Thursday, February 20, 2014

အပူရှိန်မြင့်ဖြင့် အသားများကို ကြောက်လှော်လျှင် စားသုံးသူအား အကြိတ်ကင်ဆာဖြစ်ပွားနိုင် ………..

အပူရှိန်မြင့်ဖြင့် အသားများကို ကြောက်လှော်လျှင် စားသုံးသူအား အကြိတ်ကင်ဆာဖြစ်ပွားနိုင် ………..

သုတေသီများ၏ လေ့လာတွေ့ ရှိချက် အရ အပူရှိန်မြင့်ဖြင့် အသားများကို ကြော်လှော်စားသောက်ပါက အကြိတ်ကင်ဆာဖြစ်ပေါ်စေနိုင်သည့် ရာခိုင်နှုန်းများကြောင့် လေ့လာတွေ့ ရှိရသည် ။

အပူရှိန်မြင့်ဖြင့် အသားကိုကြောက်လှော်ပါက အသားတွင် ဓာတုဓာတ်တစ်မျိုးဖြစ်ပေါ်စေနိုင်ပြီး ယင်း ဓာတုဓာတ်သည် ဒီအင်န်အေ များကို ထိခိုက်ပျက်စီးစေနိုင်သည် ။
အကြိတ်ကင်ဆာ ရောဂါသည်ပေါင်း ၂၀၀၀ ဦးအား လေ့ လာမှုများပြုလုပ်ခဲ့ရာတွင် အဆိုပါတွေ့ ရှိချက်ကို တွေ့ ရှိခဲ့ခြင်းဖြစ်သည် ။

ကယ်လီဖိုနီးယားပြည်နယ်မှ သုတေသီများက အပူရှိန်မြင့်ဖြင့် ကြော်လှော်ထားသော အစားသောက်များ စားသူများတွင် ၃၀ ရာခိုင်နှုန်ခန့် အကြိတ်ကင်ဆာ ဖြစ်ပွားနိုင်သည်ဟု ပြောကြားခဲ့ကြောင်း သိရသည် ။
News

အကင်လည်းစားကြပါ ….ကင်ဆာကိုလည်း မြင်ကြပါ
















အကင်လည်းစားကြပါ ….ကင်ဆာကိုလည်း မြင်ကြပါ

မန္တလေးမြို့ ရှိနေရာတော်တော်များတွင် အသားကင်ရောင်းချသူ ၊ အကင်ရောင်း ဆိုင်များတော်တော်များရှိနေကြပါသည် များပြားလာသော အကင်ဆိုင်များတွင်လည်း စားသုံးသူများက များပြားလာခြင်းကြောင့် ထို အကင်များကို
အလွန်အကျွံအကင်စားသုံးသူများပြားလာလျှင် ကင်ဆာရောဂါဖြစ်ပွားနှုန်း များပြားလာနိုင်ပါသည် ။

အကင် ကင်ရာ ကနေ ထွက်လာတဲ့ ဒီ နိုက် ထရိုစမင်း (Nitrosamine)ဓာတ်ဟာ အစာအိမ် ကို ကင်ဆာဖြစ်စေနိုင်ပါတယ်။

ဒီလိုအကြောင်းလေးနဲ့ ပတ်သတ်ပြီးတော့လည်း အသည်းဆရာဝန်ကြီး တဦးကပြောခဲ့သည့် စကားလေး မှာ ''အကင်တွေ ဟာ ဘယ်လောက်အထိ သန့်သ လဲဆိုတာ ရောင်းချတဲ့သူအပေါ် မှာ မူတည်တယ်။ စားသင့်လား၊ မစားသင့်ဘူးလားဆိုတာဆရာဝန် တွေအနေနဲ့ကတော့ ကျန်းမာရေး ပညာပေးကိုသာ လုပ်နိုင်ပါတယ်။ လိုက်နာတာ၊ မလိုက်နာတာက တော့ ပြည်သူလူထု အပေါ်မှာပဲ မူတည်တယ်။ ဆရာတို့က ဘယ် လောက်ပဲ ပညာတွေပေးပေး စားသုံးသူက အလွန်အကျွံစား နေမယ်ဆိုရင်တော့ ဆရာတို့ တိုင်းပြည်မှာ ကင်ဆာဖြစ်နှုန်း တ ဖြည်းဖြည်းတက်လာမှာပါ။ စား သုံးသူတွေရှိနေရင် ရောင်းချသူ တွေလဲရှိနေဦးမှာပါ''ဟုပြောပြပါသည် ။

ယခုအခါတွင် စားသုံးသူများ လွန်စွာကြိုက်နှစ်သက်နေသော အကင်များတွင် အသားကို အဆီ ရွှဲနစ်အောင်သုတ်၍ ကင်သော အကင်များကို စားသုံးပါက အသည်း အဆီဖုံးရောဂါဖြစ်ပွား နိုင်ပြီး

အချို့သောအသားများကို ဆီနှင့်ကြော်၍ ရောင်းချသော ဆိုင်များသည်လည်း ပြန်ကြော် ဆီကိုသာ အသုံးပြုခြင်းကြောင့် ၎င်းဆီများမှ ဓာတ်တိုးနေပြီး ကင် ဆာရောဂါမျိုးစုံဖြစ်ပွားနိုင်ကြောင်း Mg Mandalay သတိပေးရေးသားတင်ပြပါသည် ။

Credit to : ၊Mg Mandalay
https://www.facebook.com/excellencemedia

သင့်ကိုယ်တွင်းရှိ အဆိပ်အတောက်များကို ကင်းစင်စေမည့် အစားအသောက် (၉)မျိုး

သင့်ကိုယ်တွင်းရှိ အဆိပ်အတောက်များကို ကင်းစင်စေမည့် အစားအသောက် (၉)မျိုး

ခန္ဓာကိုယ်တွင်းရှိ အဆိပ်အတောက်တွေ ကင်းဝေးစေဖို့ လေ့ကျင့်ခန်း လုပ်တာ၊ အရက်ကို ရှောင်တာ၊ အခွံချွတ်ထားတဲ့ သကြားဖြူတွေကို မစားတာနဲ့ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစာတွေစားတာ စတဲ့ နည်းလမ်းတွေကို လိုက်နာသင့်ပါတယ်။ ဒီလိုနည်းလမ်းတွေ အပြင် ကိုယ်တွင်း သဘာဝကျကျ သန့်စင်စေတဲ့ အစွမ်းရရှိစေဖို့ အောက်ပါ အစားအသောက်တွေကို သင်စားတဲ့ အစာထဲ ထည့်စားပေးသင့်ပါတယ်။

(၁) တောင်ကြာကလေးရွက်

တောင်ကြာကလေးရွက်ဟာ သင့်ခန္ဓာကိုယ်တွင်းရှိ ဆဲလ်တွေထဲက မကောင်းတဲ့ ဖရီးရယ်ဒီကယ်လ်တွေကို ကင်းဝေးစေပြီး အသည်းထဲရှိ သန့်စင်ပေးတဲ့ အင်ဇိုင်းတွေကို စွမ်းအားဖြည့်ပေးပါတယ်။ ဒါ့အပြင် သဘာဝ ဆီးသွားစေတဲ့ အာနိသင် ရှိပါတယ်။

(၂) သံပရာရည်

သံပရာရည်မှာ ဗီတာမင်စီများစွာ ပါဝင်တာကြောင့် ခန္ဓာကိုယ်မှ အဆိပ်တွေကို ချေဖျက်ပေးနိုင်စွမ်းရှိကာ အဆီတွေကို လောင်ကျွမ်းစေပါတယ်။ နံနက်တိုင်း သံပရာရည်ကို သောက်ပေးရင် အစာကြေညက်စေတယ်လို့ ဒေါက်တာဖရန့်က ဆိုပါတယ်။

(၃) အစိမ်းရင့် ဟင်းသီးဟင်းရွက်များ

သင်စားတဲ့ အစာထဲ အစိမ်းရင့်ရောင် ဟင်းသီးဟင်းရွက်တွေ ထည့်စားပါ။ စားသင့်တဲ့နည်းက အစိမ်းရောင် ဟင်းသီးဟင်းရွက်တွေကို ပြုတ်ပြီး သံလွင်ဆီဆမ်းကာ စားပေးရမှာ ဖြစ်ပါတယ်။ အစိမ်းရင့်ရောင် ဟင်းသီးဟင်းရွက်တွေက အစာခြေလမ်းကြောင်းထဲမှာ ကလိုရိုဖီးလ် ပမာဏကို တိုးစေပြီး မီးခိုးနဲ့ ပိုးသတ်ဆေးတွေလို ပတ်ဝန်းကျင် အဆိပ်တွေကို ခန္ဓာကိုယ်ထဲမှ ထွက်ရှိစေပါတယ်။

(၄) လတ်ဆတ်သော သစ်သီး

သင်ဗိုက်ဆာနေရင် စားသင့်တာကတော့ သစ်သီးပါပဲ။ ဗီတာမင်၊ အင်တီအောက်ဆီးဒင့်၊ အမျှင်ဓာတ်စတဲ့ အာဟာရဓာတ်တွေ အပြည့်အဝ ပါဝင်နေတာကြောင့် သစ်သီးတွေကို စားပေးရင် ခန္ဓာကိုယ်ထဲမှ အဆိပ်တွေ ပြေစေပါတယ်။

(၅) ဂေါ်ဖီထုပ်

ဂေါ်ဖီထုပ်မှာ အသည်းထဲက အဆိပ်တွေကို သန့်စင်စေတဲ့ အစွမ်းသတ္တိတွေ ပါဝင်နေပါတယ်။

(၆) မုန်လာဥ (Beet)

