Sunday, February 16, 2014

ကျန်းမားရေးဆောင်းပါးများ copy 4

မကြာခဏ ခံစားရလေ့ရှိသော လေပွခြင်း
•••••••••••••••••••••••••••••••••••••••••••••••••••••••
by ‪#‎ပိုပိုဇော်‬(သဘာဝအားအင်)February 15, 2014 at 1:19am

ဝမ်းဗိုက်ပြည့်အင့်ပြီး တင်းကျပ်ကျပ်ဖြစ်ကာ လေပွတာကို ခံစားနေရတာကြောင့် မအီမသာ ဖြစ်နေပါသလား။ ဆေးပညာရှင်တွေက လေပွတာမဖြစ်အောင် ကာကွယ်နည်းတွေကို လွယ်လွယ်ကူကူ လုပ်ဆောင်နိုင်တယ်လို့ အကြံပြုထားပါတယ်။ ဝမ်းဗိုက်မှာ အဆီတွေ စုနေတာကို ဆိုလိုတာ မဟုတ်ပါဘူး။ လူတိုင်းလူတိုင်း လေပွတာပြီး ဝမ်းဗိုက် တင်းကျပ်ကျပ်ဖြစ်တာကို တစ်ကြိမ်မဟုတ် တစ်ကြိမ်တော့ ခံစားရနိုင်ပါတယ်။ လေပွတာက အသည်းနဲ့ နှလုံးရောဂါတွေ ခံစားရတာကြောင့် ဖြစ်နိုင်ပေမယ့် အများစု ခံစားရတတ်တာကတော့ အူအတွင်းရှိ လေတွေကြောင့်ပါ။ အစားအစာတွေကြောင့် လေပွတာ၊ ဝမ်းချုပ်လို့ လေပွတာ စတဲ့ လေပွတာကို ဖြစ်စေတဲ့ အကြောင်းတွေ များစွာ ရှိတယ်လို့ ပညာရှင်တွေက ပြောပါတယ်။

ဝမ်းမချုပ်ပါစေနှင့်

အမျှင်ဓာတ်အစားနည်းတာ၊ ရေသောက်နည်းတာနဲ့ လှုပ်ရှားမှု မရှိတာတွေကြောင့် ဝမ်းချုပ်စေပြီး လေပွတာကို ဖြစ်စေတယ်လို့ Mayo Clinic မှ သုတေသီ Michael Jensen က ပြောပါတယ်။ ဝမ်းချုပ်တာကြောင့် လေပွတာမဖြစ်အောင် အမျှင်ဓာတ် များစွာ ပါဝင်တဲ့ ကောက်နှံတစ်ခုလုံး၊ သစ်သီး၊ ဟင်းသီးဟင်းရွက်၊ ပဲအမျိုးမျိုးနဲ့ အစေ့အဆန်တွေ စားပေးပါ။ အမျိုးသမီးတွေအတွက် တစ်နေ့ကို အမျှင်ဓာတ် ၂၅ ဂရမ်နဲ့ အမျိုးသားတွေအတွက် ၃၈ ဂရမ် စားသုံးသင့်ပါတယ်။ ရေကို တစ်နေ့ ၆-၈ ခွက်သောက်ပါ။ လေ့ကျင့်ခန်းကို တစ်နေ့ နာရီဝက်နဲ့ တစ်ပတ် ငါးရက်လုပ်ပါ။

