အဲဒီနိုင်ငံတွေဟာ အစား အစာနှင့် အာဟာရ ချို့တဲ့မှုဖြစ်နေ သော နိုင်ငံများဖြစ်ပါတယ်။ ဤတွေ့ ရှိချက်ကြောင့် ကန်စွန်းဥသည် လူတို့ ရဲ့ ကျန်းမာရေးနှင့် အာဟာရ တို့ ဖွံ့ဖြိုး တိုးတက်စေနိုင်ကြောင်း၊ ဆာလောင် မှုကို ဖြေဖျောက်ရာတွင် အရေးကြီးဆုံး ကဏ္ဍမှ ပါဝင်သည်ဆိုတာကို သိနိုင် ကြောင်း ပြောခဲ့ကြပါတယ်။ ကန်စွန်းဥ ထဲမှာ အမျှင်ဓာတ်၊ သဘာဝသကြား ဓာတ်၊ ရှုပ်ထွေးကစီဓာတ်၊ အသား ဓာတ်၊ ဗီတာမင် A, C ၊ သံဓာတ်နှင့် ကယ်လ်စီယမ်ဓာတ်တို့ ပါဝင်ပါတယ်။

Credit to.....ကူးကူး
Source - http://www.yoyarlay.com/

ကုလားပဲ၏ ကျန်းမာရေး အကျိုးကျေးဇူးများ...


ကုလားပဲ၏ ကျန်းမာရေး အကျိုးကျေးဇူးများ...

ကုလားပဲကို စွယ်စုံရတဲ့ ဟင်းအမည်တစ်မျိုးလို့ ဆိုရမှာပါ။ ဟင်းချိုအဖြစ် ချက်သောက်လို့ ရသလို ကုလားပဲသုပ်၊ ကုလားပဲခြမ်းကြော် စသဖြင့်လည်း စားနိုင်ပါတယ်။ ကုလားပဲ စားတာကြောင့် အောက်ပါ အကျိုးကျေးဇူးတွေကို ရရှိစေပါတယ်။

(၁) ဆာလောင်မှုကို ထိန်းချုပ်ပေးပါတယ်

ကုလားပဲမှာ အမျှင်ဓာတ်နဲ့ ပရိုတင်းဓာတ်များစွာ ပါဝင်ပြီး Glycemic Index နည်းပါတယ်။ ဒါကြောင့် တစ်နေ့မှာ ကုလားပဲဟင်း ခွက်တစ်ဝက်စာခန့် စားပေးရင် ကြာကြာ ဗိုက်ပြည့်စေပြီး အစာများများ မစားဖြစ်အောင် ထိန်းပေးပါတယ်။ ဒါကြောင့် ကယ်လိုရီ နည်းနည်းစားဖြစ်ကာ ကိုယ်အလေးချိန် မတက်အောင် ထိန်းပေးနိုင်ပါတယ်။

(၂) သွေးတွင်း မကောင်းတဲ့ ကိုလက်စထရောကို လျော့ကျစေပါတယ်

နေ့စဉ်စားတဲ့ အစားအသောက်ထဲမှာ ကုလားပဲဟင်း ခွက်ရဲ့ လေးပုံသုံးပုံ ထည့်စားတာကြောင့် အမျှင်ဓာတ်ကို ရရှိစေကာ မကောင်းတဲ့ ကိုလက်စထရောကို လျော့ကျစေသလို နှလုံးရောဂါ ဖြစ်နိုင်ခြေကို လျော့ကျစေပါတယ်။

(၃) အစာခြေလမ်းကြောင်းရဲ့ လုပ်ငန်းတွေကို ပံ့ပိုးပေးပါတယ်

ကုလားပဲမှာ ပါဝင်တဲ့ အမျှင်ဓာတ်ဟာ အစာခြေ လမ်းကြောင်းစနစ်ကို ကျန်းမာစေတဲ့အပြင် အူမကြီးရှိ ဆဲလ်တွေကို ကျန်းမာစေပါတယ်။ အူမကြီးဆဲလ်တွေ ကျန်းမာတာကြောင့် လုပ်ငန်းဆောင်တာ ပိုကောင်းမွန်ပြီး အူမကြီးကင်ဆာ အပါအဝင် အူမကြီးရောဂါဖြစ်နှုန်းကို လျော့ကျစေပါတယ်။

(၄) အင်တီအောက်ဆီးဒင့် ဂုဏ်သတ္တိရှိပါတယ်

ကုလားပဲမှာ ဆာပိုနင်လို့ခေါ်တဲ့ ဖိုင်တိုကမ်မီကယ် ပါဝင်တာကြောင့် အင်တီအောက်ဆီးဒင့် ဂုဏ်သတ္တိရှိပါတယ်။ ကုလားပဲမှာ ဗီတာမင်စီ၊ ဗီတာမင်B6 နဲ့ သွပ်ဓာတ်တို့အပြင် ဖောလိတ်ဓာတ်လည်း များစွာပါဝင်ပါတယ်။ အင်တီအောက်ဆီးဒင့်တွေက တစ်ကိုယ်လုံးရှိ နှလုံးသွေးကြောစနစ်၊ အသက်ရှူလမ်းကြောင်းစနစ်နဲ့ နာ့ဗ်ကြောစနစ်တွေကို ထောက်ပံ့ပေးတာကြောင့် နှလုံးရောဂါ၊ အဆုတ်ရောဂါစတဲ့ ရောဂါဝေဒနာတွေရဲ့ ဖြစ်နိုင်ခြေကို လျော့ကျစေပါတယ်။

(၅) နှလုံးသွေးကြောရောဂါ ဖြစ်နိုင်ခြေကို လျော့ကျစေပါတယ်

ကုလားပဲကို နေ့စဉ် အနည်းငယ်စားတာက သွေးတွင်းမကောင်းတဲ့ အဆီတွေကို လျော့ကျစေတာကြောင့် နှလုံးသွေးကြောရဲ့ လုပ်ငန်းဆောင်တာတွေကို ကောင်းမွန်စေပါတယ်။ ကုလားပဲမှာပါတဲ့ အမျှင်ဓာတ်ဟာ သွေးကြောနံရံကို ကျန်းမာစေတာကြောင့် သွေးလှည့်ပတ်စီးဆင်းမှုကို ကောင်းမွန်စေပါတယ်။

