Thursday, February 20, 2014

အပူရှိန်မြင့်ဖြင့် အသားများကို ကြောက်လှော်လျှင် စားသုံးသူအား အကြိတ်ကင်ဆာဖြစ်ပွားနိုင် ………..

အပူရှိန်မြင့်ဖြင့် အသားများကို ကြောက်လှော်လျှင် စားသုံးသူအား အကြိတ်ကင်ဆာဖြစ်ပွားနိုင် ………..

သုတေသီများ၏ လေ့လာတွေ့ ရှိချက် အရ အပူရှိန်မြင့်ဖြင့် အသားများကို ကြော်လှော်စားသောက်ပါက အကြိတ်ကင်ဆာဖြစ်ပေါ်စေနိုင်သည့် ရာခိုင်နှုန်းများကြောင့် လေ့လာတွေ့ ရှိရသည် ။

အပူရှိန်မြင့်ဖြင့် အသားကိုကြောက်လှော်ပါက အသားတွင် ဓာတုဓာတ်တစ်မျိုးဖြစ်ပေါ်စေနိုင်ပြီး ယင်း ဓာတုဓာတ်သည် ဒီအင်န်အေ များကို ထိခိုက်ပျက်စီးစေနိုင်သည် ။
အကြိတ်ကင်ဆာ ရောဂါသည်ပေါင်း ၂၀၀၀ ဦးအား လေ့ လာမှုများပြုလုပ်ခဲ့ရာတွင် အဆိုပါတွေ့ ရှိချက်ကို တွေ့ ရှိခဲ့ခြင်းဖြစ်သည် ။

ကယ်လီဖိုနီးယားပြည်နယ်မှ သုတေသီများက အပူရှိန်မြင့်ဖြင့် ကြော်လှော်ထားသော အစားသောက်များ စားသူများတွင် ၃၀ ရာခိုင်နှုန်ခန့် အကြိတ်ကင်ဆာ ဖြစ်ပွားနိုင်သည်ဟု ပြောကြားခဲ့ကြောင်း သိရသည် ။
News

အကင်လည်းစားကြပါ ….ကင်ဆာကိုလည်း မြင်ကြပါ
















အကင်လည်းစားကြပါ ….ကင်ဆာကိုလည်း မြင်ကြပါ

မန္တလေးမြို့ ရှိနေရာတော်တော်များတွင် အသားကင်ရောင်းချသူ ၊ အကင်ရောင်း ဆိုင်များတော်တော်များရှိနေကြပါသည် များပြားလာသော အကင်ဆိုင်များတွင်လည်း စားသုံးသူများက များပြားလာခြင်းကြောင့် ထို အကင်များကို
အလွန်အကျွံအကင်စားသုံးသူများပြားလာလျှင် ကင်ဆာရောဂါဖြစ်ပွားနှုန်း များပြားလာနိုင်ပါသည် ။

အကင် ကင်ရာ ကနေ ထွက်လာတဲ့ ဒီ နိုက် ထရိုစမင်း (Nitrosamine)ဓာတ်ဟာ အစာအိမ် ကို ကင်ဆာဖြစ်စေနိုင်ပါတယ်။

ဒီလိုအကြောင်းလေးနဲ့ ပတ်သတ်ပြီးတော့လည်း အသည်းဆရာဝန်ကြီး တဦးကပြောခဲ့သည့် စကားလေး မှာ ''အကင်တွေ ဟာ ဘယ်လောက်အထိ သန့်သ လဲဆိုတာ ရောင်းချတဲ့သူအပေါ် မှာ မူတည်တယ်။ စားသင့်လား၊ မစားသင့်ဘူးလားဆိုတာဆရာဝန် တွေအနေနဲ့ကတော့ ကျန်းမာရေး ပညာပေးကိုသာ လုပ်နိုင်ပါတယ်။ လိုက်နာတာ၊ မလိုက်နာတာက တော့ ပြည်သူလူထု အပေါ်မှာပဲ မူတည်တယ်။ ဆရာတို့က ဘယ် လောက်ပဲ ပညာတွေပေးပေး စားသုံးသူက အလွန်အကျွံစား နေမယ်ဆိုရင်တော့ ဆရာတို့ တိုင်းပြည်မှာ ကင်ဆာဖြစ်နှုန်း တ ဖြည်းဖြည်းတက်လာမှာပါ။ စား သုံးသူတွေရှိနေရင် ရောင်းချသူ တွေလဲရှိနေဦးမှာပါ''ဟုပြောပြပါသည် ။

ယခုအခါတွင် စားသုံးသူများ လွန်စွာကြိုက်နှစ်သက်နေသော အကင်များတွင် အသားကို အဆီ ရွှဲနစ်အောင်သုတ်၍ ကင်သော အကင်များကို စားသုံးပါက အသည်း အဆီဖုံးရောဂါဖြစ်ပွား နိုင်ပြီး

အချို့သောအသားများကို ဆီနှင့်ကြော်၍ ရောင်းချသော ဆိုင်များသည်လည်း ပြန်ကြော် ဆီကိုသာ အသုံးပြုခြင်းကြောင့် ၎င်းဆီများမှ ဓာတ်တိုးနေပြီး ကင် ဆာရောဂါမျိုးစုံဖြစ်ပွားနိုင်ကြောင်း Mg Mandalay သတိပေးရေးသားတင်ပြပါသည် ။

Credit to : ၊Mg Mandalay
https://www.facebook.com/excellencemedia

သင့်ကိုယ်တွင်းရှိ အဆိပ်အတောက်များကို ကင်းစင်စေမည့် အစားအသောက် (၉)မျိုး

သင့်ကိုယ်တွင်းရှိ အဆိပ်အတောက်များကို ကင်းစင်စေမည့် အစားအသောက် (၉)မျိုး

ခန္ဓာကိုယ်တွင်းရှိ အဆိပ်အတောက်တွေ ကင်းဝေးစေဖို့ လေ့ကျင့်ခန်း လုပ်တာ၊ အရက်ကို ရှောင်တာ၊ အခွံချွတ်ထားတဲ့ သကြားဖြူတွေကို မစားတာနဲ့ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစာတွေစားတာ စတဲ့ နည်းလမ်းတွေကို လိုက်နာသင့်ပါတယ်။ ဒီလိုနည်းလမ်းတွေ အပြင် ကိုယ်တွင်း သဘာဝကျကျ သန့်စင်စေတဲ့ အစွမ်းရရှိစေဖို့ အောက်ပါ အစားအသောက်တွေကို သင်စားတဲ့ အစာထဲ ထည့်စားပေးသင့်ပါတယ်။

(၁) တောင်ကြာကလေးရွက်

တောင်ကြာကလေးရွက်ဟာ သင့်ခန္ဓာကိုယ်တွင်းရှိ ဆဲလ်တွေထဲက မကောင်းတဲ့ ဖရီးရယ်ဒီကယ်လ်တွေကို ကင်းဝေးစေပြီး အသည်းထဲရှိ သန့်စင်ပေးတဲ့ အင်ဇိုင်းတွေကို စွမ်းအားဖြည့်ပေးပါတယ်။ ဒါ့အပြင် သဘာဝ ဆီးသွားစေတဲ့ အာနိသင် ရှိပါတယ်။

(၂) သံပရာရည်

သံပရာရည်မှာ ဗီတာမင်စီများစွာ ပါဝင်တာကြောင့် ခန္ဓာကိုယ်မှ အဆိပ်တွေကို ချေဖျက်ပေးနိုင်စွမ်းရှိကာ အဆီတွေကို လောင်ကျွမ်းစေပါတယ်။ နံနက်တိုင်း သံပရာရည်ကို သောက်ပေးရင် အစာကြေညက်စေတယ်လို့ ဒေါက်တာဖရန့်က ဆိုပါတယ်။

(၃) အစိမ်းရင့် ဟင်းသီးဟင်းရွက်များ

သင်စားတဲ့ အစာထဲ အစိမ်းရင့်ရောင် ဟင်းသီးဟင်းရွက်တွေ ထည့်စားပါ။ စားသင့်တဲ့နည်းက အစိမ်းရောင် ဟင်းသီးဟင်းရွက်တွေကို ပြုတ်ပြီး သံလွင်ဆီဆမ်းကာ စားပေးရမှာ ဖြစ်ပါတယ်။ အစိမ်းရင့်ရောင် ဟင်းသီးဟင်းရွက်တွေက အစာခြေလမ်းကြောင်းထဲမှာ ကလိုရိုဖီးလ် ပမာဏကို တိုးစေပြီး မီးခိုးနဲ့ ပိုးသတ်ဆေးတွေလို ပတ်ဝန်းကျင် အဆိပ်တွေကို ခန္ဓာကိုယ်ထဲမှ ထွက်ရှိစေပါတယ်။

(၄) လတ်ဆတ်သော သစ်သီး

သင်ဗိုက်ဆာနေရင် စားသင့်တာကတော့ သစ်သီးပါပဲ။ ဗီတာမင်၊ အင်တီအောက်ဆီးဒင့်၊ အမျှင်ဓာတ်စတဲ့ အာဟာရဓာတ်တွေ အပြည့်အဝ ပါဝင်နေတာကြောင့် သစ်သီးတွေကို စားပေးရင် ခန္ဓာကိုယ်ထဲမှ အဆိပ်တွေ ပြေစေပါတယ်။

(၅) ဂေါ်ဖီထုပ်

ဂေါ်ဖီထုပ်မှာ အသည်းထဲက အဆိပ်တွေကို သန့်စင်စေတဲ့ အစွမ်းသတ္တိတွေ ပါဝင်နေပါတယ်။

(၆) မုန်လာဥ (Beet)

သည်းခြေအိတ် ပြဿနာရှိနေတဲ့ သူတွေကို မုန်လာဥ (Beet) များများစားဖို့ လိုအပ်တယ်လို့ ဆရာဝန်တွေက ဆိုပါတယ်။ မုန်လာဥထဲမှာပါတဲ့ အမျှင်ဓာတ်ဟာ အင်တီအောက်ဆီးဒင့်အင်ဇိုင်း ထုတ်လုပ်မှုကို တိုးစေတာကြောင့် အသည်းနဲ့ သည်းခြေအိတ်ထဲမှ ခန္ဓာကိုယ်အတွက် အဆိပ်ဖြစ်စေတဲ့ အရာတွေကို ထွက်သွားစေပါတယ်။


(၇) ချင်းနှင့် ကြက်သွန်ဖြူ

ချင်းနဲ့ ကြက်သွန်ဖြူတွေက အသည်းကျန်းမာရေးအတွက် ကောင်းတဲ့အစာတွေ ဖြစ်ပါတယ်။ အကြောင်းကတော့ အဲဒီအစာတွေဟာ ခန္ဓာကိုယ်ထဲမှာ စုပုံနေတဲ့ ဖရီးရယ်ဒီကယ်တွေကို ဖယ်ရှားပေးနိုင်တာကြောင့်ပါ။

(၈) အခွံချွတ်မထားသော ကောက်နှံစာ

အခွံချွတ်မထားတဲ့ ကောက်နှံစာကို ရွေးစားပါက အာဟာရဓာတ်နဲ့ အင်တီအောက်ဆီးဒင့်တို့ အပြည့်အဝ ပါဝင်တဲ့အပြင် မပျော်ဝင်နိုင်တဲ့ အမျှင်ဓာတ်လည်း ပါဝင်တဲ့အတွက် ဗိုက်ပြည့်စေပါတယ်။ သင့်ခန္ဓာကိုယ်ထဲက အဆိပ်တွေကို ထွက်စေနိုင်တဲ့အပြင် လေပွတာနဲ့ ဝမ်းချုပ်တာကိုလည်း မဖြစ်စေနိုင်ပါဘူး။

(၉) လက်ဖက်စိမ်း လက်ဖက်ရည်

အခုအချိန်မှာ အရည်တွေ အများကြီးကို မသောက်ချင်ဘူးဆိုရင်တောင် လက်ဖက်စိမ်း (Green Tea) တစ်ခွက်လောက်တော့ သောက်သင့်ပါတယ်။ လက်ဖက်စိမ်း လက်ဖက်ရည်မှာ ဖလေဗိုးနွိုက်ကတ်တီချင် ပါဝင်တာကြောင့် အသည်းရဲ့ လုပ်ငန်းဆောင်တာတွေကို အားကောင်းစေပြီး အဆိပ်ချေဖျက်ပေးတဲ့ အင်ဇိုင်းတွေရဲ့ ထွက်နှုန်းကို တိုးစေပါတယ်။


ကြယ်စင်

အေးချမ်းမွန်မှ Myawady News တွင် ဖော်ပြထားသည့်သတင်းကို မူရင်းအတိုင်းမျဝေပါသည်။
မူရင်းရေးသားသူကိုလည်း အထူးကျေးဇူးတင်ရှိပါသည်။
https://www.facebook.com/excellencemedia

ဆီးချိုဆေးနည်းတောင်းထားတဲ့ သူငယ်ချင်းတွေအတွက်နော် လိုအပ်တဲ့သူတွေလဲယူထားလိုက်ပေါ့

ဆီးချိုဆေးနည်းတောင်းထားတဲ့
သူငယ်ချင်းတွေအတွက်နော်
လိုအပ်တဲ့သူတွေလဲယူထားလိုက်ပေါ့

အသည်းကင်ဆာ အကြောင်း သိကောင်းစရာ .

အသည်းကင်ဆာ အကြောင်း သိကောင်းစရာ .
>>>>>>>>>>>>>>>>>><<<<<<<<<<<<<<<<<<<<<<<
အသည်းကင်ဆာဆိုတာ အသည်းမှာ Malignant Tumour ရှိနေခြင်းဖြစ်ပါတယ်။ အသည်းကင်ဆာမှာ အစဦး အသည်းကင်ဆာ (Primary cancer) နှင့် နောက်ဆက်တွဲ ကင်ဆာ (Secondary cancer) ဆိုပြီး နှစ်မျိုးရှိပါတယ်။
Primary Liver Cancer (အစဦး အသည်းကင်ဆာ)
အစဦးအသည်းကင်ဆာမှာလည်း Cholangio Carcinoma ခေါ် သည်းခြေပြွန်တ၀ိုက်မှာ စတင်ဖြစ်ပေါ်တဲ့ အသည်းကင်ဆာနှင့် hepatocellular carcinoma ခေါ် အသည်းထဲက ဆဲတွေမှာ စတင်ဖြစ်ပွားတဲ့ အသည်းကင်ဆာဆိုပြီး နှစ်မျိုး ရှိပါတယ်။ ဒီအမျိုးအစားက အသည်းခြောက်ရောဂါ (Cirrhosis) သမားတွေမှာ အများဆုံး ဖြစ်ပေါ်တတ်တဲ့ အမျိုးအစား ဖြစ်ပါတယ်။ Primary Liver Cancer က Secondary Liver Cancer ထက် အဖြစ်နည်းသည်ကို တွေ့ရှိရပါတယ်။

မူလအသည်းကင်ဆာ ဖြစ်ရခြင်းအကြောင်းအရင်း
ဖြစ်ရခြင်း အကြောင်းအရင်းကို အတိအကျ ရှာဖွေတွေ့ရှိခြင်း မရှိသေးပါ။ သို့သော် ၎င်းအသည်းကင်ဆာ ဖြစ်သောသူ အများစုမှာ အောက်ပါအချက်များနှင့် ပတ်သက်သူများဖြစ်ပါတယ်။
(၁) အသည်းရောင် အသားဝါ (B) or (C) ကြောင့် ရောဂါဖြစ်နေသည့် လူနာ
(၂) အရက် သေစာကို အချိန်ကြာမြင့်စွာ သောက်သုံးလာသူ
(၃) အသည်းခြောက်ခြင်းနှင့် တခြားအသည်းရောဂါ တခုခု ရှိနေသောသူများတွင် Pramary Liver Cancer ကို အများဆုံး တွေ့ရပါတယ်။ သို့သော်လည်း မူလအသည်းကင်ဆာက တဆင့်ခံ အသည်းကင်ဆာထက် အဖြစ်နည်းပါတယ်။

Secondary Liver Cancer (နောက်ဆက်တွဲ အသည်းကင်ဆာ)
တခြားနေရာတွေမှာ အစဦး ဖြစ်ပွားတဲ့ ကင်ဆာဆဲလ်တွေက အသည်းကို ပြန့်နှံ့ရောက်ရှိလာလို့ တဆင့်ခံ ဖြစ်ပွားတဲ့ အသည်းကင်ဆာ ဖြစ်ပါတယ်။ အသည်းဟာ တခြားအင်္ဂါအစိတ်ပိုင်း အားလုံးနီးပါးနဲ့ ဆက်စပ် ပတ်သက်နေတဲ့အတွက်ကြောင့် တခြားအင်္ဂါ အစိတ်ပိုင်းမှာ ကင်ဆာဖြစ်ပါက အသည်းကို အလွယ်တကူ ပြန်နှံ့နိုင်ပြီး အသည်းကင်ဆာရသူ အများစုမှာ Secondary Liver Cancer ရသည့် ဦးရေက မူလအစဦးကင်ဆာ ရသူထက် အဆနှစ်ဆယ် ပိုများပါတယ်။ ထို့အတူ Secondary Liver Cancer ကိုလည်း မူလရောဂါ စဖြစ်တဲ့ နေရာနှင့်ပဲ အမည်ပေးလေ့ရှိပါတယ်။ ဥပမာ စအိုကင်ဆာက ပြန့်နှံ့လာတဲ့ အသည်းကင်ဆာဖြစ်ရင် Metastatic bowel cancer လို့ ခေါ်လေ့ရှိပါတယ်။ မူလဖြစ်တဲ့နေရာမှာ ကင်ဆာကို စတွေ့တဲ့အချိန်မှာ နောက်ဆက်တွဲ ပြန့်နှံ့လာလို့ ဖြစ်လာတဲ့ အသည်းကင်ဆာကိုပါ တခါတည်းတွေ့တာ ရှိသလို နောက်မှ ထပ်တွေ့တာလည်း ရှိနိုင်ပါတယ်။

အသည်းကင်ဆာရဲ့ လက္ခဏာများ
မူလ အသည်းကင်ဆာ၌ အစပိုင်းမှာ ထူးခြားသည့် လက္ခများကို မတွေ့ရပါ။ နောက်ပိုင်း အခြေအနေ ဆိုးလာမှ သိရှိရတဲ့ အသည်းကင်ဆာရဲ့ လက္ခဏာ များကတော့…
(၁) အားနည်းပြီး မောပမ်းနွမ်းနယ်နေခြင်း
(၂) အသည်းတည်ရှိရာ နေရာဖြစ်တဲ့ နံရိုးတွေရဲ့ အောက်ဘက်ရှိ ၀မ်းဗိုက်ရဲ့ ညာဘက်အပေါ်ဒေါင့်မှာ နာကျင်ခြင်း၊
(၃) ကိုယ်အလေးချိန် ကျဆင်းခြင်း
(၄) အစားအသောက်ပျက်ခြင်း
(၅) မျက်လုံးနဲ့ အသားရောင်များ ၀ါလာခြင်း
(၆) ပျို့ချင်အန်ချင်ခြင်း
(၇) ၀မ်းဗိုက်ဖေါင်းပွလာခြင်း
(၈) အဖျားဝင်ခြင်း စတဲ့လက္ခဏာတွေကို တွေ့နိုင်ပါတယ်။

အသည်းကင်ဆာကို အဆင့် သတ်မှတ်ခြင်း
ကင်ဆာရောဂါ ရှိကြောင်း စတင်စမ်းသပ်တွေ့ရှိသည်နှင့် ပြန့်နှံ့မှု ရှိမရှိဆိုတာကိုပါ တခါတည်း တွေ့ရှိရပါတယ်။ မူလစတင်ဖြစ်ပွားတဲ့ နေရာကနေ ပြန့်နှံ့မှု ရှိမရှိနှင့် ပြန့်နှံ့မှု ရှိသော်လည်း ဘယ်အတိုင်းအတာထိ ပြန့်နှံ့နေပြီဆိုတဲ့အပေါ် မူတည်ပြီး ရောဂါအဆင့်ကို သတ်မှတ်ပါတယ်။
အဆင့် (၁) ကင်ဆာရဲ့ အရွယ်အစား ၂ ဆင်တီမီတာထက် မပိုသေးခြင်းနှင့် စတင်ဖြစ်ပွားတဲ့နေရာကလွဲပြီး တခြားဘယ်မှ မပြန့်နှံ့သေးသည့်အဆင့်။
အဆင့် (၂) ကင်ဆာက အသည်းထဲရှိ သွေးကြောများအထိ ပြန့်နှံ့နေခြင်း (သို့) ကျူမာအရေအတွက် တခုထက်ပိုရှိနေခြင်း
အဆင့် (၃) A: ကင်ဆာ အရွယ်အစား ၅ ဆင်တီမီတာထက် ပိုကြီးနေခြင်း (သို့) အသည်းရဲ့ အနီးတ၀ိုက် သွေးကြောများအထိ ပြန့်နှံ့နေခြင်း
အဆင့် (၃) B: ကင်ဆာက အသည်းအနီးအနားရှိ တခြားအင်္ဂါအစိတ်အပိုင်း အထိ ပြန့်နှံ့နေခြင်း။ သို့သော်လည်း ပြန်ရည်ကြော အဖုထိ မရောက်သေးခြင်း။
အဆင့် (၃) C: ကင်ဆာက အနီးအနားတ၀ိုက် အင်္ဂါအစိတ်အပိုင်း တခုခု အပြင် ပြန်ရည်ကြောဖုအထိ ပြန့်နှံ့နေခြင်း
အဆင့် (၄) ကင်ဆာက အနီးအနားရှိ အင်္ဂါအစိတ်မပိုင်းများ၊ ပြန်ရည်ကြောဖုအတွင်းနှင့် အဝေးထိ တခြားအင်္ဂါအစိတ်အပိုင်းအထိ ပြန့်နှံ့နေခြင်း စသည်ဖြင့် ၆ ဆင့်ခွဲခြားထားပါတယ်။