လက်တို့စ်နှင့် ဓာတ်မတည့်မှုမှ ရှောင်ကြဉ်ပါ

အစားအစာတွေနဲ့ ဓာတ်မတည့်တာကြောင့် လေပွတာကို ဖြစ်စေပါတယ်။ ဆရာဝန်ရဲ့ အတည်ပြုချက်ကို ရယူဖို့တော့ လိုပါတယ်။ အများစုက တတ်ကျွမ်းနားလည်တဲ့ ဆရာဝန်နဲ့ မေးမြန်းမှုမရှိဘဲ ကိုယ့်ဘာသာ ထင်မြင်ချက်နဲ့ နို့နဲ့ နို့ထွက်ပစ္စည်းတွေကို မစားဘဲ ရှောင်တတ်ကြပါတယ်။ တကယ်လို့ သင်နဲ့ မတည့်ဘူးလို့ သံသယရှိတဲ့ အစားအစာကို ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပြီး အကြံပြုချက် ရယူပါ။ လက်တို့စ် ပါဝင်တာကြောင့် နို့နဲ့ နို့ထွက်ပစ္စည်းတွေနဲ့ မတည့်ပါက လက်တို့စ် ပါဝင်မှုနည်းတဲ့ ဒိန်ချဉ်သောက်ပါ။

အစာ အမြန်မစားပါနှင့်

အစာကို သိပ်ကြေညက်အောင် မဝါးဘဲ အမြန်မျိုချတာကြောင့် လေတွေဝင်ပြီး လေပွတာကို ဖြစ်စေပါတယ်။ အစာစားတဲ့အခါ ဖြည်းဖြည်းနဲ့ ကြေညက်အောင် ဝါးစားပါ။ သင်ထမင်းစားချိန်က အနည်းဆုံး နာရီဝက်လောက်တော့ ပေးသင့်ပါတယ်။ ဖြည်းဖြည်းနဲ့ အစာကြေညက်အောင် ဝါးစားတာက လေပွတာကို ကာကွယ်ပေးတဲ့အပြင် ဆာလောင်မှုကို တင်းတိမ်စေတာကြောင့် ကိုယ်အလေးချိန် လျှော့ချရာမှာ အထောက်အကူဖြစ်စေပါတယ်။

ကာဗွန်ဖြည့်သွင်းထားသော အချိုရည်များ လျှော့သောက်ပါ

ကာဗွန်ဖြည့်သွင်းထားတဲ့ အချိုရည် သောက်တဲ့အခါ ဝမ်းဗိုက်ထဲမှာ လေတွေ ကျန်နေပြီး လေပွတာကို ဖြစ်စေပါတယ်။ ကာဗွန်ဖြည့်သွင်းထားတဲ့ အချိုရည်တွေ သောက်မယ့်အစား ရှောက်၊ သံပရာနဲ့ သခွားရနံ့ ဖြည့်စွက်ထားတဲ့ ရေသောက်ပါ။ ပင်စိမ်းခတ်ထားတဲ့ လက်ဖက်ရည် သောက်ပေးတာက လေပွတာကို သက်သာစေပါတယ်။

ပီကေ အလွန်အကျွံ မဝါးပါနှင့်

ပီကေဝါးတဲ့အခါ လေတွေကို မျိုချမိတာကြောင့် လေပွတာကို ဖြစ်စေပါတယ်။ သင်က ပီကေဝါးတတ်တဲ့အကျင့် ရှိပါက ပီကေဝါးပြီးတဲ့အခါ သကြားလုံး စားပေးပါ၊ ဒါမှမဟုတ် အမျှင်ဓာတ်များစွာ ရနိုင်တဲ့ သစ်သီး၊ ဟင်းသီးဟင်းရွက်နဲ့ အဆီနည်းပြောင်းဖူးပေါက်ပေါက် စားပေးပါ။

အချိုဓာတ် ဖြည့်စွက်ထားသော အစားအစာများကို ရှောင်ပါ

သဘာဝမဟုတ်တဲ့ အချိုဓာတ် ဖြည့်စွက်ထားတဲ့ အစားအသောက်တွေကို အလွန်အကျွံ စားသောက်တာကြောင့်လည်း လေပွတာကို ဖြစ်စေပါတယ်။ တစ်နေ့ကို သဘာဝမဟုတ်တဲ့ အချိုဓာတ် ဖြည့်စွက်ထားတဲ့ အစားအသောက်တွေကို နှစ်ကြိမ်-သုံးကြိမ်ထက် ပိုမစားသင့်ဘူးလို့ ကျွမ်းကျင်သူတွေက အကြံပြုထားပါတယ်။