သည်းခြေအိတ် ပြဿနာရှိနေတဲ့ သူတွေကို မုန်လာဥ (Beet) များများစားဖို့ လိုအပ်တယ်လို့ ဆရာဝန်တွေက ဆိုပါတယ်။ မုန်လာဥထဲမှာပါတဲ့ အမျှင်ဓာတ်ဟာ အင်တီအောက်ဆီးဒင့်အင်ဇိုင်း ထုတ်လုပ်မှုကို တိုးစေတာကြောင့် အသည်းနဲ့ သည်းခြေအိတ်ထဲမှ ခန္ဓာကိုယ်အတွက် အဆိပ်ဖြစ်စေတဲ့ အရာတွေကို ထွက်သွားစေပါတယ်။


(၇) ချင်းနှင့် ကြက်သွန်ဖြူ

ချင်းနဲ့ ကြက်သွန်ဖြူတွေက အသည်းကျန်းမာရေးအတွက် ကောင်းတဲ့အစာတွေ ဖြစ်ပါတယ်။ အကြောင်းကတော့ အဲဒီအစာတွေဟာ ခန္ဓာကိုယ်ထဲမှာ စုပုံနေတဲ့ ဖရီးရယ်ဒီကယ်တွေကို ဖယ်ရှားပေးနိုင်တာကြောင့်ပါ။

(၈) အခွံချွတ်မထားသော ကောက်နှံစာ

အခွံချွတ်မထားတဲ့ ကောက်နှံစာကို ရွေးစားပါက အာဟာရဓာတ်နဲ့ အင်တီအောက်ဆီးဒင့်တို့ အပြည့်အဝ ပါဝင်တဲ့အပြင် မပျော်ဝင်နိုင်တဲ့ အမျှင်ဓာတ်လည်း ပါဝင်တဲ့အတွက် ဗိုက်ပြည့်စေပါတယ်။ သင့်ခန္ဓာကိုယ်ထဲက အဆိပ်တွေကို ထွက်စေနိုင်တဲ့အပြင် လေပွတာနဲ့ ဝမ်းချုပ်တာကိုလည်း မဖြစ်စေနိုင်ပါဘူး။

(၉) လက်ဖက်စိမ်း လက်ဖက်ရည်

အခုအချိန်မှာ အရည်တွေ အများကြီးကို မသောက်ချင်ဘူးဆိုရင်တောင် လက်ဖက်စိမ်း (Green Tea) တစ်ခွက်လောက်တော့ သောက်သင့်ပါတယ်။ လက်ဖက်စိမ်း လက်ဖက်ရည်မှာ ဖလေဗိုးနွိုက်ကတ်တီချင် ပါဝင်တာကြောင့် အသည်းရဲ့ လုပ်ငန်းဆောင်တာတွေကို အားကောင်းစေပြီး အဆိပ်ချေဖျက်ပေးတဲ့ အင်ဇိုင်းတွေရဲ့ ထွက်နှုန်းကို တိုးစေပါတယ်။


ကြယ်စင်

အေးချမ်းမွန်မှ Myawady News တွင် ဖော်ပြထားသည့်သတင်းကို မူရင်းအတိုင်းမျဝေပါသည်။
မူရင်းရေးသားသူကိုလည်း အထူးကျေးဇူးတင်ရှိပါသည်။
https://www.facebook.com/excellencemedia

ဆီးချိုဆေးနည်းတောင်းထားတဲ့ သူငယ်ချင်းတွေအတွက်နော် လိုအပ်တဲ့သူတွေလဲယူထားလိုက်ပေါ့

ဆီးချိုဆေးနည်းတောင်းထားတဲ့
သူငယ်ချင်းတွေအတွက်နော်
လိုအပ်တဲ့သူတွေလဲယူထားလိုက်ပေါ့

အသည်းကင်ဆာ အကြောင်း သိကောင်းစရာ .

အသည်းကင်ဆာ အကြောင်း သိကောင်းစရာ .
>>>>>>>>>>>>>>>>>><<<<<<<<<<<<<<<<<<<<<<<
အသည်းကင်ဆာဆိုတာ အသည်းမှာ Malignant Tumour ရှိနေခြင်းဖြစ်ပါတယ်။ အသည်းကင်ဆာမှာ အစဦး အသည်းကင်ဆာ (Primary cancer) နှင့် နောက်ဆက်တွဲ ကင်ဆာ (Secondary cancer) ဆိုပြီး နှစ်မျိုးရှိပါတယ်။
Primary Liver Cancer (အစဦး အသည်းကင်ဆာ)
အစဦးအသည်းကင်ဆာမှာလည်း Cholangio Carcinoma ခေါ် သည်းခြေပြွန်တ၀ိုက်မှာ စတင်ဖြစ်ပေါ်တဲ့ အသည်းကင်ဆာနှင့် hepatocellular carcinoma ခေါ် အသည်းထဲက ဆဲတွေမှာ စတင်ဖြစ်ပွားတဲ့ အသည်းကင်ဆာဆိုပြီး နှစ်မျိုး ရှိပါတယ်။ ဒီအမျိုးအစားက အသည်းခြောက်ရောဂါ (Cirrhosis) သမားတွေမှာ အများဆုံး ဖြစ်ပေါ်တတ်တဲ့ အမျိုးအစား ဖြစ်ပါတယ်။ Primary Liver Cancer က Secondary Liver Cancer ထက် အဖြစ်နည်းသည်ကို တွေ့ရှိရပါတယ်။

မူလအသည်းကင်ဆာ ဖြစ်ရခြင်းအကြောင်းအရင်း
ဖြစ်ရခြင်း အကြောင်းအရင်းကို အတိအကျ ရှာဖွေတွေ့ရှိခြင်း မရှိသေးပါ။ သို့သော် ၎င်းအသည်းကင်ဆာ ဖြစ်သောသူ အများစုမှာ အောက်ပါအချက်များနှင့် ပတ်သက်သူများဖြစ်ပါတယ်။
(၁) အသည်းရောင် အသားဝါ (B) or (C) ကြောင့် ရောဂါဖြစ်နေသည့် လူနာ
(၂) အရက် သေစာကို အချိန်ကြာမြင့်စွာ သောက်သုံးလာသူ
(၃) အသည်းခြောက်ခြင်းနှင့် တခြားအသည်းရောဂါ တခုခု ရှိနေသောသူများတွင် Pramary Liver Cancer ကို အများဆုံး တွေ့ရပါတယ်။ သို့သော်လည်း မူလအသည်းကင်ဆာက တဆင့်ခံ အသည်းကင်ဆာထက် အဖြစ်နည်းပါတယ်။

Secondary Liver Cancer (နောက်ဆက်တွဲ အသည်းကင်ဆာ)
တခြားနေရာတွေမှာ အစဦး ဖြစ်ပွားတဲ့ ကင်ဆာဆဲလ်တွေက အသည်းကို ပြန့်နှံ့ရောက်ရှိလာလို့ တဆင့်ခံ ဖြစ်ပွားတဲ့ အသည်းကင်ဆာ ဖြစ်ပါတယ်။ အသည်းဟာ တခြားအင်္ဂါအစိတ်ပိုင်း အားလုံးနီးပါးနဲ့ ဆက်စပ် ပတ်သက်နေတဲ့အတွက်ကြောင့် တခြားအင်္ဂါ အစိတ်ပိုင်းမှာ ကင်ဆာဖြစ်ပါက အသည်းကို အလွယ်တကူ ပြန်နှံ့နိုင်ပြီး အသည်းကင်ဆာရသူ အများစုမှာ Secondary Liver Cancer ရသည့် ဦးရေက မူလအစဦးကင်ဆာ ရသူထက် အဆနှစ်ဆယ် ပိုများပါတယ်။ ထို့အတူ Secondary Liver Cancer ကိုလည်း မူလရောဂါ စဖြစ်တဲ့ နေရာနှင့်ပဲ အမည်ပေးလေ့ရှိပါတယ်။ ဥပမာ စအိုကင်ဆာက ပြန့်နှံ့လာတဲ့ အသည်းကင်ဆာဖြစ်ရင် Metastatic bowel cancer လို့ ခေါ်လေ့ရှိပါတယ်။ မူလဖြစ်တဲ့နေရာမှာ ကင်ဆာကို စတွေ့တဲ့အချိန်မှာ နောက်ဆက်တွဲ ပြန့်နှံ့လာလို့ ဖြစ်လာတဲ့ အသည်းကင်ဆာကိုပါ တခါတည်းတွေ့တာ ရှိသလို နောက်မှ ထပ်တွေ့တာလည်း ရှိနိုင်ပါတယ်။

အသည်းကင်ဆာရဲ့ လက္ခဏာများ
မူလ အသည်းကင်ဆာ၌ အစပိုင်းမှာ ထူးခြားသည့် လက္ခများကို မတွေ့ရပါ။ နောက်ပိုင်း အခြေအနေ ဆိုးလာမှ သိရှိရတဲ့ အသည်းကင်ဆာရဲ့ လက္ခဏာ များကတော့…
(၁) အားနည်းပြီး မောပမ်းနွမ်းနယ်နေခြင်း
(၂) အသည်းတည်ရှိရာ နေရာဖြစ်တဲ့ နံရိုးတွေရဲ့ အောက်ဘက်ရှိ ၀မ်းဗိုက်ရဲ့ ညာဘက်အပေါ်ဒေါင့်မှာ နာကျင်ခြင်း၊
(၃) ကိုယ်အလေးချိန် ကျဆင်းခြင်း
(၄) အစားအသောက်ပျက်ခြင်း
(၅) မျက်လုံးနဲ့ အသားရောင်များ ၀ါလာခြင်း
(၆) ပျို့ချင်အန်ချင်ခြင်း
(၇) ၀မ်းဗိုက်ဖေါင်းပွလာခြင်း
(၈) အဖျားဝင်ခြင်း စတဲ့လက္ခဏာတွေကို တွေ့နိုင်ပါတယ်။

