Sunday, February 16, 2014

ကျန်းမားရေးဆောင်းပါးများ copy 9

စပျစ်သီး၏ ကျန်းမာရေး အကျိုးကျေးဇူး
•••••••••••••••••••••••••••••••••••••••••••••••••••••••
by ‪#‎ပိုပိုဇော်‬(သဘာဝအားအင်)February 15, 2014 at 5:14am

စပျစ်သီးမှာ ဗီတာမင် အေ၊ စီ၊B6 နဲ့ ဖောလိတ် ဓာတ်များများ ပါဝင်တဲ့အ ပြင် ပိုတက်စီယမ်၊ ကယ်လ်စီယမ်၊ သံ ဓာတ်၊ ဖော့စ်ဖရပ်စ်၊ မဂ္ဂနီဆီယမ်နဲ့ ဆီ လီနီယမ်တို့လို မရှိမဖြစ် သတ္တုဓာတ်တွေ လည်း ပါဝင်နေပါတယ်။ စပျစ်သီးမှာ ပါ ဝင်တဲ့ ဖလေဗိုးနွိုက်ဟာ အစွမ်းထက် အင်တီအောက်ဆီးဒင့်တွေ ဖြစ်ပြီး ဖရီး ရယ်ဒီကယ်ကြောင့် ထိခိုက်ပျက်စီးမှုမဖြစ် အောင်နဲ့ အိုမင်းရင့်ရော်မှု မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။

(၁) ပန်းနာရင်ကျပ်ရောဂါကို သက် သာစေပါတယ်

စပျစ်သီးရဲ့ ထင်ရှားတဲ့ ဆေးဖက် ဝင်တန်ဖိုးဟာ ပန်းနာရင်ကျပ်ရောဂါ ကု သရေးမှာ အသုံးဝင်ပါတယ်။ ဒါ့အပြင် အဆုတ်ထဲက အစိုဓာတ်အား ကောင်း စေပါတယ်။

(၂) နှလုံးရောဂါဖြစ်နိုင်ခြေကို လျှော့ ချပေးနိုင်ပါတယ်

စပျစ်သီးဟာ သွေးထဲက နိုက်ထ ရစ်အက်စစ်အဆင့်ကို တိုးစေတာကြောင့် သွေးခဲမှုကို ကာကွယ်ပေးနိုင်ကာ နှလုံး ရောဂါထနိုင်ခြေကို လျော့ကျစေပါတယ်။ စပျစ်သီးမှာပါတဲ့ အင်တီအောက်ဆီးဒင့် ဟာ မကောင်းတဲ့LDL ကိုလက်စထ ရောရဲ့ အောက်ဆီဂျင်နဲ့ ဓာတ်ပေါင်းမှု (ဓာတ်ပေါင်းမှုကြောင့် သွေးကြောပိတ် စေနိုင်ပါတယ်) မဖြစ်အောင် ကာကွယ် ပေးပါတယ်။

(၃) ခေါင်းတစ်ခြမ်းကိုက်တာကို သက် သာစေပါတယ်

စပျစ်သီးမှည့် ဖျော်ရည်ဟာ ခေါင်း တစ်ခြမ်းကိုက်ရောဂါကုသရေးအတွက် အိမ်တွင်းကုထုံးဖြစ်ပါတယ်။ နံနက်စော စောမှာ ရေမရောဘဲ သောက်သင့်ပါတယ်။

(၄) ဝမ်းမချုပ်အောင် ကာကွယ်ပြီး ဝမ်းမှန်မှန်သွားစေပါတယ်

စပျစ်သီးဟာ ဝမ်းချုပ်တာကို ကျော် လွှားနိုင်ပါတယ်။ စပျစ်သီးမှာ ဩဂဲနစ် အက်စစ်၊ သကြားနဲ့ ဆဲလ်လူးလို့စ် ပါဝင် တာကြောင့် ဝမ်းပျော့စေတဲ့ အစာအဖြစ် အသိအမှတ်ပြုကြပါတယ်။ စပျစ်သီးဟာ အူနဲ့ အစာအိမ်ကို သန်မာစေတာကြောင့် နာတာရှည်ဝမ်းချုပ်တာကို သက်သာစေ ပါတယ်။

(၅) အစာကြေညက်စေပါတယ်

စပျစ်သီးဟာ အစာမကြေတဲ့ ဝေဒ နာကို သက်သာစေပါတယ်။
အစာအိမ် စပ်ဖျဉ်းဖျဉ်းဖြစ်တာကို လျော့ပါးစေတာ ကြောင့် သရေစာအနေနဲ့ စားသင့်တဲ့ အ စာပါ။