(၆) သွေးတွင်း သကြားဓာတ်ကို ဟန်ချက်ညီမျှစေပါတယ်

ကုလားပဲမှာ ပါဝင်တဲ့ ပရိုတင်းနဲ့ အမျှင်ဓာတ်နှစ်မျိုးဟာ အစာခြေလမ်းကြောင်း စနစ်အတွင်း သွေးလည့်ပတ်စီးဆင်းမှုကို ကောင်းစေပြီး အစာချေဖျက်မှုကို ပုံမှန်ဖြစ်စေပါတယ်။ ဒါကြောင့် အစာက ထွက်လာတဲ့ သကြားဓာတ်ကို ကောင်းကောင်း ထိန်းချုပ်နိုင်ပါတယ်။ ဗီတာမင်နဲ့ သတ္တုဓာတ် ပါဝင်မှုကြောင့် သွေးတွင်း သကြားဓာတ်အပေါ် အစာခြေစနစ်ရဲ့ သက်ရောက်မှုကို ဟန်ချက်ညီမျှစေပါတယ်။

(၇) ကယ်လိုရီရယူမှုကို ထိန်းပေးပါတယ်

ကုလားပဲနဲ့ ကိုယ်အလေးချိန် ထိန်းသိမ်းနိုင်စွမ်းအကြား ဆက်စပ်မှုကို လေ့လာခဲ့တဲ့အခါ ကုလားပဲစားရင် စိတ်ကျေနပ်မှု ရရှိစေကာ ဆာလောင်မှုနဲ့ အစာစားချင်စိတ်ကို ထိန်းချုပ်ပေးတာကြောင့် ကိုယ်အလေးချိန်ကို ထိန်းပေးနိုင်ကြောင်း သိရပါတယ်။ ကုလားပဲဟာ အစာကြေညက်စေကာ ကယ်လိုရီရယူမှုကိုလည်း ထိန်းချုပ်ပေးပါတယ်။ ဒါကြောင့် ကိုယ်အလေးချိန် လျော့ကျလိုသူတွေနဲ့ ကိုယ်အလေးချိန် ထိန်းနေသူတို့အတွက် ကုလားပဲဟင်းကို စားပေးပြီး တခြားကယ်လိုရီများတဲ့ အစာတွေကို လျှော့စားသင့်ပါတယ်။