အသည်းကင်ဆာကို အဆင့် သတ်မှတ်ခြင်း
ကင်ဆာရောဂါ ရှိကြောင်း စတင်စမ်းသပ်တွေ့ရှိသည်နှင့် ပြန့်နှံ့မှု ရှိမရှိဆိုတာကိုပါ တခါတည်း တွေ့ရှိရပါတယ်။ မူလစတင်ဖြစ်ပွားတဲ့ နေရာကနေ ပြန့်နှံ့မှု ရှိမရှိနှင့် ပြန့်နှံ့မှု ရှိသော်လည်း ဘယ်အတိုင်းအတာထိ ပြန့်နှံ့နေပြီဆိုတဲ့အပေါ် မူတည်ပြီး ရောဂါအဆင့်ကို သတ်မှတ်ပါတယ်။
အဆင့် (၁) ကင်ဆာရဲ့ အရွယ်အစား ၂ ဆင်တီမီတာထက် မပိုသေးခြင်းနှင့် စတင်ဖြစ်ပွားတဲ့နေရာကလွဲပြီး တခြားဘယ်မှ မပြန့်နှံ့သေးသည့်အဆင့်။
အဆင့် (၂) ကင်ဆာက အသည်းထဲရှိ သွေးကြောများအထိ ပြန့်နှံ့နေခြင်း (သို့) ကျူမာအရေအတွက် တခုထက်ပိုရှိနေခြင်း
အဆင့် (၃) A: ကင်ဆာ အရွယ်အစား ၅ ဆင်တီမီတာထက် ပိုကြီးနေခြင်း (သို့) အသည်းရဲ့ အနီးတ၀ိုက် သွေးကြောများအထိ ပြန့်နှံ့နေခြင်း
အဆင့် (၃) B: ကင်ဆာက အသည်းအနီးအနားရှိ တခြားအင်္ဂါအစိတ်အပိုင်း အထိ ပြန့်နှံ့နေခြင်း။ သို့သော်လည်း ပြန်ရည်ကြော အဖုထိ မရောက်သေးခြင်း။
အဆင့် (၃) C: ကင်ဆာက အနီးအနားတ၀ိုက် အင်္ဂါအစိတ်အပိုင်း တခုခု အပြင် ပြန်ရည်ကြောဖုအထိ ပြန့်နှံ့နေခြင်း
အဆင့် (၄) ကင်ဆာက အနီးအနားရှိ အင်္ဂါအစိတ်မပိုင်းများ၊ ပြန်ရည်ကြောဖုအတွင်းနှင့် အဝေးထိ တခြားအင်္ဂါအစိတ်အပိုင်းအထိ ပြန့်နှံ့နေခြင်း စသည်ဖြင့် ၆ ဆင့်ခွဲခြားထားပါတယ်။

Progranosis ကုသနိုင်သည့် အခွင့်အလမ်း
အခြေအနေအပေါ် မူတည်ပြီး Primary Cancer ကို စောစွာ တွေ့ရှိပါက ပျောက်ကင်းအောင် ကုသနိုင်သည့် အခွင့်အလမ်း ရှိနိုင်ပါတယ်။ Secondary Cancer ကိုတော့ ပြန့်နှံ့နေပြီ ဖြစ်တဲ့အတွက် ကုသမှုဖြင့် လုံးဝ အမြစ်မပြတ်နိုင်တော့သော်လည်း အသက်ဆက်လက် ရှင်သန်နိုင်သည့်ကာလကို အတတ်နိုင်ဆုံး ပိုမိုရှည်လျားစေရန်နှင့် နာကျင်ခြင်းကို သက်တောင့်သက်သာ ရှိစေရန် ကုသမှုကို ခံယူနိုင်ပါတယ်။

ကင်ဆာရောဂါ ဖြစ်ပွားနေသည်ကို စမ်းသပ်တွေ့ရှိရတဲ့ ဆရာဝန်က ကလေးနှင့်စိတ်ပုံမှန် မဟုတ်သော လူနာမဟုတ်ရင် လူနာရဲ့ ရောဂါနဲ့ အခြေအနေ (ကင်ဆာရောဂါ ရောက်ရှိနေသည့်အဆင့်) ကို ထိန်ချန် ဖုံးကွယ်ထားပိုင်ခွင့် မရှိပါ။ ကုသနိုင်သည့် လမ်းကြောင်း ဘယ်နှစ်ခုရှိပြီး လမ်းကြောင်းတခုစီရဲ့ ကောင်းကျိုးဆိုးကျိုး နှစ်ခုစလုံးကို ဆရာဝန်က လူနာ နားလည်အောင် ရှင်းပြရပါတယ်။ ဆက်လက်ကုသမှုအတွက် ဆရာဝန်ရှင်းပြတဲ့ လမ်းကြောင်းတွေအထဲက မိမိအတွက် အကောင်းဆုံး ထင်တဲ့လမ်းကြောင်းကို လူနာက ရွေးချယ်ရပါတယ်။ မိမိရွေးချယ်တဲ့ ကုသမှု လမ်းကြောင်းရဲ့ ကောင်းကျိုးဆိုးကျိုး နှစ်ခုစလုံးကို မိမိသိဖို့လိုပါတယ်။ အသည်းကင်ဆာကို ကုသရာမှာ အသည်းပြင်ပသို့ ကင်ဆာဆဲလ် မပြန့်နှံ့သေးတဲ့ Primary အဆင့်မှာ ကုသပါက ခွဲစိတ်ကုသပြီး အသည်းအစိတ်အပိုင်းကို ဖြတ်ထုတ်ခြင်းမှသည် အသည်းအစားထိုး ကုသခြင်းအထိရှိပြီး လုံးဝပျောက်ကင်းအောင် ကုလို့ နိုင်ပါတယ်။ အသည်းကို ခွဲစိတ်ကုသရာမှာ တခြားအင်္ဂါအဖွဲ့အစည်းတွေကို ခွဲစိတ်ကုသထာထက် အားကောင်းသည့် အချက်မှာ အသည်းဟာ သုံးပုံနှစ်ပုံခန့် ဖြတ်ထုတ်ခံရသည့်တိုင်အောင် ဖြတ်ထုတ်ခံရသည့် အစိတ်အပိုင်းနေရာမှာ ဆဲလ်တွေ ပြန်ပွားပြီး နှစ်ပတ်မှ တလနှစ်လ ကာလအတွင်း မူလအသည်း ဖွဲ့စည်းပုံနှင့် အရွယ်အစားအတိုင်း သူ့အလိုလို ပြန်ဖြည့်စွက်ပေးခြင်း ဖြစ်ပါတယ်။

မိမိ (သို့) မိမိ မိသားစုအဖွဲ့ဝင် တဦးဦးမှာ ကင်ဆာ ရှိပြီဆိုတာ သိတာနဲ့ Dignosis လုပ်ပေးတဲ့ ဆရာဝန်ကို ကင်ဆာ အမျိုအစားနှင့် အဆင့်အပါအ၀င် ကုသာရန်အတွက် မိမိသိချင်တာ သိသင့်တာ အကုန်မေးဖို့ တကယ်လိုအပ်ပါတယ်။ ရောဂါ ကုသမှုကို တိုင်ပင်ရန် ဆရာဝန်က အဓိကဖြစ်သော်လည်း ကင်ဆာရောဂါကို ကုသရာမှာ Health Care Team တခုလုံးက တာဝန်ယူပါတယ်။ ကျန်းမာရေးကို အစိုးရတာဝန်ယူသည့် နိုင်ငံများတွင် ကင်ဆာ ရရှိသည့် လူနာများအတွက် စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ပြုစုပျိုးထောင်မှုအတွက် ဆက်သွယ်ရန် ဌာနတွေ၊ Services တွေ များစွာ ရှိပါတယ်။ လူနာအနေနှင့် ဘယ်လို Services ကို ရရှိနိုင်ပြီး အဲဒီ Service တွေအတွက် ကုန်ကျစာရိတ်ကို အစိုးရက တာဝန်ယူမှု ရှိမရှိ၊ မရှိပါက မိမိအနေနှင့် စိုက်ထုတ်နိုင်ဖို့ ကုန်ကျနိုင်သည့် ခန့်မှန်းခြေစာရိတ် စတာတွေကို ဆရာဝန်နှင့် အကုန်လုံး မေးမြန်းတိုင်ပင်သင့် ပါတယ်။

ဆရာဝန်ကို မေးမြန်းသင့်သည့် မေးခွန်းများ
(၁) မိမိမှာ diagnosis လုပ်ထားတဲ့ အသည်းကင်ဆာက ဘာအမျိုးအစား အသည်းကင်ဆာလဲ။
(၂) ကင်ဆာက အသည်းရဲ့ အပြင်ကို ပြန့်နှံ့နေပြီလား။ အကယ်၍ ပြန့်နှံ့နေပါက ဘယ်အထိ ရောက်နေပြီလဲ။
(၃) မိမိမှာ ရှိတဲ့ အသည်းကင်ဆာက ဘယ်အဆင့်မှာ ရှိလဲ။
(၄) ကုသနိုင်တဲ့ အခွင့်အလေမ်း အတိုင်းအတာက ဘယ်အထိ ရှိလဲ။
(၅) ဘယ်လို စမ်းသပ်မှုတွေကို ထပ်လုပ်ဖို့လိုလဲ။
(၆) ဘယ်လို ကုသမှုကို အကြံပြုတိုက်တွန်းချင်လဲ။
(၇) ကုသမှု တခုစီမှာ ရှိတဲ့ ဘေးထွက်ဆိုးကျိုးနဲ့ ဆက်ပွားပြဿနာတွေက ဘာတွေလဲ။
(၈) တခြား ရွေးချယ်စရာ ဘာများရှိသေးလဲ။ အကယ်၍ မရှိဘူး ပြောပါက ဘာကြောင့်လဲ။
(၉) တခြား ဖြည့်စွက်ကုသနည်း (Complementary Therapy) တွေနဲ့ ကုသလို့ ရတာ ဘာတွေရှိနိုင်လဲ။
(၁၀) ဆေးရုံမှာ ဘယ်လောက် ကြာကြာနေရမလဲ။
(၁၁) ပုံမှန်အတိုင်း ပြန်ဖြစ်ဖို့ ဘယ်လောက် အချိန်ယူရမလဲ။
(၁၂) Chemotherapy က ဘာအတွက် အသုံးပြုလဲ။ ဆိုးကျိုးတွေက ဘာရှိလဲ။
(၁၃) ကင်မိုသရဖီအတွက် ကုန်ကျစာရိတ် ဘယ်လောက်ရှိလဲ။
(၁၄) ဒီကုသမှုက မိမိရဲ့ လိင်ပိုင်းဆိုင်ရာနှင့် မျိုးပွားခြင်းဆိုင်ရာကို ထိခိုက်နိုင်ပါသလား။
(၁၅) ဘယ်လောက်မှာ ဘယ်နှစ်ကြိမ် တခါ (How ofteen) စမ်းသပ်စစ်ဆေးမှုကို ပြုလုပ်ဖို့ လိုအပ်သလဲ။
(၁၆) ကုသမှု တခု ပြီးဆုံးသွားပြီးနောက် နောက်တကြိမ် ကင်ဆာ ပြန်ထလာရင် ဘယ်လိုဆက်လုပ်ရမလဲ စသည့်တို့ ပါဝင်နိုင်တဲ့ မိမိ သိချင်တဲ့ အချက်တွေအားလုံးကို ဆရာဝန်နှင့် မေးမြန်း တိုင်ပင်ဖို့ လိုအပ်ပြီး ကုသမှုကို ခံယူသင့်ပါတယ်။

