တုပ်ကွေးကို တွန်းလှန်နိုင်တဲ့ အစားအစာများ
တုပ်ကွေးကို တွန်းလှန်နိုင်စွမ်း ရှိပြီး ကိုယ်ခံစွမ်းအား စနစ်ကိုလည်း ကောင်းမွန်စေတဲ့ အောက်ပါ အစာတွေကို ဖျားချင်သလိုလို၊ ကိုယ်လက်ကိုက်ခဲ နွမ်းနယ်နေသလိုလို ဖြစ်တဲ့ အခါတွေမှာ စားပေးပါ။ တုပ်ကွေး လက္ခဏာနဲ့ ပြင်းထန်မှုကို လျော့ပါးသွား စေပါတယ်။
မှိုစွပ်ပြုတ်
မှိုတွေကို စွပ်ပြုတ်ထဲ ထည့်ချက်ပြီး သောက်တာကြောင့် ကိုယ်ခံစွမ်းအားစနစ်ကို ကောင်းမွန် တိုးတက်စေပါတယ်။ တက်ဖ်တက္ကသိုလ်ရဲ့ လေ့လာမှုအရ မှိုတွေဟာ ဗိုင်းရပ်စ်ပိုးကို တွန်းလှန်နိုင်တဲ့ ပရိုတင်းဓာတ် ထုတ်လုပ်မှုကို တိုးမြင့်စေပြီး တုပ်ကွေးကို တွန်းလှန်ပေးနိုင်စွမ်း ရှိကြောင်း သိရပါတယ်။
ချိစ် (Cheese)
ဆင်းဒဝှစ်ခ်ျ၊ ပီဇာ၊ ပေါင်မုန့်တွေမှာ ချိစ်ထည့်ပြီး စားပေးပါ။ ချိစ်တစ်ပြားမှာ ပါတဲ့ အကျိုးပြု ဘက်တီးရီးယားဟာ ခန္ဓာကိုယ်ကို ကာကွယ်ပေးပြီး ကိုယ်ခံစွမ်းအားစနစ်ကို အားကောင်းစေတဲ့ ဘက်တီးရီးယားတွေ ဖြစ်ပါတယ်။
လိမ္မော်သီး
တစ်နေ့ လိမ္မော်သီး နှစ်လုံး-သုံးလုံးလောက် စားပါ။ ဒါဆိုရင် ဗီတာမင်စီ ၂၀၀ မီလီဂရမ် ရရှိတာကြောင့် တုပ်ကွေးလက္ခဏာ ခံစားရချိန်ကို တိုတောင်းစေပါတယ်။ လေ့လာမှုအရ လိမ္မော်သီးမှာ ကျန်းမာရေးကို ကောင်းမွန်စေတဲ့ ဖိုင်တိုနျူးထရီးရန့်တွေ ပါဝင်တယ်လို့ သိရပါတယ်။
By ဇွန် (Good Health)
ဆီးချို၊ သွေးချို ရောဂါအတွက် ပျားမြီးရွက်ပင်
ဆီးချို၊ သွေးချို (Dibetes) ရောဂါ ကုသရေး အတွက် တိုင်းရင်းဆေး ဖြစ်တဲ့ ပျားမြီးရွက်အပင် (Bee Tail Plant) အကြောင်း သိမှတ်ဖွယ်...