(၆) ညောင်းညာမှုကို တွန်းလှန်နိုင်ပါ တယ်

စပျစ်သီးဖျော်ရည်က ခန္ဓာကိုယ်ထဲမှာ သံဓာတ်ပမာဏကို ဖြည့်တင်းပေး တာကြောင့် ညောင်းညာပင်ပန်းမှုကို ကာကွယ်ပေးနိုင်ပါတယ်။ အမည်းရောင် စပျစ်သီးဖျော်ရည်ဟာ စွမ်းအင်ကို ချက် ချင်း ရရှိစေပါတယ်။ အင်တီအောက်ဆီး ဒင့် ပါဝင်မှုကြောင့် ကိုယ်ခံစွမ်းအားစနစ် ကို အားကောင်းစေပါတယ်။

(၇) ကျောက်ကပ်ရောဂါတွေကို သက် သာစေပါတယ်

စပျစ်သီးဟာ ယူရစ်အက်စစ် များ နေတာကို လျော့ကျစေပြီး ဆီးကနေ အက်စစ်ထွက်နှုန်းတိုးစေတာကြောင့် ကျောက်ကပ်အပေါ် ဖိအားသက်ရောက် မှုကို လျော့ကျစေပါတယ်။

(၈) ရင်သားကင်ဆာကို ကာကွယ်ပေး ပါတယ်

နောက်ဆုံးပေါ် လေ့လာမှုတစ်ခု အရ စပျစ်သီးဟာ ရင်သားကင်ဆာမဖြစ် အောင် ကာကွယ်ပေးနိုင်တယ်လို့ သိရပါ တယ်။

(၉) အယ်လ်ဇိုင်းမားရောဂါကို သက် သာစေပါတယ်

စပျစ်သီးမှာ ပါတဲ့ ရက်စ်ဗာရထ ရောဟာ အယ်လ်ဇိုင်းမားရောဂါရှိသူ တွေမှာamyloidal-beta peptides အ ဆင့်ကို လျော့ကျစေပါတယ်။ လေ့လာမှု တွေအရ စပျစ်သီးတွေဟာ ဦးနှောက် ကျန်းမာရေးကို ကောင်းစေသလို အာရုံ ကြောထိခိုက်မှုဆိုင်ရာ ရောဂါတွေမဖြစ် အောင်လည်း ကာကွယ်နိုင်ပါတယ်။

(၁၀) မျက်စိကို ကျန်းမာစေပါတယ်

စပျစ်သီးဟာ အသက်ကြီးတာ ကြောင့် အမြင်အာရုံဆုံးရှုံးတာနဲ့ မက်ကူ လာယိုယွင်းပျက်စီးမှုမဖြစ်အောင် ကာ ကွယ်ပေးနိုင်ပါတယ်။ တစ်နေ့မှာ စပျစ် သီးသုံးကြိမ် စားရင် အသက်ကြီးတာ ကြောင့် မက်ကူလာယိုယွင်းမှုဖြစ်နိုင်ခြေ ကို ၃၆ ရာခိုင်နှုန်း လျော့ကျစေနိုင်ပါ တယ်။ စပျစ်သီးမှာပါတဲ့ ဖလေဗိုးနွိုက် ဟာ ဖရီးရယ်ဒီကယ်ကြောင့် ထိခိုက်မှု မဖြစ်အောင် ကာကွယ်ပေးပြီး အတွင်း တိမ်ရောဂါ၊ နှလုံးသွေးကြောဆိုင်ရာ ရော ဂါ၊ ကင်ဆာနဲ့ အသက်ကြီးချိန်မှာ ဖြစ် တတ်တဲ့ ရောဂါတွေမဖြစ်အောင် ကာ ကွယ်ပေးနိုင်ပါတယ်။

(၁၁) ကင်ဆာ ကာကွယ်နိုင်ပါတယ်

စပျစ်သီးမှာပါတဲ့ ရက်စ်ဗာရထရော ဟာ ရောင်ရမ်းမှုကို လျော့ကျစေတာ ကြောင့် ကင်ဆာကာကွယ်နိုင်စွမ်း ရှိပါ တယ်။ အထူးသဖြင့် အူမကြီးကင်ဆာနဲ့ ရင်သားကင်ဆာတို့ကို ကာကွယ်နိုင်ပါ တယ်။ စပျစ်သီးမှာပါတဲ့ အန်သိုဆိုင်ယာ နင်နဲ့ ပရိုအန်သိုဆိုင်ယာနင်တို့ဟာ ကင် ဆာကြီးထွားမှု မဖြစ်အောင် တားဆီးပေး ပါတယ်