Progranosis ကုသနိုင်သည့် အခွင့်အလမ်း
အခြေအနေအပေါ် မူတည်ပြီး Primary Cancer ကို စောစွာ တွေ့ရှိပါက ပျောက်ကင်းအောင် ကုသနိုင်သည့် အခွင့်အလမ်း ရှိနိုင်ပါတယ်။ Secondary Cancer ကိုတော့ ပြန့်နှံ့နေပြီ ဖြစ်တဲ့အတွက် ကုသမှုဖြင့် လုံးဝ အမြစ်မပြတ်နိုင်တော့သော်လည်း အသက်ဆက်လက် ရှင်သန်နိုင်သည့်ကာလကို အတတ်နိုင်ဆုံး ပိုမိုရှည်လျားစေရန်နှင့် နာကျင်ခြင်းကို သက်တောင့်သက်သာ ရှိစေရန် ကုသမှုကို ခံယူနိုင်ပါတယ်။

ကင်ဆာရောဂါ ဖြစ်ပွားနေသည်ကို စမ်းသပ်တွေ့ရှိရတဲ့ ဆရာဝန်က ကလေးနှင့်စိတ်ပုံမှန် မဟုတ်သော လူနာမဟုတ်ရင် လူနာရဲ့ ရောဂါနဲ့ အခြေအနေ (ကင်ဆာရောဂါ ရောက်ရှိနေသည့်အဆင့်) ကို ထိန်ချန် ဖုံးကွယ်ထားပိုင်ခွင့် မရှိပါ။ ကုသနိုင်သည့် လမ်းကြောင်း ဘယ်နှစ်ခုရှိပြီး လမ်းကြောင်းတခုစီရဲ့ ကောင်းကျိုးဆိုးကျိုး နှစ်ခုစလုံးကို ဆရာဝန်က လူနာ နားလည်အောင် ရှင်းပြရပါတယ်။ ဆက်လက်ကုသမှုအတွက် ဆရာဝန်ရှင်းပြတဲ့ လမ်းကြောင်းတွေအထဲက မိမိအတွက် အကောင်းဆုံး ထင်တဲ့လမ်းကြောင်းကို လူနာက ရွေးချယ်ရပါတယ်။ မိမိရွေးချယ်တဲ့ ကုသမှု လမ်းကြောင်းရဲ့ ကောင်းကျိုးဆိုးကျိုး နှစ်ခုစလုံးကို မိမိသိဖို့လိုပါတယ်။ အသည်းကင်ဆာကို ကုသရာမှာ အသည်းပြင်ပသို့ ကင်ဆာဆဲလ် မပြန့်နှံ့သေးတဲ့ Primary အဆင့်မှာ ကုသပါက ခွဲစိတ်ကုသပြီး အသည်းအစိတ်အပိုင်းကို ဖြတ်ထုတ်ခြင်းမှသည် အသည်းအစားထိုး ကုသခြင်းအထိရှိပြီး လုံးဝပျောက်ကင်းအောင် ကုလို့ နိုင်ပါတယ်။ အသည်းကို ခွဲစိတ်ကုသရာမှာ တခြားအင်္ဂါအဖွဲ့အစည်းတွေကို ခွဲစိတ်ကုသထာထက် အားကောင်းသည့် အချက်မှာ အသည်းဟာ သုံးပုံနှစ်ပုံခန့် ဖြတ်ထုတ်ခံရသည့်တိုင်အောင် ဖြတ်ထုတ်ခံရသည့် အစိတ်အပိုင်းနေရာမှာ ဆဲလ်တွေ ပြန်ပွားပြီး နှစ်ပတ်မှ တလနှစ်လ ကာလအတွင်း မူလအသည်း ဖွဲ့စည်းပုံနှင့် အရွယ်အစားအတိုင်း သူ့အလိုလို ပြန်ဖြည့်စွက်ပေးခြင်း ဖြစ်ပါတယ်။

မိမိ (သို့) မိမိ မိသားစုအဖွဲ့ဝင် တဦးဦးမှာ ကင်ဆာ ရှိပြီဆိုတာ သိတာနဲ့ Dignosis လုပ်ပေးတဲ့ ဆရာဝန်ကို ကင်ဆာ အမျိုအစားနှင့် အဆင့်အပါအ၀င် ကုသာရန်အတွက် မိမိသိချင်တာ သိသင့်တာ အကုန်မေးဖို့ တကယ်လိုအပ်ပါတယ်။ ရောဂါ ကုသမှုကို တိုင်ပင်ရန် ဆရာဝန်က အဓိကဖြစ်သော်လည်း ကင်ဆာရောဂါကို ကုသရာမှာ Health Care Team တခုလုံးက တာဝန်ယူပါတယ်။ ကျန်းမာရေးကို အစိုးရတာဝန်ယူသည့် နိုင်ငံများတွင် ကင်ဆာ ရရှိသည့် လူနာများအတွက် စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ပြုစုပျိုးထောင်မှုအတွက် ဆက်သွယ်ရန် ဌာနတွေ၊ Services တွေ များစွာ ရှိပါတယ်။ လူနာအနေနှင့် ဘယ်လို Services ကို ရရှိနိုင်ပြီး အဲဒီ Service တွေအတွက် ကုန်ကျစာရိတ်ကို အစိုးရက တာဝန်ယူမှု ရှိမရှိ၊ မရှိပါက မိမိအနေနှင့် စိုက်ထုတ်နိုင်ဖို့ ကုန်ကျနိုင်သည့် ခန့်မှန်းခြေစာရိတ် စတာတွေကို ဆရာဝန်နှင့် အကုန်လုံး မေးမြန်းတိုင်ပင်သင့် ပါတယ်။

ဆရာဝန်ကို မေးမြန်းသင့်သည့် မေးခွန်းများ
(၁) မိမိမှာ diagnosis လုပ်ထားတဲ့ အသည်းကင်ဆာက ဘာအမျိုးအစား အသည်းကင်ဆာလဲ။
(၂) ကင်ဆာက အသည်းရဲ့ အပြင်ကို ပြန့်နှံ့နေပြီလား။ အကယ်၍ ပြန့်နှံ့နေပါက ဘယ်အထိ ရောက်နေပြီလဲ။
(၃) မိမိမှာ ရှိတဲ့ အသည်းကင်ဆာက ဘယ်အဆင့်မှာ ရှိလဲ။
(၄) ကုသနိုင်တဲ့ အခွင့်အလေမ်း အတိုင်းအတာက ဘယ်အထိ ရှိလဲ။
(၅) ဘယ်လို စမ်းသပ်မှုတွေကို ထပ်လုပ်ဖို့လိုလဲ။
(၆) ဘယ်လို ကုသမှုကို အကြံပြုတိုက်တွန်းချင်လဲ။
(၇) ကုသမှု တခုစီမှာ ရှိတဲ့ ဘေးထွက်ဆိုးကျိုးနဲ့ ဆက်ပွားပြဿနာတွေက ဘာတွေလဲ။
(၈) တခြား ရွေးချယ်စရာ ဘာများရှိသေးလဲ။ အကယ်၍ မရှိဘူး ပြောပါက ဘာကြောင့်လဲ။
(၉) တခြား ဖြည့်စွက်ကုသနည်း (Complementary Therapy) တွေနဲ့ ကုသလို့ ရတာ ဘာတွေရှိနိုင်လဲ။
(၁၀) ဆေးရုံမှာ ဘယ်လောက် ကြာကြာနေရမလဲ။
(၁၁) ပုံမှန်အတိုင်း ပြန်ဖြစ်ဖို့ ဘယ်လောက် အချိန်ယူရမလဲ။
(၁၂) Chemotherapy က ဘာအတွက် အသုံးပြုလဲ။ ဆိုးကျိုးတွေက ဘာရှိလဲ။
(၁၃) ကင်မိုသရဖီအတွက် ကုန်ကျစာရိတ် ဘယ်လောက်ရှိလဲ။
(၁၄) ဒီကုသမှုက မိမိရဲ့ လိင်ပိုင်းဆိုင်ရာနှင့် မျိုးပွားခြင်းဆိုင်ရာကို ထိခိုက်နိုင်ပါသလား။
(၁၅) ဘယ်လောက်မှာ ဘယ်နှစ်ကြိမ် တခါ (How ofteen) စမ်းသပ်စစ်ဆေးမှုကို ပြုလုပ်ဖို့ လိုအပ်သလဲ။
(၁၆) ကုသမှု တခု ပြီးဆုံးသွားပြီးနောက် နောက်တကြိမ် ကင်ဆာ ပြန်ထလာရင် ဘယ်လိုဆက်လုပ်ရမလဲ စသည့်တို့ ပါဝင်နိုင်တဲ့ မိမိ သိချင်တဲ့ အချက်တွေအားလုံးကို ဆရာဝန်နှင့် မေးမြန်း တိုင်ပင်ဖို့ လိုအပ်ပြီး ကုသမှုကို ခံယူသင့်ပါတယ်။

မငယ်
--------------------------------------------------------------------------------
mg mandalay ၏စာမျက်နှာမှ ကူးယူဖော်ပြပါသည်။
(ဟင်းပေါင်းအိုးကြီးအဖွဲ့)

Credit to :ဗဟုသုတ ဟင်းပေါင်းအိုးကြီး
https://www.facebook.com/excellencemedia

အေးချမ်းမွန်

နနွင်းက ဆီးကျိတ်ကင်ဆာ ရှိသူများတွင် ကင်ဆာပြန့်ပွားမှုမှ ကာကွယ်နိုင်

နနွင်းက ဆီးကျိတ်ကင်ဆာ ရှိသူများတွင် ကင်ဆာပြန့်ပွားမှုမှ ကာကွယ်နိုင်
=======================================

နနွင်းမှုန့်ကို နှစ်ပေါင်းများစွာ ကတည်းက အရိုးအဆစ်ရောင် ရောဂါနဲ့ တခြားရောဂါတွေကို ကုသဖို့ အသုံးပြုခဲ့ကြပါတယ်။ နနွင်းမှာ ပါဝင်တဲ့ ကာကူမင်ဟာ ရောင်ရမ်းမှုကို တားမြစ်နိုင်တာကြောင့်လို့ ဆိုပါတယ်။

အခု ဂျာမနီနိုင်ငံက လေ့လာမှု အရလည်း နနွင်းဟာ ကင်ဆာပြန့်ပွားမှုကို တားမြစ် နိုင်ကြောင်း တွေ့ရှိခဲ့ပါတယ်။ ပြီးခဲ့တဲ့ လေ့လာမှုအရ နနွင်းဟာ သားမြတ်ကင်ဆာ ရှိသူတွေကို အဆုတ်အတွင်း ပြန့်ပွားမှု မရှိအောင် တားမြစ် နိုင်တယ်လို့ သိရပါတယ်။ သားမြတ်ကင်ဆာနဲ့ ဆီးကျိတ်ကင်ဆာဟာ နာတာရှည် ရောင်ရမ်းမှုကြောင့် ဖြစ်ပါတယ်။

ဒီကင်ဆာ နှစ်မျိုးစလုံးရဲ့ ကင်ဆာဆဲလ် တွေက CXCL1 နဲ့ CXCL2 အပါအဝင် ရောင်ရမ်းမှုဖြစ်စေတဲ့ ပရိုတင်းတွေကို ထုတ်လုပ် ပေးတယ်လို့ တွေ့ရှိခဲ့ပြီး ကာကူမင်ဟာ အဲဒီပရိုတင်း နှစ်မျိုးရဲ့ ထုတ်လုပ်မှုကို လျှော့ချနိုင်တယ်လို့ သိရပါတယ်။

နနွင်းမှုန့်ကို နေ့စဉ် ရှစ်ဂရမ်ထိ သောက်သုံး နိုင်ပါတယ်။ ဆီးကျိတ်ကြီး (BPH) တဲ့ အမျိုးသားတွေနဲ့ မိသားစုရာဇဝင်မှာ သားမြတ်ကင်ဆာရှိတဲ့ အမျိုးသမီးတွေ အနေနဲ့ နနွင်းကို ကင်ဆာရောဂါ ကာကွယ်ဖို့ အသုံးပြုထားသင့်ကြောင်း သုတေသီတွေက အကြံပေးထား ကြပါတယ်။

Ref; healtharticle

ဆီးချိုသမားများအတွက် အစွမ်းထက် မှို

ဆီးချိုသမားများအတွက် အစွမ်းထက် မှို
--------------------------------------------

ဆီးချိုရောဂါရှိသူ တွေအတွက် မှိုဟင်းကို စားသုံးပေးတာက အလွန်ကောင်းမွန် တယ်လို့ ကျွမ်းကျင်သူတွေက ထုတ်ဖော်ထား ပါတယ်။

မှိုမှာ အာဟာရတန်ဖိုး မြင့်မားစွာ ပါဝင်နေပေမယ့် သကြားဓာတ် လုံးဝ မပါဝင် တာကြောင့်လို့ ဆိုပါတယ်။ မှိုမှာ ပါဝင်တဲ့ အာဟာရ တန်ဖိုးတွေဟာ ဆီးချို ရောဂါ ရှိသူတွေ အတွက် အလွန် အသုံးဝင်တယ်လို့ ပရာဒတ် တက္ကသိုလ်မှ သိပ္ပံပညာရှင်တွေက ဖော်ထုတ်ထားပါ တယ်။

မှိုမှာ အဆီလည်း လုံးဝမပါဝင်တာကြောင့် အဝလွန်သူတွေအတွက် အလွန် အကျိုးရှိပါ တယ်။ ဒါ့အပြင် မှိုဟာ ကင်ဆာရောဂါ၊ HIV နဲ့ တခြားနာတာရှည် ရောဂါတွေ ပျောက်ကင်းနိုင်တဲ့ ဂုဏ်သတ္တိလည်း ရှိတယ်လို့ သုတေသီတွေက ဆိုပါတယ်။

ဒေါက်တာခင်မိုးမိုး
GOOD HEALTH

ဆံပင်ဆိုးဆေး များကြောင့် ကင်ဆာရော ဂါဖြစ်ပွားနိုင်

ဆံပင်ဆိုးဆေး များကြောင့် ကင်ဆာရော ဂါဖြစ်ပွားနိုင်

01 MARCH 2013

ဆံပင်ဆိုးဆေးကို အသုံးပြုများတာ ကြောင့်သားမြတ်၊ ဆီးအိမ်၊ မမျိုးဥအိမ်၊ ဦးနှောက်နဲ့ သွေးကင်ဆာ တွေ ဖြစ်နိုင် တယ်လို့ ယခင်က လေ့လာမှုတွေအရ သိရှိခဲ့ပြီး ဖြစ်ပေမယ့် အခုချိန်မှာ ဆံပင် ဆိုးဆေးကို အသုံးပြု သူတွေ များပြားလျက် ရှိတယ်လို့ သိရှိရပါတယ်။
ဆံပင်ဆိုး ဆေးမှာပါဝင်တဲ့ ဓာတုပစ္စည်း တွေဟာဆေး လိပ်ငွေ့နဲ့ တခြားလေ ထုညစ်ညမ်း စေတဲ့ပစ္စည်း တွေ နဲ့ထိတွေ့တဲ့အခါမှာ ကင်ဆာ ဖြစ်နိုင်တဲ့ အစွမ်းထက် ဆုံး ဒြပ်ပေါင်းတစ် မျိုးကိုဖန် တီးပေးနိုင် တယ်လို့သိပ္ပံ ပညာ ရှင်တွေက တွေ့ရှိထားပါတယ်။
ယနေ့ အချိန်ခါ မှာ အမျိုးသမီး သုံးပုံတစ်ပုံခန့် ယောက်နှုန်း ဆံပင် ဆိုးဆေးကို အသုံးပြု နေကြတယ်လို့ သိရပါတယ်။ တစ်နှစ်ကို ကိုးကြိမ်ထက် ဆံပင်ဆိုးဆေး အသုံးပြု တဲ့ အမျိုးသမီးတွေဟာ သွေးကင်ဆာ ဖြစ်နိုင်ခြေ ၆၀ ရာခိုင်နှုန်း မြင့်မားတယ်လို့ တွေ့ရှိထားပါတယ်။ှ
Secondary Amines ဝင်တတ်ပြီး ဆံပင်ဆိုးပြီး နောက်ဦး ရေပြားအတွင်း ဝင်ရောက်နိုင် ကာဆံပင် ပေါ်မှာလည်း သီတင်း ပတ်ပေါင်း၊ လပေါင်း များစွာ ရှိနေနိုင်ပါ တယ်။ နှစ်ပေါင်းများစွာထိတောင် ရှိနေ နိုင်တယ်လို့ တွေ့ရှိခဲ့ပါတယ်။ အဲဒီ ဓာတု ပစ္စည်းဟာ ဆေးလိပ်ငွေ့နဲ့ မော်တော် ကား အိပ်ဇောငွေ့တွေနဲ့ ဓာတ်တုံ့ပြန်မှု ဖြစ်ပြီး အလွန်အဆိပ်ပြင်းတဲ့ ဓာတု ပစ္စည်းN-nitrosanimes တွေ ဖြစ်ပေါ် ကာ ကင်ဆာ ရောဂါကို ဖြစ်စေနိုင်တယ် လို့ သုတေသီတွေက မှတ်ချက်ပေးထား ပါတယ်။

အေးချမ်းမွန်မှ GOOD HEALTH တွင်ရေးသားသည့် သတင်းအချက် အလက်ကို မူရင်းအတိုင်း မျဝေပေးခြင်းဖြစ်ပါသည်

တစ်ခါသုံး ၀ါးတူများသည် အသည်းကင်ဆာ ဖြစ်နိုင်သည့်အတွက် မသုံးစွဲသင့်ဟုဆို

တစ်ခါသုံး ၀ါးတူများသည် အသည်းကင်ဆာ ဖြစ်နိုင်သည့်အတွက် မသုံးစွဲသင့်ဟုဆို
================================
အလွယ်တကူ ရယူ သုံးစွဲနေကြသည့် တစ်ခါသုံး ၀ါးတူများသည် အသည်းကင်ဆာ ဖြစ်နိုင်သည့်အတွက် မသုံးစွဲ သင့်ကြောင်း မြန်မာနိုင်ငံ စားသုံးသူ ကာကွယ်ရေး အသင်းမှ အသင်းဝင် ဒေါ်ရီလွင်ကျော်ဇောက ၁၅-၃-၂၀၁၃ ရက်တွင် ပြောကြားသည်။ “ကျွန်မတို့ အသင်းက ပြည်သူတွေ စားသုံးဖို့ မသင့်တဲ့ အစားအသောက်တွေကို အမြဲ လေ့လာ စစ်ဆေးနေပါသည်။ အခု နောက်ဆုံး စစ်ဆေး တွေ့ရှိချက်တွေအရဆိုရင် ၀ါးတူတွေမှာ မှိုတွေ ပေါက်လာတယ်ဆိုတာကို တွေ့ရတယ်။ မြန်မာနိုင်ငံမှာ ၀ါးတူ တော်တော်များများက ပေါင်းမထားပါဘူး။ ၀ါးပင်ကို ခုတ်ပြီး ထွက်လာတဲ့ ၀ါးကိုပဲ အဆင်ပြေသလို အချောသတ်ပြီး သုံးတာ ဖြစ်တယ်။ ဒီတော့ ငါးရက်လောက်ဆိုရင် မှိုတွေက မမြင်ရပေမယ့် ရှိနေပါပြီ။ ဒီတော့ မှိုပါတဲ့ တူကို သုံးမိတဲ့အတွက် မှိုတွေကို စားသလို ဖြစ်သွားနိုင်တယ်။ အသည်းကင်ဆာတွေ ဖြစ်နိုင်တယ်။ တတ်နိုင်ရင် ၀ါးတူကို မသုံးဘဲ သစ်သားတူ၊ စတီးတူတွေကိုပဲ သုံးသင့်တယ်။ ပလတ်စတစ်တူကျတော့ အပူနဲ့ တွေ့ရင် ကင်ဆာဖြစ်နိုင်တာတွေ ရှိတယ်။ ကျန်းမာရေးအတွက် ရှောင်သင့်တယ်” ဟု ယင်းက ပြောကြားသည်။ အခြား ပြည်ပနိုင်ငံများသည် ၀ါးများကို သေချာပေါင်းခံပြီးမှ ၀ါးတူဖြတ်စက်ထဲသို့ ထည့်လေ့ရှိပြီး ပြည်တွင်းမှ ၀ါးတူများသည် ပေါင်းခံခြင်း မရှိကြောင်း သိရသည်။ လက်ရှိ ဈေးကွက်တွင် သုံးနေသော တစ်ခါသုံး တူများသည် ဈေးကွက်သို့ ရောက်ရှိရန် အတွက် တူဖြစ်ပြီး ပါကင်ထုတ်ပြီး ၇ ရက်ခန့် အနည်းဆုံးကြာကာ အဆိုပါ အချိန်တွင် မှိုများသည် နှစ်ရက်သားခန့် ရှိပြီး ဖြစ်ကြောင်း သိရသည်။ အဆိုပါ မှိုများသည် သေးငယ်ပြီး လူမျက်စိနှင့် မြင်နိုင်ရန် ၂၇ ရက် ကြာအောင် စောင့်ရကြောင်း သိရသည်။ ထို့ကြောင့် ဆေးလိပ်မသောက်၊ ကွမ်းမစား၊ အရက်မသောက်ဘဲ အသည်းကင်ဆာဖြစ်သူ ပမာဏ မြင့်တက်လာခြင်းသည် ၀ါးတူ အသုံးပြုမှုကြောင့်လည်း ဖြစ်ကြောင်း သိရသည်။ (ပြည်မြန်မာ ဂျာနယ်)