Credit to...ကူးကူး - http://www.yatanarpon.com.mm/

ပါမောက္ခဒေါက်တာမြသိန်းဟန် ပြောပြသော ရင်သားကင်ဆာ သိကောင်းစရာ

ခန္ဓာကိုယ်အပြင်ပိုင်း၊  အရေ ပြားအောက်တွင်ရှိသော ရင်သား နှင့်ပတ်သက်သည့်ရောဂါများကို လည်း စောစီးစွာတွေ့ရှိပြီး  လျင် မြန်စွာ ကုသနိုင်လျှင် ပျောက်ကင်းနိုင်ကြောင်းသိရသည်။ အမျိုးသမီးများတွင် အဖြစ်အများဆုံး ကင်ဆာရောဂါတစ်ခုဖြစ်သည်နှင့် အညီ   မြန်မာနိုင်ငံတွင်လည်း   သေဆုံးမှု အများဆုံးဖြစ်စေသည့် ကင်ဆာအမျိုးအစားစာရင်းဝင် ဖြစ်လာသလို   အနောက်နိုင်ငံ များမှာ လည်း   ရင်သားကင်ဆာ သည်  အဖြစ်အများဆုံး ရောဂါ တစ်ခုဖြစ်လာသည်။
  ရင်သားကင်ဆာကြောင့် မသေဆုံးသင့်ဘဲ   သေဆုံးရသူ များနှင့် ပတ်သက်၍ ''ရောဂါ အကြောင်း အမှန် မသိမှု၊ အဝိဇ္ဇာနဲ့  အယူလွဲမှားမှု၊ မိစ္ဆာ-ဒိဌိ၊ ရောဂါကို  အဆင့်လွန်မှကုသ ခြင်းခံယူမှု၊ ကြော်ငြာကောင်းလို့ တတ်ရောင်ကားတွေနဲ့ ကုသမှု၊ နားမလည်သူက  မသိသူကို  အကြံပေးပြီး  အဆွယ်ကောင်းမှု၊ စနစ်ကျပြီး ပြည့်စုံအောင် မကု သနိုင်ကြလို့  သေဆုံးကြတာဖြစ် တယ်''ဟု ပါမောက္ခ ဒေါက်တာမြသိန်းဟန်မှ  ပြောကြားသည်။
  ရင်သားကင်ဆာဆိုသည်မှာ နို့ရည်အိတ်နှင့် နို့ရည်ပြွန်၏ ပဋိ ဇီဝဆဲလ်တွေက မူမမှန်ဖောက် ပြန်ပြီး  အထိန်းအကွပ်မရှိ ကြီး ထွားပွား များကာ  အနီးပတ် ဝန်းကျင်နေရာများကို ထိုးဝင် အမြစ်တွယ်ခြင်း၊  ခန္ဓာကိုယ်နှင့် အခြားနေရာများကို   ပျံ့နှံ့ဝင် ရောက်ခြင်းတို့ကြောင့် အဖြစ် များရခြင်းဖြစ်သည်။   ရင်သား ကင်ဆာက   လူ၏ခန္ဓာကိုယ် အစိတ်အပိုင်းများကို   ထိုးဝင် အမြစ်တွယ်ပျံ့နှံ့စေပြီး   အဆီ ရည်လမ်းကြောင်းများက ခန္ဓာကိုယ်အတွင်း  ထိုးဝင်စီးဆင်းပြီး သက်ဆိုင်ရာ အဆီရည်အကြိတ် များကို ကြီးထွားပွားများစေသည့် အပြင်   သွေးလည်ပတ်မှုသွေး ကြောကိုလည်း ခန္ဓာကိုယ်အစိတ် အပိုင်းများကိုပါ  အမြစ်တွယ်ပြီး ပျက်စီးစေနိုင်သည်ကိုသိရသည်။
ရင်သားကင်ဆာသည် အဆီ ရည်လမ်းကြောင်းမှ  တစ်ဆင့် ဒုက္ဓပေးသည့်ပုံစံနှင့်စပ်လျဉ်း၍ ]]ဂျိုင်းအကြိတ်တွေ  ကြီးလာပြီး စမ်းလို့ ရလာမယ်။ဂျိုင်းရှိ အကြိတ် တွေ စုခဲပြီး အနာဖြစ်လာမယ်။ လည်ပင်းရင်း  အကြိတ်တွေပါ ကြီးလာမယ်။ ဆင်ခြေထောက် ပုံသဏ္ဌာန် လက်မောင်းနဲ့  လက်ချောင်းများ ကြီးလာမယ်။   ရင်ခေါင်းအတွင်းပိုင်းမှာလည်း အကြိတ်  ကြီးလာတာနဲ့အမျှ အသက်ရှူကျပ်ကာ  အစာ မျိုရ ခက်ခဲခြင်းများဖြစ်လာမည့်အပြင်  ဝမ်းဗိုက်အတွင်း   ဖျင်းဆွဲခြင်း အပြင်  သားဥအလုံးကင်ဆာ အထိ  ဖြစ်လာနိုင်ပါတယ်''ဟု ပါမောက္ခဒေါက်တာ မြသိန်းဟန် မှ ပြောကြားသည်။
  ထို့ပြင်သွေးကြောငယ်မှတစ်ဆင့် အဆုတ်ထိ အမြစ်တွယ် ပွားများခြင်း  ၾနအေ်အေ်င်  ၊ ချောင်းဆိုးလျှင်  သွေးပါခြင်း၊ အဆုတ်အမြှေးပါး အိတ်  ရေဝင်ပြီး အသက်ရှူကျပ်ခြင်း၊ ရင်ခေါင်း အောင့်ပြီး  အသက်ရှူမဝခြင်း၊ သွေးလွှတ်ကြောမှ   တစ်ဆင့်  ဦးနှောက်ကို သွား သဖြင့်  ခေါင်းကိုက်ခြင်း၊ အော့အန်ခြင်း၊ သတိ လစ်ခြင်း၊ အကြောသေခြင်း၊ လေ ဖြတ်ခြင်း၊ အရိုးကို  သွားသော ကြောင့်  အရိုးနာရောဂါ များ ဖြစ်ခြင်းအစရှိသည့်   ရောဂါများ  ဖြစ်ပွားနိုင်သည့်အပြင်   အာဟာရဓာတ် ထိခိုက်မှုကြောင့်  စား သောက်ချင်စိတ်လျော့နည်းပြီး စားသုံးထားသည့်   အာဟာရများကို  ကင်ဆာဆဲလ်များက  စားသုံးလိုက်သည့်အတွက် အာဟာရပျက်ပြီး အနာမှ သွေး ထွက် ခြင်းကြောင့်   သွေးအားနည်း ရောဂါများ   ဖြစ်နိုင်ကြောင်း သိရသည်။
  ''ရင်သားကင်ဆာဘာကြောင့် ဖြစ်ရတယ်ဆိုတာအတိအကျမသိ နိုင်သေးပါဘူး။ မိသားစုရာဇဝင် ၂၀  ရာခိုင်နှုန်းခန့်မှာ  ရှိပေမယ့် ၅-၁၀ ရာခိုင်နှုန်းသာ   မျိုးရိုး ကြောင့် ဖြစ်နိုင်တာပါ။ ၉၀ ရာ ခိုင်နှုန်းကတော့ အသက်အရွယ် နဲ့ လူနေမှုစရိုက်ကြောင့်ဖြစ်တာ လို့   သတ်မှတ်နိုင် ပါတယ်''ဟု ပါမောက္ခဒေါက်တာမြသိန်းဟန် မှ ပြောကြားသည်။
  ရင်သားကင်ဆာရောဂါက အမျိုးသမီးများအဖြစ်များပြီး  ၁ ရာခိုင်နှုန်းသာ အမျိုးသားများ ဖြစ်နိုင်သည်။ ရင်သားကင်ဆာ အဖြစ်များသူ များမှာ   မျိုးရိုး ရာဇဝင်ရှိသူ၊ အသက် ၄၀ မှ ၆၀ အရွယ်ရှိသူများ၊ ''မ''ဟော်မုန်း ဓာတ်များသူများ၊ အပျိုဘော်ဝင် တာစောပြီး သွေးဆုံး မှုနောက်ကျ သူများ၊အပျိုကြီးများနှင့် အသက် ၃၀ ကျော်ပြီးမှ  ပထမကလေး ရသူများ၊ ကလေးရပြီး နို့မတိုက်သူများ၊ ရင်သားမှာ ယခင်က အကြိတ်ဖြစ်ဖူးသူများ၊ မဟော် မုန်းအစားထိုး အသုံးပြုသူများ၊ ဝလွန်းသူများနှင့်  ဆေးလိပ်၊ အရက်အလွန်အကျွံသောက်သုံးသူများ အဖြစ် များကြောင်း သိရသည်။
  ''ရင်သားကင်ဆာ လူနာ ၉၅ ရာခိုင်နှုန်းက ကင်ဆာအကြိတ် အဖုအနေနဲ့စနိုင်ပေမယ့်အကြိတ် အဖု ၉၅ ရာခိုင်နှုန်းက ကင်ဆာ မဟုတ်ပါ ဘူး။ တချို့ နို့သီးခေါင်းမှ သွေးထွက်ခြင်း၊  ရင်သားသေး ငယ်ခြင်း၊ရင်သားရောင်ရမ်းခြင်း၊ ချိုင်း   အကြိတ်ထွက်ခြင်းတို့ကို ကျန်းမာရေး စစ်ဆေးချိန်မှသာ သိရှိနိုင်ပါတယ်။ရင်သားကင်ဆာ ဖြစ်မှာ မသိရပေမယ့် ရောဂါရင့် လာရင်တော့ ခန္ဓာကိုယ်က ပြနိုင် ပါတယ်။   ခန္ဓာ ကိုယ်အကြိတ်အဖု နဲ့ ရင်သားပုံစံပြောင်းလာခြင်း၊  နို့သီးခေါင်းမှ သွေးရည်ထွက်ပြီး အရေပြားပြောင်းလဲခြင်း၊ချိုင်းမှာ   အကြိတ်စမ်း မိခြင်းဖြစ်လာပါက Mammogram  ရင်သားကို ဓာတ်မှန်ရိုက်စစ်ဆေးခြင်းများ ပြုလုပ်ပြီး  မသေချာသေးပါက အကြိတ်အဖုမှ အသားစကို ထုတ်ယူပြီး ဓာတ်ခွဲစမ်းသပ်မှုများ ပြုလုပ်သင့်ပါတယ်။   ရင်သားအကြိတ်တိုင်းကလည်း ကင်ဆာ မဟုတ်နိုင်ပါဘူး။   ရင်သား အကြိတ် အဖု  ပျောက်အောင် ကုသနိုင်တဲ့ တိုင်းရင်းဆေးတွေ ကလည်း ကင်ဆာကို ကုသနိုင်တာ  မဟုတ်ပါဘူး။ သူတစ်ပါး ပြောတိုင်း အရမ်း မယုံကြပါနဲ့''ဟု ပါမောက္ခဒေါက်တာမြသိန်းဟန် က သုံးသပ်ပြောကြားသည်။
နှင်းနှင်း
http://www.businesstoday.com.mm/index.php?option=com_content&view=article&id=4271:2012-04-08-10-26-59&catid=43:business-aricle-opinion&Itemid=63 မှ ကူးယူပါသည်။