ကြယ်စင်
photo copy from google search
originally posted by Good Health
source >>>http://natureenergycares.blogspot.com/2014/02/blog-post_4316.html





စိတ်ပျော်ရွှင်ဖို့ လိုအပ်တိုင်း စားသင့်သည့် အကောင်းဆုံးအစာ ငါးမျိုး
•••••••••••••••••••••••••••••••••••••••••••••••••••••••
by ‪#‎ပိုပိုဇော်‬(သဘာဝအားအင်)February 15, 2014 at 3:34am

စိတ်ပျော်ရွှင်မှုအတွက် အစားအစာက အသုံးဝင်တယ်လို့ သင်ထင်ပါသလား။ မှန်ပါတယ်။ အစားအစာနဲ့ စိတ်ခံစားမှုဟာ ဆက်စပ်မှု ရှိနေပါတယ်။ အကြောင်းကတော့ အစားအစာ တချို့မှာ ဆီရိုတိုနင်ဓာတ်၊ ထရစ်ပတိုဖန်ဓာတ်စတဲ့ စိတ်ခံစားမှု ကောင်းစေတဲ့ ဓာတ်တွေအပြင် ဗီတာမင် B6၊ B12 နဲ့ ဖောလစ်အက်စစ်စတဲ့ အာဟာရဓာတ်တွေလည်း ပါဝင်နေလို့ပါ။

(၁) ဂျုံမှုန့်

အခွံချွတ်မထားတဲ့ ကောက်နှံ၊ ဂျုံမှုန့်နဲ့ ဆန်လုံးညိုတွေလို ကာဗိုဟိုက်ဒရိတ်တွေကို စားပေးရင် စိတ်ကြည်နူး နှစ်သိမ့်မှုကို ရရှိစေပါတယ်။ အကြောင်းကတော့ ကာဗိုဟိုက်ဒရိတ် အစာမှာ ထရစ်ပတိုဖန် ပါဝင်လို့ပါ။ ထရစ်ပတိုဖန်က ဦးနှောက်ထဲကို ပိုမိုရောက်ရှိလေလေ၊ ဦးနှောက်ထဲမှာ ဆီရိုတိုနင်ကို ပိုမို တည်ဆောက်နိုင်လေလေဖြစ်ကာ စိတ်ကြည်နူး ပျော်ရွှင်မှုကို ရရှိစေပါတယ်။

(၂) ဆယ်လ်မွန်ငါး

လေ့လာမှုတွေအရ အိုမီဂါ ၃ ဖက်တီးအက်စစ်ဟာ စိတ်ကျသက်သာစေတဲ့ အစွမ်းရှိတယ်လို့ သိရပါတယ်။ တစ်နေ့မှာ အိုမီဂါ ၃ ဖက်တီးအက်စစ် ၃ ဒသမ ၄ ဂရမ်မှီဝဲတဲ့ ကိုယ်ဝန်ဆောင် အမျိုးသမီးတွေက အာနိသင်မပါတဲ့ ဆေးကိုပဲ မှီဝဲတဲ့ ကိုယ်ဝန်ဆောင် အမျိုးသမီးတွေထက် စိတ်ကျရောဂါ လက္ခဏာတွေ သိသိသာသာ လျော့ကျမှုရှိတယ်လို့ လေ့လာမှု တစ်ရပ်က ဆိုပါတယ်။ အကြောင်းကတော့ အိုမီဂါ ၃ ဟာ ဦးနှောက်ထဲမှာ Neurotransmitter လမ်းကြောင်းတွေ ပေါ်လာစေလို့ပါ။ အိုမီဂါ ၃ ပါဝင်တဲ့ အကောင်းဆုံး အစာတွေက ဆယ်လ်မွန်ငါး၊ ဟာအင်းငါးနဲ့ ဆာဒင်းငါးတို့ ဖြစ်ကြပါတယ်။ သီဟိုဠ်စေ့နဲ့ ရွှေဖရုံစေ့တွေမှာလည်း အိုမီဂါ ၃ ပါဝင်ပါတယ်။ ဆယ်လ်မွန်ငါးမှာ ဗီတာမင်ဒီလည်း ပါဝင်ပြီး ဗီတာမင်ဒီကလည်း စိတ်ခံစားမှုကောင်းစေတဲ့ အာဟာရဓာတ် ဖြစ်ပါတယ်။

