မေး- မြန်မာနိုင်ငံမှာ အဖြစ် များလာတဲ့ ခံတွင်းကင်ဆာ ရောဂါ အကြောင်းကို ရှင်းပြပေးပါဆရာ။
ဖြေ- ကင်ဆာ ဘာကြောင့်ဖြစ်လဲ အတိအကျ
ဘယ်သူမှ မသိဘူးပေါ့။ ကင်ဆာ ဖြစ်ရတဲ့ အကြောင်းရင်းက အများကြီး ရှိတယ်။
နောက်ထပ် တစ်ခုက ကင်ဆာဖြစ် တဲ့နေရာပေါ် မှာ မူတည်ပြီးတော့ အကြောင်းအရင်း
တစ်ခုနဲ့တစ်ခု လုံးဝကွဲပြားခြား နားသွားတယ်။ ခံတွင်း ကင်ဆာ ဘာကြောင့်ဖြစ်လဲ
ဆိုတာ တိတိကျကျ မသိပေမယ့် လည်း ဖြစ်နိုင်ချေများ တာတွေကို ပြောပြမယ်။
ဥပမာ- ကွမ်းစားရင် ကင်ဆာ ဖြစ်တယ်လို့ ပြောလိုက်ရင် ကွမ်းစားတဲ့ သူတိုင်း
ဖြစ်ရမှာပေါ့။ နှစ်ပေါင်း များစွာ ကွမ်း အများကြီး စားပြီးတော့
ခံတွင်းကင်ဆာ မဖြစ်တဲ့သူလည်း ရှိတာပဲ။ ခံတွင်း ကင်ဆာရောဂါ မဖြစ်အောင်
ဘယ်လို ကြိုတင် ကာကွယ်မလဲ၊ မေးခွန်းကို ဖြေရရင် ကွမ်းမစား ပါနဲ့၊ ဆေးလိပ်
မသောက်ပါနဲ့၊ ဖြစ်နိုင်ရင် အရက် လည်းမသောက်ပါနဲ့။ ဘယ်လိုမှ မရရင်လည်း
အရက်ကို လျှော့သောက်ပါ ဆိုတဲ့ စကားမျိုးကို ပြောမှာပဲ။ ဘာကြောင့်လဲ ဆိုတော့
ခံတွင်းကင်ဆာ ဖြစ်တဲ့သူတွေ အားလုံးကို စစ်တမ်း ကောက်ယူလိုက်တဲ့ အခါ ကျတော့
၈ဝရာခိုင်နှုန်း၊ ၉ဝ ရာခိုင်နှုန်းက ကွမ်းစားတဲ့ သူတွေ ဖြစ်နေတယ်။ ၅
ရာခိုင်နှုန်း၊ ၁ဝရာခိုင်နှုန်းက ကွမ်း မစားတဲ့ သူတွေ ပါကောင်းပါနိုင်မယ်။
ဒါပေမဲ့ ဒီအကြောင်းအရင်း တစ်ခု တည်းကြောင့် ဖြစ်တယ်လို့တော့ ပြောလို့
မရပေမယ့် ကွမ်းစားရင် နံပါတ် တစ် ထုံးထည့်မယ်။ ကွမ်းသီး ထည့်မယ်။
အဲဒီမှာတင် ကင်ဆာဖြစ်စေတဲ့ ဓာတ်ပေါင်း ပါနေပြီ။ ဒါ့အပြင် ကွမ်းကို ကွမ်းသီး
၊ထုံးနဲ့ စားတဲ့ခေတ် မဟုတ်တော့ဘူး။ ဆေးရွက်ကြီးတွေလည်း ထည့်တယ်။
ကျွန်တော်တို့ ရန်ကုန် သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ် မေးရိုးနဲ့ ခံတွင်း
ဆေးပညာ ဌာနမှာတော့ လေ့လာ မှုတွေ လုပ်ထားတာပေါ့။ အိန္ဒိယ ကလာတဲ့ ဆေး
ပစ္စည်းမျိုးစုံတွေ။ ဆစ်ကနယ်တို့၊ နံပါတ် ဘယ်လောက်တို့၊ ၁ဝဝတို့ ၂ဝဝတို့ ၉၄
တို့ ကျွန်တော်လည်း မသိဘူး။ အဲဒီ ဆေးတွေ ထဲမှာလည်း ကင်ဆာဖြစ်စေနိုင်တဲ့