ဆေးရွက်ကြီး၊ ဆေးလိပ်နှင့် အီး-စီးကရက် အန္တရာယ်များ

ခင်မေဇော်(၀ါရှင်တန်ဒီစီ)

ယခင်က ဆေးလိပ်မသောက်ရဟု စာချိတ်ထားသောနေရာတွင် စီးကရက်သောက်နေသူများကို တွေ့ရသည်။ သို့သော် အနံ့ထွက်မလာပါ။ နောက်မှ သတိပြုမိသည်မှာ ဆေးလိပ်နှင့်တူပြီး ဆေးလိပ်အစစ်မဟုတ်သည့် အီးစီးကရက်ဖြစ်နေသည်။ ဆေးလိပ်ဖြတ်လိုသူများအတွက် နီကိုတင်းကို တိုက်ရိုက်ရှူခြင်းဖြင့် လိုအပ်နေသော နီကိုတင်းကို ဆေးလိပ်မပါဘဲရရန် စီစဉ်ထားခြင်း ဖြစ်သည်။ ဆေးလိပ်ဖြတ်သူများအတွက် အီးစီးကရက်ခေါ် လျှပ်စစ်စီးကရက်က အကူအညီများစွာဖြစ်စေကြောင်း စက်တင်ဘာ ၇ ရက် တနင်္ဂနွေနေ့တွင် Lancet Medical Journal တွင် ဖော်ပြလိုက်သော သုတေသနစာတမ်းတစ်စောင်ကဆိုသည်။

လက်မောင်းတွင်ကပ်သော နီကိုတင်းအကွက်ပြားလေးများနည်းတူ သက်ရောက်မှုရှိသည်ဟု ဆိုသည်။ အီးစီးကရက်ဖြင့် ဆေးလိပ်ဖြတ်လိုသူ၊ လျှော့လိုသူများကို များစွာကူညီနိုင်ကြောင်း သုတေသနလေ့လာမှုကိန်းဂဏန်း အစီရင်ခံစာများနှင့် ဖော်ပြသည်။

ဆေးလိပ်သည် တစ်နှစ်ကို လူပေါင်းခြောက်သန်းသေဆုံးမှုအတွက် အဓိကတရားခံဖြစ်ပြီး ၂၀၃၀ ပြည့်နှစ်တွင် သေဆုံးသူရှစ်သန်းကျော်အထိ တိုးလာမည်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့က တွက်ဆထားသည်။ မြန်မာနိုင်ငံတွင် အမျိုးသား ၁၀၀ တွင် ၁၉ ဦးနှင့် အမျိုးသမီး ၁၀၀ တွင် ၁၈ ဦးနှုန်းသည် ဆေးလိပ်ကြောင့် သေဆုံးနေသည်ဟု ကမ္ဘာ့အဆုတ်ဖောင်ဒေးရှင်းနှင့် အမေရိကန်ကင်ဆာအသင်းက ထုတ်ပြန်သည့် ဆေးလိပ်ကမ္ဘာ့မြေပုံ (Tobacco Atlas) အချက်အလက်များအရ သိရသည်။ မြန်မာနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ ဆေးလိပ်သောက်သူဦးရေတွင် အမျိုးသားက အမျိုးသမီးများထက် တစ်ဆကျော်ပိုများနေသည်။ သို့သော် ဆေးလိပ်ကြောင့် သေဆုံးရာတွင်မူ ကွာခြားမှုမများလှကြောင်း တွေ့ရသည့်အတွက် အနီးအနားမှ ဆေးလိပ်ငွေ့ရှူရှိုက်ပြီး ရောဂါရရှိကြသည်ဟု ဆိုနိုင်သည်။ မြန်မာကလေးသူငယ် ၁၀၀ တွင်လည်း ၃၄ ဦးက ဆေးလိပ်သောက်သုံးသူ လူကြီးများနှင့်အတူ နေထိုင်နေကြပြီး ဆေးလိပ်ငွေ့ကို တစ်ဆင့်ခံရှူရှိုက်နေရသည်။ မြန်မာများ ဆေးလိပ်ဖိုးအတွက် တစ်နှစ်လျှင် အနည်းဆုံးဒေါ်လာ ၁၄ သန်း ကုန်ကျခံနေသည်ဟုလည်း သိရသည်။