မငယ်
--------------------------------------------------------------------------------
mg mandalay ၏စာမျက်နှာမှ ကူးယူဖော်ပြပါသည်။
(ဟင်းပေါင်းအိုးကြီးအဖွဲ့)

Credit to :ဗဟုသုတ ဟင်းပေါင်းအိုးကြီး
https://www.facebook.com/excellencemedia

အေးချမ်းမွန်

နနွင်းက ဆီးကျိတ်ကင်ဆာ ရှိသူများတွင် ကင်ဆာပြန့်ပွားမှုမှ ကာကွယ်နိုင်

နနွင်းက ဆီးကျိတ်ကင်ဆာ ရှိသူများတွင် ကင်ဆာပြန့်ပွားမှုမှ ကာကွယ်နိုင်
=======================================

နနွင်းမှုန့်ကို နှစ်ပေါင်းများစွာ ကတည်းက အရိုးအဆစ်ရောင် ရောဂါနဲ့ တခြားရောဂါတွေကို ကုသဖို့ အသုံးပြုခဲ့ကြပါတယ်။ နနွင်းမှာ ပါဝင်တဲ့ ကာကူမင်ဟာ ရောင်ရမ်းမှုကို တားမြစ်နိုင်တာကြောင့်လို့ ဆိုပါတယ်။

အခု ဂျာမနီနိုင်ငံက လေ့လာမှု အရလည်း နနွင်းဟာ ကင်ဆာပြန့်ပွားမှုကို တားမြစ် နိုင်ကြောင်း တွေ့ရှိခဲ့ပါတယ်။ ပြီးခဲ့တဲ့ လေ့လာမှုအရ နနွင်းဟာ သားမြတ်ကင်ဆာ ရှိသူတွေကို အဆုတ်အတွင်း ပြန့်ပွားမှု မရှိအောင် တားမြစ် နိုင်တယ်လို့ သိရပါတယ်။ သားမြတ်ကင်ဆာနဲ့ ဆီးကျိတ်ကင်ဆာဟာ နာတာရှည် ရောင်ရမ်းမှုကြောင့် ဖြစ်ပါတယ်။

ဒီကင်ဆာ နှစ်မျိုးစလုံးရဲ့ ကင်ဆာဆဲလ် တွေက CXCL1 နဲ့ CXCL2 အပါအဝင် ရောင်ရမ်းမှုဖြစ်စေတဲ့ ပရိုတင်းတွေကို ထုတ်လုပ် ပေးတယ်လို့ တွေ့ရှိခဲ့ပြီး ကာကူမင်ဟာ အဲဒီပရိုတင်း နှစ်မျိုးရဲ့ ထုတ်လုပ်မှုကို လျှော့ချနိုင်တယ်လို့ သိရပါတယ်။

နနွင်းမှုန့်ကို နေ့စဉ် ရှစ်ဂရမ်ထိ သောက်သုံး နိုင်ပါတယ်။ ဆီးကျိတ်ကြီး (BPH) တဲ့ အမျိုးသားတွေနဲ့ မိသားစုရာဇဝင်မှာ သားမြတ်ကင်ဆာရှိတဲ့ အမျိုးသမီးတွေ အနေနဲ့ နနွင်းကို ကင်ဆာရောဂါ ကာကွယ်ဖို့ အသုံးပြုထားသင့်ကြောင်း သုတေသီတွေက အကြံပေးထား ကြပါတယ်။

Ref; healtharticle

ဆီးချိုသမားများအတွက် အစွမ်းထက် မှို

ဆီးချိုသမားများအတွက် အစွမ်းထက် မှို
--------------------------------------------

ဆီးချိုရောဂါရှိသူ တွေအတွက် မှိုဟင်းကို စားသုံးပေးတာက အလွန်ကောင်းမွန် တယ်လို့ ကျွမ်းကျင်သူတွေက ထုတ်ဖော်ထား ပါတယ်။

မှိုမှာ အာဟာရတန်ဖိုး မြင့်မားစွာ ပါဝင်နေပေမယ့် သကြားဓာတ် လုံးဝ မပါဝင် တာကြောင့်လို့ ဆိုပါတယ်။ မှိုမှာ ပါဝင်တဲ့ အာဟာရ တန်ဖိုးတွေဟာ ဆီးချို ရောဂါ ရှိသူတွေ အတွက် အလွန် အသုံးဝင်တယ်လို့ ပရာဒတ် တက္ကသိုလ်မှ သိပ္ပံပညာရှင်တွေက ဖော်ထုတ်ထားပါ တယ်။

မှိုမှာ အဆီလည်း လုံးဝမပါဝင်တာကြောင့် အဝလွန်သူတွေအတွက် အလွန် အကျိုးရှိပါ တယ်။ ဒါ့အပြင် မှိုဟာ ကင်ဆာရောဂါ၊ HIV နဲ့ တခြားနာတာရှည် ရောဂါတွေ ပျောက်ကင်းနိုင်တဲ့ ဂုဏ်သတ္တိလည်း ရှိတယ်လို့ သုတေသီတွေက ဆိုပါတယ်။

ဒေါက်တာခင်မိုးမိုး
GOOD HEALTH

ဆံပင်ဆိုးဆေး များကြောင့် ကင်ဆာရော ဂါဖြစ်ပွားနိုင်

ဆံပင်ဆိုးဆေး များကြောင့် ကင်ဆာရော ဂါဖြစ်ပွားနိုင်

01 MARCH 2013

ဆံပင်ဆိုးဆေးကို အသုံးပြုများတာ ကြောင့်သားမြတ်၊ ဆီးအိမ်၊ မမျိုးဥအိမ်၊ ဦးနှောက်နဲ့ သွေးကင်ဆာ တွေ ဖြစ်နိုင် တယ်လို့ ယခင်က လေ့လာမှုတွေအရ သိရှိခဲ့ပြီး ဖြစ်ပေမယ့် အခုချိန်မှာ ဆံပင် ဆိုးဆေးကို အသုံးပြု သူတွေ များပြားလျက် ရှိတယ်လို့ သိရှိရပါတယ်။
ဆံပင်ဆိုး ဆေးမှာပါဝင်တဲ့ ဓာတုပစ္စည်း တွေဟာဆေး လိပ်ငွေ့နဲ့ တခြားလေ ထုညစ်ညမ်း စေတဲ့ပစ္စည်း တွေ နဲ့ထိတွေ့တဲ့အခါမှာ ကင်ဆာ ဖြစ်နိုင်တဲ့ အစွမ်းထက် ဆုံး ဒြပ်ပေါင်းတစ် မျိုးကိုဖန် တီးပေးနိုင် တယ်လို့သိပ္ပံ ပညာ ရှင်တွေက တွေ့ရှိထားပါတယ်။
ယနေ့ အချိန်ခါ မှာ အမျိုးသမီး သုံးပုံတစ်ပုံခန့် ယောက်နှုန်း ဆံပင် ဆိုးဆေးကို အသုံးပြု နေကြတယ်လို့ သိရပါတယ်။ တစ်နှစ်ကို ကိုးကြိမ်ထက် ဆံပင်ဆိုးဆေး အသုံးပြု တဲ့ အမျိုးသမီးတွေဟာ သွေးကင်ဆာ ဖြစ်နိုင်ခြေ ၆၀ ရာခိုင်နှုန်း မြင့်မားတယ်လို့ တွေ့ရှိထားပါတယ်။ှ
Secondary Amines ဝင်တတ်ပြီး ဆံပင်ဆိုးပြီး နောက်ဦး ရေပြားအတွင်း ဝင်ရောက်နိုင် ကာဆံပင် ပေါ်မှာလည်း သီတင်း ပတ်ပေါင်း၊ လပေါင်း များစွာ ရှိနေနိုင်ပါ တယ်။ နှစ်ပေါင်းများစွာထိတောင် ရှိနေ နိုင်တယ်လို့ တွေ့ရှိခဲ့ပါတယ်။ အဲဒီ ဓာတု ပစ္စည်းဟာ ဆေးလိပ်ငွေ့နဲ့ မော်တော် ကား အိပ်ဇောငွေ့တွေနဲ့ ဓာတ်တုံ့ပြန်မှု ဖြစ်ပြီး အလွန်အဆိပ်ပြင်းတဲ့ ဓာတု ပစ္စည်းN-nitrosanimes တွေ ဖြစ်ပေါ် ကာ ကင်ဆာ ရောဂါကို ဖြစ်စေနိုင်တယ် လို့ သုတေသီတွေက မှတ်ချက်ပေးထား ပါတယ်။