တစ်နေ့ပန်းသီးတစ်လုံးပုံမှန်စားသုံးသောအမျိုးသမီးများသည်ရင်သားကင်ဆာ ဖြစ်နိုင်ခြေ လျော့နည်းသွားကြောင်း သိရှိရသည်

တစ်နေ့ပန်းသီးတစ်လုံးပုံမှန်စားသုံးသောအမျိုးသမီးများသည်ရင်သားကင်ဆာ ဖြစ်နိုင်ခြေ လျော့နည်းသွားကြောင်း သိရှိရသည်။


အရည်ရွှမ်းသော သီးနှံတစ်ခုဖြစ်သည့် ပန်းသီးသည် ရင်သားကင်ဆာ ကုသရေးအတွက် အလွန်အကျိုးများ

တစ်နေ့ပန်းသီးတစ်လုံးပုံမှန်စားသုံးသောအမျိုးသမီးများသည်ရင်သားကင်ဆာ ဖြစ်နိုင်ခြေ လျော့နည်းသွားကြောင်း သိရှိရသည်။သုတေသန ရလဒ်များအရ ပန်းသီးများများစားလေ၊ ရင်သားကင်ဆာ ဖြစ်ပွားစေသည့်adenocarcinomaအကြိတ်များ ပေါ်ပေါက်လာနိုင်မှု လျော့နည်းလေလေ ဖြစ်ကြောင်းဆရာဝန်များကဆိုသည်။အဆိုပါအကြိတ်အမျိုးအစားကြောင့် ဖြစ်ပွားလာသော ရင်သားကင်ဆာသည် ကမ္ဘာပေါ်တွင် အသေအပျောက်အများဆုံး ရင်သားကင်ဆာ အပြင်းစားကို ဖြစ်ပေါ်စေသည်။

ကော်နဲလ်တက္ကသိုလ်မှ ပါမောက္ခရီဟိုင်လျူက ကြွက်များနှင့် စမ်းသပ်မှုအရ ထိုအကြိတ်များသည်ပန်းသီးများများစားပေးသည့်ကြွက်များတွင်လျင်မြန်စွာ သေးငယ်ကျုံလှီပြီး လုံးဝပျောက်ကွယ်သွားကြောင်း သိရှိရသည်။ အလားတူ အကျိုးသက်ရောက်မှုမှာ လူသားများတွင် (၅၇)ရာခိုင်နှုန်းမျှ ရှိနိုင်ကြောင်းလည်း ပါမောက္ခလျူကဆိုသည်။ ၎င်းတို့သည် ရင်သားကင်ဆာ ရောဂါသည်များစွာကိုပုံမှန်ပန်းသီးတစ်လုံးစီ နေ့စဉ်ကျွေးခဲ့ရာ နေ့စဉ်ပန်းသီးတစ်လုံး စားရမည့် ကိစ္စအား ငြင်းဆန်ခဲ့သည့် လူနာအမျိုးသမီးများသည် နေ့စဉ် ပန်းသီးစားသည့် အမျိုးသမီးများထက် ကင်ဆာကြိတ်များ ဖြစ်ပေါ်လာမှု (၈၁)ရာခိုင်နှုန်း ပိုမိုလျင်မြန်ကြောင်း ဆရာဝန်များက အတည်ပြုခဲ့သည်။

အရည်ရွှမ်းသော သီးနှံတစ်ခုဖြစ်သည့် ပန်းသီးသည် ရင်သားကင်ဆာ ကုသရေးအတွက် အလွန်အကျိုးများကြောင်း နောက်ထပ်သက်သေများစွာ ရှိနေသေးသည်ဟုလည်း သုတေသီများက ထောက်ခံကြသေးသည်။လေ့လာမှုရလဒ်များအားလုံးတွင်သိရှိလာရသည်မှာအရည်ရွှမ်းသည့်သီးနှံများအားလုံးလိုလိုသည်ကင်ဆာကြိတ်များ ဖြစ်ပွားလာမှုကို တုန့်နှေးသွားစေသည်မှာ အသေအချာဖြစ်ပြီး ၎င်းတို့အနက် ပန်းသီးမှာ အသိသာဆုံး သဘာဝဆေးဝါးဖြစ်ကြောင်း ပါမောက္ခလျူက ရှင်းပြခဲ့သည်။

ရင်သားကင်ဆာ ရောဂါသည်အမျိုးသမီးများတွင်သာမကအမျိုးသားအချို့တွင်လည်း ဖြစ်ပွားတတ်ပြီး နှစ်စဉ် ကမ္ဘာ့လူဦးရေ (၁)သန်းခန့်သည် အဆိုပါရောဂါ ရရှိလာနေမှုနှင့် ကြုံတွေ့နေရကြောင်း သတင်းရရှိသည်။

မှဲ့ကင်ဆာအကြောင်း ဖြစ်နိုင်ရင် ရေးပေးပါ ဆရာ။


ကင်ဆာ) ဆိုတာ နေရာတကာမှာ ဖြစ်နိုင်တယ်။
အရေပြားမှာ ဖြစ်တာထဲက ရှားပေမဲ့ အဆိုးဆုံးက Melanoma မှဲ့ကင်ဆာ။ မှဲ့ဟာ အရောင်၊
အရွယ်၊ ပုံသဏ္ဌာန်၊ အပြော့-အမာ ပြောင်းတာနဲ့ (ကင်ဆာ) ဖြစ်ဘို့ စလာတယ်။ အများဆုံး
တွေ့ရတာက မဲနက်-မဲပြာ အရောင်တွေပါ။ နဂိုက မှဲ့ရှိမနေဘဲ အသစ်လဲ
ဖြစ်လာနိုင်သေးတယ်။

ကြည့်လိုက်ရင် ညီညီညာညာ မရှိဘူး။
နခမ်းသားကလဲ မတိမကျ-မလှမပရှိတယ်။ အရောင်ကလဲ တညီထဲ မဟုတ်ဘူး။ ကြာလေ ကြီးလာလေ။
ဆိုးပေမဲ့ စောစောသိ စောစောကုရင်ရတယ်။ ကြာလေလေ အထဲရောက် လေလေ
ကူးသွားမယ်။

Melanocytes ဆိုတဲ့ အရေပြားကို အရောင်ဖြစ်စေတဲ့ (ဆဲလ်) တွေမှာ
(ကင်ဆာ) လာဖြစ်တာပါ။ အရေပြားမဟုတ်ဘဲ အူ နဲ့ မျက်စိမှလဲ ဒီရောဂါမျိုး ဖြစ်နိုင်တယ်။
အမျိုးသမီးတွေက ပိုများတယ်။ တနှစ်မှာ လူနာသစ် ၁၆ဝဝဝဝ တွေ့နေရတယ်။ သေဆုံးရသူပေါင်း
တနှစ် ၄၈ဝဝဝ ယောက်ရှိတယ်။ အမျိုးအစားခွဲပေါင်း ၁၃ ခုရှိတယ်။
အသေအခြာ
လေ့လာလို့ သိရတာက အလင်းရောင်ထဲက UV photon ကနေ အရေပြားထဲက အရောင်ကို ဖြစ်စေတဲ့
Chromophore ဆိုတာကို လာထိခိုက်ရာကနေ ဖြစ်ရတာတဲ့။ ဒိနောက်မှာ DNA ဆိုတာ
ထိခိုက်စေတယ်။ DNA Replication ဆိုတာ ကိုယ်တိုင် ပုံမှန်မဟုတ်ရင်လဲ ဖြစ်နိုင်တယ်။
ဒါ့ကြောင့် နေရောင်ထိမှသာ အရေပြား-မှဲ့ (ကင်ဆာ) ဖြစ်ရတာ မဟုတ်ပါ။
Signs and
symptoms လက္ခဏာတွေကို ABCDE ဆိုပြီး မှတ်လို့လွယ်အောင် လုပ်ထားတယ်။
• Asymmetry
ညီတူဘာတူ မဟုတ်ဘူး၊
• Borders (irregular) နခမ်းသားတွေ မညီဘူး၊
• Color
(variegated) အရောင်တမျိုးထဲ မဟုတ်ဘူး၊
• Diameter အချင်းမျဉ်း ၁ လက္မရဲ့ ၄ ပုံ
၁ ပုံကျော်တယ်၊
• Evolving over time အချိန်နဲ့ အတူပြောင်းလဲနေတယ်။
ဒါ့ပြင်
-
• Elevated above the skin surface အရေပြားမျက်နှာပြင်အထက် ကြွတက်နေရင်၊

Firm to the touch ထိကြည့်ရင် တင်းနေရင် နဲ့
• Growing ကြီးသထက်ကြီးလာတယ်ဆိုရင်
ပိုဆိုးတဲ့အမျိုးအစားဖြစ်မယ်။
Diagnosis ရောဂါ ဟုတ်-မဟုတ်သိအောင်
မျက်စိ-လက်နဲ့စမ်းတာတွေအပြင် Excisional skin biopsy အသားစဖြတ်ယူ
မှန်ဘီလူးနဲ့စစ်တယ်။ Lactate dehydrogenase (LDH) စမ်းသပ်နည်းလဲ
လုပ်တယ်။
Melanoma stages အဆင့်တွေ ခွဲထားတာမှာ -
1. အဆင့် (ဝ) ဆိုရင်
99.9% အသက်ရှင်မယ်၊
2. အဆင့် (၁) Invasive Melanoma ဆိုရင် Survival ရှင်နှုံး
85-99% ရှိတယ်၊
3. အဆင့် (၂) High Risk Melanoma ဆိုရင် Survival ရှင်နှုံး
40-85% ရှိတယ်၊
4. အဆင့် (၃) Regional Metastasis ဆိုရင် Survival ရှင်နှုံး
25-60% ရှိတယ်၊
5. အဆင့် (၄) Distant Metastasis ဆိုရင် Survival ရှင်နှုံး 9-15%
ရှိတယ်။
နေရောင်ထဲက Ultraviolet radiation ခရမ်းလွန်ရောင်ခြည်ဟာ
လက်ညှိုးထိုးရမဲ့ တရားခံ ဖြစ်ပါတယ်။ နောက်ပေါ် နေကာ Sunscreen တွေမှာ Avobenzone,
Zinc and Titanium တွေပါလို့ UVA နဲ့ UVB ဒီရောင်ခြည်တွေ ရန်ကနေ အတော် ထိရောက်အောင်
ကာကွယ်နိုင်တယ်လို့ ယုံကြည်ရတယ်။ ဒါပေမဲ့ Sunscreen ကနေ Melanoma ကိုပါ
ကာကွယ်နိုင်မလား မသေခြာသေးပါ။ အသားအရေညိုစေအောင် Tanning လုပ်တာဟာ အရေပြားကင်ဆာ
ဖြစ်မှာ နည်းစေမယ်လို့ ထင်ရပေမဲ့ Melanomas ပိုဖြစ်စေနိုင်တယ်။
“အရိပ်တိုချိန် နေပူမထွက်နဲ့” ဆိုတာ ဥပဒေသ ဖြစ်တယ်။ မနက် ၉ နာရီကနေ ညနေ ၃
နာရီအတွက် နေထဲထွက်ရင် မှဲ့-အရေပြား ကင်ဆာဖြစ်ဘို့ အဆိုးဆုံးကာလတွေ
ဖြစ်တယ်။
Treatment ကုသဘို့ ခွဲစိတ်တာနဲ့စတယ်။
• “အနာကို ဘေး ၁-၂
စတင်တီမီတာ အရေပြား အကောင်းကိုပါ လှီးထုတ်မယ်၊ မှန်ဘီလူးနဲ့ စစ်ဆေးမယ်၊
ရေတို-ရေရှည် ဆက်ကြည့်နေမယ်” ဆိုတာ မလွဲတမ်း လုပ်ရတဲ့ ကုသနည်း ဖြစ်ပါတယ်။ နုသေးရင်
အရေပြာအကောင်း နဲနဲသာ လှီးဖြတ်ဘို့ လိုမယ်။
• Melanoma-in-situ အစောဆုံးအဆင့်မှာ
ခွဲရရင် ပျောက်နှုန်း ၇၇-၉၈% အထိရှိတယ်။ တက်စေ့တွေပါ ထုတ်ပေမဲ့ သိပ်အကျိုးမများလှတာ
တွေ့ရတယ်။
• High risk melanomas ဆိုတာကို Adjuvant treatment ခေါ်တဲ့
ကုသနည်းမှာ High-dose Interferon ဆေး ၁ နှစ် ကြာပေးတယ်။
• ပြန့်နေတဲ့အဆင့်
Metastatic melanomas ကို X-rays, CT scans, MRIs, PET and PET/CTs, Ultrasound,
LDH testing and Photoacoustic detection နည်းတွေနဲ့ စစ်ဆေးမယ်။
• Chemotherapy
ဆေးဝါးနည်းမှာ သုံးတာက Dacarbazine (DTIC) နဲ့ immunotherapy ကုသနည်းမှာ သုံးတာက
• Interleukin-2 (IL-2) ဒါမှမဟုတ် Interferon (IFN) တွေဖြစ်တယ်။
• Radiation
therapy ဓါတ်ရောင်ခြည်ကင် ကုသနည်း၊
• Cell and Targeted Therapies
နည်းလဲရှိပါသေးတယ်။
Dr. တင့်ဆွေ-medicaleducation.blogspot
၂၄-၁-၂ဝ၁၁

Cervical cancer rates have tumbled after a national Pap Smear screening programme came into play in 2004.


Cervical cancer rates have tumbled after a national Pap Smear screening programme came into play in 2004.

Not only did far fewer women contract the disease during its first four years, but the number of deaths also dropped sharply.

Pap smears detect traces of cancer, and early treatment can prevent full-blown cervical cancer, the ninth most common form of the disease among Singapore women.

The test has been available here since 1964, but conducted mostly on an ad hoc basis. Then in 2004, CervicalScreen Singapore, the national cervical cancer screening programme, was launched by the Health Promotion Board (HPB).

~YourHealth

▂ ▃ ▅ ▆ █ #Ask The Expert █ ▆ ▅ ▃ ▂

If you have any questions on Female Health, please join us on our upcoming Facebook #Ask The Expert Session with Obstetrician and Gynaecologist, Dr Anthony Siow.

►►►Click on the event link to find out more https://www.facebook.com/events/348216025283556

မိန်း​​မ​​ချောများ​​၏ ဝတ်လစ်စလစ်ပုံများ​​ ကြည့်​​ရှုခြင်း​​ဖြင့်​​ ဦး​​​နှောက်စွမ်း​​​ဆောင်ရည်တိုး​​မြှင့်​​နိုင်

  နှစ်လိုဖွယ် မိန်း​​က​​လေး​​များ​​၏ ဝစ်လစ်စား​​လစ် ဓာတ်ပုံများ​​ကို ကြည့်​​ရှုခြင်း​​သည် ဦး​​​နှောက်၏ စွမ်း​​​ဆောင်ရည်များ​​ကို တိုး​​မြှင့်​​​ပေး​​​ကြောင်း​​ သိရှိရသည်။ သု​​တေသီများ​​က Page 3မှ လှပ​​သော ​​လေဆီ၊​ ကီလီနှင့်​​ ရီအန်တို့​​ကဲ့​​သို့​​ ​​မော်ဒယ်မိန်း​​က​​လေး​​များ​​၏ အဝတ်ဗလာ ဓာတ်ပုံများ​​ကို ပြသြပီး​​ စမ်း​​သပ်ချက်အရ ဦး​​​နှောက်၏ စွမ်း​​​ဆောင်ရည်ကို လှုံ့​​​ဆော်​​ပေါ်နိုင်​​ကြောင်း​​ ​​ဖော်ထုတ်နိုင်ခဲ့​​သည်။ဦး​​​နှောက်၏ လျှပ်စစ်ဇီဝ စီး​​ဆင်း​​မှုများ​​သည် လှပ၍ ကြည့်​​​ကောင်း​​​သော မိန်း​​က​​လေး​​၊​ ​​ယောကျာ်း​​​လေး​​ ဓာတ်ပုံများ​​ကို မြင်ရသည့်​​အခါ ပိုမိုတုံ့​​ပြန်မှု မြန်လာတတ်​​ကြောင်း​​ သိရသည်။ အကယ်၍ ဓာတ်ပုံထဲတွင် ပါ​​သော မိန်း​​က​​လေး​​များ​​ကို ​​ရေကူး​​ဝတ်စုံနှင့်​​ပုံ၊​ သို့​​မဟုတ် အဝတ်အစား​​ အပြည့်​​အစုံနှင့်​​ပုံများ​​ဖြင့်​​ ပြသပါက ဦး​​​နှောက်၏ တုံ့​​ပြန်မှုသည် အဝတ်မပါ​​သော ပုံများ​​တွင် မြင်ရချိန်ထက် ၀.၂ စက္ကန့်နှောင့်​​​နှေး​​​နေတတ်​​ကြောင်း​​ ​​ဖော်ထုတ်နိုင်ခဲ့​​သည်။ဖင်လန်နိုင်ငံ တမ်ပီရီ တက္ကသိုလ်မှ ပ​​ရော်ဖက်ဆာ ဂျာရီဟီတာနန်က “ကျွန်​​တော်တို့​​ရဲ့​​ အချက်အလက်​​တွေက အမြင်အာရုံရဲ့​​ နှိုး​​ဆွမှုဟာ ဦး​​​နှောက်ကို သက်​​ရောက်နိုင်တယ်ဆိုတာ ပထမဆုံး​​အကြိမ် လက်​​တွေ့​​ပြနိုင်ခဲ့​​ပါတယ်။ အထူး​​သဖြင့်​​ လိင်နဲ့​​ဆိုင်တဲ့​​ လှုံ့​​​ဆော်မှုဟာ ဦး​​​နှောက်ရဲ့​​ တွက်ချက်မှု မြန်နှုန်း​​ကို သိသိသာသာ ဆက်စပ်သွား​​တယ်ဆိုတာ မြင်ခဲ့​​ပါပြီ”ဟု ​​ပြောကြား​​သွား​​ခဲ့​​သည်။

ပန်းသီး၏ ကျန်းမာရေး စွမ်းပကား

တစ်နေ့မှာ ပန်းသီး တစ်လုံး စားရင် ဆရာဝန် နဲ့ ဝေးဝေးမှာ နေနိုင်တယ် ဆိုတဲ့ ဆိုရိုး စကား ရှိပါတယ်။ ပန်းသီးဟာ အရသာလည်း ရှိလှသလို ကျန်းမာရေး နဲ့ လည်း ညီညွတ်မှု ရှိတာကြောင့် ပန်းသီး ကနေ ရရှိ နိုင်တဲ့ ကျန်းမာရေး အကျိုးကျေးဇူးတွေ အကြောင်း လေ့လာထားတဲ့ တွေ့ရှိချက် အသစ်တွေကို ဖော်ပြ ပေးလိုက် ပါတယ်။
အယ်လ်ဇိုင်းမား ရောဂါကို ကာကွယ် ပေးနိုင်ခြင်း
ပန်းသီးမှာ ကွာစီတင် လို့ ခေါ်တဲ့ အစွမ်းထက် အင်တီ အောက်ဆီးဒင့် ပါဝင် နေတာကြောင့် ဦးနှောက်ဆဲလ်တွေ ပျက်စီး ထိခိုက်မှုက နေ ကာကွယ် ပေးနိုင် ပါ တယ်။ ပန်းသီး စားတဲ့ အခါမှာ ပန်းသီး အခွံကိုပါ စားပေးသင့် ပါတယ်။ အကြောင်း ကတော့ ပန်းသီးအခွံ မှာ ရောဂါကို တွန်းလှန် ပေးနိုင်တဲ့ ဒြပ်ပေါင်းတွေ အများကြီး ပါဝင် နေလို့ ပါပဲ။
အူမကြီး ကင်ဆာကို ကာကွယ် ပေးနိုင်ခြင်း
ပန်းသီးတွေထဲ မှာ ပါဝင်တဲ့ သဘာဝ အမျှင်ဓာတ် ဟာ အူမကြီးထဲ ကို ရောက်ရှိတဲ့ အခါ ကင်ဆာဆဲလ် ဖြစ်ပေါ်မှုကို တွန်းလှန် ပေးနိုင်တဲ့ ဓာတ်တွေ ထွက်ရှိ စေပါတယ်။
သွေးတိုးရောဂါ မဖြစ်အောင် ကာကွယ်ပေးခြင်း
နေ့စဉ် ပန်းသီး တစ်လုံး စားတဲ့ အရွယ်ရောက်သူတွေ မှာ သွေးတိုး ရောဂါ ဖြစ်နိုင်ခြေ ၃၇ ရာခိုင်နှုန်း လျော့ကျမှု ရှိတာကို လတ်တလော လေ့လာမှု တစ်ရပ် အရ သိရ ပါတယ်။
Ref:swesonemediagroup

#Awakening the Appetite:Breakfast - Blueberry and Banana Oatmeal with Lemon Crema

#Awakening the Appetite:Breakfast - Blueberry and Banana Oatmeal with Lemon Crema

The bursting freshness of blueberries paired with bananas is classic and the addition of a zesty lemon cream makes the whole dish sparkle.

