Thursday, February 20, 2014

မှဲ့ကင်ဆာအကြောင်း ဖြစ်နိုင်ရင် ရေးပေးပါ ဆရာ။


ကင်ဆာ) ဆိုတာ နေရာတကာမှာ ဖြစ်နိုင်တယ်။
အရေပြားမှာ ဖြစ်တာထဲက ရှားပေမဲ့ အဆိုးဆုံးက Melanoma မှဲ့ကင်ဆာ။ မှဲ့ဟာ အရောင်၊
အရွယ်၊ ပုံသဏ္ဌာန်၊ အပြော့-အမာ ပြောင်းတာနဲ့ (ကင်ဆာ) ဖြစ်ဘို့ စလာတယ်။ အများဆုံး
တွေ့ရတာက မဲနက်-မဲပြာ အရောင်တွေပါ။ နဂိုက မှဲ့ရှိမနေဘဲ အသစ်လဲ
ဖြစ်လာနိုင်သေးတယ်။

ကြည့်လိုက်ရင် ညီညီညာညာ မရှိဘူး။
နခမ်းသားကလဲ မတိမကျ-မလှမပရှိတယ်။ အရောင်ကလဲ တညီထဲ မဟုတ်ဘူး။ ကြာလေ ကြီးလာလေ။
ဆိုးပေမဲ့ စောစောသိ စောစောကုရင်ရတယ်။ ကြာလေလေ အထဲရောက် လေလေ
ကူးသွားမယ်။

Melanocytes ဆိုတဲ့ အရေပြားကို အရောင်ဖြစ်စေတဲ့ (ဆဲလ်) တွေမှာ
(ကင်ဆာ) လာဖြစ်တာပါ။ အရေပြားမဟုတ်ဘဲ အူ နဲ့ မျက်စိမှလဲ ဒီရောဂါမျိုး ဖြစ်နိုင်တယ်။
အမျိုးသမီးတွေက ပိုများတယ်။ တနှစ်မှာ လူနာသစ် ၁၆ဝဝဝဝ တွေ့နေရတယ်။ သေဆုံးရသူပေါင်း
တနှစ် ၄၈ဝဝဝ ယောက်ရှိတယ်။ အမျိုးအစားခွဲပေါင်း ၁၃ ခုရှိတယ်။
အသေအခြာ
လေ့လာလို့ သိရတာက အလင်းရောင်ထဲက UV photon ကနေ အရေပြားထဲက အရောင်ကို ဖြစ်စေတဲ့
Chromophore ဆိုတာကို လာထိခိုက်ရာကနေ ဖြစ်ရတာတဲ့။ ဒိနောက်မှာ DNA ဆိုတာ
ထိခိုက်စေတယ်။ DNA Replication ဆိုတာ ကိုယ်တိုင် ပုံမှန်မဟုတ်ရင်လဲ ဖြစ်နိုင်တယ်။
ဒါ့ကြောင့် နေရောင်ထိမှသာ အရေပြား-မှဲ့ (ကင်ဆာ) ဖြစ်ရတာ မဟုတ်ပါ။
Signs and
symptoms လက္ခဏာတွေကို ABCDE ဆိုပြီး မှတ်လို့လွယ်အောင် လုပ်ထားတယ်။
• Asymmetry
ညီတူဘာတူ မဟုတ်ဘူး၊
• Borders (irregular) နခမ်းသားတွေ မညီဘူး၊
• Color
(variegated) အရောင်တမျိုးထဲ မဟုတ်ဘူး၊
• Diameter အချင်းမျဉ်း ၁ လက္မရဲ့ ၄ ပုံ
၁ ပုံကျော်တယ်၊
• Evolving over time အချိန်နဲ့ အတူပြောင်းလဲနေတယ်။
ဒါ့ပြင်
-
• Elevated above the skin surface အရေပြားမျက်နှာပြင်အထက် ကြွတက်နေရင်၊