ဓာတ်ပေါင်း တွေ အများကြီးပါတယ်။ ကွမ်းစား တယ်ဆိုတာ ကွမ်းလို့ပြောပေမယ့်
ကွမ်းရွက်ချည်းပဲ စားတာ မဟုတ်တဲ့ အတွက်၊ ကွမ်းနဲ့ တွဲပြီးတော့ ဆေးတွေ ကပါတာ
ဖြစ်တဲ့ အတွက် ခံတွင်း ကင်ဆာ ဖြစ်ရခြင်း အဓိက အကြောင်းရင်းက ဘာလဲလို့
မေးရင်တော့ ကွမ်းစားတာပဲလို့ ဖြေ မှာပေါ့။ နောက်တစ်ချက် က ဘာလဲ ဆိုတော့
ဒီဆေးလိပ်ကို မီးရှို့တာပဲ၊ ဒီဆေးရွက်ကြီးကို မီးရှို့တာပဲ။ အဲဒီတော့
ဒီဆေးရွက်ကြီးကို မီးရှို့ပြီး ထွက်လာတဲ့ ဓာတ် ပေါင်းတွေဆေးလိပ်က အစီခံပါတယ်
ဆိုပေမယ့် အဲဒါကလည်း အငွေ့ထွက်တယ်။ အငွေ့ရဲ့ အပူရှိန်လည်း ရှိတယ်။ အပူဓာတ်
ကလည်း ဖြစ်စေတာ ပါပဲ။ တချို့နေရာတွေမှာ ဆိုရင် ဆေး လိပ်ကို
ဖယောင်းသုတ်တယ်။ ပြောင်း ပြန်သောက်တယ်။ မီးပါတဲ့ အပိုင်းကို ပါးစပ်ထဲမှာ
ထားပြီးတော့ အစီခံ အပိုင်းကနေ အငွေ့ကို အပြင်မှုတ် ထုတ်တယ်။ အဲဒီလို
လူမျိုးတွေမှာ ကင်ဆာ အဖြစ်များတယ်။ မီးပါတဲ့ အစိတ်အပိုင်းက အပူတွေ
အာခေါင်နဲ့ တအား နီးနေတယ်။ အဲဒီတော့ ဆေး လိပ်သောက် တယ်။ ကွမ်းစား တယ်ဆို တာ
ဒွန်တွဲတာက တစ်ကြောင်း၊ ဆေး လိပ်သောက်တာ ဒွန်တွဲသလို အရက် သောက်တာ
ဒွန်တွဲတာ။ အဲဒီအ ကြောင်းရင်း ၃ချက် ကတော့ ခံတွင်း ကင်ဆာ ဖြစ်ရခြင်း အဓိက
အကြောင်းရင်းတွေ ချည်းပါပဲ။ တစ်ခါတလေ နေရောင်ခြည် ပူပူထဲ မှာထွက်ပြီး
အလုပ်လုပ်ကြတဲ့ လယ်သမားတွေ ခံတွင်းကင် ဆာဖြစ်နိုင် တယ်။ ခံတွင်း ကင်ဆာက
ဘာအဖြစ်များလဲ ဆိုတော့ အောက်နှုတ်ခမ်း။ ခရမ်းလွန်ရောင်ခြည် ရှိတဲ့အခါကျတော့
ကင်ဆာကို ဖြစ်စေတယ်။ ဘယ်နေရာကို အထိ ဆုံးလဲ ဆိုတော့ နေရောင်ခြည် အပေါ် က
လာတဲ့အတွက် အောက်နှုတ်ခမ်း အဖြစ်များတာ။ အဲဒီတော့ မိန်းကလေးတွေမှာ
အဖြစ်နည်းတယ်။ ဘာ ကြောင့်လဲ ဆိုတော့ နှုတ်ခမ်းနီ ဆိုးတယ်။ အဲဒီတော့
ယောက်ျားလေး တွေ၊ တောင်သူ လယ်သမားကြီးတွေ ဆိုလည်း အနည်းဆုံးတော့ နှုတ်ခမ်း
နီလို၊ အလှဆီ လို ဆိုးသင့်တယ်။ ဘာ ဖြစ်လို့လဲ ဆိုတော့ အလှဆီ လိမ်းထားတယ်