၂၀၁၁ ခုနှစ် ဧပြီလကထုတ်ပြန်ခဲ့သော ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး၏ အချက်အလက်များအရ မြန်မာနိုင်ငံတွင် အဆုတ်ကင်ဆာကြောင့် သေဆုံးသူ ၆၆၅၉ ဦးရှိခဲ့ပြီး အထွေထွေအဆုတ်ရောဂါကြောင့် သေဆုံးသူမှာ ၁၆၃၃၈ ဦး ရှိသည်။ ဆေးလိပ်ဟုဆိုလိုက်လျှင် အဆုတ်ရောဂါဖြစ်ပေါ်သည်ကိုသာ အသိများကြသည်။ သို့သော် အဆုတ်ရောဂါ၊ အဆုတ်ကင်ဆာနှင့် ကင်ဆာပေါင်းစုံကြောင့် သေဆုံးမှုများတွင် ဆေးလိပ်က အဓိကတရားခံဖြစ်သည်။ နှာခေါင်း၊ ပါးစပ်၊ လည်ချောင်း၊ အဆုတ်၊ အစာအိမ်၊ ကျောက်ကပ်၊ ဆီးအိမ်၊ အရိုးချဉ်ဆီ၊ သွေးကင်ဆာ အစရှိသည်တို့လည်း ပါဝင်သည်။ ထို့ကြောင့် မြန်မာနိုင်ငံအတွက် ဆေးလိပ်၏အန္တရာယ်က ထင်ရ၊ မြင်ရသည်ထက်ကို ပိုဆိုးနေသည်။ အဆစ်အမြစ်ကိုက်ရောဂါသည်ပင် ဆေးလိပ်ကြောင့် နှစ်ဆတိုးလာနိုင်သည်ဟုဆို၏။

အာရှအမျိုးသမီးများတွင် အဖြစ်များသည့် အရိုးပါးရောဂါသည်လည်း ဆေးလိပ်ကြောင့် ကျန်ခန္ဓာကိုယ်တစ်ခုလုံးကို ထိခိုက်သလို မျက်စိအမြင်အာရုံကို ထိခိုက်စေပြီး တိမ်ဖြစ်ပေါ်စေသည်ဟုလည်း သိရသည်။ မြန်မာနိုင်ငံလို ဆေးဝါးကုသမှုနိမ့်ကျသော ဒေသတွင် မည်သည့်ရောဂါကြောင့်မှန်းမသိကြဘဲ သေဆုံးသွားသူများစွာရှိနေသဖြင့် ဆေးလိပ်၏ရိုက်ခတ်မှု မည်မျှအထိကြီးမားမည်ကို အတိအကျမသိနိုင်ပေ။ စာရင်းသွင်းရရှိထားသော အရေအတွက်ထက် များစွာပိုမည်က အသေအချာပင်။

ယခုအခါ အီးစီးကရက် ပေါ်ထွက်လာ၍ ဆေးလိပ်စွဲသူများအတွက် ဆေးလိပ်ဖြတ်ရန် သတင်းကောင်းဟု ဆိုနိုင်သော်လည်း ဆိုးကျိုးများကလည်း ရှိလာပြန်သည်။ အီးစီးကရက်ကလည်း စွဲစေသည်သာဖြစ်သည်။ ဆေးရွက်ပါသော ဆေးလိပ်လောက် အန္တရာယ်မများသော်လည်း လုံးဝအန္တရာယ်ကင်းသည်တော့လည်း မဟုတ်ပါ။ အီးစီးကရက်တွင် အဆိပ်ဖြစ်စေသော ဓာတုဆေး Carcinogens နှင့် နောက်ဓာတုဓာတ်ဖြစ်သည့် Diethylene Glycol ပါဝင်သည်။ ၎င်းဓာတုဓာတ်များက လူ့ကျန်းမာရေးကို ထိခိုက်စေပြန်သည်။ အီးစီးကရက်သောက်ပြီး အသက်ရှူလမ်းကြောင်း ပြဿနာဖြစ်ပေါ်ကြောင်း သတင်းပေးပို့ချက်များ ရှိခဲ့သည်။

နောက်ပြဿနာတစ်ခုမှာ ဆေးလိပ်ကို အသက်အရွယ်ကန့်သတ်ရောင်းချသည့် နိုင်ငံများတွင် အီးစီးကရက်ကို ကန့်သတ်ခြင်းမရှိသဖြင့် ဆယ်ကျော်သက်များ ၀ယ်ယူခွင့်ရနေခြင်းဖြစ်သည်။ ထိုမှ သုံးစွဲသူလူငယ်လည်း ပိုများလာသည်။ အမေရိကန်နိုင်ငံတွင် အလယ်တန်းနှင့် အထက်တန်းကျောင်းသားများ အီးစီးကရက်သုံးစွဲမှု များပြားနေကြောင်း လေ့လာမှုများက ပြဆိုသည်။

အီးစီးကရက်ထုတ်လုပ်သူများက ကလေးနှင့် လူငယ်များအတွက် ထုတ်လုပ်ခြင်းမဟုတ်ပါဟု ဆိုနေသော်လည်း ချယ်ရီ၊ စတော်ဘယ်ရီ၊ ဗာနီလာ အစရှိသော ကလေးကြိုက်အနံ့များထည့်ပြီး ထုတ်လုပ်နေသည်။ လက်ရှိတွင် စီးကရက်ကြော်ငြာဆိုင်ရာဥပဒေသည် အီးစီးကရက်အပေါ် အကျုံးမ၀င်ပါ။

ဤအတောအတွင်း ဂရိနိုင်ငံသုတေသီများ၏ လေ့လာချက်အရ အီးစီးကရက်သုံးစွဲသူများတွင် အဆုတ်အားနည်းလာသည်ကို တွေ့ရသည်။ နီကိုတင်းငွေ့ကို အဆုတ်တွင်းတိုက်ရိုက်ရှူသွင်း၍ ဖြစ်ပေါ်လာခြင်းဖြစ်သည်။ ပေါ်လာချိန်မကြာလှသေးသဖြင့် ရေရှည်တွင် မည်သို့သောအကျိုးဆက်များ ပေါ်ထွက်လာဦးမည် မသိရသေးပါ။