Firm to the touch ထိကြည့်ရင် တင်းနေရင် နဲ့
• Growing ကြီးသထက်ကြီးလာတယ်ဆိုရင်
ပိုဆိုးတဲ့အမျိုးအစားဖြစ်မယ်။
Diagnosis ရောဂါ ဟုတ်-မဟုတ်သိအောင်
မျက်စိ-လက်နဲ့စမ်းတာတွေအပြင် Excisional skin biopsy အသားစဖြတ်ယူ
မှန်ဘီလူးနဲ့စစ်တယ်။ Lactate dehydrogenase (LDH) စမ်းသပ်နည်းလဲ
လုပ်တယ်။
Melanoma stages အဆင့်တွေ ခွဲထားတာမှာ -
1. အဆင့် (ဝ) ဆိုရင်
99.9% အသက်ရှင်မယ်၊
2. အဆင့် (၁) Invasive Melanoma ဆိုရင် Survival ရှင်နှုံး
85-99% ရှိတယ်၊
3. အဆင့် (၂) High Risk Melanoma ဆိုရင် Survival ရှင်နှုံး
40-85% ရှိတယ်၊
4. အဆင့် (၃) Regional Metastasis ဆိုရင် Survival ရှင်နှုံး
25-60% ရှိတယ်၊
5. အဆင့် (၄) Distant Metastasis ဆိုရင် Survival ရှင်နှုံး 9-15%
ရှိတယ်။
နေရောင်ထဲက Ultraviolet radiation ခရမ်းလွန်ရောင်ခြည်ဟာ
လက်ညှိုးထိုးရမဲ့ တရားခံ ဖြစ်ပါတယ်။ နောက်ပေါ် နေကာ Sunscreen တွေမှာ Avobenzone,
Zinc and Titanium တွေပါလို့ UVA နဲ့ UVB ဒီရောင်ခြည်တွေ ရန်ကနေ အတော် ထိရောက်အောင်
ကာကွယ်နိုင်တယ်လို့ ယုံကြည်ရတယ်။ ဒါပေမဲ့ Sunscreen ကနေ Melanoma ကိုပါ
ကာကွယ်နိုင်မလား မသေခြာသေးပါ။ အသားအရေညိုစေအောင် Tanning လုပ်တာဟာ အရေပြားကင်ဆာ
ဖြစ်မှာ နည်းစေမယ်လို့ ထင်ရပေမဲ့ Melanomas ပိုဖြစ်စေနိုင်တယ်။
“အရိပ်တိုချိန် နေပူမထွက်နဲ့” ဆိုတာ ဥပဒေသ ဖြစ်တယ်။ မနက် ၉ နာရီကနေ ညနေ ၃
နာရီအတွက် နေထဲထွက်ရင် မှဲ့-အရေပြား ကင်ဆာဖြစ်ဘို့ အဆိုးဆုံးကာလတွေ
ဖြစ်တယ်။
Treatment ကုသဘို့ ခွဲစိတ်တာနဲ့စတယ်။
• “အနာကို ဘေး ၁-၂
စတင်တီမီတာ အရေပြား အကောင်းကိုပါ လှီးထုတ်မယ်၊ မှန်ဘီလူးနဲ့ စစ်ဆေးမယ်၊
ရေတို-ရေရှည် ဆက်ကြည့်နေမယ်” ဆိုတာ မလွဲတမ်း လုပ်ရတဲ့ ကုသနည်း ဖြစ်ပါတယ်။ နုသေးရင်
အရေပြာအကောင်း နဲနဲသာ လှီးဖြတ်ဘို့ လိုမယ်။
• Melanoma-in-situ အစောဆုံးအဆင့်မှာ
ခွဲရရင် ပျောက်နှုန်း ၇၇-၉၈% အထိရှိတယ်။ တက်စေ့တွေပါ ထုတ်ပေမဲ့ သိပ်အကျိုးမများလှတာ
တွေ့ရတယ်။
• High risk melanomas ဆိုတာကို Adjuvant treatment ခေါ်တဲ့
ကုသနည်းမှာ High-dose Interferon ဆေး ၁ နှစ် ကြာပေးတယ်။
• ပြန့်နေတဲ့အဆင့်
Metastatic melanomas ကို X-rays, CT scans, MRIs, PET and PET/CTs, Ultrasound,
LDH testing and Photoacoustic detection နည်းတွေနဲ့ စစ်ဆေးမယ်။
• Chemotherapy
ဆေးဝါးနည်းမှာ သုံးတာက Dacarbazine (DTIC) နဲ့ immunotherapy ကုသနည်းမှာ သုံးတာက
• Interleukin-2 (IL-2) ဒါမှမဟုတ် Interferon (IFN) တွေဖြစ်တယ်။
• Radiation
therapy ဓါတ်ရောင်ခြည်ကင် ကုသနည်း၊
• Cell and Targeted Therapies
နည်းလဲရှိပါသေးတယ်။
Dr. တင့်ဆွေ-medicaleducation.blogspot
၂၄-၁-၂ဝ၁၁

No comments:

Post a Comment