ဆိုရင် ဒါကို သက်သာစေတယ်။ ကင်ဆာဖြစ်စေတဲ့ အကြောင်းအရင်း တွေ အများကြီး
ရှိပါသေးတယ်။ မျိုးရိုးဗီဇနဲ့ လည်း ဆိုင်တယ်။ နောက်တစ် ခုကတော့ ကင်ဆာ
မဖြစ်အောင် ဘာလုပ်မလဲ ဆိုတော့ ခုနက အမူအကျင့် လေးတွေကိုရှောင်ပါ။ အသီးအရွက်
ကို များများစားပါ။
မေး- ခံတွင်း ကင်ဆာရောဂါ အကြောင်းကို လူတိုင်းသိအောင် ဘယ် လို လုပ်သင့်ပါသလဲဆရာ။
ဖြေ- ပြည်သူပြည်သားတွေ ရဲ့ ကျန်းမာရေး
အသိပညာက အရင်ထက်စာ ရင် အခုက ပိုပြီးရှိလာမယ်လို့ ကျွန်တော် ယုံကြည်တယ်။
ပြည်သူလူ ထုတွေ ကျန်းမာရေး အသိ ပိုရှိလာတယ်။ အခုကလူတွေရဲ့ လိုက်ဖ် စတိုင်
ပြောင်းလဲသွားတာ။ ဒီဟာတွေ က ကင်ဆာရောဂါ တိုးပွားလာစေ တဲ့ အကြောင်းအရင်းတွေ
ပိုဖြစ်စေ တယ်။ ကင်ဆာရောဂါ ဟာ သာမန် ဆိုရင် စစချင်းဖြစ်တဲ့ အချိန်မှာ မနာ
ဘူး။ လူတွေက ခံစားရတယ် ဆိုတာ နာတာ ကိုခေါ်တာပဲ။ နာမှ သူကပြ မှာ။ အဲဒီလို
နာတာပြတဲ့ အချိန် ကင်ဆာရောဂါက လွန်နေပြီ ဆိုတော့ ကျွန်တော်တို့
ကုသတဲ့နေရာမှာ အခက်အခဲတွေ ရှိတယ်။ ကုသလို့ရှိ ရင် မကုသတာ ထက်စာရင်တော့
အများကြီး ပိုကောင်းတယ်။ အမြဲ တမ်း ကျန်းမာရေး အသိရှိရင် ခံတွင်း ရယ်လို့
မဟုတ်ဘူး။ တခြားနေရာ ကိုယ်ခန္ဓာ စစ်ဆေးမှု အပိုင်းတွေကို မှန်မှန်
လုပ်နိုင်တယ်ဆိုရင် ဖြစ်ခါစ အချိန်ကို ကြိုတင် သိနိုင်မယ် ဆိုရင် လုံးဝ
ပျောက်ကင်းအောင် ကုသ နိုင်မယ့် အခြေအနေ မျိုးတွေ ရှိပါတယ်။ အဲဒီ အထဲမှာ
ခံတွင်းကင်ဆာ လည်း အပါအဝင်ပဲ။ ခံတွင်း ကင်ဆာ က အ ခြား ကင်ဆာတွေ ထက် ပိုပြီး
အ ခြေအနေကောင်းတယ်။ သူကမြင် သာထင်သာတဲ့ နေရာမှာ ဖြစ်တဲ့အတွက် ကာကွယ်ရတာ
ပိုလွယ်တာပေါ့။
အခု ပညာပေး အစီအစဉ်လေး တွေတော့ မြန်မာနိုင်ငံ သွားဘက်ဆိုင်ရာ ဆရာဝန် အသင်းက ဆွဲနေတယ်။ ခု မြန်မာပြည်မှာ သွားဘက် ဆိုင်ရာ ဆရာဝန်တွေ အရင်တုန်း က ရာ ဂဏန်းရှိတယ်။ အခု ၃ဝဝဝ လောက်ရှိသွားပြီ။ ဒီအင်အားကို ကောင်းကောင်းမွန်မွန် အသုံးချနိုင် ရင် ကောင်းတယ်။ လူဦးရေ သန်း ၆ဝ ကို တစ်ခါ တည်း ပညာပေးဖို့ ဆိုတာ မလွယ်ဘူး။ ဆင့်ပွားပညာပေး သင်တန်းပေါ့။ ကျွန်တော် တို့တစ်တွေ က သွားဆရာဝန် တွေကနေ တစ်ဆင့် ဘယ်သူတွေကို အသုံးချမလဲ။ ဥပမာ- တောတွေမှာ ကျွန်တော်တို့ တွေက သူနာပြုတွေကို ထပ်ဆင့် သင်တန်းပေးမလား၊ တောမှာရှိတဲ့ ကျန်းမာရေး ဝန်ထမ်းတွေကို ဘယ်လို သင်တန်းပေးမလဲ၊ သူတို့တွေ ကနေ တစ်ဆင့် ကျွန်တော်တို့ လူဦးရေ သန်း ၆ဝ ကို တစ်ခါတည်း တရား သွားဟောပေါ့။ ဒါမျိုးကတော့ မဖြစ် နိုင်ဘူး။ အခါအားလျော်စွာ သွား ဆရာဝန်တော်တော် များများက တာဝန်ဆောင်ရွက်မယ်၊ ဆင့်ပွားပေး နိုင်မယ့် သင်တန်းတွေ လိုပါတယ်။ နံပါတ်တစ် ကတော့ စီမံချက်ဆွဲ ဖို့လိုတယ်။ နံပါတ်နှစ်ကတော့ သင်တန်းတွေ ဖွင့်ဖို့လိုတယ်။ အဲဒီတော့ သွားဆရာဝန်တွေကို အားကိုး ရမှာပဲ။ ဒါပေမဲ့ တစ်ဖက်က ကြည့်လိုက်ရင် နိုင်ငံတော်ရဲ့ ပံ့ပိုးမှုကလည်း လိုမှာပဲ။ မြို့နယ် အာဏာပိုင် အဖွဲ့အစည်း တွေ နဲ့ ဆက်သွယ်ရမယ်။ အဲဒီတော့ နိုင်ငံတော်ရဲ့ ပံ့ပိုးမှု ဆိုတာ ငွေရေး၊ကြေး ရေးလို့တော့ မဆိုလိုပေမယ့် တခြား နည်းနဲ့ နိုင်ငံတော် ရဲ့ ပံ့ပိုးမှုက လိုပါ တယ်။ ဒါမှသာလျှင် ကျွန်တော်တို့က လူတွေ တော်တော်များများကိုပေါ့လေ၊ အားလုံး မဟုတ်ရင်တောင် တော်တော်များများ ကို အသိပညာတွေ ပေး လိုက်မယ် ဆိုရင် ဖြစ်ပွားမှုနှုန်းက တော့ ကျဆင်းသွားမယ်လို့ ထင်ပါတယ်။ နောက် ခံတွင်း ကင်ဆာရောဂါ အကြောင်းကို တစ်ပြည်လုံး အတိုင်းအတာ အထိဆောင်ရွက် သွားဖို့ အစီအစဉ်တွေ ရှိပါတယ်။

မေး- ခံတွင်းကင်ဆာရောဂါ ဖြစ်ပွား မှုနှုန်းကို လျော့ကျသွားအောင် ဘယ် လိုလုပ်သင့်ပါသလဲဆရာ။
အဲဒါကတော့ ကျွန်တော်တို့ မြန်မာနိုင်ငံ
သွားဘက်ဆိုင်ရာ ဆရာဝန် အသင်းက ဆရာဝန်တွေ လုပ်နေတာပေါ့။ ဒါပေမဲ့
အခုအချိန်မှာ မြန်မာပြည်မှာလည်း ကင်ဆာ အမျိုး ပေါင်းရာ နဲ့ ချီပြီးတော့
ရှိကောင်း ရှိမယ်။ အတိအကျတော့ မသိဘူး။ ဒါပေမဲ့ အဲဒီမှာ တစ်ကနေ တစ်ဆယ်
အထိရေလိုက်ရင် ခံတွင်းကင်ဆာ ပါနေ တယ်။ မြန်မာပြည် မှာပေါ့။ အဲဒီတော့
ဒါကပေါ့ပေါ့တန်တန် တွေး လို့ရ တဲ့ရောဂါမျိုး မဟုတ်တော့ဘူး။ ဘယ်သူမှ