ဆေးလိပ်စွဲသူများ ဆေးလိပ်ဖြတ်ရန် အထောက်အကူပြုစေသည်ဟု ဆိုသော်လည်း ဆေးလိပ်စွဲသူများမဟုတ်သည့် ကလေး၊ လူငယ်များအတွက် အီးစီးကရက် ကျယ်ကျယ်ပြန့်ပြန့်စွဲသည့် အချိန်တစ်ခုရောက်လာမည်ကို စိုးရိမ်နေရပေသည်။

ဓာတ်ပုံ- အင်တာနက်
7Day News Journal

အမျိုးသားများတွင် လိင်စိတ် လျော့နည်းရခြင်း

အမျိုးသား တွေမှာ ရောဂါ ဝေဒနာ ခံစား ရတာနဲ့ ဆေးကုသမှု ခံယူရတာ တွေကြောင့် လိင်စိတ်လျော့ နည်းမှု ဖြစ်တတ် ပါတယ်။

အမျိုးသား တွေမှာ လိင်စိတ် ဆန္ဒလျော့ နည်းမှု ဖြစ်စေတဲ့ အကြောင်းရင်း တွေက အောက်ပါ အတိုင်း ဖြစ်ပါတယ်။

- ပန်းသေ ပန်းညှိုးရောဂါ

ပန်းသေတာ ဒါမှမဟုတ် ပန်းသေ ပန်းညှိုး ရောဂါဟာ လိင်စိတ် လျော့နည်း တာနဲ့ မတူပါဘူး။ လူငယ် ခုနစ်ရာခိုင်နှုန်း ကသာ ပန်းသေ ပန်းညှိုး ဖြစ်တတ် ကြပါတယ်။ ပန်းသေ ပန်းညှိုး ရောဂါက အသက်ကြီးလာ လေလေ၊ ဖြစ်နိုင်ခြေ ပိုများ လေလေပါ။ အသက် ၄၀ အရွယ်မှာ ပန်းသေ ပန်းညှိုးဖြစ်နိုင် ခြေ ၁၂ ရာခိုင်နှုန်း၊ အသက် ၅၀-၅၉ နှစ်အရွယ်မှာ ရောဂါ ဖြစ်နိုင်ခြေ ၁၈ ရာခိုင် နှုန်းနဲ့ အသက် ၆၀ ကျော် အရွယ်မှာ ရောဂါဖြစ် နိုင်ခြေ ၂၅-၃၀ ရာခိုင်နှုန်း အထိ သိသိသာသာ မြင့်တက်လာ ပါတယ်။ ပန်းသေ ပန်းညှိုးရောဂါနဲ့ စိတ်ဖိစီးမှုက အပြန်အလှန် ဆက်နွှယ် မှုရှိပြီး လိင်စိတ်လျော့ နည်းမှုကို ဖြစ်စေနိုင်ပါတယ်။ သတင်းကောင်း အနေနဲ့ ပန်းသေ ပန်းညှိုး ဖြစ်ရတဲ့ အကြောင်းရင်းပေါ် မူတည်ပြီး ဆေး ကုသမှု ခံယူနိုင် ပါတယ်။

- ပူပင်သောကများလွန်းခြင်း

အမျိုးသားတွေမှာ ပူပင်သောက များလွန်းတဲ့ အခြေအနေကြောင့် သုက်လွှတ် စောတာမျိုး ဖြစ်တတ် ပါတယ်။ အဲဒီလို ဖိအားများတဲ့အခါ လိင်စိတ်လျော့ နည်းမှု ဖြစ်ပေါ် တတ်ပါတယ်။

- စိတ်ဖိစီးမှုများခြင်း

လုပ်ငန်းခွင် စိတ်ဖိစီးမှု များပြီး စိန်ခေါ် လုပ်ကိုင်ရ တဲ့အခါ အောင်မြင်အောင် မလုပ်ဆောင် နိုင်ရင် အမျိုး သားတွေက ကိုယ့်ကိုယ်ကိုယ် လေးစား စိတ်လျော့နည်း လာပါတယ်။ ဒီအတွက် ကြောင့်လည်း အိမ်ထောင် ရေးမှာ မသာယာတဲ့ အဖြစ်မျိုး တွေ့ကြုံ နိုင်ပါတယ်။

- ကျန်းမာရေး အခြေအနေ

အမျိုးသား တွေမှာ နာတာရှည် ရောဂါ ဝေဒနာ တွေကြောင့် လိင်မှုဘဝကို ထိခိုက်စေနိုင် ပါတယ်။ ကင်ဆာနဲ့ စိတ်ကျ ရောဂါတို့လို ပြင်းထန်တဲ့ နာမကျန်း မှုတွေကြောင့် လိင်စိတ်ကို လျော့ကျ စေနိုင်ပါတယ်။ နှလုံးသွေး ကြောရောဂါ၊ သွေးတိုး ရောဂါနဲ့ ဆီးချိုရောဂါ တွေကြောင့် မျိုးပွား အင်္ဂါအပါအဝင် ခန္ဓာကိုယ် အစိတ်အပိုင်း အားလုံး ဆီကို သွေးရောက် ရှိမှု လျော့နည်းသွား ပြီး လိင်စိတ်လျော့နည်း စေပါတယ်။ အရက်စွဲ တာနဲ့ အရက်ကို အလွန်အမင်း သောက် သုံးတာ ကြောင့်လည်း လိင်ဆန္ဒကို လျော့ပါး စေပါတယ်။ သိုင်းရွိုက် ပြဿနာနဲ့ ပီကျူထရီဂလင်း အကျိတ် ရှိတာ ကြောင့်လည်း လိင်စိတ်ကို လျော့ကျ စေပါတယ်။

- ဆေးကုသမှု

စိတ်ကျဝေဒနာ ကုသဆေး SSRI ဟာ လိင်စိတ်ကို ဟန့်တားနိုင်သလို သွေးတိုးကျဆေး ကလည်း လိင်စိတ်ကို လျော့ကျ စေပါတယ်။ မူးယစ် ဆေးတွေ သုံးရင်လည်း လိင်စိတ်ကို လျော့ကျ စေပါတယ်။