(၃) နွားနို့ရောထားသော ကွေကာ

ဗီတာမင်ဒီဟာ ဆီရိုတိုနင်အဆင့်ကို တိုးစေတယ်လို့ လတ်တလော လေ့လာမှုအရ သိရပါတယ်။ ဗီတာမင်ဒီက စိတ်ပိုင်းဆိုင်ရာ ဝေဒနာတွေကို လျော့ပါးစေပြီး စိတ်ခံစားမှုကို ကောင်းမွန်စေပါတယ်။ ဗီတာမင်ဒီဟာ ရာသီကြောင့်ဖြစ်တဲ့ ဝေဒနာတွေဖြစ်တဲ့ ပူပင်သောက များတာ၊ နုံးတာ၊ ပင်ပန်းတာတွေကို သက်သာစေပါတယ်။ ဗီတာမင်ဒီကို နေရောင်ခြည်ကနေ အဓိက ရရှိသလို အစားအစာကနေ အနည်းငယ် ရရှိပါတယ်။ ဗီတာမင်ဒီကို နွားနို့ရောထားတဲ့ နံနက်စာကွေကာမှာ တွေ့ရပြီး ကျန်းမာတဲ့ နာ့ဗ်ကြောစနစ်ကို တည်ဆောက်နိုင်ပါတယ်။ ဗီတာမင်ဒီဟာ အရိုးပါးရောဂါ၊ ကင်ဆာရောဂါ အမျိုးမျိုးနဲ့ ကိုယ်ခံအားလွန်ကဲတဲ့ ရောဂါတွေကိုလည်း သက်သာစေပါတယ်။

(၄) ငှက်ပျောသီး

လတ်တလော စစ်တမ်းတစ်ခုအရ စိတ်ကျဝေဒနာ ခံစားနေရတဲ့ လူအများစုဟာ ငှက်ပျောသီးတစ်လုံး စားပြီးတဲ့အခါမှာ စိတ်ခံစားမှု သိသိသာသာ ကောင်းမွန်လာတယ်လို့ သိရပါတယ်။ ငှက်ပျောသီးမှာ ထရစ်ပတိုဖန်ဆိုတဲ့ ပရိုတင်းတစ်မျိုး ပါဝင်ပြီး ခန္ဓာကိုယ်ထဲမှာ ဆီရိုတိုနင်အဖြစ် ပြောင်းလဲလိုက်တာကြောင့်ပါ။ ဒါ့အပြင် ဗီတာမင် B6 ပါတာကြောင့် သွေးတွင်းဂလူးကို့စ် အဆင့်ကို တည်ငြိမ်စေကာ စိတ်ခံစားမှုကို ကောင်းမွန်စေပါတယ်။ သွေးဆုံးခါနီး ခံစားရတတ်တဲ့ ဝေဒနာတွေကိုလည်း သက်သာစေပါတယ်။ ပန်းသီးတစ်လုံးနဲ့ယှဉ်ရင် ငှက်ပျောသီးမှာ ပိုတက်စီယမ်ပါဝင်မှုက လေးဆ၊ ကာဗိုဟိုက်ဒရိတ် ပါဝင်မှုက နှစ်ဆ၊ ဖော့စ်ဖရပ်စ် ပါဝင်မှုက သုံးဆ၊ ဗီတာမင်အေနဲ့ သံဓာတ်ပါဝင်မှုက ငါးဆနဲ့ တခြားဗီတာမင်နဲ့ သတ္တုဓာတ်ပါဝင်မှုက နှစ်ဆ ပိုများတာကို တွေ့ရပါတယ်။

(၅) အမည်းရောင် ချောကလက်

လေ့လာမှုများစွာအရ ချောကလက်ကို မကောင်းတဲ့ စိတ်ခံစားမှု ပြောင်းလဲပစ်နိုင်စွမ်းရှိတဲ့ အစာလို့ ဆိုပါတယ်။ ချောကလက်ဟာ အန်ဒေါ်ဖင်ဆိုတဲ့ စိတ်ခံစားမှုကောင်းစေတဲ့ ဟော်မုန်း အထွက်တိုးစေတာကြောင့် စိတ်ကြည်နူးမှုကို ရရှိစေတာ ဖြစ်ပါတယ်။ ကိုကိုးမှုန့်နဲ့ အနက်ရောင် ချောကလက်မှာ အင်တီအောက်ဆီးဒင့် ဖလေဗနော သိသိသာသာ ပါဝင်တာကြောင့် ဦးနှောက်ထဲမှာ သွေးစီးဆင်းမှုကို ကောင်းမွန်စေပါတယ်။

ကြယ်စင်
photo copy from google search
originally posted by Good Health
Source >>>http://natureenergycares.blogspot.com/2014/02/blog-post_8844.html


No comments:

Post a Comment