Serves 4
1 cup quick-cooking oats
3 cups water
¼ teaspoon salt
1 punnet fresh blueberries (about 150g)
1 whole ripe banana

For the lemon crema:
Zest of 1 lemon
150ml double cream


Directions:
• Combine the oats, water and salt together in a saucepan, and bring to a boil. Turn down the heat to a gentle simmer, and cook for 5 minutes, stirring occasionally. Remove from the heat.
• Wash and pick through the blueberries, discarding any that appear bruised or damaged. Make sure that you dry the blueberries thoroughly. Set them aside.
• Peel the banana and cut into 4 equal parts and slice each part into 5 slices. Set them aside.
• To make the lemon crema, combine the lemon zest and double cream in a small bowl, and whisk until slightly thickened.
• To assemble, take 4 medium bowls and add the warm oatmeal to each. Scatter the blueberries and bananas over the top of the oatmeal. Place a generous dollop of the lemon crema on top of each and serve.

Note:
Everything, except the preparation of the oatmeal, can be done in advance and assembled as soon as the oatmeal has been cooked.

#A-Z of healthful ingredients: Zucchini


#A-Z of healthful ingredients: Zucchini

Zucchini together with acorn squash and other members of the squash and pumpkin families, zucchini contain loads of anti-cancer carotenoids, particularly beta-carotene. These foods are all naturally sweet, easy to eat and digest, and are versatile. Mash, make into soup, bake or stir-fry; take your pick.

လိင်ကိစ္စအပြုအမူနဲ့ ကင်ဆာ


လိင်ကိစ္စအပြုအမူနဲ့ ကင်ဆာ

ကင်ဆာဟာ လူနေမှုစရိုက်ပြောင်းလဲမှုနဲ့ ဆက်စပ်နေပါတယ်။ လူနေမှုစရိုက်ဆိုတာမှာ လိင်ကိစ္စဟာလည်း အရေးကြီးတဲ့ ကဏ္ဍတစ်ခုပါ။ လိင်ကိစ္စစရိုက်ကလည်း အခုခေတ်မှာ အကြီးအကျယ် ပြောင်းလဲနေပါပြီ။ လိင်ကိစ္စနဲ့ ကင်ဆာ ပတ်သက်နေတာမှာ အထင်ရှားဆုံးသော ဥပမာကတော့ “အေ့ (ဒ) (စ်)” AIDS ရောဂါပဲ။

ဒီရောဂါမှာ “ကာပိုစီဆာကိုးမား” လို့ခေါ်တဲ့ အရေပြားကင်ဆာ အဖြစ်များတယ်။ ကာပိုစီဆာကိုးမားကတော့ အရင်က အင်မတန်ရှားတဲ့ အရေပြားကင်ဆာ တစ်မျိုးပါ။ “အေ့ (ဒ) (စ်)” ပေါ်လာကာမှ တော်တော်လေး တွေ့လာရတာ။

"အေ့ (ဒ) (စ်)” ကတော့ လိင်တူ (ယောက်ျားအချင်းချင်း) ဆက်ဆံသူနဲ့ အခြားလိင်တူ မဟုတ်ပေမယ့် လူများများနဲ့ ဆက်ဆံသူတွေမှာ ဖြစ်လေ့ရှိတယ်။"

အခုခေတ်အခါမှာ လိင်ကိစ္စမှာ လျော့ရဲပြီး စည်းလွတ်လာကြတော့ ဟိုတစ်ခေတ်တစ်ခါကလို တစ်လင် တစ်မယား သစ္စရှိရှိ တစ်ဦးတည်းနဲ့ သေတစ်ပန်သက်တစ်ဆုံး ဆက်ဆံသူဦးရေဟာ လျော့လာပြီ။ ဒါဟာ ဖွံ့ဖြိုးတိုးတက်ပါတယ်ဆိုတဲ့ နိုင်ငံတွေမှာ ပိုဆိုးတယ်။ ခေတ်ဆန်လာတာနဲ့အတူ စာရိတ္တအဆင့်အတန်းကလည်း ကျဆင်းလာတော့တာပဲ။

အနောက်နိုင်ငံတွေကိုပဲ လက်ညှိုးထိုးနေလို့ မရတော့ဘူး။ အာရှနဲ့ အခြား “ခေတ်မီ” နိုင်ရေးအတွက် စိုင်းပြင်းနေကြတဲ့ စီးပွားရေးတက်သစ်စနိုင်ငံတွေမှာလည်း စာရိတ္တခြစားမှုဟာ တစ်နေ့တခြား ဆိုးနေပါပြီ။ လိင်ကိစ္စနဲ့ သက်ဆိုင်တဲ့ နောက်ကင်ဆာကတော့ သားအိမ်ခေါင်းကင်ဆာပဲ။

ဒီကင်ဆာဟာ ဗိုင်းရပ် (ပ်) တစ်မျိုးနဲ့ ဆက်စပ်နေတယ်ဆိုတာတော့ သိပြီးကြပြီ။ ဒီမှာလည်း တစ်ဦးတည်းနဲ့ မဟုတ်ဘဲ အတွဲခပ်များများနဲ့ ဆက်ဆံသူ အမျိုးသမီးတွေမှာ ပိုဖြစ်တယ်။

သားမွေးမှုနဲ့ ကင်ဆာ ပတ်သက်နေပုံကတော့ ကလေးနည်းတဲ့သူတွေမှာ ရင်သားကင်ဆာ ပိုအဖြစ်များပြီး ကလေးများများမွေးခဲ့တဲ့ မိခင်တွေမှာ သားအိမ်ခေါင်းကင်ဆာ ပိုဖြစ်တယ်။

Credit to - ဒေါက်တာ မြင့်မြင့်ခင်
B.A (Rgn), M. B. B. S (Rgn)
F. R. C. P (Edin)
(ကင်ဆာ)

ရေနွေးညသိပ် အဆိပ်ထက်ပြင်း

ရေနွေးညသိပ် အဆိပ်ထက်ပြင်း

ယောမြို့စားအတွင်းဝန် ဦးဘိုးလှိုင်ရဲ့နာမည်ကျော်ဥတုဘောဇန သင်္ဂဟကျမ်းမှာ ဖော်ပြထားတဲံ့ ရေနွေး။ရေကျက်အေး ရေအေးတို့နဲံပတ်သက်တဲ့ သိမှတ်ဖွယ်ရာဗဟုသုတတွေဒီစာအုပ်မှာ ပါဝင်တယ်. နောက်ဆုံးတင်ပြလိုတာကတော့.....

(၁) ရေနွေး ကျိုချက်တဲ့အခါမှာ ဆူပွက်ပြီးကျက်အောင်ကျိုပါ။

(၂) ကော်ဖီဖျော်ရင် ခြောက်နာရီအတွင်း ကျိုချက်ထားတဲံ ရေနွေးနဲ့ဖျော်ပါ။

(၃) ဓာတ်ဗူးထဲက ရေနွေးနဲံဖျော်ရင် ခြောက်နာရီထက်ကျော်ပြီး ဓာတ်ဗူးထဲမှာ လှောင်ထားသော ရေနွေးကိုမသုံးသင့်ပါ။

(၄)ဓာတ်ဗူးထဲမှာ အေးပြီးသားရေနွေးကို ဓာတ်ပျက်ရေနွေးဖြစ်လို့ ပြန်နွေးပြီး မသုံးပါနဲံ။ပြန်ကျိုချက်ပြီး မသုံးပါနဲ့။

(၅)ညသိပ်ရေနွေး ။ရေနွေးကြမ်းဟာ အဆိပ်ဖြစ်လို့ အစာအိမ်ကို ကမောက်ကမ ဖြစ်စေနိုင်ပါတယ်။

(၆)ရေနွေးသောက်ပြီး တစ်နာရီအတွင်းမှာ ရေအေးမသောက်ပါနဲ့။ ရေအေးသောက်ပြီး တစ်နာရီအတွင်းမှာ ရေနွေးမသောက်ပါနဲ့။ အထက်ပါအယူအဆတွေဟာ မလွဲနိုင်တဲံ့ တိုင်းရင်းဆေးပညာ ဥပဒေသ အယူအဆတွေဖြစ်ကြောင်း တင်ပြအပ်ပါသည်။.

credit(http://www.lubo601.com/2013/03/blog-post_8991.html)

By ထွန်းတောက်နိုင်ငံခြားဆေးနှင့်မြန်မာဆေးမျိုးစုံဆိုင်(Tun Tauk Pharmacy)


ကင်းပုံ(Wild Snake Gourd )ပင် နှင့်သူ၏အသုံးဝင်ပုံများ

အပင်


အမြဲစိမ်း သစ်ပျော့နွယ်ပင် ဖြစ်သည်။ ပင်စည် သေးသွယ်၍ နွယ်နှာမောင်း ၂-၄ ခု ခွဲထွက်သည်။


အရွက်
ပင်စည် သို့မဟုတ် ရိုးတံ၏ တစ်ဖက်တည်း မှ ထွက်၏။ အ၀ိုက် ၃ ၀ိုက်ပါ၍ ထိပ်အ၀ိုက်တွင် ထောင့် ၃ ထောင့် ပါပြီး ဘေးအ၀ိုက် ၂ ခုသည် လိပ်ပြာတောင်ပုံဖြစ်နေသည်။ ရွက်ရင်းဟိုက်သည် ၊ ရွက်ပြားပါး၍ ချောမွတ်သည် ။ ရွက်နား လှိုင်းတွန့် အနည်းငယ် ရှိ၏ ။ ရွက်ညာ အလွန်ရှည်သည်။

အပွင့်
ရွက်ညှာကြားမှ ထွက်သည်။ အဖြူရောင် ပွင့်ဖတ် ၅ ခုပါသည်။ ပွင့်ချပ်အစိမ်းရောင်ရှိပြီး ထိပ်တွင် နီညိုရောင်သမ်းသည်။ ပွင့်ညှာတံ ရှည်သည်။

အသီး
လုံး၍ ရှည်မျောမျောပုံရှိသည်။ ၂ လက်မကျော်ခန့် ရှည်သည်။ အခွံ ပြောင်ချောပြီး အစိမ်းပေါ်တွင် အဖြူစင်းများရှိ၏။ မှည့်သောအခါ လိမ္မော်နီရောင် ရှိသည်။ အစေ့လွန်းပုံရှိသည်။ နွေရော မိုးပါ သီးသော်လည်း မိုးရာသီတွင် ပိုသီးသည်။


 ပဉ္စငါးပါး ၊ အရွက် ၊ အသီး ၊ အမြစ်။

မြန်မာနိုင်ငံတွင်တွေ့နိုင်သောနေရာများ
: မြန်မာနိုင်ငံ အနှံ့အပြားတွင် ပေါက်ရောက်သည်။ မြန်မာနိုင်ငံတွင် အလေ့ကျပေါက်သည်။ သစ်ပင် ခြံစည်းရိုးတို့တွင်လည်း ပေါက်လေ့ရှိသည်။

အသုံးဝင်ပုံ : အာနိသင်
မြန်မာဆေးကျမ်းများ အလိုအရ ကင်းပုံသီးသည် ခါး၏ ၊ အေး၏ ၊ သလိပ်သည်းခြေကို နိုင်၏ ၊ ၀မ်းကိုသက်စေသည် ၊ အရွက်သည် ဖန်၏ ၊ ခန္ဓာကိုယ်ကြီးထွား သန်မာမှုနှင့် အရိုး ၊ သွားများ တည်ဆောက်မှုကို အားပေး၍ အာရုံကြောများကို လည်း လန်းဆန်း စေသည်။

အသုံးပြုပုံ-

ပဉ္စငါးပါး
၁ ။ ပင်စည်ပြုတ်ရည်ကို သလိပ်ရွှင်ဆေးအဖြစ် အသုံးပြုရာ၌ အထူးထင်ရှား၏ ။

အရွက်
၁။ အရွက်စိမ်းကို ဆီးချိုရောဂါရှိသူများ ကြော်ချက်စားသုံးရ၏ ။
၂ ။ ကင်းပုံရွက်နှင့် နံနံစေ့ ဆတူကို ပြုတ်၍ အဖျားကျဆေး ၊ ၀မ်းပျော့ဆေးအဖြစ် အသုံးပြုသည်။
၃။ ကင်းပုံရွက်ကို သန်ကျဆေး ဖော်စပ်ရာ၌ သုံး၏ ။
၎။ ကင်းပုံရွက် အရည်ကို ရေယုန်နာပေါ်သို့ မကြာခဏတို့ပေးလျှင် ရေယုန်နာ ပျောက်ကင်းသည်။
၅ ။ ကင်းပုံရွက်ကို သည်းခြေပျက်ခြင်းနှင့် အဆုတ်ပြွန်ရောင် ရောဂါတို့အတွက် ဖော်စပ်သောဆေးများတွင် ထည့်သွင်း အသုံးပြုသည်။

အသီး
၁ ။ ကင်းပုံသီးကို သားသည် မိခင်များ နို့ထွက်စေရန် နှင့် လေရောဂါ ၊ သွေးဖောက်ပြန် သောရောဂါ ၊ ပန်းနာ ချောင်းဆိုး ရောဂါများ၌ အသုံးပြုသည်။

အမြစ်
၁။ အမြစ်ကို အဖျားကျဆေး၊ ၀မ်းသက်ဆေး အဖြစ်သုံးသည်။ (ကင်းပုံတွင် အခါး၊ အချို နှစ်မျိုးရှိသည့် အနက် ဆေးဖက်တွင် အခါးကို အသုံးများသည်။)