အေးချမ်းမွန်မှ GOOD HEALTH တွင်ရေးသားသည့် သတင်းအချက် အလက်ကို မူရင်းအတိုင်း မျဝေပေးခြင်းဖြစ်ပါသည်

တစ်ခါသုံး ၀ါးတူများသည် အသည်းကင်ဆာ ဖြစ်နိုင်သည့်အတွက် မသုံးစွဲသင့်ဟုဆို

တစ်ခါသုံး ၀ါးတူများသည် အသည်းကင်ဆာ ဖြစ်နိုင်သည့်အတွက် မသုံးစွဲသင့်ဟုဆို
================================
အလွယ်တကူ ရယူ သုံးစွဲနေကြသည့် တစ်ခါသုံး ၀ါးတူများသည် အသည်းကင်ဆာ ဖြစ်နိုင်သည့်အတွက် မသုံးစွဲ သင့်ကြောင်း မြန်မာနိုင်ငံ စားသုံးသူ ကာကွယ်ရေး အသင်းမှ အသင်းဝင် ဒေါ်ရီလွင်ကျော်ဇောက ၁၅-၃-၂၀၁၃ ရက်တွင် ပြောကြားသည်။ “ကျွန်မတို့ အသင်းက ပြည်သူတွေ စားသုံးဖို့ မသင့်တဲ့ အစားအသောက်တွေကို အမြဲ လေ့လာ စစ်ဆေးနေပါသည်။ အခု နောက်ဆုံး စစ်ဆေး တွေ့ရှိချက်တွေအရဆိုရင် ၀ါးတူတွေမှာ မှိုတွေ ပေါက်လာတယ်ဆိုတာကို တွေ့ရတယ်။ မြန်မာနိုင်ငံမှာ ၀ါးတူ တော်တော်များများက ပေါင်းမထားပါဘူး။ ၀ါးပင်ကို ခုတ်ပြီး ထွက်လာတဲ့ ၀ါးကိုပဲ အဆင်ပြေသလို အချောသတ်ပြီး သုံးတာ ဖြစ်တယ်။ ဒီတော့ ငါးရက်လောက်ဆိုရင် မှိုတွေက မမြင်ရပေမယ့် ရှိနေပါပြီ။ ဒီတော့ မှိုပါတဲ့ တူကို သုံးမိတဲ့အတွက် မှိုတွေကို စားသလို ဖြစ်သွားနိုင်တယ်။ အသည်းကင်ဆာတွေ ဖြစ်နိုင်တယ်။ တတ်နိုင်ရင် ၀ါးတူကို မသုံးဘဲ သစ်သားတူ၊ စတီးတူတွေကိုပဲ သုံးသင့်တယ်။ ပလတ်စတစ်တူကျတော့ အပူနဲ့ တွေ့ရင် ကင်ဆာဖြစ်နိုင်တာတွေ ရှိတယ်။ ကျန်းမာရေးအတွက် ရှောင်သင့်တယ်” ဟု ယင်းက ပြောကြားသည်။ အခြား ပြည်ပနိုင်ငံများသည် ၀ါးများကို သေချာပေါင်းခံပြီးမှ ၀ါးတူဖြတ်စက်ထဲသို့ ထည့်လေ့ရှိပြီး ပြည်တွင်းမှ ၀ါးတူများသည် ပေါင်းခံခြင်း မရှိကြောင်း သိရသည်။ လက်ရှိ ဈေးကွက်တွင် သုံးနေသော တစ်ခါသုံး တူများသည် ဈေးကွက်သို့ ရောက်ရှိရန် အတွက် တူဖြစ်ပြီး ပါကင်ထုတ်ပြီး ၇ ရက်ခန့် အနည်းဆုံးကြာကာ အဆိုပါ အချိန်တွင် မှိုများသည် နှစ်ရက်သားခန့် ရှိပြီး ဖြစ်ကြောင်း သိရသည်။ အဆိုပါ မှိုများသည် သေးငယ်ပြီး လူမျက်စိနှင့် မြင်နိုင်ရန် ၂၇ ရက် ကြာအောင် စောင့်ရကြောင်း သိရသည်။ ထို့ကြောင့် ဆေးလိပ်မသောက်၊ ကွမ်းမစား၊ အရက်မသောက်ဘဲ အသည်းကင်ဆာဖြစ်သူ ပမာဏ မြင့်တက်လာခြင်းသည် ၀ါးတူ အသုံးပြုမှုကြောင့်လည်း ဖြစ်ကြောင်း သိရသည်။ (ပြည်မြန်မာ ဂျာနယ်)

တစ်နေ့ပန်းသီးတစ်လုံးပုံမှန်စားသုံးသောအမျိုးသမီးများသည်ရင်သားကင်ဆာ ဖြစ်နိုင်ခြေ လျော့နည်းသွားကြောင်း သိရှိရသည်

တစ်နေ့ပန်းသီးတစ်လုံးပုံမှန်စားသုံးသောအမျိုးသမီးများသည်ရင်သားကင်ဆာ ဖြစ်နိုင်ခြေ လျော့နည်းသွားကြောင်း သိရှိရသည်။


အရည်ရွှမ်းသော သီးနှံတစ်ခုဖြစ်သည့် ပန်းသီးသည် ရင်သားကင်ဆာ ကုသရေးအတွက် အလွန်အကျိုးများ

တစ်နေ့ပန်းသီးတစ်လုံးပုံမှန်စားသုံးသောအမျိုးသမီးများသည်ရင်သားကင်ဆာ ဖြစ်နိုင်ခြေ လျော့နည်းသွားကြောင်း သိရှိရသည်။သုတေသန ရလဒ်များအရ ပန်းသီးများများစားလေ၊ ရင်သားကင်ဆာ ဖြစ်ပွားစေသည့်adenocarcinomaအကြိတ်များ ပေါ်ပေါက်လာနိုင်မှု လျော့နည်းလေလေ ဖြစ်ကြောင်းဆရာဝန်များကဆိုသည်။အဆိုပါအကြိတ်အမျိုးအစားကြောင့် ဖြစ်ပွားလာသော ရင်သားကင်ဆာသည် ကမ္ဘာပေါ်တွင် အသေအပျောက်အများဆုံး ရင်သားကင်ဆာ အပြင်းစားကို ဖြစ်ပေါ်စေသည်။

ကော်နဲလ်တက္ကသိုလ်မှ ပါမောက္ခရီဟိုင်လျူက ကြွက်များနှင့် စမ်းသပ်မှုအရ ထိုအကြိတ်များသည်ပန်းသီးများများစားပေးသည့်ကြွက်များတွင်လျင်မြန်စွာ သေးငယ်ကျုံလှီပြီး လုံးဝပျောက်ကွယ်သွားကြောင်း သိရှိရသည်။ အလားတူ အကျိုးသက်ရောက်မှုမှာ လူသားများတွင် (၅၇)ရာခိုင်နှုန်းမျှ ရှိနိုင်ကြောင်းလည်း ပါမောက္ခလျူကဆိုသည်။ ၎င်းတို့သည် ရင်သားကင်ဆာ ရောဂါသည်များစွာကိုပုံမှန်ပန်းသီးတစ်လုံးစီ နေ့စဉ်ကျွေးခဲ့ရာ နေ့စဉ်ပန်းသီးတစ်လုံး စားရမည့် ကိစ္စအား ငြင်းဆန်ခဲ့သည့် လူနာအမျိုးသမီးများသည် နေ့စဉ် ပန်းသီးစားသည့် အမျိုးသမီးများထက် ကင်ဆာကြိတ်များ ဖြစ်ပေါ်လာမှု (၈၁)ရာခိုင်နှုန်း ပိုမိုလျင်မြန်ကြောင်း ဆရာဝန်များက အတည်ပြုခဲ့သည်။

အရည်ရွှမ်းသော သီးနှံတစ်ခုဖြစ်သည့် ပန်းသီးသည် ရင်သားကင်ဆာ ကုသရေးအတွက် အလွန်အကျိုးများကြောင်း နောက်ထပ်သက်သေများစွာ ရှိနေသေးသည်ဟုလည်း သုတေသီများက ထောက်ခံကြသေးသည်။လေ့လာမှုရလဒ်များအားလုံးတွင်သိရှိလာရသည်မှာအရည်ရွှမ်းသည့်သီးနှံများအားလုံးလိုလိုသည်ကင်ဆာကြိတ်များ ဖြစ်ပွားလာမှုကို တုန့်နှေးသွားစေသည်မှာ အသေအချာဖြစ်ပြီး ၎င်းတို့အနက် ပန်းသီးမှာ အသိသာဆုံး သဘာဝဆေးဝါးဖြစ်ကြောင်း ပါမောက္ခလျူက ရှင်းပြခဲ့သည်။

ရင်သားကင်ဆာ ရောဂါသည်အမျိုးသမီးများတွင်သာမကအမျိုးသားအချို့တွင်လည်း ဖြစ်ပွားတတ်ပြီး နှစ်စဉ် ကမ္ဘာ့လူဦးရေ (၁)သန်းခန့်သည် အဆိုပါရောဂါ ရရှိလာနေမှုနှင့် ကြုံတွေ့နေရကြောင်း သတင်းရရှိသည်။

မှဲ့ကင်ဆာအကြောင်း ဖြစ်နိုင်ရင် ရေးပေးပါ ဆရာ။


ကင်ဆာ) ဆိုတာ နေရာတကာမှာ ဖြစ်နိုင်တယ်။
အရေပြားမှာ ဖြစ်တာထဲက ရှားပေမဲ့ အဆိုးဆုံးက Melanoma မှဲ့ကင်ဆာ။ မှဲ့ဟာ အရောင်၊
အရွယ်၊ ပုံသဏ္ဌာန်၊ အပြော့-အမာ ပြောင်းတာနဲ့ (ကင်ဆာ) ဖြစ်ဘို့ စလာတယ်။ အများဆုံး
တွေ့ရတာက မဲနက်-မဲပြာ အရောင်တွေပါ။ နဂိုက မှဲ့ရှိမနေဘဲ အသစ်လဲ
ဖြစ်လာနိုင်သေးတယ်။