(၁)။ ဆေးပင်အမည်= ပျားမြီးရွက်အပင် (Bee Tail Plant)
(၂)။ မူရင်း= ထိုင်ဝမ်
(၃)။ ပျံ့နှံ့မှု=မြန်မာ၊ထိုင်း၊ မလေးရှား၊စကာင်္ပူ၊အင်ဒိုနီးရှား၊
(၄)။ ထူးခြားမှု= ပင်ပျော့၊ နွယ်ပင်မျိုးဖြစ်သည်။
အရွက်သည် ပျားကိုယ် အနောက်ပိုင်းနဲ့တူပြီး အရွက်ဘေးတွင် အထစ်များ ပါဝင်သည်။ ရင့်သော အပင်များ၏ ပင်စည်သည် နီညိုရောင် ရှိသည်။ အရိုး၊ အလက်ကိုဖြတ်၍ မြေတွင် စိုက်ရုံဖြင့် ရှင်သန်သည်။ မျိုးပွားလွယ်သည်။
(၅)။ ကုသနည်း= ဦးစွာ သွေးချို၊ ဆီးချိုကို စစ်ဆေး တိုင်းတာရပါမည်။
(က) ပုံမှန် ထက်အနည်းငယ် တက်နေပါက တစ်နေ့လျှင် ပျားမြီးရွက် တစ်ရွက်အား
ရေသန့်သန့်နှင့်ဆေး၍ ဝါးစားရန်ဖြစ်သည်။
စားပြီးနောက်တစ်နေ့တွင် ဆီးချို၊သွေးချိုကို ပြန်တိုင်းကြည့်ပါ။
( ပုံမှန်ဖြစ်သွားပါက ဆက်စားရန်မလိုပါ )
(ခ) ဆီးချို၊သွေးချိုသည် (၂၀၀)နှင့် (၃၆၀)ကြားရှိပါက နေ့စဉ် ပျားမြီးရွက် သုံးရွက်ကို ရေစင်စင် ဆေး၍ ဝါးစားရန်ဖြစ်သည်။

(ဂ) အကယ်၍ ဆီးချို၊သွေးချိုသည် (၄၆၀)ကျော်ထိ ဖြစ်နေပါက ပျားမြီးရွက် အစိမ်း (၆)မှ (၉)ရွက်ထိ ရေသန့်သန့်ဖြင့် ဆေးပြီး ဝါးစားရန် ဖြစ်ပါသည်။

(ဃ) အကယ်၍ ဆီးချို၊သွေးချိုသည် ပျားမြီးရွက်စားများ၍ သွေးချိုကျဆင်းသွားပါက အချိုရည် တစ်ခုခုကို သောက်သုံးနိုင်သည်။
မူလ (Normal Level) အခြေသို့ရောက်သွားသောအခါ အချိုရည် အစားအစာကို ခေတ္တ ရပ်ထားလိုက်ပါ။
(င) ဆီးချို၊သွေးချို ကြောင့် ခွဲစိတ်ရန် လိုအပ်သူများသည် အထက်ပါ ပျားမြီးရွက်ကို စားခြင်းဖြင့် အဆင်ပြေနိုင်ကြောင်း လေ့လာသိရှိရပါသည်။
ဆီးချို၊သွေးချို ရောဂါနှင့် ပတ်သက်၍ ကျွန်တော် လက်လှမ်းမီသမျှ လေ့လာ ထားတာ ရှိပါသည်။ ဆီးချို၊ သွေးချို ရောဂါဆိုတာ သွေးထဲမှာ သကြားဓာတ်(အချိုဓာတ်) လွန်ကဲ များပြား နေခြင်းကြောင့် ဖြစ်ပေါ်လာသည့် ရောဂါမျိုး ဖြစ်ပါသည်။ အမျိုးသား အမျိုးသမီး မရွေး ဖြစ်နိုင်သည် ရောဂါ ဖြစ်ပါသည်။ မျိုးရိုးလိုက်၍ ဆီးချို၊ သွေးချို ရောဂါ ဖြစ်နိုင်သလို ကိုယ်ခန္ဓာ ဝသူ၊ပိန်သူ၊ ကြီးသူ၊ ငယ်သူ ဖြစ်ပါစေ ၊ အစားအသောက် အနေအထိုင် မဆင်ခြင်ပါက ဆီးချို၊ သွေးချိုရောဂါ ဖြစ်နိုင်ပါသည်။ သွေးဖောက်စစ် ဆေးလို့ ရောဂါ မရှိပေမယ့် တစ်ချိန်ချိန်မှာ ဆီးချို၊ သွေးချိုရောဂါ ရှိလာနိုင်ကြောင်းလည်း လေ့လာ သိရှိရပါသည်။