ကင်ဆာမဖြစ်အောင် ဘယ် နိုင်ငံကမှ လုပ်လို့ မရဘူး။ ဒါပေမဲ့ လျော့ပါး
သွားအောင်တော့ လုပ်လို့ ရမယ်။ HIV တွေဆိုရင် သေမှာပဲ ဆိုပြီး၊ ဒါကို
မသေအောင် တချို့နိုင်ငံ တွေမှာ လုပ်နေကြပြီ။ လျော့သွား အောင် လုပ်နေကြ ပြီ။
ဒီလိုပဲပေါ့။ ကျွန် တော်တို့ကလည်း ခံတွင်းကင်ဆာ လျော့အောင် လုပ်ဖို့
အစီအစဉ်တွေ ဆွဲနေပါပြီ။
ကျွန်တော်က ပတ်ဝန်းကျင် ပျက်စီးတာနဲ
့ပတ်သက်လို့ပြောရရင် သစ်တောတွေ ခုတ်တာတို့၊ မလိုအပ် ဘဲ သစ်ပင်တွေ
ခုတ်တာတို့၊ စက်ရုံ တွေက စွန့်ပစ် ပစ္စည်းတွေကို စနစ်တကျ မစွန့်ပစ်တာတို့
ဒါတွေဟာ ပတ်ဝန်းကျင်ကို အများကြီး ပျက်စီး စေပါတယ်။ နောက်ဆုံး လွယ်လွယ်
လေးပြောရရင် ဆေးလိပ်ကို နေရာ တကာသောက်တာ တို့၊ အခု နိုင်ငံတော် အစိုးရကလည်း
လုပ်နေတယ်။ ကျန်းမာရေး ဝန်ကြီး ဌာနတွေက လည်း လုပ်နေတယ်။ သက်ဆိုင်ရာ NGO
တွေကလည်း လုပ်မယ်။ ဆေးလိပ် မသောက်ရေး၊ ဘယ်သူမှ ဆေးလိပ် မသောက်ရဘူး။ ဆေးလိပ်
သောက်ရင် အရေးယူမယ် ဆိုတာမျိုး ဥပဒေတော့ ထုတ်လို့မရဘူး။ ဒါပေမဲ့
မြန်မာနိုင်ငံမှာ လည်း ဆေး လိပ် နဲ့ ပတ်သက်လို့ သတ်မှတ် ထားတာတွေ ရှိတယ်။
ကျွန်တော် က ဒီလို သတ်မှတ် ထားတာတွေကို လိုက်နာအောင် အသိပညာ ပေးဖို့
အစိတ်အပိုင်းက ပို အရေးကြီး မယ် လို့ ထင်တယ်။ ကျွန်တော် ထင်တယ်၊ တချို့က
ဆေးလိပ် မသောက်ရလို့ ရေးထား ပေမယ့်လည်း သောက်ချင်သောက် နေတာပဲ။
အဲဒါမျိုးတွေ ကိုတော့ ကျွန် တော် တို့က ခွင့်လွှတ်ပေးလို့ မရဘူး။ မသောက်ရဘူး
ဆိုရင် အဲဒါမျိုး နေရာမှာ မသောက်ကို မသောက်ရ ဘူး။ ကွမ်းတံတွေး
မထွေးရဆိုရင် လည်း ထွေးနေတာပဲ။ ဒါတွေက မဖြစ်သင့်ဘူးလေ။ ကွမ်းစားတာကို
ကွမ်းမစားရဘူး ဆိုပြီးတော့ ဥပဒေ ထုတ်လို့ ရမယ်မထင်ဘူး။ ကွမ်းက ပိုဆိုးတာက
မြန်မာပြည် အနှံ့ ယဉ် ကျေးမှု ဓလေ့ထဲမှာလည်း ပါတယ်။ ဒါပေမဲ့ ဒီဟာရဲ့
မကောင်းတဲ့ဆိုး ကျိုးတွေ အများကြီး ရှိတယ်ဆို တာကို တစ်ဖက်က ပညာပေး သွားရ
မှာပေါ့။ ယဉ်ကျေးမှု ဆိုတာကတော့ ကောင်း တဲ့ အမွေ အနှစ်ကို ထိန်းသိမ်း