ဟင်းနုနွယ်ရွက်-- က ကင်ဆာပိုင်ရှင်များအတွက်ကောင်းသည်။

ဟင်းနုနွယ်ရွက်-- က ကင်ဆာပိုင်ရှင်များအတွက်ကောင်းသည်။

ခံတွင်း ကင်ဆာ ၏ ဆိုးကျိုးများ

မေး- မြန်မာနိုင်ငံမှာ အဖြစ် များလာတဲ့ ခံတွင်းကင်ဆာ ရောဂါ အကြောင်းကို ရှင်းပြပေးပါဆရာ။
ဖြေ- ကင်ဆာ ဘာကြောင့်ဖြစ်လဲ အတိအကျ ဘယ်သူမှ မသိဘူးပေါ့။ ကင်ဆာ ဖြစ်ရတဲ့ အကြောင်းရင်းက အများကြီး ရှိတယ်။ နောက်ထပ် တစ်ခုက ကင်ဆာဖြစ် တဲ့နေရာပေါ် မှာ မူတည်ပြီးတော့ အကြောင်းအရင်း တစ်ခုနဲ့တစ်ခု လုံးဝကွဲပြားခြား နားသွားတယ်။ ခံတွင်း ကင်ဆာ ဘာကြောင့်ဖြစ်လဲ ဆိုတာ တိတိကျကျ မသိပေမယ့် လည်း ဖြစ်နိုင်ချေများ တာတွေကို ပြောပြမယ်။ ဥပမာ- ကွမ်းစားရင် ကင်ဆာ ဖြစ်တယ်လို့ ပြောလိုက်ရင် ကွမ်းစားတဲ့ သူတိုင်း ဖြစ်ရမှာပေါ့။ နှစ်ပေါင်း များစွာ ကွမ်း အများကြီး စားပြီးတော့ ခံတွင်းကင်ဆာ မဖြစ်တဲ့သူလည်း ရှိတာပဲ။ ခံတွင်း ကင်ဆာရောဂါ မဖြစ်အောင် ဘယ်လို ကြိုတင် ကာကွယ်မလဲ၊ မေးခွန်းကို ဖြေရရင် ကွမ်းမစား ပါနဲ့၊ ဆေးလိပ် မသောက်ပါနဲ့၊ ဖြစ်နိုင်ရင် အရက် လည်းမသောက်ပါနဲ့။ ဘယ်လိုမှ မရရင်လည်း အရက်ကို လျှော့သောက်ပါ ဆိုတဲ့ စကားမျိုးကို ပြောမှာပဲ။ ဘာကြောင့်လဲ ဆိုတော့ ခံတွင်းကင်ဆာ ဖြစ်တဲ့သူတွေ အားလုံးကို စစ်တမ်း ကောက်ယူလိုက်တဲ့ အခါ ကျတော့ ၈ဝရာခိုင်နှုန်း၊ ၉ဝ ရာခိုင်နှုန်းက ကွမ်းစားတဲ့ သူတွေ ဖြစ်နေတယ်။ ၅ ရာခိုင်နှုန်း၊ ၁ဝရာခိုင်နှုန်းက ကွမ်း မစားတဲ့ သူတွေ ပါကောင်းပါနိုင်မယ်။ ဒါပေမဲ့ ဒီအကြောင်းအရင်း တစ်ခု တည်းကြောင့် ဖြစ်တယ်လို့တော့ ပြောလို့ မရပေမယ့် ကွမ်းစားရင် နံပါတ် တစ် ထုံးထည့်မယ်။ ကွမ်းသီး ထည့်မယ်။ အဲဒီမှာတင် ကင်ဆာဖြစ်စေတဲ့ ဓာတ်ပေါင်း ပါနေပြီ။ ဒါ့အပြင် ကွမ်းကို ကွမ်းသီး ၊ထုံးနဲ့ စားတဲ့ခေတ် မဟုတ်တော့ဘူး။ ဆေးရွက်ကြီးတွေလည်း ထည့်တယ်။ ကျွန်တော်တို့ ရန်ကုန် သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ် မေးရိုးနဲ့ ခံတွင်း ဆေးပညာ ဌာနမှာတော့ လေ့လာ မှုတွေ လုပ်ထားတာပေါ့။ အိန္ဒိယ ကလာတဲ့ ဆေး ပစ္စည်းမျိုးစုံတွေ။ ဆစ်ကနယ်တို့၊ နံပါတ် ဘယ်လောက်တို့၊ ၁ဝဝတို့ ၂ဝဝတို့ ၉၄ တို့ ကျွန်တော်လည်း မသိဘူး။ အဲဒီ ဆေးတွေ ထဲမှာလည်း ကင်ဆာဖြစ်စေနိုင်တဲ့ ဓာတ်ပေါင်း တွေ အများကြီးပါတယ်။ ကွမ်းစား တယ်ဆိုတာ ကွမ်းလို့ပြောပေမယ့် ကွမ်းရွက်ချည်းပဲ စားတာ မဟုတ်တဲ့ အတွက်၊ ကွမ်းနဲ့ တွဲပြီးတော့ ဆေးတွေ ကပါတာ ဖြစ်တဲ့ အတွက် ခံတွင်း ကင်ဆာ ဖြစ်ရခြင်း အဓိက အကြောင်းရင်းက ဘာလဲလို့ မေးရင်တော့ ကွမ်းစားတာပဲလို့ ဖြေ မှာပေါ့။ နောက်တစ်ချက် က ဘာလဲ ဆိုတော့ ဒီဆေးလိပ်ကို မီးရှို့တာပဲ၊ ဒီဆေးရွက်ကြီးကို မီးရှို့တာပဲ။ အဲဒီတော့ ဒီဆေးရွက်ကြီးကို မီးရှို့ပြီး ထွက်လာတဲ့ ဓာတ် ပေါင်းတွေဆေးလိပ်က အစီခံပါတယ် ဆိုပေမယ့် အဲဒါကလည်း အငွေ့ထွက်တယ်။ အငွေ့ရဲ့ အပူရှိန်လည်း ရှိတယ်။ အပူဓာတ် ကလည်း ဖြစ်စေတာ ပါပဲ။ တချို့နေရာတွေမှာ ဆိုရင် ဆေး လိပ်ကို ဖယောင်းသုတ်တယ်။ ပြောင်း ပြန်သောက်တယ်။ မီးပါတဲ့ အပိုင်းကို ပါးစပ်ထဲမှာ ထားပြီးတော့ အစီခံ အပိုင်းကနေ အငွေ့ကို အပြင်မှုတ် ထုတ်တယ်။ အဲဒီလို လူမျိုးတွေမှာ ကင်ဆာ အဖြစ်များတယ်။ မီးပါတဲ့ အစိတ်အပိုင်းက အပူတွေ အာခေါင်နဲ့ တအား နီးနေတယ်။ အဲဒီတော့ ဆေး လိပ်သောက် တယ်။ ကွမ်းစား တယ်ဆို တာ ဒွန်တွဲတာက တစ်ကြောင်း၊ ဆေး လိပ်သောက်တာ ဒွန်တွဲသလို အရက် သောက်တာ ဒွန်တွဲတာ။ အဲဒီအ ကြောင်းရင်း ၃ချက် ကတော့ ခံတွင်း ကင်ဆာ ဖြစ်ရခြင်း အဓိက အကြောင်းရင်းတွေ ချည်းပါပဲ။ တစ်ခါတလေ နေရောင်ခြည် ပူပူထဲ မှာထွက်ပြီး အလုပ်လုပ်ကြတဲ့ လယ်သမားတွေ ခံတွင်းကင် ဆာဖြစ်နိုင် တယ်။ ခံတွင်း ကင်ဆာက ဘာအဖြစ်များလဲ ဆိုတော့ အောက်နှုတ်ခမ်း။ ခရမ်းလွန်ရောင်ခြည် ရှိတဲ့အခါကျတော့ ကင်ဆာကို ဖြစ်စေတယ်။ ဘယ်နေရာကို အထိ ဆုံးလဲ ဆိုတော့ နေရောင်ခြည် အပေါ် က လာတဲ့အတွက် အောက်နှုတ်ခမ်း အဖြစ်များတာ။ အဲဒီတော့ မိန်းကလေးတွေမှာ အဖြစ်နည်းတယ်။ ဘာ ကြောင့်လဲ ဆိုတော့ နှုတ်ခမ်းနီ ဆိုးတယ်။ အဲဒီတော့ ယောက်ျားလေး တွေ၊ တောင်သူ လယ်သမားကြီးတွေ ဆိုလည်း အနည်းဆုံးတော့ နှုတ်ခမ်း နီလို၊ အလှဆီ လို ဆိုးသင့်တယ်။ ဘာ ဖြစ်လို့လဲ ဆိုတော့ အလှဆီ လိမ်းထားတယ် ဆိုရင် ဒါကို သက်သာစေတယ်။ ကင်ဆာဖြစ်စေတဲ့ အကြောင်းအရင်း တွေ အများကြီး ရှိပါသေးတယ်။ မျိုးရိုးဗီဇနဲ့ လည်း ဆိုင်တယ်။ နောက်တစ် ခုကတော့ ကင်ဆာ မဖြစ်အောင် ဘာလုပ်မလဲ ဆိုတော့ ခုနက အမူအကျင့် လေးတွေကိုရှောင်ပါ။ အသီးအရွက် ကို များများစားပါ။
မေး- ခံတွင်း ကင်ဆာရောဂါ အကြောင်းကို လူတိုင်းသိအောင် ဘယ် လို လုပ်သင့်ပါသလဲဆရာ။
ဖြေ- ပြည်သူပြည်သားတွေ ရဲ့ ကျန်းမာရေး အသိပညာက အရင်ထက်စာ ရင် အခုက ပိုပြီးရှိလာမယ်လို့ ကျွန်တော် ယုံကြည်တယ်။ ပြည်သူလူ ထုတွေ ကျန်းမာရေး အသိ ပိုရှိလာတယ်။ အခုကလူတွေရဲ့ လိုက်ဖ် စတိုင် ပြောင်းလဲသွားတာ။ ဒီဟာတွေ က ကင်ဆာရောဂါ တိုးပွားလာစေ တဲ့ အကြောင်းအရင်းတွေ ပိုဖြစ်စေ တယ်။ ကင်ဆာရောဂါ ဟာ သာမန် ဆိုရင် စစချင်းဖြစ်တဲ့ အချိန်မှာ မနာ ဘူး။ လူတွေက ခံစားရတယ် ဆိုတာ နာတာ ကိုခေါ်တာပဲ။ နာမှ သူကပြ မှာ။ အဲဒီလို နာတာပြတဲ့ အချိန် ကင်ဆာရောဂါက လွန်နေပြီ ဆိုတော့ ကျွန်တော်တို့ ကုသတဲ့နေရာမှာ အခက်အခဲတွေ ရှိတယ်။ ကုသလို့ရှိ ရင် မကုသတာ ထက်စာရင်တော့ အများကြီး ပိုကောင်းတယ်။ အမြဲ တမ်း ကျန်းမာရေး အသိရှိရင်  ခံတွင်း ရယ်လို့ မဟုတ်ဘူး။ တခြားနေရာ ကိုယ်ခန္ဓာ စစ်ဆေးမှု အပိုင်းတွေကို မှန်မှန် လုပ်နိုင်တယ်ဆိုရင် ဖြစ်ခါစ အချိန်ကို ကြိုတင် သိနိုင်မယ် ဆိုရင် လုံးဝ ပျောက်ကင်းအောင် ကုသ နိုင်မယ့် အခြေအနေ မျိုးတွေ ရှိပါတယ်။ အဲဒီ အထဲမှာ ခံတွင်းကင်ဆာ လည်း အပါအဝင်ပဲ။ ခံတွင်း ကင်ဆာ က အ ခြား ကင်ဆာတွေ ထက် ပိုပြီး အ ခြေအနေကောင်းတယ်။ သူကမြင် သာထင်သာတဲ့ နေရာမှာ ဖြစ်တဲ့အတွက် ကာကွယ်ရတာ ပိုလွယ်တာပေါ့။
အခု ပညာပေး အစီအစဉ်လေး တွေတော့ မြန်မာနိုင်ငံ သွားဘက်ဆိုင်ရာ ဆရာဝန် အသင်းက ဆွဲနေတယ်။ ခု မြန်မာပြည်မှာ သွားဘက် ဆိုင်ရာ ဆရာဝန်တွေ အရင်တုန်း က ရာ ဂဏန်းရှိတယ်။ အခု ၃ဝဝဝ လောက်ရှိသွားပြီ။ ဒီအင်အားကို ကောင်းကောင်းမွန်မွန် အသုံးချနိုင် ရင် ကောင်းတယ်။ လူဦးရေ သန်း ၆ဝ ကို တစ်ခါ တည်း ပညာပေးဖို့ ဆိုတာ မလွယ်ဘူး။ ဆင့်ပွားပညာပေး သင်တန်းပေါ့။ ကျွန်တော် တို့တစ်တွေ  က သွားဆရာဝန် တွေကနေ တစ်ဆင့် ဘယ်သူတွေကို အသုံးချမလဲ။ ဥပမာ- တောတွေမှာ ကျွန်တော်တို့ တွေက သူနာပြုတွေကို ထပ်ဆင့် သင်တန်းပေးမလား၊ တောမှာရှိတဲ့ ကျန်းမာရေး ဝန်ထမ်းတွေကို ဘယ်လို သင်တန်းပေးမလဲ၊ သူတို့တွေ ကနေ တစ်ဆင့် ကျွန်တော်တို့ လူဦးရေ သန်း ၆ဝ ကို တစ်ခါတည်း တရား သွားဟောပေါ့။ ဒါမျိုးကတော့ မဖြစ် နိုင်ဘူး။ အခါအားလျော်စွာ သွား ဆရာဝန်တော်တော် များများက တာဝန်ဆောင်ရွက်မယ်၊ ဆင့်ပွားပေး နိုင်မယ့် သင်တန်းတွေ လိုပါတယ်။ နံပါတ်တစ် ကတော့ စီမံချက်ဆွဲ ဖို့လိုတယ်။ နံပါတ်နှစ်ကတော့ သင်တန်းတွေ ဖွင့်ဖို့လိုတယ်။ အဲဒီတော့ သွားဆရာဝန်တွေကို အားကိုး ရမှာပဲ။ ဒါပေမဲ့ တစ်ဖက်က ကြည့်လိုက်ရင် နိုင်ငံတော်ရဲ့ ပံ့ပိုးမှုကလည်း လိုမှာပဲ။ မြို့နယ် အာဏာပိုင် အဖွဲ့အစည်း တွေ နဲ့ ဆက်သွယ်ရမယ်။ အဲဒီတော့ နိုင်ငံတော်ရဲ့ ပံ့ပိုးမှု ဆိုတာ ငွေရေး၊ကြေး ရေးလို့တော့ မဆိုလိုပေမယ့် တခြား နည်းနဲ့ နိုင်ငံတော် ရဲ့ ပံ့ပိုးမှုက လိုပါ တယ်။ ဒါမှသာလျှင် ကျွန်တော်တို့က လူတွေ တော်တော်များများကိုပေါ့လေ၊ အားလုံး မဟုတ်ရင်တောင် တော်တော်များများ ကို အသိပညာတွေ ပေး လိုက်မယ် ဆိုရင် ဖြစ်ပွားမှုနှုန်းက တော့ ကျဆင်းသွားမယ်လို့ ထင်ပါတယ်။ နောက် ခံတွင်း ကင်ဆာရောဂါ အကြောင်းကို တစ်ပြည်လုံး အတိုင်းအတာ အထိဆောင်ရွက် သွားဖို့ အစီအစဉ်တွေ ရှိပါတယ်။
မေး- ခံတွင်းကင်ဆာရောဂါ ဖြစ်ပွား မှုနှုန်းကို လျော့ကျသွားအောင် ဘယ် လိုလုပ်သင့်ပါသလဲဆရာ။
အဲဒါကတော့ ကျွန်တော်တို့ မြန်မာနိုင်ငံ သွားဘက်ဆိုင်ရာ ဆရာဝန် အသင်းက ဆရာဝန်တွေ လုပ်နေတာပေါ့။ ဒါပေမဲ့ အခုအချိန်မှာ မြန်မာပြည်မှာလည်း ကင်ဆာ အမျိုး ပေါင်းရာ နဲ့ ချီပြီးတော့ ရှိကောင်း ရှိမယ်။ အတိအကျတော့ မသိဘူး။ ဒါပေမဲ့ အဲဒီမှာ တစ်ကနေ တစ်ဆယ် အထိရေလိုက်ရင် ခံတွင်းကင်ဆာ ပါနေ တယ်။ မြန်မာပြည် မှာပေါ့။ အဲဒီတော့ ဒါကပေါ့ပေါ့တန်တန် တွေး လို့ရ တဲ့ရောဂါမျိုး မဟုတ်တော့ဘူး။ ဘယ်သူမှ ကင်ဆာမဖြစ်အောင် ဘယ် နိုင်ငံကမှ လုပ်လို့ မရဘူး။ ဒါပေမဲ့ လျော့ပါး သွားအောင်တော့ လုပ်လို့ ရမယ်။ HIV တွေဆိုရင် သေမှာပဲ ဆိုပြီး၊ ဒါကို မသေအောင် တချို့နိုင်ငံ တွေမှာ လုပ်နေကြပြီ။ လျော့သွား အောင် လုပ်နေကြ ပြီ။ ဒီလိုပဲပေါ့။ ကျွန် တော်တို့ကလည်း ခံတွင်းကင်ဆာ လျော့အောင် လုပ်ဖို့ အစီအစဉ်တွေ ဆွဲနေပါပြီ။
ကျွန်တော်က ပတ်ဝန်းကျင် ပျက်စီးတာနဲ့ ပတ်သက်လို့ပြောရရင် သစ်တောတွေ ခုတ်တာတို့၊ မလိုအပ် ဘဲ သစ်ပင်တွေ ခုတ်တာတို့၊ စက်ရုံ တွေက စွန့်ပစ် ပစ္စည်းတွေကို စနစ်တကျ မစွန့်ပစ်တာတို့ ဒါတွေဟာ ပတ်ဝန်းကျင်ကို အများကြီး ပျက်စီး စေပါတယ်။ နောက်ဆုံး လွယ်လွယ် လေးပြောရရင် ဆေးလိပ်ကို နေရာ တကာသောက်တာ တို့၊ အခု နိုင်ငံတော် အစိုးရကလည်း လုပ်နေတယ်။ ကျန်းမာရေး ဝန်ကြီး ဌာနတွေက လည်း လုပ်နေတယ်။ သက်ဆိုင်ရာ NGO တွေကလည်း လုပ်မယ်။ ဆေးလိပ် မသောက်ရေး၊ ဘယ်သူမှ ဆေးလိပ် မသောက်ရဘူး။ ဆေးလိပ် သောက်ရင် အရေးယူမယ် ဆိုတာမျိုး ဥပဒေတော့ ထုတ်လို့မရဘူး။ ဒါပေမဲ့ မြန်မာနိုင်ငံမှာ လည်း ဆေး လိပ် နဲ့ ပတ်သက်လို့ သတ်မှတ် ထားတာတွေ ရှိတယ်။ ကျွန်တော် က ဒီလို သတ်မှတ် ထားတာတွေကို လိုက်နာအောင် အသိပညာ ပေးဖို့ အစိတ်အပိုင်းက ပို အရေးကြီး မယ် လို့ ထင်တယ်။ ကျွန်တော် ထင်တယ်၊ တချို့က ဆေးလိပ် မသောက်ရလို့ ရေးထား ပေမယ့်လည်း သောက်ချင်သောက် နေတာပဲ။ အဲဒါမျိုးတွေ ကိုတော့ ကျွန် တော် တို့က ခွင့်လွှတ်ပေးလို့ မရဘူး။ မသောက်ရဘူး ဆိုရင် အဲဒါမျိုး နေရာမှာ မသောက်ကို မသောက်ရ ဘူး။ ကွမ်းတံတွေး မထွေးရဆိုရင် လည်း ထွေးနေတာပဲ။ ဒါတွေက မဖြစ်သင့်ဘူးလေ။ ကွမ်းစားတာကို ကွမ်းမစားရဘူး ဆိုပြီးတော့ ဥပဒေ ထုတ်လို့ ရမယ်မထင်ဘူး။ ကွမ်းက ပိုဆိုးတာက မြန်မာပြည် အနှံ့ ယဉ် ကျေးမှု ဓလေ့ထဲမှာလည်း ပါတယ်။ ဒါပေမဲ့ ဒီဟာရဲ့ မကောင်းတဲ့ဆိုး ကျိုးတွေ အများကြီး ရှိတယ်ဆို တာကို တစ်ဖက်က ပညာပေး သွားရ မှာပေါ့။ ယဉ်ကျေးမှု ဆိုတာကတော့ ကောင်း တဲ့ အမွေ အနှစ်ကို ထိန်းသိမ်း ထားပြီး မကောင်းတဲ့ အမွေအနှစ်ကိုတော့ ဖယ်ရှားသင့်ရင် ဖယ်ရှားရမှာပေါ့။
မေး- ခံတွင်းကင်ဆာ အကြောင်းကို အခုလို ဖြေကြားပေးတဲ့ အတွက် ကျေးဇူးအများကြီး တင်ပါတယ် ဆရာ။ အခုနောက်ဆုံး ခံတွင်း ကင်ဆာ မဖြစ်အောင် ဆရာ့ရဲ့ အကြံ ပြုချက်များကို ပြောကြားပေးပါ ဆရာ။
အဓိက အရေးကြီး တာကတော့ ခုနကပြောတဲ့ မကောင်းတဲ့ အမူ အကျင့်တွေ ဆေးလိပ်သောက်တဲ့ အမူအကျင့်၊ ကွမ်းစားတဲ့ အမူအကျင့်၊ ဒါတွေကို အတတ်နိုင်ဆုံး မသောက် အောင်၊ မစားအောင်၊ စားနေတယ် ဆိုရင်လည်း ကျွန်တော် တွေ့ဖူးပါတယ်။ ဆရာ ဘယ်လိုမှတော့ ဖြတ်လို့ မရဘူးပေါ့။ ဖြတ်လို့ မရရင် လျှော့ ပါဆိုတဲ့ဟာ မျိုးလေး။ နောက်ပြီးတော့ Life Style ပေါ့။ အစားအသောက် ရော၊ လေ့ကျင့်ခန်းရော၊ အဲဒါလည်း ပါတယ်။ လေ့ကျင့်ခန်း ဆိုတာက လည်း Life Style မှာ အရေးပါတာ ပဲ။ ငယ်ရင် ငယ်သလို၊ ကြီးရင်ကြီး သလို သူ့အတိုင်းအတာ နဲ့သူ လုပ်ဖို့ လိုမယ် ထင်ပါတယ်။
ကျွန်တော်ယူခဲ့ဖူးတဲ့ ရာထူး၊ တာဝန်တွေ အားလုံး နားလိုက်ပြီ။ နားလိုက်ပြီ ဆိုပေမယ့် အခုအချိန်ထိ ဆေးခန်း ဖွင့်တယ်။ ဒီပညာနဲ့ပဲ အ လုပ်လုပ်နေတဲ့ အတွက် ဒီသွား ဘက်ဆိုင်ရာ ဆေးပညာကို ဘယ်ရှုထောင့် ကပဲဖြစ်ဖြစ် ပံ့ပိုးပေးနိုင်တဲ့ နေရာက ပံ့ပိုးပေးမှာပါ။ ဆေးပညာ အဆင့်အတန်း မြင့်မားဖို့၊ နိုင်ငံတကာနဲ့ ရင် ပေါင်တန်းနိုင် ဖို့၊ ခံတွင်းကင် ဆာ ရောဂါတွေကို Plan တွေချပြီး ကာ ကွယ်ဖို့ ပြည်သူလူထု အတွက် အကျိုး ရှိမယ့် ဟာတွေကိုကျွန်တော် တတ်နိုင် တဲ့ဘက်က ပါဝင်ဖို့ အဆင်သင့်ပါပဲ။
ဆရာဝန်ကြီး ဒေါက်တာဘမြင့် (ပါမောက္ခ၊ငြိမ်း) ကို အဖမစ္စတာအာရ် စီပေါလ်-အမီမစ္စစ်ပီဘီပေါလ် တို့က ပုသိမ်မြို့တွင် မွေးဖွားခဲ့သည်။ ဆရာ ဝန်ကြီးဒေါက်တာ ဘမြင့် [B.D.S (Pb), Ph.D(Japan), F.I.C.D, F.I.C.C.D.E] သည် သွားဘက်ဆိုင်ရာ ဆရာဝန် အသင်းတွင် ဥက္ကဋ္ဌ အဖြစ် တာဝန် ထမ်းဆောင်ခဲ့ပြီး ယခုအခါ Dent Myanmar Dental Centre တွင်တာဝန်ထမ်းဆောင် လျက်ရှိသည်။
ညိုသစ်ငယ်

ကင်ဆာသတ်သောအစာများ


ကွန်ဒုံးမဆောင်ရဲခြင်းကြောင့် HIV / ADIS ကူးစက်မှုနှုန်း မြင့်မားနိုင်

ကွန်ဒုံးများအား သက်သေအဖြစ် အသုံးပြု၍ ပြည့်တန်ဆာ အမျိုးသမီးများ ကိုဖမ်းဆီမှု များ ကြောင့် မြန်မာနို င်ငံ တွင် HIV / AIDS ရောဂါ ကူးစက်မှုနှုန်း ပိုမို မြင့်မား လာနိုင်သည်ဟု နိုင်ငံတကာ အစိုးရ မဟုတ်သော အဖွဲ့မှ ဥပဒေ အကြံပေး အကျိုးဆောင် တစ်ဦးက ပြောကြားကြောင်း သိရသည်။

ကွန်ဒုံးများကို သက်သေအဖြစ် အသုံးပြုပြီး ပြည့်တန်ဆာ အဖြစ် မဖမ်းဆီးရန် ၂၀၀၉ ခုနှစ်တွင် ပြည်ထဲရေး ၀န်ကြီးဌာန နှင့် ကျန်းမာရေး ၀န်ကြီးဌာန မှ တရားဝင် ထုတ်ပြန် ခဲ့သော်လည်း လက်ရှိ အချိန်အထိ ဖမ်းဆီး နေဆဲ ဖြစ်သောကြောင့် ပြည့်တန်ဆာ လုပ်ကိုင် နေသူများ ကွန်ဒုံး မသုံးဆောင်ရဲကြ သဖြင့် HIV / AIDS ကူးစက် ခံရမှု ပိုမို များပြား လာခြင်း ဖြစ်ကြောင်း သိရသည်။ ထိုကဲ့သို့ ရောဂါ ကူးစက်မှုနှုန်း မမြင့်မား စေရန် နယ်မြေ ဒေသ အသီးသီးတွင် ပညာပေး ဆွေးနွေးခြင်း များကို ကျယ်ကျယ် ပြန့်ပြန့် လုပ်ဆောင် သင့်ကြောင်း နှင့် HIV / AIDS ရောဂါ မကူးစက် နိုင်စေရန် ကွန်ဒုံးကို အသုံးပြု သင့်ကြောင်း ကမ္ဘာ့ ဆရာဝန်များ အဖွဲ့ မှ ဒေါက်တာ စည်သူ ကပြောကြား သည်။ မြန်မာနိုင်ငံ တွင် HIV / AIDS နှင့် ပတ်သက်၍ WHO မှ ထုတ်ပြန်ချက် အရ ၂၀၁၁ - ၂၀၁၂ ခုနှစ်အတွင်း HIV ကူးစက်သူ ဦးရေ ၂၄၀၀၀၀ ၊ AIDS ဖြစ်ပွားသူ ဦးရေ 120000 နှင့် HIV / AIDS ကြောင့် သေဆုံးသူ ဦးရေ ၁၅၀၀၀ ရှိကြောင်း သိရှိရသည်။
FROM-MYAWADY NEWS