ဆားလျှော့စားပါ

အဆင်သင့် ပြုလုပ်ရောင်းချတဲ့ အစားအစာတွေမှာ ဆားလွန်ကဲစွာ ပါဝင်ပြီး အမျှင်ဓာတ် မပါဝင်သလောက် နည်းပါးတာကြောင့် လေပွတာကို ဖြစ်စေပါတယ်။ အဆင်သင့်ပြင်ဆင် ရောင်းချတဲ့ အစားအစာတွေကို ဝယ်ယူတဲ့အခါ ပါဝင်ပစ္စည်းတွေကို သေချာစွာ ဖတ်ပြီးမှ ဝယ်ယူသုံးစွဲပါ။ သင်ဝယ်ယူတဲ့ အဆင်သင့် အစားအစာတွေမှာ ဆား ၅၀၀ မီလီဂရမ်ထက် ပိုမပါသင့်ပါဘူး။ ဆားစားသုံးမှုက တစ်နေ့ကို ၁၅၀၀-၂၃၀၀ မီလီဂရမ်ထက် မပိုသင့်ပါဘူး။

အစာကြေလေနိုင်ဆေး သောက်ပါ

သင်က ပဲအမျိုးမျိုးနဲ့ ပန်းဂေါ်ဖီစိမ်း၊ ပဲပင်ပေါက်၊ ဂေါ်ဖီထုပ်တွေကို စားလေ့စားထမရှိဘဲ စားပါက လေပွတာကို ဖြစ်စေပါတယ်။ ဒီအစားအစာတွေက အာဟာရဓာတ်ကြွယ်ဝတာကြောင့် လေပွမှာစိုးလို့ ရှောင်ကြဉ်တာမျိုး မလုပ်သင့်ပါ။ ဒီအစားအစာတွေစားပြီး လေပွပါက အစာကြေလေနိုင်ဆေး သောက်ပေးနိုင်ပါတယ်။

အစာကို နည်းနည်းနှင့် မကြာခဏ စားပါ

တစ်နေ့ကို မနက်စာ၊ နေ့လယ်စာနဲ့ ညစာဆိုပြီး အနပ်ကြီး သုံးနပ်ကို အဝစားမယ့်အစား နည်းနည်းနဲ့ အကြိမ်ရေ များများစားပေးပါ။ ဒီလိုစားတာကြောင့် သွေးတွင်းသကြားဓာတ်ကို တည်ငြိမ်အောင် ထိန်းသိမ်းထားနိုင်ပြီး ဆာလောင်မှုကို ထိန်းချုပ်နိုင်စွမ်းရှိပါတယ်။

လေပွခြင်းမှ ကာကွယ်ပေးနိုင်သော အစားအစာများကို စားပါ

လေ့လာမှုတွေအရ ပင်စိမ်းခပ်ထားတဲ့ လက်ဖက်ရည်၊ ချင်း(ဂျင်း)၊ နာနတ်သီး၊ တရုတ်နံနံပင်နဲ့ ဒိန်ချဉ်တွေ သောက်သုံးပေးတာက လေပွတာကို မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။

ဇာခြည်ဝင်း(ဆေးဝါးတက္ကသိုလ်)
photo copy from google search
originally posted by Good Health
Source >>>http://natureenergycares.blogspot.com/2014/02/blog-post_7698.html





ကိုယ်အလေးချိန် ကျဆင်းအောင် အိပ်ရေးဝ၀အိပ်ပါ
•••••••••••••••••••••••••••••••••••••••••••••••••••••••
by ‪#‎ပိုပိုဇော်‬(သဘာဝအားအင်)February 15, 2014 at 4:32am

