နှစ်လိုဖွယ် မိန်းကလေးများ၏ ဝစ်လစ်စားလစ် ဓာတ်ပုံများကို
ကြည့်ရှုခြင်းသည် ဦးနှောက်၏ စွမ်းဆောင်ရည်များကို
တိုးမြှင့်ပေးကြောင်း သိရှိရသည်။ သုတေသီများက Page 3မှ
လှပသော လေဆီ၊ ကီလီနှင့် ရီအန်တို့ကဲ့သို့
မော်ဒယ်မိန်းကလေးများ၏ အဝတ်ဗလာ ဓာတ်ပုံများကို ပြသြပီး
စမ်းသပ်ချက်အရ ဦးနှောက်၏ စွမ်းဆောင်ရည်ကို
လှုံ့ဆော်ပေါ်နိုင်ကြောင်း ဖော်ထုတ်နိုင်ခဲ့သည်။ဦးနှောက်၏
လျှပ်စစ်ဇီဝ စီးဆင်းမှုများသည် လှပ၍ ကြည့်ကောင်းသော
မိန်းကလေး၊ ယောကျာ်းလေး ဓာတ်ပုံများကို မြင်ရသည့်အခါ
ပိုမိုတုံ့ပြန်မှု မြန်လာတတ်ကြောင်း သိရသည်။ အကယ်၍ ဓာတ်ပုံထဲတွင်
ပါသော မိန်းကလေးများကို ရေကူးဝတ်စုံနှင့်ပုံ၊
သို့မဟုတ် အဝတ်အစား အပြည့်အစုံနှင့်ပုံများဖြင့် ပြသပါက
ဦးနှောက်၏ တုံ့ပြန်မှုသည် အဝတ်မပါသော ပုံများတွင် မြင်ရချိန်ထက်
ဝ.၂ စက္ကန့်နှောင့်နှေးနေတတ်ကြောင်း
ဖော်ထုတ်နိုင်ခဲ့သည်။ဖင်လန်နိုင်ငံ တမ်ပီရီ တက္ကသိုလ်မှ ပရော်ဖက်ဆာ
ဂျာရီဟီတာနန်က “ကျွန်တော်တို့ရဲ့ အချက်အလက်တွေက အမြင်အာရုံရဲ့
နှိုးဆွမှုဟာ ဦးနှောက်ကို သက်ရောက်နိုင်တယ်ဆိုတာ ပထမဆုံးအကြိမ်
လက်တွေ့ပြနိုင်ခဲ့ပါတယ်။ အထူးသဖြင့် လိင်နဲ့ဆိုင်တဲ့
လှုံ့ဆော်မှုဟာ ဦးနှောက်ရဲ့ တွက်ချက်မှု မြန်နှုန်းကို သိသိသာသာ
ဆက်စပ်သွားတယ်ဆိုတာ မြင်ခဲ့ပါပြီ”ဟု ပြောကြားသွားခဲ့သည်။
No comments:
Post a Comment