- အိမ်ထောင်ရေး အဆင်မပြေခြင်း

မပျော်ရွှင်တဲ့ အိမ်ထောင်ရေး အခြေအနေကြောင့် အမျိုးသား တွေမှာ လိင်စိတ်လျော့နည်းမှု ဖြစ်ရသလို အိပ်ခန်း ထဲကို ဒေါသနဲ့ စိတ်ပျက်လက်ပျက် ဖြစ်ကာ စိတ်ကုန်တဲ့ အတွေးတွေ ယူဆောင် သွားတာကြောင့် လိင်စိတ်လျော့နည်း ရတတ်ပါတယ်။

- မွေးကင်းစ ကလေးငယ် ပြုစု စောင့်ရှောက်ရခြင်း

တချို့ အမျိုးသားတွေ အတွက် ကလေးငယ်မွေး ဖွားပြီးနောက် လိင်ဆန္ဒအတွက် အဟန့်အတား ဖြစ်လာ ပါတယ်။ မွေးကင်းစ ကလေးငယ်ကို ပြုစုစောင့် ရှောက် ရတဲ့အတွက် ပင်ပန်းမှုကြောင့် လိင်စိတ် လျော့နည်း ရတတ် ပါတယ်။

ကေအမ်
Myawady News

ဆေးလိပ်က အမျိုးသား အင်္ဂါကို တိုစေ

တကယ့် ပေါက်ပေါက် ရှာရှာ ဆေးပညာရှင်တို့ လေ့လာ တွေ့ရှိထားမှု တစ်ခု ဖြစ်ပါတယ်။

လေ့လာတွေ့ ရှိချက် ကတော့ ဆေးလိပ် သောက်ခြင်းရဲ့ ဆိုးကျိုး တစ်ချက် ကတော့ အမျိုးသားကို လိင်အင်္ဂါကို တိုစေခြင်း ဖြစ်တယ်လို့ ဆိုပါတယ်။
ဆေးလိပ်က အဆုပ်ကိုပဲ ထိခိုက် စေတာ မဟုတ်ပါဘူး။ ခန္ဓာ ကိုယ်တွင်း သွေးလည်ပတ်မှုကို အနှောက်အယှက် ပေးပါတယ်။ အထူးသဖြင့် အမျိုးသားတို့ အင်္ဂါကို သွေးမရောက်အောင် ညစ်ထား တတ်ပါတယ်။

ဒါကြောင့် elastic ဖြစ်နှုန်း ကျဆင်းပြီး နဂိုရှိရင်း ထက်တောင် တိုသွား တယ်လို့ လေ့လာ ထားကြ ပါတယ်။ နှစ်ရှည်ကြာ စွဲသောက်သူ အပေါ် လေ့လာချက် အရ ၁ စင်တီမီတာ တိုသွားတယ်လို့ ဆိုပါတယ်။

ဒါတင်မက အင်္ဂါသို့ ရောက်အောင် သွားတဲ့ ဟိုမုန်း တွေကိုလည်း သေဖို့ အကြောင်းပိုများ ပါတယ်။ မျိုးပွားနိုင်တဲ့ သွေးဆဲလ်တွေ ကိုလည်း သေဆုံးပြီး ကလေးရနိုင်ချေ နည်းသွား ပါတယ်။ အကယ်၍ ရရင်လည်း ရတဲ့ ကလေး အပေါ် သက်ရောက် မှု အနည်းနဲ့အများ ရှိနိုင်တယ်လို့ ဆိုပါတယ်။ ဥပမာ- ကလေး ကြီးထွားမှု မမှန်ခြင်း လိုမျိုး ဖြစ်ပါတယ်။

သုတေသနတို့ရဲ့ နောက်ထပ် တွေ့ရှိချက် ကတော့ အမျိုးသားတို့ ဆေးလိပ် သောက်သုံးခြင်းဟာ နှလုံးကို ထိခိုက်ခြင်းထက် အင်္ဂါထိခိုက်မှုကို ပိုမို တိုက်ရိုက် ဆက်စပ် စေကြောင်း သိရပါတယ်။

Ref: medic-facts
Myawady News

ရင်သားကင်ဆာ ဆဲလ်များအား နှိပ်နယ် ပေးခြင်းက ပုံမှန်ဆဲလ် ပြန်ပြောင်းနိုင်

ကယ်လီဖိုးနီးယား တက္ကသိုလ်မှ လေ့လာ သူများ ၏ အဆိုအရ ရင်သား ကင်ဆာ ဖြစ်နေသော အမျိုးသမီး များတွင် ယင်းကင်ဆာ ဆဲလ်များ အား နှိပ်နယ် ပေးခြင်း၊ ညှစ်ပေး ခြင်းဖြင့် ပုံမှန် ဆဲလ်များ အဖြစ်သို့ ပြန်လည် ရောက် ရှိ နိုင်ကြောင်း သိရသည်။ ယင်းတွေ့ရှိ ချက်အား ဒီဇင်ဘာ ၁၇ ရက်၌ ဆန်ဖရန် စစ္စကိုတွင် ကျင်းပ ခဲ့သော အမေရိကန် ဆဲလ်သုတေသန အဖွဲ့ အစည်း နှစ်ပတ် လည်၌ တင်ပြခဲ့ခြင်း ဖြစ်သည်။ ယင်း တွေ့ရှိချက်မှာ ကင်ဆာဆဲလ် များအား ပြင်ပမှ ဖိနှိပ်ပေးခြင်း တစ်မျိုးထဲဖြင့် ကင်ဆာဆဲလ် ပွားခြင်းအား ရပ်တန့်ပေး နိုင်ပြီး ပုံမှန်ဆဲလ် အဖြစ် ပြန်ရောက်နိုင်ကြောင်း တွေ့ရှိခဲ့သည့် ပထမဆုံး တွေ့ရှိချက် ဖြစ်သည်။ ဤကဲ့သို့ နှိပ်နယ် ပေးခြင်းက မျိုးရိုး ဗီဇကြောင့် ကင်ဆာ ဖြစ်သော သူများ၌ပင် သက်ရောက်မှုရှိ ကြောင်း တွေ့ရသည်။ အမျိုး သမီး များသည် ဘဝတစ် လျှောက်လုံးတွင် သူတို့၏ မျိုးပွားနိုင်သည့် အရွယ်ကို လိုက်၍ ရင်သား ဆဲလ်များ ကြီးထွား လာခြင်း၊ ကျုံ့သွားခြင်းတို့ ဖြစ်ပွား သည်။ ထို့ပြင် အမျိုးသမီးများ၌ နို့တိုက်ကျွေး ချိန်တွင် နို့ ထုတ်ပေးသော ဆဲလ်များ ကြီးထွား လာကြပြီး ရပ်သင့်သည့် အချိန် (ဥပမာ နို့မတိုက်တော့သည့် အခါ) တွင် ယင်း ဆဲလ်များ ကြီးထွားခြင်း ရပ်သွား ရပေမည်။