အိပ်ရေး မဝတာကြောင့် ငြီးစီစီကြီး ဖြစ်နေတယ် ဆိုတာ ကိုတော့ သိကြပြီး သားပါ။ အခု ဆွီဒင်မှ လေ့လာမှု အသစ် အရ အိပ်ရေး မဝခဲ့ရင် ကယ်လိုရီ လောင် ကျွမ်းနိုင်စွမ်း ၂၀ ရာခိုင်နှုန်းခန့် ကျဆင်း ပြီး ဆာလောင်မှု ဖြစ်စေတဲ့ ဟော်မုန်း Ghrelin ထုတ်လုပ်မှုလည်း မြင့်တက်လာ နိုင်တယ်လို့ သိရပါတယ်။ ညစဉ် အနည်း ဆုံး ခုနစ်နာရီခန့် အိပ်စက်တာကြောင့် လေးရက်အတွင်း ဇီဝရုပ်ဖြစ်ပျက်နှုန်း ပြန် လည် ကောင်းမွန်ပြီး ကိုယ်အလေးချိန် ၂၄ ပေါင်ခန့် ကျဆင်းအောင် ကူညီနိုင် တယ်လို့ သုတေသီတွေက တွေ့ရှိခဲ့ပါ တယ်။ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နိုင် အောင် အောက်ပါတို့ကို ပြုလုပ်ပေးပါ။

ညနေချိန်တွင် သစ်သီးစားပါ

သစ်သီးမှာပါဝင်တဲ့ သဘာဝ သကြား ဓာတ်ဖြစ်တဲ့Fructose ဟာ ဦးနှောက်မှ စိတ်အေးချမ်းမှု ရှိစေတဲ့ ဓာတုပစ္စည်း ထုတ်လုပ်မှုကို မြင့်တက်စေပြီး မိနစ် ၂၀ အတွင်း အိပ်ငိုက်စေနိုင်တယ်လို့ သုတေ သီတွေက ဆိုပါတယ်။

ဇက်ချိုးပါ

အိပ်ရာမဝင်ခင် ၁၀ မိနစ်အလိုမှာ ဦးခေါင်းလှည့်ပြီး ဇက်ချိုးတာကြောင့် အမျိုးသမီး ၉၀ ရာခိုင်နှုန်းမှာ တင်းမာမှု နဲ့ စိုးရိမ်စိတ်အတွေးတွေ လျော့ကျပြီး အလွယ်တကူအိပ်ပျော်နိုင်တယ်လို့ သိရ ပါတယ်။

ညဝတ္အက်ႌပြပြဝတ္ပါ

အင်္ကျီတင်းတင်းကျပ်ကျပ်တွေ ဝတ် ထားတာကြောင့် ခန္ဓာကိုယ်မှ အပူချိန် တွေ ထွက်မသွားအောင် တားမြစ်နိုင်တဲ့ အတွက် ကိုယ်အပူချိန် မြင့်တက်နေပြီး ဦးနှောက်မှ အိပ်ပျော်မှုကောင်းစေတဲ့ Melatonin ဟော်မုန်းထုတ်လုပ်မှု နှေး ကွေးသွားပါတယ်။ အင်္ကျီပွပွတွေ ဝတ် ထားတာကြောင့် ခန္ဓာကိုယ်အပူချိန် လျော့ သွားနိုင်ပါတယ်။

ခြေသလုံး နှိပ်ပေးပါ

အိပ်ရာဝင်ချိန်မှာ ခြေသလုံြးွကက် သားကို ငါးမိနစ်ခန့် နှိပ်နယ်ပေးတာ ကြောင့် အိပ်ပျော်နိုင်မှု နှစ်ဆပိုမြန်သွား ပါတယ်။ နှိပ်တာကြောင့် ခြေထောက်မှာ ရှိတဲ့ အာရုံကြောတွေ လှုံ့ဆော်မှုရရှိစေပြီး အိပ်တာကို အနှောင့်အယှက်ဖြစ်စေတဲ့ ဖိစီးမှုဟော်မုန်း ထွက်ရှိမှုနည်းသွားပါတယ်။