ထားပြီး မကောင်းတဲ့ အမွေအနှစ်ကိုတော့ ဖယ်ရှားသင့်ရင် ဖယ်ရှားရမှာပေါ့။
မေး-
ခံတွင်းကင်ဆာ အကြောင်းကို အခုလို ဖြေကြားပေးတဲ့ အတွက် ကျေးဇူးအများကြီး
တင်ပါတယ် ဆရာ။ အခုနောက်ဆုံး ခံတွင်း ကင်ဆာ မဖြစ်အောင် ဆရာ့ရဲ့ အကြံ
ပြုချက်များကို ပြောကြားပေးပါ ဆရာ။
အဓိက အရေးကြီး တာကတော့ ခုနကပြောတဲ့
မကောင်းတဲ့ အမူ အကျင့်တွေ ဆေးလိပ်သောက်တဲ့ အမူအကျင့်၊ ကွမ်းစားတဲ့
အမူအကျင့်၊ ဒါတွေကို အတတ်နိုင်ဆုံး မသောက် အောင်၊ မစားအောင်၊ စားနေတယ်
ဆိုရင်လည်း ကျွန်တော် တွေ့ဖူးပါတယ်။ ဆရာ ဘယ်လိုမှတော့ ဖြတ်လို့ မရဘူးပေါ့။
ဖြတ်လို့ မရရင် လျှော့ ပါဆိုတဲ့ဟာ မျိုးလေး။ နောက်ပြီးတော့ Life Style
ပေါ့။ အစားအသောက် ရော၊ လေ့ကျင့်ခန်းရော၊ အဲဒါလည်း ပါတယ်။ လေ့ကျင့်ခန်း
ဆိုတာက လည်း Life Style မှာ အရေးပါတာ ပဲ။ ငယ်ရင် ငယ်သလို၊ ကြီးရင်ကြီး သလို
သူ့အတိုင်းအတာ နဲ့သူ လုပ်ဖို့ လိုမယ် ထင်ပါတယ်။
ကျွန်တော်ယူခဲ့ဖူးတဲ့ ရာထူး၊ တာဝန်တွေ အားလုံး နားလိုက်ပြီ။ နားလိုက်ပြီ ဆိုပေမယ့် အခုအချိန်ထိ ဆေးခန်း ဖွင့်တယ်။ ဒီပညာနဲ့ပဲ အ လုပ်လုပ်နေတဲ့ အတွက် ဒီသွား ဘက်ဆိုင်ရာ ဆေးပညာကို ဘယ်ရှုထောင့် ကပဲဖြစ်ဖြစ် ပံ့ပိုးပေးနိုင်တဲ့ နေရာက ပံ့ပိုးပေးမှာပါ။ ဆေးပညာ အဆင့်အတန်း မြင့်မားဖို့၊ နိုင်ငံတကာနဲ့ ရင် ပေါင်တန်းနိုင် ဖို့၊ ခံတွင်းကင် ဆာ ရောဂါတွေကို Plan တွေချပြီး ကာ ကွယ်ဖို့ ပြည်သူလူထု အတွက် အကျိုး ရှိမယ့် ဟာတွေကိုကျွန်တော် တတ်နိုင် တဲ့ဘက်က ပါဝင်ဖို့ အဆင်သင့်ပါပဲ။
ဆရာဝန်ကြီး ဒေါက်တာဘမြင့် (ပါမောက္ခ၊ငြိမ်း) ကို အဖမစ္စတာအာရ် စီပေါလ်-အမီမစ္စစ်ပီဘီပေါလ် တို့က ပုသိမ်မြို့တွင် မွေးဖွားခဲ့သည်။ ဆရာ ဝန်ကြီးဒေါက်တာ ဘမြင့် [B.D.S (Pb), Ph.D(Japan), F.I.C.D, F.I.C.C.D.E] သည် သွားဘက်ဆိုင်ရာ ဆရာဝန် အသင်းတွင် ဥက္ကဋ္ဌ အဖြစ် တာဝန် ထမ်းဆောင်ခဲ့ပြီး ယခုအခါ Dent Myanmar Dental Centre တွင်တာဝန်ထမ်းဆောင် လျက်ရှိသည်။

ညိုသစ်ငယ်
No comments:
Post a Comment