ရင်သား ကင်ဆာ၌ အဓိက တွေ့ရသော လက္ခဏာမှာ ယင်းသဘာဝ ဖြစ်စဉ် ပျက်စီး သွားပြီး ကင်ဆာဆဲလ် များက ရပ်သင့်သည့် အချိန်တွင် မရပ်ဘဲ ဆက်လက် ကြီးထွား နေခြင်းဖြစ်သည်။ ယခင်က ကင်ဆာ ဖြစ်ပွား မှုမှာ ဆဲလ်အတွင်းရှိ ဗီဇများ ပြောင်းလဲ သွားမှုကြောင့်ဟု လက်ခံ ထားသော်လည်း ဘာကလေ ဓာတ်ခွဲခန်းမှ မီနာ ဘစ်ဆဲလ်က ပထမဆုံး အနေဖြင့် ကင်ဆာ ဆဲလ်များသည် အမြဲတမ်း ကင်ဆာ ကျိတ်အဖြစ် သို့ ပြောင်း လဲသွား ခြင်းမဟုတ်ဘဲ ယင်းဆဲလ်များ၏ ပတ်ဝန်းကျင်အား ပြုပြင် ပေးခြင်းဖြင့် နဂိုဆဲလ်များ အဖြစ် သို့ ပြောင်းလဲ သွားနိုင်ကြောင်း ဓာတ်ခွဲခန်း၌ ဖန်တီး ထားသော ကင်ဆာဆဲလ်များ တွင်သက်သေ ပြခဲ့သည်။ ယင်းလေ့လာမှု၌ ပညာရှင် များက ဗီဇ ပြောင်းလဲ နေသော ကင်ဆာ ဆဲလ်အား ဆီလီကွန်ထဲတွင် ထည့်သွင်း မွေးမြူ ထားခဲ့သည်။

ထို့နောက် ကင်ဆာဆဲလ်များ အဖြစ် ပြောင်းလဲ မှုအဆင့် (၁)တွင် ပြင်ပမှ နှိပ်နယ် ဖိအားပေးပြီး ရလဒ် ကို စောင့်ကြည့်ခဲ့ရာ ယင်းကဲ့သို့ နှိပ်သည့် အချိန် အတော်ကြာသည့် အခါ ကင်ဆာ ဆဲလ်များသည် မူလ ပုံစံ ဖွံ့ဖြိုးမှုသို့ ပြန်ရောက်ကြောင်း တွေ့ရသည်။ ထို့ပြင် တွေ့ရှိချက်များ အရ စောစီးစွာ နှိပ်နယ် ပေးမှုက မူလပုံစံသို့ ပြန်ရောက် ရာတွင် ပို၍ အကူအညီ ရကြောင်း သိရသည်။ အကယ်၍ ရင်သား ဆဲလ်များ ပုံမှန် တည်ဆောက် ပုံသို့ ရသွားပါက နှိပ်နယ် ပေးမှုအား ရပ်လိုက်လျှင်လည်း ကင်ဆာကဲ့သို့ ဆက်လက် ကြီးထွားခြင်း မဖြစ်တော့ကြောင်း တွေ့ရသည်။ နှိပ်နယ် ပေးမှုက ကင်ဆာဆဲလ် များအား ပြန်ကောင်း စေ သည် ဆိုသော်လည်း အဆမတန် ကျပ်သော ဘရာစီယာများ ဝတ်ခြင်းက နှိပ်နယ်၍ ကုသခြင်း ကဲ့သို့ အကျုံး မဝင်ကြောင်း သုတေသန ပညာရှင်များက သတိ ပေးခဲ့သည်။

မိုင်ကိ
Ref:MNT

ဖားဥကဲ့သို့ အစက်အပြောက် များနှင့် ငှက်ပျော်သီးကို စားသင့်သည့် အကြောင်းများ








ဖားဥကဲ့သို့ အစက်အပြောက် များနှင့် ငှက်ပျော်သီးကို စားသင့်သည့် အကြောင်းများ
Monday, February 17, 2014

ဂျပန်နိုင်ငံမှ သိပ္ပံပညာရှင်များ၏ လေ့လာတွေ့ရှိမှု အသစ်များအရ ဖားဥကဲ့သို့ အစက်အပြောက် များနှင့် ငှက်ပျော်သီးဟာ သာမန်အသးတွေကို
ပိုမိုပြီး ဆေးဘက်ဝင်ကြောင်း သိရပါတယ်။

၎င်းအသီးတွေဟာ ခန္ဓာကိုယ်အတွင်း ကင်ဆာဖြစ်နိုင်သည့် ဆဲလ်များကို ပိုမိုပြီး တိုက်ခိုက်ပေးနိုင်တဲ့ ဂုဏ်သတ္တိများများစွာ ပါရှိတယ်လို့ သိရပါတယ်။
ဒါကြောင့် ထိုအသီးများကို တစ်နေ့ ၁ လုံးမှ ၂ လုံး စားသူတွေဟာ ကင်ဆာရောဂါကို ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။

ပြန်လည်မျှဝေမယ် ဆိုပါက နာမည်နှင့် စာမျက်နှာ လေးကိုပါ ထည့်ပေးပါလို့ တောင်းဆိုပါရစေ။

ကျော်လင်းနိုင်
ကျန်းမာရေးနှင့် အလှအပ သတင်းများ

Aye Chan Mon# Credit To : သတင်းပေါင်းစုံ> ပြန်လည် မျဝေခြင်း ဖြစ်ပါသည်