ကြည့်လိုက်ရင် ညီညီညာညာ မရှိဘူး။
နခမ်းသားကလဲ မတိမကျ-မလှမပရှိတယ်။ အရောင်ကလဲ တညီထဲ မဟုတ်ဘူး။ ကြာလေ ကြီးလာလေ။
ဆိုးပေမဲ့ စောစောသိ စောစောကုရင်ရတယ်။ ကြာလေလေ အထဲရောက် လေလေ
ကူးသွားမယ်။

Melanocytes ဆိုတဲ့ အရေပြားကို အရောင်ဖြစ်စေတဲ့ (ဆဲလ်) တွေမှာ
(ကင်ဆာ) လာဖြစ်တာပါ။ အရေပြားမဟုတ်ဘဲ အူ နဲ့ မျက်စိမှလဲ ဒီရောဂါမျိုး ဖြစ်နိုင်တယ်။
အမျိုးသမီးတွေက ပိုများတယ်။ တနှစ်မှာ လူနာသစ် ၁၆ဝဝဝဝ တွေ့နေရတယ်။ သေဆုံးရသူပေါင်း
တနှစ် ၄၈ဝဝဝ ယောက်ရှိတယ်။ အမျိုးအစားခွဲပေါင်း ၁၃ ခုရှိတယ်။
အသေအခြာ
လေ့လာလို့ သိရတာက အလင်းရောင်ထဲက UV photon ကနေ အရေပြားထဲက အရောင်ကို ဖြစ်စေတဲ့
Chromophore ဆိုတာကို လာထိခိုက်ရာကနေ ဖြစ်ရတာတဲ့။ ဒိနောက်မှာ DNA ဆိုတာ
ထိခိုက်စေတယ်။ DNA Replication ဆိုတာ ကိုယ်တိုင် ပုံမှန်မဟုတ်ရင်လဲ ဖြစ်နိုင်တယ်။
ဒါ့ကြောင့် နေရောင်ထိမှသာ အရေပြား-မှဲ့ (ကင်ဆာ) ဖြစ်ရတာ မဟုတ်ပါ။
Signs and
symptoms လက္ခဏာတွေကို ABCDE ဆိုပြီး မှတ်လို့လွယ်အောင် လုပ်ထားတယ်။
• Asymmetry
ညီတူဘာတူ မဟုတ်ဘူး၊
• Borders (irregular) နခမ်းသားတွေ မညီဘူး၊
• Color
(variegated) အရောင်တမျိုးထဲ မဟုတ်ဘူး၊
• Diameter အချင်းမျဉ်း ၁ လက္မရဲ့ ၄ ပုံ
၁ ပုံကျော်တယ်၊
• Evolving over time အချိန်နဲ့ အတူပြောင်းလဲနေတယ်။
ဒါ့ပြင်
-
• Elevated above the skin surface အရေပြားမျက်နှာပြင်အထက် ကြွတက်နေရင်၊

Firm to the touch ထိကြည့်ရင် တင်းနေရင် နဲ့
• Growing ကြီးသထက်ကြီးလာတယ်ဆိုရင်
ပိုဆိုးတဲ့အမျိုးအစားဖြစ်မယ်။
Diagnosis ရောဂါ ဟုတ်-မဟုတ်သိအောင်
မျက်စိ-လက်နဲ့စမ်းတာတွေအပြင် Excisional skin biopsy အသားစဖြတ်ယူ
မှန်ဘီလူးနဲ့စစ်တယ်။ Lactate dehydrogenase (LDH) စမ်းသပ်နည်းလဲ
လုပ်တယ်။
Melanoma stages အဆင့်တွေ ခွဲထားတာမှာ -
1. အဆင့် (ဝ) ဆိုရင်
99.9% အသက်ရှင်မယ်၊
2. အဆင့် (၁) Invasive Melanoma ဆိုရင် Survival ရှင်နှုံး
85-99% ရှိတယ်၊
3. အဆင့် (၂) High Risk Melanoma ဆိုရင် Survival ရှင်နှုံး
40-85% ရှိတယ်၊
4. အဆင့် (၃) Regional Metastasis ဆိုရင် Survival ရှင်နှုံး
25-60% ရှိတယ်၊
5. အဆင့် (၄) Distant Metastasis ဆိုရင် Survival ရှင်နှုံး 9-15%
ရှိတယ်။
နေရောင်ထဲက Ultraviolet radiation ခရမ်းလွန်ရောင်ခြည်ဟာ
လက်ညှိုးထိုးရမဲ့ တရားခံ ဖြစ်ပါတယ်။ နောက်ပေါ် နေကာ Sunscreen တွေမှာ Avobenzone,
Zinc and Titanium တွေပါလို့ UVA နဲ့ UVB ဒီရောင်ခြည်တွေ ရန်ကနေ အတော် ထိရောက်အောင်
ကာကွယ်နိုင်တယ်လို့ ယုံကြည်ရတယ်။ ဒါပေမဲ့ Sunscreen ကနေ Melanoma ကိုပါ
ကာကွယ်နိုင်မလား မသေခြာသေးပါ။ အသားအရေညိုစေအောင် Tanning လုပ်တာဟာ အရေပြားကင်ဆာ
ဖြစ်မှာ နည်းစေမယ်လို့ ထင်ရပေမဲ့ Melanomas ပိုဖြစ်စေနိုင်တယ်။
“အရိပ်တိုချိန် နေပူမထွက်နဲ့” ဆိုတာ ဥပဒေသ ဖြစ်တယ်။ မနက် ၉ နာရီကနေ ညနေ ၃
နာရီအတွက် နေထဲထွက်ရင် မှဲ့-အရေပြား ကင်ဆာဖြစ်ဘို့ အဆိုးဆုံးကာလတွေ
ဖြစ်တယ်။
Treatment ကုသဘို့ ခွဲစိတ်တာနဲ့စတယ်။
• “အနာကို ဘေး ၁-၂
စတင်တီမီတာ အရေပြား အကောင်းကိုပါ လှီးထုတ်မယ်၊ မှန်ဘီလူးနဲ့ စစ်ဆေးမယ်၊
ရေတို-ရေရှည် ဆက်ကြည့်နေမယ်” ဆိုတာ မလွဲတမ်း လုပ်ရတဲ့ ကုသနည်း ဖြစ်ပါတယ်။ နုသေးရင်
အရေပြာအကောင်း နဲနဲသာ လှီးဖြတ်ဘို့ လိုမယ်။
• Melanoma-in-situ အစောဆုံးအဆင့်မှာ
ခွဲရရင် ပျောက်နှုန်း ၇၇-၉၈% အထိရှိတယ်။ တက်စေ့တွေပါ ထုတ်ပေမဲ့ သိပ်အကျိုးမများလှတာ
တွေ့ရတယ်။
• High risk melanomas ဆိုတာကို Adjuvant treatment ခေါ်တဲ့
ကုသနည်းမှာ High-dose Interferon ဆေး ၁ နှစ် ကြာပေးတယ်။
• ပြန့်နေတဲ့အဆင့်
Metastatic melanomas ကို X-rays, CT scans, MRIs, PET and PET/CTs, Ultrasound,
LDH testing and Photoacoustic detection နည်းတွေနဲ့ စစ်ဆေးမယ်။
• Chemotherapy
ဆေးဝါးနည်းမှာ သုံးတာက Dacarbazine (DTIC) နဲ့ immunotherapy ကုသနည်းမှာ သုံးတာက
• Interleukin-2 (IL-2) ဒါမှမဟုတ် Interferon (IFN) တွေဖြစ်တယ်။
• Radiation
therapy ဓါတ်ရောင်ခြည်ကင် ကုသနည်း၊
• Cell and Targeted Therapies
နည်းလဲရှိပါသေးတယ်။
Dr. တင့်ဆွေ-medicaleducation.blogspot
၂၄-၁-၂ဝ၁၁

Cervical cancer rates have tumbled after a national Pap Smear screening programme came into play in 2004.


Cervical cancer rates have tumbled after a national Pap Smear screening programme came into play in 2004.

Not only did far fewer women contract the disease during its first four years, but the number of deaths also dropped sharply.

Pap smears detect traces of cancer, and early treatment can prevent full-blown cervical cancer, the ninth most common form of the disease among Singapore women.

The test has been available here since 1964, but conducted mostly on an ad hoc basis. Then in 2004, CervicalScreen Singapore, the national cervical cancer screening programme, was launched by the Health Promotion Board (HPB).

~YourHealth

▂ ▃ ▅ ▆ █ #Ask The Expert █ ▆ ▅ ▃ ▂

If you have any questions on Female Health, please join us on our upcoming Facebook #Ask The Expert Session with Obstetrician and Gynaecologist, Dr Anthony Siow.