ပါးစပ် နဲ့  ကာမဂုဏ် ခံစား ရင် ကင်ဆာ ဖြစ်ဖို့ သေချာ

ဟိန်းခိုင်ထွန်း၊                  ၊လိင်ဆက်ဆံ မှု မှာ ပါးစပ် နဲ့  လုပ်တာ ကို ရှောင်ကျဉ် ဖို့  အိုဟိုင်းယို
ပြည်နယ် တက္ကသိုလ် ကင်ဆာနှင့် ကူး စက်ရောဂါ ပိုးမွှား များ လေ့လာမှု သုတေသန ဌာန က
သတိပေး ချက် ကို Wall Streetဂျာနယ် မှာ ဖော်ပြ ထား ပါတယ်။
ဒီတက္ကသိုလ် က ကင်ဆာ သု တေသန မှုး တစ်ဦး ဖြစ်သူ မော်ရာ ဂီလီဆင် က ပါးစပ် နဲ့  လိင်ဆက်
ဆံ တာ ဟာ အမျိုးသား တွေ ထက် အမျိုးသမီး တွေ က ပိုပြီး ပြု မူတတ်ပြီး အစာရေမြို  ကင်ဆာ
လည်ချောင်း ကင် ဆာ နဲ့  သားအိမ် ကင်ဆာ ရရှိ မှု တွေ မှာ လည်း အမျိုးသမီး တွေ က အဖြစ်
အများ ဆုံး လို့  မော်ရာ ဂီလီဆင် က ပြောပါတယ်။
အနောက်တိုင်း ယဉ်ကျေးမှု မှာ နှုတ်ခမ်းချင်း တေ့ နမ်းစုတ် ခြင်း အလေ့အထ ရှိတာ ကြောင့်
ကူးစက် ရောဂါ ပြန့် ပွား ဖို့  က ပို လွယ်တယ် လို့  တက္ကသိုလ် က လေ့လာ ချက် မှာ ဖော်ပြထား
ပါတယ်။
ပါးစပ် နဲ့  လိင်ဆက် ဆံ မှု ဟာ သမရိုးကျ လိင်ဆက်ဆံ မှု ထက် ပေါ်ပြူလာ ပို ဖြစ်လာတာ ဟာ
မိန်းကလေး တွေ အတွက် တစ်ချိန် မှာ ကင်ဆာ ရဲ့  သားကောင် ဖြစ်သွား နိုင် ကြောင်း ကို မိုင်
ယာမီ ကင်ဆာ ရောဂါ လေ့လာ ရေး ဌာန က လည်း သတင်း ထုတ် ပြန် ထား ပါတယ်။
ပြီးခဲ့တဲ့ ဆယ်စု နှစ် တွေ အတွင်း မှာ လည်ချောင်း ကင်ဆာ ရောဂါ ဖြစ်ရင် ဆေးလိပ် နဲ့  တခြား
ရောဂါ ပိုးမွှား တွေ ကြောင့် လို့  လက်ခံ ထား ကြ ပေမယ့် ဆေးလိပ် လည်း သောက် ၊ ပါးစပ်
နဲ့ လည်း ကာမ ဆက်ဆံ တဲ့ သူ တွေ ထဲ က လည်ချောင်း ကင်ဆာ ရောဂါ ခံစား နေရာသူ
တွေ ကို လေ့လာကြည့် တဲ့ အခါ  ၈၀ ရာခိုင်နှုန်းက အစာသွင်း လမ်းကြောင်း ကနေ လိင်ဆက်
ဆံ လို့  ရရှိ တာ ဆို တဲ့ ရလာဒ် ထွက် ပေါ်လာ ပါတယ်။
New England Journal of Medicine  က တွေ့ ရှိ ချက် အရ အသက် ၂၀ ကျော် ကနေ ၃၀
ကျော် အရွယ် တွေ ဟာ ပါးစပ် နဲ့  လိင်ဆက် ဆံတာ ကို ပို သဘောကျ ပြီး ဥရောပ သူ တွေ က
အမေရိကန် သူ တွေ ထက် ဒါကို ပို သဘော ကျတယ်။ လည် ချောင်း ကင်ဆာ ဖြစ်ပွား မှု မှာ
လည်း ဥရောပ မမ တွေ က ပို များ တယ် လို့  သုတေသနအစီရင် ခံစာ မှာ ဖော်ပြထား ပါတယ်။
ကျန်းမာ ရေး ကောင်းသူ တစ်ယောက် ရဲ့  ကိုယ်တွင်း က ထွက် ရှိလာ တဲ့ အရည် ဟာ ပြဿနာ
မဟုတ် ပေမယ့် ဒါ ထွက် ရှိလာမယ့် နေရာ တစ်ဝိုက် မှာ မသန့် ရှင်း မှု တွေ ရှိ နေရင် ပါးစပ်ကို
ချက်ခြင်း ကူးစက် တတ်တယ် လို့  မော်ရာ ဂီလီဆင် က ထောက်ပြ ပါတယ်။
အမေရိကန် နဲ့  ဥရောပ က အထက်တန်း ကျောင်း တွေ မှာ ပါးစပ် နဲ့  လိင်ဆက်ဆံ တာ ကို ရှောင်
ရှား ဖို့  လိင်ပိုင်း ဆိုင်ရာ ပညာပေး အစီအစဉ် တွေ က နေ ဆော် သြပေး မယ့် အောင်မြင်မှု မရရှိ
ပါဘူး ။
ဝါရှင် တန် ပြည်နယ် တာကိုမာ အထက်တန်း ကျောင်းက ကျောင်းသူ လေး အေဒီရိယန်နာ က
သူ ရဲ့  ရည်စား နဲ့  လိင်ဆက် ဆံ ချင်ပေမယ့် ကိုယ်ဝန် ရှိလာ မှာ ကြောက်တဲ့ အတွက် ပါးစပ်နဲ့ 
ပဲ သူက နှစ်သိမ့်  မှု ပေး ခဲ့ ရတယ်။ သူ ဟာ အခု တော့ သိပ်မစိုးရိမ်ရ သေးတဲ့ ခံတွင်း ကင်ဆာ
ရောဂါ သည် တစ်ယောက် ဖြစ်နေပါပြီ။

အသက် (၁၈) နှစ်ပြည့်မှဖတ်ပါ - အချစ်နဲ့ လိင်

အချစ်ဟာ ဘ၀အတွက် အဓိက လိုအပ်ချက်မဟုတ်ပေမဲ့ အချစ်မရှိရင် ဘ၀မှာပျော်ရွှင်မှုဆိုတာတွေလည်း ပျောက်ဆုံးကုန်ရော။ အချစ်နဲ့ပတ်သက်လာရင် လူတိုင်းမှာ ခံစားချက်ကိုယ်စီရှိကြတယ်။ ထင်မြင်ချက် ကိုယ်စီလည်း ရှိကြပါတယ်။ ကျနော်အခုပြောပြချင်တာက ဘာလို့ ယောကျာ်းလေးမိန်းကလေး တော်တော်များများဟာ ချစ်သူတစ်ဦးတည်းကို တသက်လုံး ဘာလို့မချစ်နိုင်တဲ့အပေါ် သုံးသပ်ကြည့်မိတဲ့ အကြောင်းအရာတွေပါ။

ဖောက်ပြန်ကြတယ်ဆိုတဲ့အသံတွေကို နေရာတိုင်းမှာကြားနေရတယ်။ အရွယ်ရောက်ပြီးကြတဲ့လူတိုင်း ဒီလိုအဖြစ်မျိုး ကြုံခဲ့ဖူးတာများပါတယ်။ ကိုယ့်ရည်းစားကရှုပ်တယ် ဆိုပြီး ပြတ်သွားကြတဲ့ သမီးရည်းစားတွေကလည်းမနည်းပါဘူး။ ဘာလို့လဲ။ အချစ် အချစ် ဆိုတဲ့ အကြောင်းကို သေချာမသိကြလို့လေ။ အချစ်နဲ့ လိင်ကို သေချာမသိကြလို့ ဖောက်ပြန်နေကြတာပေါ့။ ငယ်ငယ်က မိဘအချစ်ငတ်ခဲ့ရသူ၊ အချစ်ဦးက ရက်ရက်စက်စက်အသည်းခွဲပြီး အပစ်ခံခဲ့ရသူ တော်တော်များများဟာ ရှုပ်တတ်ကြတယ်။ ဖောက်ပြန်တတ်ကြတယ်။ ဘာလို့လဲဆိုတော့ သူတို့မှာ အချစ်ဆိုတဲ့အရာကို မယုံကြတော့ဘူးလေ။ အချစ်က လုံခြုံမှု တည်မြဲမှုကိုမပေးနိုင်ဘူးလို့ထင်နေကြတယ်လေ။ ကိုယ့်လိုပဲ မြာပွေတဲ့သူတွေ ချည်းပဲလို့ ထင်မှတ်နေကြတယ်လေ။ ရည်းစားတွေထည်လဲတွဲ ပြီး သူတို့မှာလိုအပ်နေတဲ့အချစ်တွေကို ဖြည့်ကြတာပေါ့။ ဒါကအချစ်ရှာနေတာ မဟုတ်ပါဘူး။လိင်ပါ။

တချို့ကျတော့ အချစ်စစ်နဲ့ကို ချစ်ကြတာပါ။ ဒါပေမဲ့ သူ့တို့ ရှေ့ဆက်လျှောက်ဖို့ အချစ်လမ်းခရီးက အခက်အခဲတွေရင်ဆိုင်ကြတဲ့အခါမှာ နားလည်မှုတွေ၊ ယုယမှုတွေ၊ ချစ်စကြင်စကလို တက်ကြွမှုတွေကို ချစ်သူနှစ်ဦးစလုံးက ပျိုးထောင်ပေးဖို့မေ့နေကြတော့ အထီးကျန်မှုတွေ သိမ်ငယ်မှုတွေပေါ်လာတော့တာပေါ့။ ဒါကလည်း လူတိုင်းမှာ ချစ်သက်တမ်းရှည်လာသမျှ ငြီးငွေ့မှုတွေ ဖြစ်လာတတ်ကြတာ သဘာဝပဲလေ။ အထူးသဖြင့် လိင်အမှုကို ဦးစားပေးတဲ့ သမီးရည်းစားတွေဆို ပိုပြီးကွဲဖို့အခွင့်အရေးများတယ်။ ချစ်သူရဲ့ ကိုယ်သင်းနံ့၊ လှပမှုအဆင်း၊ ကိုယ်လုံးကိုယ်ပေါက်၊ လိင်ဆက်ဆံမှု၊ ဟန်အမူအရာ၊ စကားသံလေးတွေဟာ ချစ်စခင်စက ဘယ်လောက်ပဲချစ်ဖို့ကောင်းပါတယ် ပြောပြော ကြာရင် အီသွားကြတာပဲ။ ရိုးသွားကြတာပဲ။ ပေါက်စီ ဘယ်လောက်ကောင်းကောင်း မနက်တိုင်း သားရေစာကို ဒါပဲစားနေရတော့ ပြောင်းပြီးစားချင်လာကြတယ်လေ။ ဒါတွေဟာ လူတွေရဲ့သဘာဝပဲလေ။ အပြောင်းအလဲလေးတွေကို အချောင်ရရင် အားလုံး ပြောင်းစားကြည့်ချင်ကြတာပါပဲ။ ခိုးစားကြည့်ကြတယ်လေ။ကာယံကံအမှုနဲ့ မဟုတ်တာတောင် ၀စီကံလေးတွေ၊ မနောကံလေးတွေနဲ့ ခံစားကြည့်တတ်ကြတယ်။ မမိသေးသရွေ့တော့ ချစ်သူနဲ့ အဆင်ပြေနေတာပေါ့။ မိသွားကြတော့ ကွဲကြပြဲကြတော့တာပဲ။မိန်းကလေးကော ယောကျာ်းလေးတွေအားလုံးလုပ်နေကြတာပါ။ ရှက်လို့တာဖုံးထားကြတာ။ လိမ်နေကြတာပါ။ ကျနော်ပြောတာမယုံရင် နေ့တိုင်းတက်နေတဲ့ အွန်လိုင်းကို ကြည့်လေ။ လင်ရှိမယားရှိ ရည်းစားရှိ ပိုင်ရှင်ရှိပြီးသားတွေတောင် ကိုယ်ကြိုက်တဲ့ ချောချောလှလှ ကောင်လေး(သို့)ကောင်မလေးတွေနဲ့ မိတ်ဆွေဖြစ်နေရရင် ပျော်လို့ကို မဆုံးကြပါဘူး။ အဖြူရောင်ခင်မင်မှုတွေလို့တာပြောနေကြတာပါ။ သူတို့နဲ့ စာပေးစာယူ စကားပြောနေရတဲ့အချိန်ဟာ ကိုယ့်ချစ်သူနဲ့ ပြောတဲ့အချိန်တွေထက်တောင်ပိုပြီး ပျော်နေကြတယ်၊ ရင်ခုန်နေကြတယ်၊ စိတ်ချမ်းသာနေကြတယ်ဆိုရင် ဒါဟာလည်း ကာယကံ မနောကံတွေနဲ့ ကိုယ့်ချစ်သူအပေါ်ဖောက်ပြန်နေတာပဲလေ။ ပေါက်စီမစားတော့ပဲ ဟန်ဘာကာပြောင်းစားကြည့်တာနဲ့အတူတူပဲလေ။

ကိုယ့်ရည်းစားအပေါ် ဘယ်လောက်ချစ်တာပါလို့ ပဲ ပြောပြော ဒီလိုဖောက်ပြန်နေကြတဲ့သူတွေ အများကြီးပါ။ မိန်းကလေးတွေက ကျနော် ဒီလိုပြောတာကို ကပ်သီးကပ်သတ်ပြောနေတယ်လို့ထင်ကြမှာပဲနော်။ မင်းသားတွေအဆိုတော်တွေကိုကြိုက်နေကြတာ၊ ဘောလုံးသမားတွေ အားကစားသမားတွေကို ကြိုက်နေကြတာလည်း ဖောက်ပြန်နေတာပဲလေ။ သူတို့က ပြန်မကြိုက်ကြလို့တာ ကိုယ့်ချစ်သူနဲ့ ဘာမှမဖြစ်ကြတာ။ တဖက်က တကယ်ပြန်ကြိုက်ပါတယ်လို့တာ ပြောကြည့်ပါ။ ကိုယ့်ချစ်သူကို ပစ်ပြီး ကောက်ကောက်ပါအောင် လိုက်သွားကြမည့်သူတွေ အများကြီးပါ။ အနေဝေးတယ် လွမ်းတယ် အထီးကျန်ဆန်နေတယ် ဆိုတဲ့ ခံစားချက်တွေကိုဦးစားပေးပြီး ငါ့ချစ်သူမသိပါဘူးဆိုပြီး ဖောက်ပြန်နေကြတဲ့သူတွေလည်း အများကြီးပါပဲ။ ရေဆေးလိုက်ရင် ပြီးတာပဲဆိုတာမျိုးတွေပေါ့။ ကိုယ့်ချစ်သူက သိတာမှမဟုတ်တာ။ တခါခိုးစား နောက်လည်း အခွင့်ရတိုင်း ခိုးစားတတ်လာကြတယ်လေ။ ခိုးစားတတ်နေတုန်းတော့ အဆင်ပြေနေဦးမှာပါ။ အရိုးတော့ မဆူးစေနဲ့ပေါ့။ ချစ်သူထက်အပေးကောင်းတဲ့သူနဲ့တွေ့ သွားလို့ကတော့ ချစ်သူကို ပစ်သွားပြီး တခြားသူဆီလိုက်ကြတော့တာပဲလေ။ ကြားဖူးတာများနေလို့ပြောနေတာနော်။ကောင်မလေးတွေ.တော်တော်များများက .... ကျနော်တို့ယောကျာ်းလေးတွေကပဲ မကောင်းဘူးထင်နေမှာစိုးလို့ပါ။

ယောကျာ်းလေးတော်တော်များများကတော့ အချောင်ရရင် အကုန်စားမှာပဲလေ။ E majorကကောင်မလေး ၁၈နှစ်ပဲရှိသေးတယ်။ သူ့မှာ ရည်းစားလည်းရှိတယ်။ သူနဲ့သူ့ရည်းစားက ရွယ်တူတွေ။ သူက အင်းစိန်မှာနေတာလေ။ တော်တော်လေး ချောတာပါ။ကျနော့်အသိ လမ်း၄၀နားက(လမ်းအတိအကျမပြောချင်လို့ပါ)အသက်၄၀ကျော်ဘိုးတော်တစ်ယောက်နဲ့ခင်သွားတယ်။ သူ့မှာ မိန်းမလည်းရှိ၊ သားကလည်း ဒီကောင်မလေးနဲ့ ရွယ်တူပဲလေ။ကောင်မလေးက ရည်းစားနဲ့အဆင်မပြေတိုင်း ဘိုးတော်ဆီလာတယ်လေ။ ဘိုးတော်က အချော့လည်းကောင်း အပြောလည်းကောင်း နာမည်လည်းကြီးတဲ့သူဆိုတော့ ကောင်မလေးက ခင်တာပေါ့။မကြာပါဘူး ၃လလောက်ပဲရှိသေးတယ်။ ဘိုးတော်နဲ့ ဖြစ်ကြရော။ နောက်ပိုင်း ဘိုးတော်ဆီကို အမြဲလာတယ်။ သူ့ရည်းစားက သူ့လောက်အပေးမကောင်းဘူးဆိုပဲ။ သိပ်မကြာပါဘူး သူက သူ့ရည်းစားကို ဖြတ်လိုက်တယ်။ မပျော်တော့လို့တဲ့။ သူ့ကောင်လေးမှာ အသည်းကွဲပြီး ရူးမတတ်ကျန်ခဲ့တာပါ။ အချစ်ဦးကို။ ကောင်မလေးကတော့ ဘိုးတော်နဲ့ပျော်နေလိုက်တာ။ သူတို့နေတဲ့ပုံတွေတောင် အမှတ်တရ ရိုက်ထားကြတာ။ အပေါ်ကချည်းပဲ။ အားလုံးရင်သပ်ရှုမောပါပဲ။ လိင်လိင်လိင်တွေပါ။ လူတွေဟာ အချစ်အချစ်လို့ ပြောနေကြပြီး လိင်ကိုရှာဖွေနေကြတာပါ။ အချစ်ဆိုတာ အလွန်သန့်ရှင်းတဲ့အရာပါ။ ဒီလို အချစ်ရေးမှာအဆင်မပြေတိုင်း နောက်ရည်းစားအသစ်ရှာနေကြတာတော့မကောင်းပါဘူး။ ကိုယ့်ချစ်သူက ရှုပ်နေ ပွေနေတာတကယ်မှန်လို့ ရည်းစားသစ် ပြောင်းရှာတာ ကိုတော့ အပြစ်မပြောပါဘူး။ မြန်မြန်ဖြတ်လေ ကောင်းလေပါပဲ။ ဒီလိုလူနဲ့ ပြတ်သွားတာ ကိုယ့်အတွက်ပိုကောင်းတယ်လေ။ နောင်ရေးအတွက်လည်း စိတ်ဆင်းမရဲရတော့ဘူးပေါ့။အလိုမလိုက်လို့၊ နားလည်မှုမရှိလို့၊ အချော့မကောင်းလို့၊ သူများလို အပျော်တွေမပေးနိုင်လို့၊ Romanticမရှိလို့၊ ရေခဲတုံးကြီးမလို့ဆိုပြီးတော့ ရည်းစားကိုဖြတ်တာကတော့ မကောင်းပါဘူး။ ချစ်သူတိုင်း နားလည်ထားဖို့က ကိုယ်ကလည်း မဖောက်ပြန်အောင်နေတတ်ကြဖို့ပါ။ အချိန်တိုင်း ကိုယ့်ချစ်သူကို ချစ်နေတတ်ကြဖို့ပါ။ ပေါက်စီ စားရတာ အီလာလို့ ဟမ်ဘာကာပြောင်း စားချင်ရင် ချစ်သူကို ပွင့်ပွင့်လင်းလင်းပြောပြီး ဟမ်ဘာကာဖြစ်အောင် အမျိုးမျိုးပြောင်းပြီးလုပ်စားကြပေါ့။ လိင်ကိုချည်း ဦးစားမပေးကြပါနဲ့။