ဆီးချို၊ သွေးချို ရှိလာလျှင် နှလုံးသွေးကြောကျဉ်း ရောဂါဖြစ်ဖို့ အခြေအနေ ပိုလာနိုင်ခြင်း၊ သွေးတိုး ရောဂါခံ ရှိနေသူသည် ဆီးချို၊သွေးချို ရောဂါ ရှိလာပါက လေဖြတ်နှုန်း ပိုများလာနိုင်ခြင်း ၊ဆီးချို၊ သွေးချို ရောဂါကြောင့် ဖြစ်လာနိုင်သော ရောဂါများတွင် အနာများ ပေါက်ပွားလာနိုင်ခြင်း ၊ ထိုအနာများသည်လည်း ပျောက်ခဲခြင်း ၊ ထိုပြင် နောက်ဆက်တွဲ ရောဂါ များစွာလည်း ဖြစ်လာနိုင်သည့် အပြင် အနေဆင်းရဲ အစား ဆင်းရဲခြင်း များပါ ခံစား ရတတ်ပါသည်။
ဒါပေမယ့် ပျားမြီးရွက်ကို စနစ်တကျ စားသုံးမှီဝဲခြင်းဖြင့် ဆီးချို၊ သွေးချိုရောဂါကို သက်သာ ပျောက်ကင်းအောင် ထိန်းသိမ်း ထာနိုင်ကြောင်း တွေ့ရပါသည်။
ထို့အတူ ဆီးချို၊သွေးချိုရှိရာ ရောဂါဝေဒနာရှင် စားသုံးသူတိုင်း အတွက်လည်း ဆက်၍ နေ့စဉ် ၁...၂ ရွက် စားသုံး၍ ရောဂါ ကို ထိန်းထား(control) လုပ်နိုင်သောကြောင့် အကျိုး ထိရောက်မှု ရှိနေကြောင်း သိရပါသည်။
ဆေးဖက်ဝင်ပျားမြီးရွက်နှင့် ဆေးဆောင်းပါးများ
စောငုဝါ
ကျန်းမာရေးစာတိုများစုစည်းမှု
မြ၀တီ
သင့်ကျန်းမာရေး အကောင်းဆုံး အခြေအနေတွင် ရှိစေရန်
•••••••••••••••••••••••••••••••••••••••••••••••••••••••
by #ပိုပိုဇော်(သဘာဝအားအင်)February 15, 2014 at 12:27am
သင့်ကျန်းမာရေး အခြေအနေကို သင်အသိဆုံးပါ။ ဆရာဝန်တွေက သင်ခံစားနေရတဲ့ ဝေဒနာ အလုံးစုံကို မသိနိုင်ပါဘူး။ သင့်အနေနဲ့ ရောဂါဝေဒနာ တစ်ခုခု ခံစားနေရတဲ့ အချိန်မှာ သင့်ကျန်းမာရေးက အကောင်းဆုံး အခြေအနေမှာ ရှိနေစေဖို့ သိထားသင့်တဲ့ အချက်တွေရှိပါတယ်။
(၁) ခန္ဓာကိုယ်အသံကို နားဆင်ပါ
သင့်ခန္ဓာကိုယ်က အမြဲတမ်း အချက်ပြနေပါတယ်။ တကယ်လို့ ကောင်းကောင်း နေမကောင်းဘူးဆိုရင် သင့်ကျန်းမာရေးကို ပြန်လည် စမ်းသပ်ရှာဖွေဖို့ အချိန်တန်နေပါပြီ။
(၂) ရောဂါရှာဖွေမှု အတွက် နှစ်ကြိမ်ခန့် စစ်ဆေးပါ
ရောဂါရှာဖွေတဲ့ အခါမှာ တစ်ကြိမ်နဲ့ အားမရဘဲ နေရာပြောင်းပြီး ဒုတိယအကြိမ်နဲ့ တတိယအကြိမ် ပြန်လည် စမ်းသပ်ရှာဖွေမှုကို လုပ်ဆောင်သင့်ပါတယ်။ ဥပမာ အနေနဲ့ သင့်မှာ အသည်းရောင် အသားဝါဘီပိုး၊ စီပိုး ဒါမှမဟုတ် HIV ပိုးရှိနေကြောင်း အဖြေထွက်ခဲ့ရင်တောင် တခြား ရောဂါရှာဖွေရေး ဓာတ်ခွဲခန်းကို သွားပြီး ထပ်မံ စစ်ဆေးသင့်ပါတယ်။ တစ်ခါတစ်ရံမှာ လွဲမှားတဲ့ စစ်ဆေးမှု ရလဒ်တွေ ဖြစ်တတ်လို့ပါ။
(၃) သင့်ကျန်းမာရေး အခြေအနေအတွက် လေ့လာပါ
အင်တာနက်ထဲမှာ သတင်းအချက်အလက်တွေ အများကြီး ရှိနေပါတယ်။ သင်ခံစားနေရတဲ့ ရောဂါဝေဒနာတွေနဲ့ ပတ်သက်ပြီးလည်း ဆွေးနွေးပေးနိုင်တဲ့ အဖွဲ့တွေ ရှိပါတယ်။ ကျန်းမာရေးဆိုင်ရာ ဟောပြောပွဲတွေလည်း ရှိပါတယ်။ ဒီလို သတင်းအချက်အလက်တွေ ရနိုင်မယ့် နေရာမှန်သမျှ ဆက်သွယ်ပါ။ ဒါဆိုရင် သင့်ကျန်းမာရေး ပိုကောင်းလာဖို့ ဘယ်လို နည်းလမ်းတွေကို လုပ်ဆောင်ရမယ်ဆိုတာ အဖြေတွေ့လာပါလိမ့်မယ်။