►►►Click on the event link to find out more https://www.facebook.com/events/348216025283556

မိန်း​​မ​​ချောများ​​၏ ဝတ်လစ်စလစ်ပုံများ​​ ကြည့်​​ရှုခြင်း​​ဖြင့်​​ ဦး​​​နှောက်စွမ်း​​​ဆောင်ရည်တိုး​​မြှင့်​​နိုင်

  နှစ်လိုဖွယ် မိန်း​​က​​လေး​​များ​​၏ ဝစ်လစ်စား​​လစ် ဓာတ်ပုံများ​​ကို ကြည့်​​ရှုခြင်း​​သည် ဦး​​​နှောက်၏ စွမ်း​​​ဆောင်ရည်များ​​ကို တိုး​​မြှင့်​​​ပေး​​​ကြောင်း​​ သိရှိရသည်။ သု​​တေသီများ​​က Page 3မှ လှပ​​သော ​​လေဆီ၊​ ကီလီနှင့်​​ ရီအန်တို့​​ကဲ့​​သို့​​ ​​မော်ဒယ်မိန်း​​က​​လေး​​များ​​၏ အဝတ်ဗလာ ဓာတ်ပုံများ​​ကို ပြသြပီး​​ စမ်း​​သပ်ချက်အရ ဦး​​​နှောက်၏ စွမ်း​​​ဆောင်ရည်ကို လှုံ့​​​ဆော်​​ပေါ်နိုင်​​ကြောင်း​​ ​​ဖော်ထုတ်နိုင်ခဲ့​​သည်။ဦး​​​နှောက်၏ လျှပ်စစ်ဇီဝ စီး​​ဆင်း​​မှုများ​​သည် လှပ၍ ကြည့်​​​ကောင်း​​​သော မိန်း​​က​​လေး​​၊​ ​​ယောကျာ်း​​​လေး​​ ဓာတ်ပုံများ​​ကို မြင်ရသည့်​​အခါ ပိုမိုတုံ့​​ပြန်မှု မြန်လာတတ်​​ကြောင်း​​ သိရသည်။ အကယ်၍ ဓာတ်ပုံထဲတွင် ပါ​​သော မိန်း​​က​​လေး​​များ​​ကို ​​ရေကူး​​ဝတ်စုံနှင့်​​ပုံ၊​ သို့​​မဟုတ် အဝတ်အစား​​ အပြည့်​​အစုံနှင့်​​ပုံများ​​ဖြင့်​​ ပြသပါက ဦး​​​နှောက်၏ တုံ့​​ပြန်မှုသည် အဝတ်မပါ​​သော ပုံများ​​တွင် မြင်ရချိန်ထက် ၀.၂ စက္ကန့်နှောင့်​​​နှေး​​​နေတတ်​​ကြောင်း​​ ​​ဖော်ထုတ်နိုင်ခဲ့​​သည်။ဖင်လန်နိုင်ငံ တမ်ပီရီ တက္ကသိုလ်မှ ပ​​ရော်ဖက်ဆာ ဂျာရီဟီတာနန်က “ကျွန်​​တော်တို့​​ရဲ့​​ အချက်အလက်​​တွေက အမြင်အာရုံရဲ့​​ နှိုး​​ဆွမှုဟာ ဦး​​​နှောက်ကို သက်​​ရောက်နိုင်တယ်ဆိုတာ ပထမဆုံး​​အကြိမ် လက်​​တွေ့​​ပြနိုင်ခဲ့​​ပါတယ်။ အထူး​​သဖြင့်​​ လိင်နဲ့​​ဆိုင်တဲ့​​ လှုံ့​​​ဆော်မှုဟာ ဦး​​​နှောက်ရဲ့​​ တွက်ချက်မှု မြန်နှုန်း​​ကို သိသိသာသာ ဆက်စပ်သွား​​တယ်ဆိုတာ မြင်ခဲ့​​ပါပြီ”ဟု ​​ပြောကြား​​သွား​​ခဲ့​​သည်။

ပန်းသီး၏ ကျန်းမာရေး စွမ်းပကား

တစ်နေ့မှာ ပန်းသီး တစ်လုံး စားရင် ဆရာဝန် နဲ့ ဝေးဝေးမှာ နေနိုင်တယ် ဆိုတဲ့ ဆိုရိုး စကား ရှိပါတယ်။ ပန်းသီးဟာ အရသာလည်း ရှိလှသလို ကျန်းမာရေး နဲ့ လည်း ညီညွတ်မှု ရှိတာကြောင့် ပန်းသီး ကနေ ရရှိ နိုင်တဲ့ ကျန်းမာရေး အကျိုးကျေးဇူးတွေ အကြောင်း လေ့လာထားတဲ့ တွေ့ရှိချက် အသစ်တွေကို ဖော်ပြ ပေးလိုက် ပါတယ်။
အယ်လ်ဇိုင်းမား ရောဂါကို ကာကွယ် ပေးနိုင်ခြင်း
ပန်းသီးမှာ ကွာစီတင် လို့ ခေါ်တဲ့ အစွမ်းထက် အင်တီ အောက်ဆီးဒင့် ပါဝင် နေတာကြောင့် ဦးနှောက်ဆဲလ်တွေ ပျက်စီး ထိခိုက်မှုက နေ ကာကွယ် ပေးနိုင် ပါ တယ်။ ပန်းသီး စားတဲ့ အခါမှာ ပန်းသီး အခွံကိုပါ စားပေးသင့် ပါတယ်။ အကြောင်း ကတော့ ပန်းသီးအခွံ မှာ ရောဂါကို တွန်းလှန် ပေးနိုင်တဲ့ ဒြပ်ပေါင်းတွေ အများကြီး ပါဝင် နေလို့ ပါပဲ။
အူမကြီး ကင်ဆာကို ကာကွယ် ပေးနိုင်ခြင်း
ပန်းသီးတွေထဲ မှာ ပါဝင်တဲ့ သဘာဝ အမျှင်ဓာတ် ဟာ အူမကြီးထဲ ကို ရောက်ရှိတဲ့ အခါ ကင်ဆာဆဲလ် ဖြစ်ပေါ်မှုကို တွန်းလှန် ပေးနိုင်တဲ့ ဓာတ်တွေ ထွက်ရှိ စေပါတယ်။
သွေးတိုးရောဂါ မဖြစ်အောင် ကာကွယ်ပေးခြင်း
နေ့စဉ် ပန်းသီး တစ်လုံး စားတဲ့ အရွယ်ရောက်သူတွေ မှာ သွေးတိုး ရောဂါ ဖြစ်နိုင်ခြေ ၃၇ ရာခိုင်နှုန်း လျော့ကျမှု ရှိတာကို လတ်တလော လေ့လာမှု တစ်ရပ် အရ သိရ ပါတယ်။
Ref:swesonemediagroup

#Awakening the Appetite:Breakfast - Blueberry and Banana Oatmeal with Lemon Crema

#Awakening the Appetite:Breakfast - Blueberry and Banana Oatmeal with Lemon Crema

The bursting freshness of blueberries paired with bananas is classic and the addition of a zesty lemon cream makes the whole dish sparkle.

Serves 4
1 cup quick-cooking oats
3 cups water
¼ teaspoon salt
1 punnet fresh blueberries (about 150g)
1 whole ripe banana

For the lemon crema:
Zest of 1 lemon
150ml double cream


Directions:
• Combine the oats, water and salt together in a saucepan, and bring to a boil. Turn down the heat to a gentle simmer, and cook for 5 minutes, stirring occasionally. Remove from the heat.
• Wash and pick through the blueberries, discarding any that appear bruised or damaged. Make sure that you dry the blueberries thoroughly. Set them aside.
• Peel the banana and cut into 4 equal parts and slice each part into 5 slices. Set them aside.
• To make the lemon crema, combine the lemon zest and double cream in a small bowl, and whisk until slightly thickened.
• To assemble, take 4 medium bowls and add the warm oatmeal to each. Scatter the blueberries and bananas over the top of the oatmeal. Place a generous dollop of the lemon crema on top of each and serve.

Note:
Everything, except the preparation of the oatmeal, can be done in advance and assembled as soon as the oatmeal has been cooked.

#A-Z of healthful ingredients: Zucchini


#A-Z of healthful ingredients: Zucchini

Zucchini together with acorn squash and other members of the squash and pumpkin families, zucchini contain loads of anti-cancer carotenoids, particularly beta-carotene. These foods are all naturally sweet, easy to eat and digest, and are versatile. Mash, make into soup, bake or stir-fry; take your pick.

လိင်ကိစ္စအပြုအမူနဲ့ ကင်ဆာ


လိင်ကိစ္စအပြုအမူနဲ့ ကင်ဆာ

ကင်ဆာဟာ လူနေမှုစရိုက်ပြောင်းလဲမှုနဲ့ ဆက်စပ်နေပါတယ်။ လူနေမှုစရိုက်ဆိုတာမှာ လိင်ကိစ္စဟာလည်း အရေးကြီးတဲ့ ကဏ္ဍတစ်ခုပါ။ လိင်ကိစ္စစရိုက်ကလည်း အခုခေတ်မှာ အကြီးအကျယ် ပြောင်းလဲနေပါပြီ။ လိင်ကိစ္စနဲ့ ကင်ဆာ ပတ်သက်နေတာမှာ အထင်ရှားဆုံးသော ဥပမာကတော့ “အေ့ (ဒ) (စ်)” AIDS ရောဂါပဲ။

ဒီရောဂါမှာ “ကာပိုစီဆာကိုးမား” လို့ခေါ်တဲ့ အရေပြားကင်ဆာ အဖြစ်များတယ်။ ကာပိုစီဆာကိုးမားကတော့ အရင်က အင်မတန်ရှားတဲ့ အရေပြားကင်ဆာ တစ်မျိုးပါ။ “အေ့ (ဒ) (စ်)” ပေါ်လာကာမှ တော်တော်လေး တွေ့လာရတာ။

"အေ့ (ဒ) (စ်)” ကတော့ လိင်တူ (ယောက်ျားအချင်းချင်း) ဆက်ဆံသူနဲ့ အခြားလိင်တူ မဟုတ်ပေမယ့် လူများများနဲ့ ဆက်ဆံသူတွေမှာ ဖြစ်လေ့ရှိတယ်။"

အခုခေတ်အခါမှာ လိင်ကိစ္စမှာ လျော့ရဲပြီး စည်းလွတ်လာကြတော့ ဟိုတစ်ခေတ်တစ်ခါကလို တစ်လင် တစ်မယား သစ္စရှိရှိ တစ်ဦးတည်းနဲ့ သေတစ်ပန်သက်တစ်ဆုံး ဆက်ဆံသူဦးရေဟာ လျော့လာပြီ။ ဒါဟာ ဖွံ့ဖြိုးတိုးတက်ပါတယ်ဆိုတဲ့ နိုင်ငံတွေမှာ ပိုဆိုးတယ်။ ခေတ်ဆန်လာတာနဲ့အတူ စာရိတ္တအဆင့်အတန်းကလည်း ကျဆင်းလာတော့တာပဲ။