အိပ်ခန်းတွင်း Lavender ရနံ့ ထည့်ပါ

Lavender ရနံ့ရှူ ရတာကြောင့် ဦး နှောက်မှ စိတ်အေးချမ်းမှုရရှိတဲ့ လှိုင်းတွေ ထုတ်လုပ်မှုပိုများလာပြီး ၁၀ မိနစ်အတွင်း အိပ်ပျော်စေနိုင်တယ်လို့ သုတေသီတွေ က ဆိုပါတယ်။

ဒေါက်တာခင်မိုးမိုး
photo copy from google search
originally posted by Good Health
source >>>http://natureenergycares.blogspot.com/2014/02/blog-post_146.html






သံပုရာရည်၏ အကျိုးကျေးဇူး

အေးမြတဲ့ သံပရာရည်ကို သောက်တာကြောင့် အရသာကို တိုးစေတဲ့ အပြင် ခန္ဓာကိုယ် အတွက် ကျန်းမာရေး အကျိုးကျေးဇူး အမြောက်အမြား ကိုလည်း ပေးစွမ်း နိုင်ပါတယ်။

- ရေဓာတ်ခန်းခြောက်မှုကို လျော့ကျစေတယ်။

- အသည်းကို သန့်စင်ပေးတယ်။ အစာကြေညက် စေတယ်။

- ဇီဝရုပ်ဖြစ်ပျက်မှု (Metabolism) ကို အားကောင်းစေပါတယ်။

ဒီလို အကျိုးကျေးဇူးတွေ အပြင် ကိုယ်အလေးချိန် ကိုလည်း လျော့ကျ စေပါတယ်။ ဒီလို အကျိုးကျေးဇူးတွေ ရရှိတာက သံပရာသီးမှာ ဗီတာမင်စီ များစွာ ပါဝင်လို့ပါ။ ဗီတာမင်စီဟာ ရေမှာ ပျော်ဝင်တဲ့ ဗီတာမင်ဖြစ်ပြီး အစွမ်းထက် အင်တီအောက်ဆီးဒင့် တစ်မျိုးလည်း ဖြစ်တာကြောင့် ပတ်ဝန်းကျင်ရှိ အန္တရာယ် ပေးနိုင်တဲ့ အဆိပ်တွေကို တွန်းလှန် ပေးနိုင်တဲ့ အဆိပ်တွေကို တွန်းလှန် ပေးနိုင်စွမ်း ရှိပါတယ်။ ဗီတာမင်စီဟာ ကိုယ်ခံစွမ်းအား ကောင်းစေပြီး သွေးတိုးကို ကျစေပါတယ်။

သံပရာသီးမှာ ဗီတာမင်အပြင် ဗီတာမင်အေ၊ ရက်တီနော်၊ ကယ်ရိုတင်း၊ ဘီတာခရစ် ပတိုဇန်သင်း၊ လူတင်၊ ဇီဇန်သင်း၊ ဖောလိတ်၊ ကိုလင်းစတဲ့ ဓာတ်တွေနဲ့ ကယ်လ်စီယမ်၊ မဂ္ဂနီဆီယမ်၊ ဖော့စ်ဖရပ်စ်၊ ပိုတက်စီယမ်နဲ့ ဆိုဒီယမ်တို့လို သတ္တုဓာတ် တွေလည်း ပါဝင် နေပါတယ်။