(၄) ဆရာဝန်ကို မေးခွန်းများ မေးပါ
သင်သိလိုတဲ့ အချက်အလက်တွေကို စိတ်ရှည်လက်ရှည် ရှင်းပြလေ့ရှိတဲ့ ဆရာဝန်တွေနဲ့ တွေ့ဆုံဆွေးနွေးပါ။
(၅) သင်ယုံကြည်မှုရှိသော ဆရာဝန်နှင့် ကုသပါ
ဆေးကုသရာမှာ စိတ်ကလည်း အရေးပါပါတယ်။ သင့်အနေနဲ့ ဆရာဝန်အပေါ် ယုံကြည်အားကိုးစိတ်ရှိနေမှ ဆေးစွမ်းက ပိုထိရောက်မှု ရှိမှာပါ။ တကယ်လို့ သင့်ကို ကုသမှုပေးနေတဲ့ ဆရာဝန်အပေါ် ယုံကြည်မှုမရှိရင် တခြား ဆရာဝန်ထံ ပြောင်းပြသင့်ပါတယ်။
(၆) ပုံမှန် အပန်းဖြေ လေ့ကျင့်ခန်း လုပ်ဆောင်ပါ
သင့်အတွေးတွေ ရှင်းလင်းသွားစေဖို့ အတွက် သက်သောင့်သက်သာရှိတဲ့ အနေအထားမှာ နေပြီး မျက်စိမှိတ်ကာ အသက်ပြင်းပြင်းရှူတဲ့ လေ့ကျင့်ခန်းကို လုပ်ဆောင်ပေးပါ။ အချိန်အများကြီး မပေးနိုင်ရင်တောင် ငါးမိနစ်လောက်ပေးပြီး လုပ်ကြည့်သင့်ပါတယ်။ သတိပေးချက် အင်တာနက်မှာ ရောဂါလက္ခဏာတွေနဲ့ အခြေအနေတွေကို လေ့လာတဲ့အခါ သင်ရရှိတဲ့ အချက်အလက်တွေက မှန်ကန်ဖို့ လိုပါတယ်။ ဒါကြောင့် အသိအမှတ်ပြုထားတဲ့ ကျန်းမာရေး ဝက်ဘ်ဆိုက်တွေမှာ လေ့လာပါ။
ဇွန်
photo copy from google search
originally posted by Good Health
Source >>>http://natureenergycares.blogspot.com/2014/02/blog-post_14.html#more
ငှက်ပျောသီးခွံဖြင့် သွားကို ဖြူစေ
အလွယ်ကူဆုံး နည်းလမ်းပဲ ဖြစ်ပါတယ်။ တကယ်လည်း ငှက်ပျော်သီးခွံနဲ့ သွားကို ဖြူစေပါတယ်။
လုပ်ပုံလုပ်နည်း ငှက်ပျောသီးရဲ့  အတွင်းခံနဲ့ သွားကို ပွတ်လိမ်းပေး ရမှာ ဖြစ်ပြီး ၂ မိနစ်အတွင်းကို ယခင်က ဝါနေတာတွေ၊ မဲနေတာတွေ သိသိသာသာ လျော့နည်းသွားစေမှာ ဖြစ်ပါတယ်။ ဘာလို့လည်း ဆိုတော့ ငှက်ပျောသီးမှာပါတဲ့ ပိုတက်ဆီယမ်၊ မဂ္ဂနီဆီယမ်၊ မန်းဂနစ်စ် ဓာတ်များက သွားမှာ ကပ်နေတဲ့ အညစ်အကြေး၊ ဂျိုးများကို ကွာစေပြီး ဖြူဝင်းစေ လို့ ဖြစ်ပါတယ်။
ဒါကြောင့် ငှက်ပျောသီးခွံဟာလည်း အလွယ်ကူဆုံးနဲ့ သဘာဝအကျဆုံး သွားဖြူဆေး တစ်ခုဖြစ်တဲ့အတွက် ဗဟုသုတအနေနဲ့ မျှဝေပေးလိုက် ရပါတယ်။
--
Ref: medic-facts
အောင်ခမ်း ( ရိုးရာလေး )
=============================
လွင်သန္တာစိုး မီဒီယာမှ
စိတ်ဝင်စားဖွယ် အရေးကြီး သတင်းများ၊နည်းပညာ အသစ်များ၊အထွေထွေဗဟုသုတဖြစ် ဖွယ်စသည့် အကြောင်းအရာများကို အချိန်နှင့်တစ်ပြေးညီ တင်ဆက်ပေးနေပါတယ်။ သတင်းအသစ်တင်တိုင်း သိရှိလိုပါက http://www.facebook.com/lwinthandarsoe ကို Like
လုပ်ထားပေးပါရန်

No comments:
Post a Comment