အနောက်နိုင်ငံတွေကိုပဲ လက်ညှိုးထိုးနေလို့ မရတော့ဘူး။ အာရှနဲ့ အခြား “ခေတ်မီ” နိုင်ရေးအတွက် စိုင်းပြင်းနေကြတဲ့ စီးပွားရေးတက်သစ်စနိုင်ငံတွေမှာလည်း စာရိတ္တခြစားမှုဟာ တစ်နေ့တခြား ဆိုးနေပါပြီ။ လိင်ကိစ္စနဲ့ သက်ဆိုင်တဲ့ နောက်ကင်ဆာကတော့ သားအိမ်ခေါင်းကင်ဆာပဲ။

ဒီကင်ဆာဟာ ဗိုင်းရပ် (ပ်) တစ်မျိုးနဲ့ ဆက်စပ်နေတယ်ဆိုတာတော့ သိပြီးကြပြီ။ ဒီမှာလည်း တစ်ဦးတည်းနဲ့ မဟုတ်ဘဲ အတွဲခပ်များများနဲ့ ဆက်ဆံသူ အမျိုးသမီးတွေမှာ ပိုဖြစ်တယ်။

သားမွေးမှုနဲ့ ကင်ဆာ ပတ်သက်နေပုံကတော့ ကလေးနည်းတဲ့သူတွေမှာ ရင်သားကင်ဆာ ပိုအဖြစ်များပြီး ကလေးများများမွေးခဲ့တဲ့ မိခင်တွေမှာ သားအိမ်ခေါင်းကင်ဆာ ပိုဖြစ်တယ်။

Credit to - ဒေါက်တာ မြင့်မြင့်ခင်
B.A (Rgn), M. B. B. S (Rgn)
F. R. C. P (Edin)
(ကင်ဆာ)

ရေနွေးညသိပ် အဆိပ်ထက်ပြင်း

ရေနွေးညသိပ် အဆိပ်ထက်ပြင်း

ယောမြို့စားအတွင်းဝန် ဦးဘိုးလှိုင်ရဲ့နာမည်ကျော်ဥတုဘောဇန သင်္ဂဟကျမ်းမှာ ဖော်ပြထားတဲံ့ ရေနွေး။ရေကျက်အေး ရေအေးတို့နဲံပတ်သက်တဲ့ သိမှတ်ဖွယ်ရာဗဟုသုတတွေဒီစာအုပ်မှာ ပါဝင်တယ်. နောက်ဆုံးတင်ပြလိုတာကတော့.....

(၁) ရေနွေး ကျိုချက်တဲ့အခါမှာ ဆူပွက်ပြီးကျက်အောင်ကျိုပါ။

(၂) ကော်ဖီဖျော်ရင် ခြောက်နာရီအတွင်း ကျိုချက်ထားတဲံ ရေနွေးနဲ့ဖျော်ပါ။

(၃) ဓာတ်ဗူးထဲက ရေနွေးနဲံဖျော်ရင် ခြောက်နာရီထက်ကျော်ပြီး ဓာတ်ဗူးထဲမှာ လှောင်ထားသော ရေနွေးကိုမသုံးသင့်ပါ။

(၄)ဓာတ်ဗူးထဲမှာ အေးပြီးသားရေနွေးကို ဓာတ်ပျက်ရေနွေးဖြစ်လို့ ပြန်နွေးပြီး မသုံးပါနဲံ။ပြန်ကျိုချက်ပြီး မသုံးပါနဲ့။

(၅)ညသိပ်ရေနွေး ။ရေနွေးကြမ်းဟာ အဆိပ်ဖြစ်လို့ အစာအိမ်ကို ကမောက်ကမ ဖြစ်စေနိုင်ပါတယ်။

(၆)ရေနွေးသောက်ပြီး တစ်နာရီအတွင်းမှာ ရေအေးမသောက်ပါနဲ့။ ရေအေးသောက်ပြီး တစ်နာရီအတွင်းမှာ ရေနွေးမသောက်ပါနဲ့။ အထက်ပါအယူအဆတွေဟာ မလွဲနိုင်တဲံ့ တိုင်းရင်းဆေးပညာ ဥပဒေသ အယူအဆတွေဖြစ်ကြောင်း တင်ပြအပ်ပါသည်။.

credit(http://www.lubo601.com/2013/03/blog-post_8991.html)

By ထွန်းတောက်နိုင်ငံခြားဆေးနှင့်မြန်မာဆေးမျိုးစုံဆိုင်(Tun Tauk Pharmacy)


ကင်းပုံ(Wild Snake Gourd )ပင် နှင့်သူ၏အသုံးဝင်ပုံများ

အပင်


အမြဲစိမ်း သစ်ပျော့နွယ်ပင် ဖြစ်သည်။ ပင်စည် သေးသွယ်၍ နွယ်နှာမောင်း ၂-၄ ခု ခွဲထွက်သည်။


အရွက်
ပင်စည် သို့မဟုတ် ရိုးတံ၏ တစ်ဖက်တည်း မှ ထွက်၏။ အ၀ိုက် ၃ ၀ိုက်ပါ၍ ထိပ်အ၀ိုက်တွင် ထောင့် ၃ ထောင့် ပါပြီး ဘေးအ၀ိုက် ၂ ခုသည် လိပ်ပြာတောင်ပုံဖြစ်နေသည်။ ရွက်ရင်းဟိုက်သည် ၊ ရွက်ပြားပါး၍ ချောမွတ်သည် ။ ရွက်နား လှိုင်းတွန့် အနည်းငယ် ရှိ၏ ။ ရွက်ညာ အလွန်ရှည်သည်။

အပွင့်
ရွက်ညှာကြားမှ ထွက်သည်။ အဖြူရောင် ပွင့်ဖတ် ၅ ခုပါသည်။ ပွင့်ချပ်အစိမ်းရောင်ရှိပြီး ထိပ်တွင် နီညိုရောင်သမ်းသည်။ ပွင့်ညှာတံ ရှည်သည်။

အသီး
လုံး၍ ရှည်မျောမျောပုံရှိသည်။ ၂ လက်မကျော်ခန့် ရှည်သည်။ အခွံ ပြောင်ချောပြီး အစိမ်းပေါ်တွင် အဖြူစင်းများရှိ၏။ မှည့်သောအခါ လိမ္မော်နီရောင် ရှိသည်။ အစေ့လွန်းပုံရှိသည်။ နွေရော မိုးပါ သီးသော်လည်း မိုးရာသီတွင် ပိုသီးသည်။


 ပဉ္စငါးပါး ၊ အရွက် ၊ အသီး ၊ အမြစ်။

မြန်မာနိုင်ငံတွင်တွေ့နိုင်သောနေရာများ
: မြန်မာနိုင်ငံ အနှံ့အပြားတွင် ပေါက်ရောက်သည်။ မြန်မာနိုင်ငံတွင် အလေ့ကျပေါက်သည်။ သစ်ပင် ခြံစည်းရိုးတို့တွင်လည်း ပေါက်လေ့ရှိသည်။

အသုံးဝင်ပုံ : အာနိသင်
မြန်မာဆေးကျမ်းများ အလိုအရ ကင်းပုံသီးသည် ခါး၏ ၊ အေး၏ ၊ သလိပ်သည်းခြေကို နိုင်၏ ၊ ၀မ်းကိုသက်စေသည် ၊ အရွက်သည် ဖန်၏ ၊ ခန္ဓာကိုယ်ကြီးထွား သန်မာမှုနှင့် အရိုး ၊ သွားများ တည်ဆောက်မှုကို အားပေး၍ အာရုံကြောများကို လည်း လန်းဆန်း စေသည်။

အသုံးပြုပုံ-

ပဉ္စငါးပါး
၁ ။ ပင်စည်ပြုတ်ရည်ကို သလိပ်ရွှင်ဆေးအဖြစ် အသုံးပြုရာ၌ အထူးထင်ရှား၏ ။

အရွက်
၁။ အရွက်စိမ်းကို ဆီးချိုရောဂါရှိသူများ ကြော်ချက်စားသုံးရ၏ ။
၂ ။ ကင်းပုံရွက်နှင့် နံနံစေ့ ဆတူကို ပြုတ်၍ အဖျားကျဆေး ၊ ၀မ်းပျော့ဆေးအဖြစ် အသုံးပြုသည်။
၃။ ကင်းပုံရွက်ကို သန်ကျဆေး ဖော်စပ်ရာ၌ သုံး၏ ။
၎။ ကင်းပုံရွက် အရည်ကို ရေယုန်နာပေါ်သို့ မကြာခဏတို့ပေးလျှင် ရေယုန်နာ ပျောက်ကင်းသည်။
၅ ။ ကင်းပုံရွက်ကို သည်းခြေပျက်ခြင်းနှင့် အဆုတ်ပြွန်ရောင် ရောဂါတို့အတွက် ဖော်စပ်သောဆေးများတွင် ထည့်သွင်း အသုံးပြုသည်။

အသီး
၁ ။ ကင်းပုံသီးကို သားသည် မိခင်များ နို့ထွက်စေရန် နှင့် လေရောဂါ ၊ သွေးဖောက်ပြန် သောရောဂါ ၊ ပန်းနာ ချောင်းဆိုး ရောဂါများ၌ အသုံးပြုသည်။

အမြစ်
၁။ အမြစ်ကို အဖျားကျဆေး၊ ၀မ်းသက်ဆေး အဖြစ်သုံးသည်။ (ကင်းပုံတွင် အခါး၊ အချို နှစ်မျိုးရှိသည့် အနက် ဆေးဖက်တွင် အခါးကို အသုံးများသည်။)

ဟင်းနုနွယ်ရွက်-- က ကင်ဆာပိုင်ရှင်များအတွက်ကောင်းသည်။

ဟင်းနုနွယ်ရွက်-- က ကင်ဆာပိုင်ရှင်များအတွက်ကောင်းသည်။