ဝါသနာ၊ အလုပ်၊အားကစားတွေမှာလည်း ချစ်သူနှစ်ဦးလုံး အကြိုက်တူအောင် ညှိနိုင်ကြရင်ပိုကောင်းပါတယ်။ အားလပ်ချိန်တိုင်းမှာ ချစ်သူနှစ်ဦးအတူ ခံစားပျော်ရွှင်နိုင်လို့လေ။ လိင်ထက်တောင် ပိုပြီးကြာရှည်တည်မြဲပါတယ်။ပျော်ရွှင်မှုတွေကို ပိုပြီးပေးနိုင်ပါတယ်။ ဒါတွေက အရွယ်ရောက်လာလေ ချစ်သူနှစ်ဦးပိုချစ်လာအောင်ဖန်တီးပေးနိုင်ကြလေပါပဲ။ ကိုယ့်ချစ်သူနဲ့အတူ ကျန်းမာရေးလိုက်စားတတ်အောင် ပျိုးထောင်ထားကြပါ။ အားလပ်ချိန်မှာ ၀ါသနာပါရာလေးတွေကို အတူ ခံစားနိုင်အောင် ညှိထားကြပါ။ သီချင်းကြိုက်ရင် သီချင်းနားထောင်ပေါ့။ ရုပ်ရှင်ကြိုက်ရင် ရုပ်ရှင်ကြည့်ကြပေါ့။ အချက်အပြုတ်ကြိုက်ရင် နှစ်ယောက်အတူတူ ချက်ပြုတ်ပြီးစားကြပေါ့။ ခရီးထွက်တာကြိုက်ရင် အတူခရီးထွက်ကြပေါ့။ ဒါပေမဲ့ ဒါတွေလုပ်ဖို့ အရမ်းကြီး ဖိအားပေးမလုပ်ကြပါနဲ့။အကြိုက်ချင်းတူအောင် လုပ်ဖို့က နည်းနည်းခက်တယ်လေ။ အချစ်တွေပိုပြီးတိုးလာချင်လို့တာ လုပ်နေကြတာလေ။ တခါတလေ အလုပ်မအားလို့ အရေးပေါ်အကြောင်းတွေရှိလာလို့ ဆိုပြီး အစီအစဉ်တွေပြတ်သွားတာတွေရှိနိုင်တယ်လေ။ဒါကို ငါထက်ပိုပြီး ဦးစားပေးရမည့်အရာတွေရှိနေတယ်ပေါ့လို့ စိတ်ဆိုးသွားပြီး ချစ်သူတွေရန်ပွဲဖြစ်ကြရတာလဲ ခဏခဏပါပဲ။ ဒီလိုအချိန်မှာလည်း နားလည်မှုတည်ဆောက်နိုင်အောင် ကြိုးစားကြပါ။ အချစ်ဆိုတာ နားလည်မှုပါ။ ကိုယ့်ချစ်သူအပေါ် နားလည်တတ်မှုပါ။ ကိုယ့်အချစ်အပေါ်မှာလည်း နားလည်တတ်မှုပါ။

အချစ်စစ်နဲ့ ချစ်မိကြတာမှန်ရင် နားလည်မှုကို အရင်တည်ဆောက်ကြပါ။ ဘာပဲလုပ်လုပ် အချစ်ကို ရှေ့တန်းတင်ပါ။ လိင်ကို လျှော့ပါ။ သိမ်ငယ်မှု၊ အထီးကျန်ဆန်မှုဖြစ်နေတယ်ဆိုတဲ့အတွေးတွေကို လျှော့ပါ။ ကိုယ့်အချစ်ကို တန်ဖိုးထားပါ။ ကိုယ့်အချစ်ကို တန်ဖိုးရှိလာအောင်လုပ်ကြပါ။ ချစ်စကြင်စကလို အချစ်စိတ်တွေမပျောက်သွားအောင် မြတ်နိုးကြပါ။ ဖောက်ပြန်ချင်တဲ့စိတ်တွေပေါ်လာတိုင်း ကိုယ့်ချစ်သူလေးမျက်နှာကို ပြန်မြင်ကြပါ။ ချစ်သူအပေါ် ပြောခဲ့တဲ့ စကားတွေ၊ ချစ်မိခဲ့တဲ့အဖြစ်လေးတွေကို ပြန်စဉ်းစားကြည့်ကြပါ။ ချစ်သူများနေ့မှာ ကိုယ့်ချစ်သူတွေကို မေးကြည့်ပါ။ ကိုယ့်ကို ဘာလို့ချစ်တာလဲ။ အပျော်သဘောအတွက်လား။ တသက်လုံးအတွက်လားလို့။ တသက်လုံးအတွက်လို့ အဖြေပေးရင် တို့ဒီနေ့ကစပြီး တယောက်ကို တယောက် တနေ့တခြား ပိုချစ်မြတ်နိုးတတ်လာအောင် ကြိုးစားကြမယ်နော် ဆိုပြီးပြောလိုက်ပါ။ ရှေ့ဆက်ရမည့်အချစ်ခရီးလမ်းမှာ ဖောက်ပြန်ချင်တဲ့စိတ်တွေမဖြစ်လာအောင်လို့လေ။ ကိုယ့်ဘက်က ဖောက်ပြန်တဲ့စိတ်တွေဖြစ်လာတိုင်း ဒီစကားလေးကို သတိရကြပါ။ အချစ်လိုနေတာလား။ လိင်လိုနေတာလားလို့။ ကိုယ့်မှာ အချစ်ပိုင်ဆိုင်ထားရင် ဘာနဲ့မှ မလဲနိုင်တဲ့ လိင်အရသာကို ပိုင်ဆိုင်ထားတာပဲဆိုတဲ့အချက်ကိုလည်း မမေ့ကြပါနဲ့။ လိင်က အချစ်ကို မပေးနိုင်ပါဘူး။ အချစ်စစ်အချစ်မှန်က အချစ်တွေ အကြင်နာတွေ ယုယမှုတွေ လိင်ပျော်ရွှင်မှုတွေ အရာရာအားလုံးကိုပေးနိုင်ပါတယ်။ ဖောက်ပြန်စိတ်ဟာ တခဏပါ။ ဒီအတွက်နဲ့ကိုယ့်မှာရှိနေတဲ့ တန်ဖိုးရှိတဲ့အချစ်တွေ ဆုံးရှူံးသွားနိုင်တယ်ဆိုတာကိုလည်း မမေ့ကြပါနဲ့။ ညစ်ပတ်သွားတိုင်း ရေဆေးလိုက်ရင် သန့်သွားတာပဲဆိုတဲ့ အရာတွေထဲမှာ အချစ်စစ်အချစ်မှန်မပါပါဘူး။ အချစ်စစ်အချစ်မှန်ဆိုတာ အချစ်ကို တန်ဖိုးထားနားလည်တတ်တဲ့ ချစ်သူတွေကြားမှာတာရှိတာပါ။ တကယ်ချစ်မိရင် နားလည်ကြမှာပါ။ အချစ်စစ်ဆိုတာ သူများနဲ့ ဝေခွဲလို့လဲမရဘူး။ ဖောက်ပြန်တာကိုလည်း ခွင့်မလွှတ်နိုင်ဘူးလေ။ ကိုယ့်ချစ်သူက ကိုယ့်အပေါ် မြတ်မြတ်နိုးနိုးပေးနေတဲ့ အချစ်စစ်အချစ်မှန်တွေကို ကိုယ်ကလည်း မြတ်နိုး တန်ဖိုးထား တတ်ရမယ်လေ။ ယုံကြည်မှုတည်ဆောက်နိုင်အောင် ဖောက်ပြန်နေတဲ့စိတ်တွေကို အချိန်တိုင်းထိန်းသိမ်းနိုင်ရမယ်လေ။ အတိတ်က ပွေခဲ့ ရှုပ်ခဲ့ မှားခဲ့တာတွေကို ခွင့်လွှတ်နိုင်ပေမဲ့ အချစ်စစ်နဲ့ စချစ်မိပြီဆိုကတည်းက ထပ်မဖောက်ပြန်အောင် ထိန်းသိမ်းနိုင်ရမယ်လေ။အချစ်စစ်ဆိုတာ အတိတ်က အမှားတွေကို ခွင့်လွှတ်နိုင်ပေမဲ့ လက်ရှိ ထပ်ကျူးလွန်နေတဲ့ ဖောက်ပြန်မှုအမှားတွေကိုတော့ ခွင့်မလွှတ်နိုင်ဘူးလေ။ 
မူရင်း

ဆန့်ကျင်ဘက် လိင်ကို ဘာကြောင့် ချစ်ကြ တာလဲ ဆိုသောလူ.သဘောသဘာဝများ

ဘာဝ တရားအရ ယောက်ျားတွေဟာ ကိုယ်နဲ့ သွေးမတော် သားမစပ် တဲ့ အမျိုးသမီးတွေ နဲ့ ချစ်ကျွမ်း ၀င်ကြပါတယ်။
တချို့ စုံတွဲတွေ က ရုပ်ရည် အသွင်အပြင်၊ ၀ါသနာ၊ စိတ်ဓာတ် စတာ တွေမှာ တူညီ တတ်ကြ ပေမယ့် တချို့စုံတွဲတွေ ကတော့ လားလားမှ မတူဘဲ ကွဲပြား ခြားနား နေတတ် ပါတယ်။ ဒါပေမဲ့ အသွင် စရိုက်တွေ မတူတဲ့ စုံတွဲတွေဟာလည်း အသွင်စရိုက် တူတဲ့ စုံတွဲတွေ လိုပဲ အိမ်ထောင်ရေးမှာ အဆင်ပြေ နေတတ် ပါတယ်။
အချစ်မြေပုံ
ဘ၀အဖော်ကို ရွေးချယ်တာနဲ့ ပတ်သက်ပြီး ပြောနိုင်တဲ့ အချက် တစ်ခု ကတော့ ကျွန်တော်တို့ရဲ့ ဦးနှောက် ထဲမှာ သဘောကျတာနဲ့ သဘော မကျတာ စတာ တွေကို သိုလှောင် မှတ်သား ထားတဲ့ သတင်း အချက်အလက် အုပ်စု ရှိနေတာ ပါပဲ။ ဒါကို အချစ်မြေပုံလို့ တင်စားချင် ပါတယ်။ အဲဒီ အထဲမှာ ဆံပင် အရောင်၊ မျက်လုံး အရောင်၊ အသံ၊ ကိုယ်နံ့၊ ခန္ဓာကိုယ်ပုံ ပန်း သဏ္ဌာန် စတာတွေ ပါဝင်နေ ပါတယ်။ ဒါ့အပြင် ကျွန်တော်တို့ကို ဆွဲဆောင် နိုင်စေမယ့် ကိုယ်ရည်ကိုယ်သွေး အမျိုး အစား (ဥပမာ- နွေးထွေး ကြင်နာတဲ့ ပုံစံ မျိုးလား၊ ခင်မင် ရင်းနှီးလွယ်တဲ့ ပုံစံမျိုး လား၊ မာကျောတဲ့ ပုံစံမျိုးလား၊ အေးဆေး တည်ငြိမ်တဲ့ ပုံစံမျိုးလား)ကိုလည်း မှတ်သား ထားပါတယ်။ ဒါကြောင့် လူတွေဟာ အချစ်မြေပုံက လမ်းညွှန်ထားတဲ့ ပုံစံနဲ့ကိုက်ညီတဲ့ သူကို တွေ့တဲ့အခါ ဘ၀အဖော်အဖြစ် ရွေးချယ်မိတတ်ကြ တာပါ။
မိခင် နှင့် တူသော  ချစ်သူ
အမျိုးသား အများစုရဲ့ ဘ၀အဖော်တွေက သူတို့ မိခင်ရဲ့ စိတ်ဓာတ် နဲ့ တူညီ နေတတ် ပါတယ်။ အကြောင်း ကတော့ လူတွေရဲ့ ဘ၀မှာ ပထမဆုံး စစ်မှန်တဲ့ ချစ်ခြင်းမေတ္တာ ဟာ မိခင်ဆီက ရရှိတာ ဖြစ်တယ် ဆိုတဲ့ အသိစိတ်ကို အချစ် မြေပုံ ထဲမှာ သိုမှီး ထားတာကြောင့် ပါပဲ။ ကျွန်တော်တို့ တစ်တွေ ကလေးဘ၀ ကတည်းက မိခင်တွေရဲ့ အထူး ဂရုစိုက်မှုကို ခံခဲ့ရ ပါတယ်။ ဒါဟာ စစ်မှန်တဲ့ ဘ၀အဖော်ကို ရှာဖွေနိုင်ဖို့ သဲလွန်စ ပေးတာ ပါပဲ။ မိခင်က နွေးထွေး ကြင်နာပြီး စိတ်ထားကောင်းရင် သူ့သားဟာ အဲဒီလို ကြင်ဖက်မျိုးကို ရရှိနိုင်ခြေ များပါတယ်။ အဲဒီလို မဟုတ်ဘဲ မိခင်မှာ စိတ်ဓာတ် ကျနေတဲ့ ကိုယ်ရည်ကိုယ်သွေး ရှိပြီး အရာရာကို ဆန့်ကျင် တတ်တဲ့ ပုံစံ ရှိခဲ့ရင် သားဖြစ်သူဟာ လက်ထပ်ဖို့ကို ကြောက်ရွံ့ နေနိုင် ပါတယ်။
ဆန့်ကျင်ဘက်လိင်အပေါ်    စွဲလမ်းမှု
မိခင်တွေက သားယောက်ျားလေး အပေါ် လွမ်းမိုးမှု ရှိနေသလိုပဲ ဆန့်ကျင်ဘက် လိင်ကို ဘယ်လို ဆွဲဆောင်ရမလဲ ဆိုတဲ့ အချက် ကတော့ ဖခင်အပေါ်မှာ မူတည် နေပါတယ်။ ဖခင်ရဲ့အခန်း ကဏ္ဍဟာ သားသမီးတွေ ရဲ့ ကိုယ်ရည်ကိုယ်သွေး နဲ့ အိမ်ထောင်ရေး ပျော်ရွှင်မှု အခွင့်အလမ်းတွေ အပေါ်မှာ အများကြီး အရေးပါနေ ပါတယ်။ မိခင်တွေကသား ယောက်ျား လေးတွေရဲ့ ဘ၀အဖော် အပေါ် ခံစားချက်ကို လွှမ်းမိုးမှု ရှိနေ သလိုပဲ သမီးတွေရဲ့ အမျိုးသား ရွေးချယ်မှု အပေါ် ခံစားမှုက ဖခင်ရဲ့ လွှမ်းမိုးမှုကို ခံရပါတယ်။ တကယ်လို့ ဖခင်က သမီးကို ချစ် ကြင်နာပြီး တန်ဖိုးထားရင် သူ့အနေ နဲ့ ယောက်ျားလေးတွေ နဲ့ ပတ်သက်ပြီး သူ့ ကိုယ်သူ ယုံကြည်မှု ရှိနေတတ် ပါတယ်။ ဖခင်ရဲ့ လျစ်လျူရှုမှု ကို ခံရရင်တော့ သူ့ကိုယ်သူ ချစ်စရာ မကောင်းတဲ့သူ လို့ ထင်နေတတ် ပါတယ်။
လိုအပ်ချက်ကို ဖြည့်ဆည်း ပေးမည့် သူ  
လက်ထပ်တဲ့ အခါမှာ စုံတွဲ အများစုဟာ ကိုယ့်ရဲ့ လိုအပ်ချက်ကို ဖြည့်ဆည်း ပေးမယ့်သူကို ရှာဖွေ လေ့ရှိပါတယ်။ စကားများများ ပြောတတ် တဲ့သူက နားထောင်ပေးမယ့် ချစ်သူကို သဘောကျပြီး စိတ်တို တတ်တဲ့သူက သည်းခံ နားလည်ကာ အကောင်းမြင် တဲ့သူကို ချစ်တတ်ပါတယ်။ စုံတွဲတွေမှာ အများအားဖြင့် လူမှုရေး အခြေအနေ တွေက တူညီ နေတတ်ပါ တယ်။ ဒါကြောင့် တစ်ကျောင်း တည်းနေ သူငယ်ချင်းတွေ၊ တစ်မြို့တည်း နေသူ တွေ၊ အလုပ်တစ်ခု တည်းမှာ လုပ်ကိုင်ကြသူ တွေက အိမ်ထောင်ဖက်တွေ ဖြစ်သွား ကြတာ ပါပဲ။ တချို့စုံတွဲတွေ ဆိုရင် မိန်းမက စီးပွားရှာပြီး ခင်ပွန်းက အိမ်မှုကိစ္စ လုပ်ကာ ကလေးတွေကို ပြုစု ပျိုးထောင်တာမျိုး လည်း ရှိပါတယ်။ အိမ်ထောင်တစ်ခုမှာ တစ်ဦးရဲ့ အားနည်းချက်ကို တစ်ဦးရဲ့အားသာချက်နဲ့ ဖြည့် ဆည်း ပေးလိုက်ရင် အဆင်ပြေတာ ပါပဲ ဆိုတာ ဒီ ဇနီးမောင်နှံတွေက သက်သေပြ နေတာပါ။
မြင်မြင်ချင်း  အချစ်
သူစိမ်း နှစ်ဦးဟာ မြင်မြင်ချင်း ချစ်နိုင် ကြပါ့မလား။ ဖြစ်နိုင်ပါတယ်။ အထူးသဖြင့် သူတို့ဟာ ရုပ်ရည်ချင်း ဆင်ခဲ့ရင်၊ အကြိုက်တူ ခဲ့ရင်၊ ကိုယ်ရည်ကိုယ်သွေး တူခဲ့ရင် တစ်ယောက်နဲ့ တစ်ယောက် မြင်မြင်ချင်း တွယ်တာ သွားတတ် ပါတယ်။ အထူးသဖြင့် စာဖတ်ရတာ ၀ါသနာ ပါသူတွေမှာ ကြိုက်နှစ်သက်တဲ့ စာအုပ်တွေ အကြောင်း ဆွေးနွေးရင်း တစ်ဦးနဲ့ တစ်ဦး သဘောကျ သွားတတ် ပါတယ်။ ချစ်ခြင်းတရားဟာ ကျွန်တော်တို့ရဲ့ စိတ်ကို ပူလောင်မှု နဲ့ အတူ ပျော်ရွှင်မှု၊ စိတ်ချမ်းသာမှု၊ ကြည်နူးမှု ၊ ပြည့်စုံမှုနဲ့ ကျန်းမာရေး ကောင်းမွန်မှု စတဲ့ အချက် တွေကို ပေးစွမ်း နိုင်ပါတယ်။ ချစ်ခြင်းတရား အပေါ် ထားရှိတဲ့ သဘောထား အပေါ် မူတည်ပြီး အရသာ အမျိုးမျိုးကို ပြောင်းလဲ ခံစားရ မှာပဲ ဖြစ်ပါတယ်။

မျှစ်၏ ကျန်းမာရေး စွမ်းပကား

မျှစ်၏ ကျန်းမာရေး စွမ်းပကား
=================
မြန်မာလူမျိုး တွေက မျှစ်ကို ကြော်ချက်ပြီး ဟင်းလျာ အမျိုးမျိုး ပြုလုပ် စားသောက် တတ်ကြပါတယ်။
ဒါပေမဲ့ မျှစ်တွေကို ဆေးဆိုး ထားတယ်ဆိုတဲ့ သတင်း ထွက်လာပြီး နောက်မှာ မျှစ်ကို စားဖို့ လက်တွန့် သွားကြပါတယ်။ ဒါကြောင့် ဆေးမဆိုးထားတဲ့ မျှစ်တွေကို ရွေးချယ် စားသောက်ဖို့ အကြံပြုရင်း မျှစ်ကြောင့် ရရှိလာနိုင်တဲ့ ကျန်းမာရေး စွမ်းပကားတွေကို ရေးသားလိုက်ရပါတယ်။

(၁) အစာခြေစနစ် ကျန်းမာခြင်း

မျှစ်ဟာ အစာအိမ်ရဲ့ အစာချေဖျက်တဲ့ လုပ်ငန်းဆောင်တာကို ကောင်းမွန် စေပါတယ်။ မျှစ်ဟာ အစာအိမ် ဝေဒနာကို သက်သာစေပြီး ဝမ်းပျက်ဝမ်းလျှော ရောဂါကိုလည်း သက်သာ စေပါတယ်။

(၂) နာတာရှည်ရောဂါ ဖြစ်နိုင်ခြေ လျော့ကျစေခြင်း

မျှစ်မှာ ဖီနောလစ်အက်စစ် များစွာ ပါဝင်မှုကြောင့် ရောင်ရမ်းမှု လျော့ကျပြီး အင်တီအောက်ဆီးဒင့် အစွမ်းရှိပါတယ်။ ဒါကြောင့် နှလုံးရောဂါ အပါအဝင် နာတာရှည် ရောဂါတွေကို လျော့ ကျ စေပါတယ်။ မျှစ်မှာ ပါဝင်တဲ့ ပိုတက်စီယမ်ဟာလည်း နှလုံး ကျန်းမာရေးကို ကောင်းမွန် စေပါတယ်။

(၃) ပိုးသတ်အာနိသင် ရှိခြင်း

မျှစ်မှာ ဖိုင်ကိုကမ်မီကယ် များစွာ ပါဝင်တာကြောင့် ဖန်းဂက်စ်မှိုတား အာနိသင်၊ ဘက်တီးရီးယား ဆန့်ကျင်တဲ့ အာနိသင်နဲ့ ကင်ဆာတား အာနိသင်တို့ ရှိကြပါတယ်။

(၄) သွေးဖိအားကို ထိန်းသိမ်းပေးခြင်း

မျှစ်မှာ ပိုတက်စီယမ် ပါဝင်မှု များတာကြောင့် သွေးတိုးကို ကျစေပါတယ်။ မျှစ်တစ်ခွက်မှာ တစ်နေ့တာ လိုအပ်တဲ့ ပိုတက်စီယမ် ပမာဏရဲ့ ငါးပုံတစ်ပုံ ပါဝင်နေပါတယ်။