credit to; မြန်မာပြည်မှမြန်မာလူမျိုး








သွေးတိုး ရောဂါ ပျောက်ကင်း စေနိုင်သည့် အစွမ်းထက် တိုင်းရင်းဆေး တစ်လက်

မြန်မာ နိုင်ငံ၏ လူဦး ရေသန်း ၆ဝ ခန့်မှာ သွေးတိုး ရောဂါ ခံစား နေရသူ ယခင်နှစ် များထက် ပို၍ မြင့်တက်လာ နေကြောင်း အရှေ့တောင်အာရှ ကမ္ဘာ့ ကျန်းမာရေး အဖွဲ့၏ စစ်တမ်းများ အရ သိရသည်။ ထို သွေးတိုး ရောဂါကို ပြည်ပ နိုင်ငံခြား ဆေးဝါးများဖြင့် ကုသနိုင်သကဲ့သို့ မိရိုးဖလာ တိုင်းရင်းဆေးများ ဖြစ်သည့် အစွမ်းထက် ဆေးဝါးများဖြင့် ကုသ ပျောက်ကင်း စေနိုင်သည်။

ရှေးမြန်မာ မင်းများ လက်ထက် ကတည်းက သွေးလေ ညီညွတ်စေရန် ဟင်းပွဲ များတွင် အစာ လည်းဆေး ဆေးလည်းအစာ ဆိုသကဲ့သို့ ပွဲတော် တည်ရာတွင် ကျန်းမာရေးနှင့် ညီညွတ်မျှ တသော အရာများကို ဖြည့်စွက် မှီဝဲ သုံးစွဲတော် မူလေသည်။ ထိုဟင်းပွဲ များထဲတွင် သွေးတိုး ရောဂါ ပျောက်ကင်း စေနိုင်သည့် ဒန့်သ လွန်ရွက် ဟင်းချို၊ မြင်းခွာ ရွက်သုပ်၊ မြင်းခွာရွက် ဟင်းခါးနှင့် ခံတက်ရွက် ဟင်းချိုတို့ ဖြစ်သည်။

ထို့အပြင် ဒန့်သလွန်ရွက် သတ္တုရည်ကို ဟင်းစား ဇွန်းနှစ်ဇွန်း တစ်နေ့လျှင် နှစ်ကြိမ်ထက် မနည်း သောက်သုံး ကပျောက်ကင်း စေနိုင်သကဲ့သို့ ဧကရာဇ် အရွက်နှင့် အမြစ်တို့ကို တစ်နေ့လျှင် သုံးကြိမ်မျှ သတ္တုရည် အဖြစ် ပြုလုပ် သောက်သုံးပါ က သွေးတိုး ရောဂါကို ပျောက်ကင်း စေနိုင်ကြောင်း မြန်မာ တိုင်းရင်းဆေး သမားတော် ကြီးများက ပြောပြခဲ့သည်။

ထို့အပြင် တစ်နေ့လျှင် ကြက်သွန် ဖြူဥ (ဥတစ်လုံး) ကို ထမင်းစားတိုင်း သုံးလုံး မှငါးလုံး အထိ စားသုံးပေး ပါက သွေးပေါင် တက်ခြင်းကို ကျစေပြီး သွေးပေါင်ကျ နေသူကို ပြန်လည် ညှိပေး စေနိုင်သည်။ နောက်တစ်နည်းမှာ သံပရာသီး တစ်လုံးကို အလယ်မှ ထက်ခြမ်း လှီးကာ ရေနွေး အပူချိန် ၇၅ ဒီဂရီ ဖာရင် ဟိုက်ထဲသို့ ၄၅ မိနစ်ခန့် ထည့်ပြီး ယင်းပြုတ် ရည်ကို သောက်သုံး ပါက တစ်ခဏ အတွင်း ပြန်လည် ကောင်းမွန်လာမည် ဖြစ်သည်။

မြန်မာ့ တိုင်းရင်းဆေးဖြင့် လူကြီး၊ လူငယ်များ သွေးတိုးခြင်းမှ ကင်းဝေး နိုင်ပါစေ။ ။

Aye Chan Mon# Credit To : မြ၀တီ> ပြန်လည် မျဝေခြင်း ဖြစ်ပါသည်
 
 

No comments:

Post a Comment