(၅) မကောင်းသော အဆီကို ကျစေခြင်း

မျှစ်ဟာ မကောင်းတဲ့ ကိုလက်စထရော အဆီ (LDL) ကို လျော့ကျ စေပါတယ်။ မျှစ်မှာ ကယ်လိုရီ ပါဝင်မှု လျော့နည်း တာကြောင့် အဝလွန်သူတွေနဲ့ သင့်တော်ပါတယ်။ ဒါ့အပြင် အမျှင်ဓာတ် ပါဝင်မှု များပြီး မကြာခဏ ဆာလောင်မှု လျော့နည်းတာကြောင့် ကိုယ်အလေးချိန် ထိန်းနေသူတွေအတွက် သင့်တော်ပါတယ်။ မျှစ်ရည်ဟာ အူလမ်းကြောင်းရှိ သန်ကောင် တွေကို လျော့ကျ စေပါတယ်။

ကင်ဆာရောဂါ ကာကွယ်ခြင်းနှင့် ကုသခြင်း

မိတ်ဆွေတယောက်ထံက အီမေးထဲမှာ ပါလာတာပါ။ မူလရေးသူ ဘယ်သူလဲ သေသေချာချာ မသိပေမဲ့ ဝက်ဆိုဒ်တခုက ရတယ်လို့ ယူဆရပါတယ်။ သူများဆီက ရတာဆိုပေမဲ့ အကြောင်းအရာလေးက ကောင်းလွန်းလို့ ပြန်ဝေငှလိုက်တာပါ။

--------------------------------------------------------------------------------------------------------------------------------------------------------
ဆေးသွင်းကုသခြင်း ( CHEMOTHERAPY ) ဟာ ကင်ဆာေ၇ာဂါ ပျောက်ကင်းအောင်ပြုလုပ်၇ာမှာ တစ်ခုတည်းသော နည်းလမ်းဖြစ်တယ် လို့ နှစ်ပေါင်းများစွာ ပြောကြားလာခဲ့ရာက အခုနောက်ဆုံး မှာတော့ တခြားနည်းလမ်းတစ်ခုလည်းရှိတယ် လို့ ဂျွန်ဟော့(ပ်) ကင်း(စ်) ကပြောကြားလာပါပြီ ။

ဂျွန်ဟော့(ပ်)ကင်း(စ်)မှကင်ဆာရောဂါနှင့် ပက်သက်သော နောက်ဆုံးထုတ်ပြန်ချက်။
 

၁။ လူတိုင်းရဲ့ခန္ဓာကိုယ်ထဲမှာ ကင်ဆာဆဲ၉လ်)တွေရှိတယ်။ဒီကင်ဆာဆဲ(လ်)တွေဟာ သန်းထောင်ပေါင်းအနည်းငယ်ထိ

ပွားများမလာမချင်းတော့ ပုံမှန်ရောဂါရှာဖွေစစ်ဆေးချက်မှာ ပေါ်လာမှာ မဟုတ်ဘူး။
ဆေးကုသခံယူပြီးနောက် ကင်ဆာလူနာတွေကို သူတို့ကိုယ်မှာ ကင်ဆာဆဲ(လ်)တွေ မရှိတော့ဘူးလို့ ဆရာဝန်တွေကပြောတဲ့အခါ
လူတွေရဲ့ကိုယ်ထဲက ကင်ဆာဆဲ(လ်)တွေဟာ စစ်ဆေးသိရှိနိုင်တဲ့အရေအတွက်အထိ မရောက်ရှိသေးဘူးလို့သာ
အဓိပ္ပါယ်သက်ရောက်ပါတယ်။
၂။ လူတစ်ယောက်ရဲ့ဘ၀တသက်တာမှာ ကင်ဆာဆဲ(လ်)တွေဟာ ၆ ကြိမ်မှ ၁၀ ကြိမ်အထက်အထိ ပေါ်ပေါက်ပါတယ်။
၃။ လူတစ်ယောက်ရဲ့ ရောဂါပြီးစနစ် အားကောင်းနေရင် ကင်ဆာဆဲ(လ်)တွေဟာ ဖျက်ဆီးခံရပြီး
မပွားများနိုင်ပါဘူး၊ အကျိတ်လည်းမဖြစ်နိုင်ပါဘူး။
၎။ လူတစ်ယောက်ကင်ဆာရောဂါဖြစ်ပြီဆိုရင် သူဟာအဟာရအတော်များများချိုတဲ့နေပြီဆိုတာကိုပြသတာပါဘဲ၊
ဒါဟာမျိုးရိုး၊ပတ်ဝန်းကျင်၊အစားအစာနဲ့ လူနေမှုပုံစံစတဲ့ အချက်တွေကြောင့် ဖြစ်နိုင်ပါတယ်။
၅။ ဒီလိုအဟာရမျိုးစတဲ့ချို့ တဲ့နေတာကို ကျော်လွှားနိုင်ဖို့ ဆိုရင်စားသောက်ပုံစံကိုပြောင်းလဲပြီး ဖြည့်စွက်အစားအစာတွေ စားပေးခြင်းဖြင့် ရောဂါပြီးစနစ်ကို အားကောင်းစေနိုင်ပါတယ်။
၆။ ဆေးသွင်းကုသခြင်းဟာ အပွားမြန်တဲ့ကင်ဆာဆဲ(လ်)တွေကို အဆိပ်သင့်စေသလို ရိုးတွင်းခြင်ဆီ၊
အစာအိမ်နဲ့ အူလမ်းကြောင်းစသည်တို့ မှာရှိတဲ့ အပွားမြန်တဲ့ဆဲ(လ်)ကောင်းတွေကိုပါ ပျက်စီးစေပြီး အသည်း၊ကျောက်ကပ်၊
အဆုတ်စတဲ့ ကိုယ်တွင်းကလီစာတွေကို ထိခိုက်စေနိုင်ပါတယ်။
၇။ ဓါတ်ရောင်ခြည်နဲ့ကုသခြင်း (ဓါတ်ကင်ခြင်း)ဟာ ကင်ဆာဆဲ(လ်)တွေကို ပျက်စီးစေသလို ကောင်းတဲ့ဆဲ(လ်)တွေ
တစ်သျှုးတွေ၊ ကိုယ်တွင်းကလီစာတွေကိုပါ ထိခိုက်စေပါတယ်။
၈။ ဓါတ်ရောင်ခြည်(သို့)ဆေးသွင်းကုသတဲ့အခါ အစပိုင်းမှာတော့ အများအားဖြင့ အကျိတ်တွေ ကျုံ့ သွားတတ်ပါတယ်၊
ဒါပေမယ့် ရေရှည်ကုသတဲ့အခါ ထိရောက်မှုကျဆင်းသွားပါတယ်၊အကျိတ်တွေနောက်ထပ် မကြေပျက်တော့ပါဘူး။
၉။ ဆေးသွင်းကုသခြင်းနဲ့ ဓါတ်ကင်ခြင်းတို့ကြောင့် ခန္ဓာကိုယ်အတွင်း အဆိပ်အတောက်တွေများလာတဲ့အခါ ရောဂါပြီး
စနစ်ဟာ အားလျော့တာတွေ၊ပျက်စီးတာတွေ ဖြစ်ပေါ်လာပါတယ်။အဲ့ဒီအခါမှာ လူနာဟာ ရောဂါပိုး အမျိုးမျိုးကြောင့်
ဖြစ်စေ နောက်စပ်တွဲအမျိုးမျိုးကြောင့်ဖြစ်စေ အသက်ဆုံးရှုံးနိုင်ပါတယ်။
၁၀။ ဆေးသွင်းကုသခြင်းနဲ့ ဓါတ်ကင်ခြင်းဟာ ကင်ဆာဆဲ(လ်)တွေကို ဗီဇပြောင်းစေနိုင်ပြီး ဖျက်ဆီးရခက်စေနိုင်ပါတယ်။
ခွဲစိတ်ကုသခြင်းဟာလည်းကင်ဆာဆဲ(လ်)တွေကို အခြားနေသို့ပြန့်နှံ့စေနိုင်ပါတယ်။
၁၁။ ကင်ဆာရောဂါကို တိုက်ဖျက်ဖို့ထိရောက်တဲ့ နည်းလမ်းတစ်ခုကတော့ သူတို့မျိုးပွားရာမှာလိုအပ်တဲ့ အဟာရတွေကိုဖြတ်
တောက်လိုက်ခြင်းပါဘဲ။
(က) သကြား။ ။သကြားဟာကင်ဆာရဲ့ အဟာရတစ်ခုပါဘဲ။သကြားကိုဖျက်လိုက်ခြင်းအားဖြင့် ကင်ဆာဆဲ(လ်) တွေရဲ အဓိကအဟာရ တစ်ခုကို ဖြတ်လိုက်သလိုပါဘဲ။ Nutra Sweet,Equal,Spoonful စတဲ့ သကြားအစားထိုးပစ္စည်းတွေဟာ Aspartame ဆိုတဲံအရာပါဝင်တဲ့အတွက် လူကိုထိခိုက်စေနိုင်ပါတယ်။ သဘာဝအစားအစာဖြစ်တဲ့ ပျားရည် ဒါမှမဟုတ် တင်လဲရည်နည်းနည်းလေးက ပိုကောင်းပါတယ်။စားပွဲတင်ဆားဟာ ဓာတုပစ္စည်းရောထားတဲ့အတွက်ဖြူဖွေးနေတာပါ၊ပင်လယ် နေလှမ်းဆားကပိုကောင်းပါတယ်။
(ခ) နို့ ။ ။နို့ဟာခန္ဓာကိုယ်ကို အကျိအချွဲတွေထွက်စေပါတယ်၊အထူးသဖြင်အစာအိမ်နဲ့ အူလမ်းကြောင်းမှာပါ အကျိအချွဲတွေ ကို ကင်ဆာဆဲ(လ်) တွေကစားသုံးနိုင်ပါတယ်။နို့အစားသကြားမပါတဲ့ပဲနို့သောက်ရင် ကင်ဆာဆဲ(လ်တွေကစားသုံးပါတယ် ။နို့အစားသကြာမပါတဲ့ ပဲနို့သောက်ရင် ကင်ဆာဆဲ(လ်)တွေကိုအစာပြတ်စေနိုင်ပါတယ်။
(ဂ) ကင်ဆာဆဲ(လ်)တွေဟာအက်ဆစ်(အချဉ်)၊ပတ်ဝန်းကျင်မှာ ပိုပွားနိုင်ပါတယ်။ အသားအခြေခံတဲ့ အစားအစာဟာ အက်ဆစ်ဓာတ် ကိုအားပေးတယ်။အမဲသား၊၀က်သားထက် ငါးစားတာအကာင်းဆုံးပါဘဲ။ ဒါမှမဟုတ်ကြက်သာနည်း နည်းစားနိုင်ပါတယ်။ အသားတွေမှာမွေးမြူရေးကသုံးတဲ့ပဠိဇေ၀ဆေးတွေ၊ကြီးထွားဟော်မုန်းတွေနဲ့ကပ်ပါးပိုးတွေပါလာတတ်ပါတယ်၊ဒါတွေဟာလူတွေအထူးသဖြင့် ကင်ဆာရောဂါသည်တွေကို ထိခိုက်စေနိုင်ပါတယ်။
(ဃ)လတ်ဆတ်တဲ့ ဟင်းသီးဟင်းရွက်နဲ့ သူတို့ ရဲ့အရည်။ ဖြူအောင်မဖွတ်ရသေးတဲ့အစေ့ ။အဆန်။အနှံ နဲ့ သစ်သီးအနည်းငယ်ကိုအစား အစာရဲ့ ၈၀% အချိုးနဲ့စားရင်ခန္ဓာကိုယ်ကို အယ်(လ်)ကာလိုင်း(ALKaLine) အခြေအနေရောက်စေနိုင် တယ်။ကျန်၂၀% ကိုတော့ ပဲအပါအ၀င် ပြုတ်ထားတဲ့အစားအစာတွေအဖြစ် စားသုံးနိုင်ပါတယ်။ လတ်ဆတ်တဲ့ ဟင်းသီးဟင်းရွက်အရည်ထဲမှာ စွမ်းအားမြင့်အင်ဆိုင်း တွေပါဝင်တယ်။ ခန္ဓာကိုယ်ကအလွယ်တကူ စုပ်ယူနိုင်ပြီး ၁၅မိနစ်အတွင်းမှာ ခန္ဓာကိုယ်ဆဲလ်များ ဆီရောက်နိုင်တယ်။ ဆဲ လ်တွေကို အဟာရပြည့်စေပြီး ကျန်းမာတဲ့ဆဲလ် တွေအဖြစ် ဖွံဖြိုးဖို့အားပေးတယ်။ ကျန်းမာတဲ့ဆဲလ် တွေတည်ဆောက်ဖို့ စွမ်းအားမြင့် အင်ဆိုင်းတွေ ရရှိအောင် လတ်ဆတ်တဲ့ဟင်းသီးဟင်းရွက်အရည်နဲ မချက်ရသေးတဲ့ဟင်းသီးဟင်းရွက်တွေကို တနေံနှစ်ကြိမ် သုံးကြိမ်လောက် စားသောက်သင့်တယ်။ အပူချိန်104’F (40’c) ဆိုရင်အင်ဆိုင်းတွေပျက်စီးသွားနိုင်တယ်။
(င) ကဖိန်း ( Caffeine ) တွေအများကြီးပါတဲ့ ကော်ဖီ၊ လက်ဖက်ရည်နဲ့ ချောကလက်တွေကို ရှောင်ပါ။ လက်ဖက်ရည်ကြမ်း (Green Tea ) ဆိုပိုကောင်းတယ်။ ကင်ဆာကိုခုခံတဲ့သတ္တိလည်းရှိတယ်။ ရေဆိုရင်သောက်ရည်သန့် ဒါမှမဟုတ် သေချာစွာစစ်ထားတဲ့ရေဟာ အကောင်းဆုံးပါဘဲ ဘိုပိုင်ရေမှာက သတ္တုအလေးစား (Ileavy Metals ) တွေ၊ အဆိပ်အတောက်တွေပါလာတတ်တယ်။ ပေါင်းခံရည်ကျတော့အက်ဆစ်ဖြစ်စေတယ်။ ရှောင်ပါ။
၁၂ ။ အသားမှာ ပရိုတိန်းတွေဟာ အစာကြေဖို့ ခက်ခဲပြီး အစာခြေအင်ဆိုင်းတွေ အများကြီးလိုအပ်တယ်။ အစာမကြေဘဲ လူတွေဆီရောက်လာတဲ့ အသားတွေဟာ ပုတ်သွားပြီးအဆိပ်အတောက်တွေပိုမိုဖြစ်ပေါ်စေပါတယ်။
၁၃ ။ ကင်ဆာဆဲ(လ်) တွေမှာခိုင်ခံ့တဲ့အပေါ်ယံ ပရိုတိန်းအလွှာရှိတယ်။ အသားကို လျှော့စားရင်ဖြစ်စေ၊ အသားမစား ဘဲနေရင်ဖြစ် ကင်ဆာဆဲ(လ်) ရဲ့ ပရိုတိန်းနံရံတွေကို တိုက်ခိုက်ဖို့ အင်ဇိုင်းတွေပိုမိုလာတဲ့ အတွက် ခန္ဒာ ကိုယ်ရဲ့ သုတ်သင်ရေးဆဲ(လ်) (Killer
Cells ) တွေဟာ ကင်ဆာဆဲ(လ်) တွေကို သုတ်သင်ဖို့ပိုလွယ်သွားပါတယ် ။ ၁၄ ။ ဖြည့်စွက်အစားအစာဖြစ်တဲ့ ဓာတ်တိုးဟန့် တားပစ္စည်း ( Antioxidants ) ဗီတာမင်သတ္တုဓာတ် ( Minerals ) IP6, Flor – ssence, Essiac, EFAS စသည့်တို့ဟာ ခန္ဒာကိုယ်ရဲ့ ရောဂါပြီး စနစ်ကို မြင့်တင်ပေးနိုင်ပြီး သုတ်သင်ရေး ဆဲ(လ်)တွေအားသုတ်သင်စေနိုင်တယ်။ အခြားဖြည့်စွက်အစားအစာဖြစ်တဲ့ ဗတာမင် ( E )
ဟာလည်း ခန္ဒာကိုယ်မှာ ရှိတဲ့ မလိုအပ်တဲ့ဆဲ(လ်) တွေ ၊ မလိုချင်တဲ့ဆဲ(လ်) တွေ ၊ထိခိုက်ခံထားရတဲ့ဆဲ(လ်) တွေကို ရှင်းလင်းပစ်ရာမှာ
ပံ့ပိုးပေးနိုင်းကြောင်းသိရပါတယ်
၁၅ ။ ကင်ဆာရောဂါဟာ ကိုယ်ရယ် ၊ စိတ်ရယ် ၊ အတွေးအမြင်ရယ် ကြောင့်ဖြစ်တာပါ။
၁၆ ။ ကင်ဆာဆဲ(လ်) တွေဟာ အောက်ဆိဂျင်များပြားတဲ့ ပတ်ဝန်းကျင်မှာ မပွားများနိုင်ပါဘူး ။နေ့စဉ်ကိုယ်ကာယ လေ့ကျင့်ခန်း လုပ်ခြင်း အသက်ပြင်းပြင်းရှုရှိုက်ခြင်းဟာ ကိုယ်တွင်းရှိဆဲ(လ်) တွေ အထိ အောက်ဆီဂျင်များများရောက် စေနိုင်တယ်။ အောက်ဆီဂျင် ကုထုံး ( Oxygen Therapy ) ဟာကင်ဆာဆဲ(လ်) တွေကို ချေဖျက်နိုင်တဲ့ နောက်ထပ်နည်းလမ်းတခုပါဘဲ ။


(၁) မိုက်ခရိုဝေ့(ဗ်) မီးဖိုထဲမှာ ပလပ်စတစ်ခွက်တွေ မသုံးရန်။
 
(၂) ရေခဲသေတ္တာထဲမှာ ပလပ်စတစ်ရေဗူးတွေ မထည့်ရန်။
(၃) မိုက်ခရိုဝေ့(ဗ်) မီးဖိုးထဲမှာ ပလပ်စတစ်ထုပ်ပိုးပြီးမသုံးရန် ။

ဒီအကြောင်းတွေကို မကြာသေးခင်ကဘဲ ဂျွန်ဟော့ (ပ်) ကင်း(စ်) က သတင်းလွှာမှာထုတ်ပြန်ခဲ့ပါတယ် ။ ဒီသတင်းအချက်အလက်တွေကို ဝေါ်(လ်) တာ ရိ (ဒ်) တပ်မတော်ဆေးဗဟိုဌာန ( Walter Reed Army Medical Center ) မှာလည်း ဖြန့်ဝေထားပါတယ်။ ဒိုင်အောက်ဆင်း ( Dioxin )ဓာတုပစ္စည်းဟာကင်ဆာ ၊ အထူးသဖြင့် ရင်သားကင်ဆာ ဖြစ်ပါတယ် ။ ဒိုင် အောက်ဆင်းဟာ ကျွန်တော် တို့ ခန္ဒာကိုယ်ထဲက ဆဲ(လ်) တွေအတွက် အလွန်ပြင်းထန်တဲ့အဆိပ်တောက်ဖြစ်ပါတယ်။ ပလပ်စတစ်ဗူးတွေကို ရေခဲသေတ္တာထဲမှာ မထားပါနဲ့ ။ ဒိုင်အောက်ဆင်းတွေထွက်လာမှာမို့ပါ ။ ဒီကျန်းမာရေးပြသနာကိုမကြာသေးခင်ကပဲ ဒေါက်တာ အက်(ဒ်)၀ပ်(ဒ်) ဖူဂျီမိုကို ( Dr. Edward Fujumoto ) ဟာ ရုပ်သံအစီးအစဉ်ကနေ ထုတ်လွှင့်ပြခဲ့ပါတယ်။ သူဟာ Castle ဆေးရုံက Wellness Program
ဆိုတဲ့ ကျန်းမားရေးအစီအစဉ်းရဲ့မန်နေဂျာဖြစ်ပါတယ်။ သူဟာဒိုင်အောက်ဆင်းရဲ့ဆိုကျိုးတွေ ကို တင်ပြဆွေးနွေးထားပါတယ်။
ပလက်စတစ်ဗူးတွေထဲ အစားအစာထည့်ပြီး မိုက်ကရိုဝေ့(ဖ်) မီးဖိုမှာ အပူမပေးသင့်ပါဘူးလို့ သူကပြောပါတယ်။ အထူးသဖြင့် အဆီပါတဲ့ အစားအစာတွေပေါ့။ ပလပ်စတစ်ရယ် ၊အဆီရယ် ၊ အပူချိန်မြင်မြင့်ရယ်ပေါင်းစပ်လိုက်ရငါ ဒိုင်အောက်ဆင်းတွေထွက်လာပြီး အစားအစာ ထဲရောက်ရှိသွားကာ နောက်ဆုံးမှာခန္ဒာကိုယ်က ဆဲ(လ်) တွေထဲ ရောက်သွားပါတော့တယ်။ ပလပ်စတစ်အစား ဖန်ထည် ၊ ကြွေထည် စတာတွေ ( Glass, Corning Ware, Pyrex, Ceramic ……….) ကိုသူကသုံးခိုင်းပါတယ် ။ ဒိုင်အောက်ဆင်း မထွက်တော့ပါ ဘူး ။ ဒါကြောင့်အသင့်စားသုံနိုင်တဲ့ အစားအစာတွေကို နွေးတဲ့ အခါ မူလဗူးခွက်တွေကိုမသုံသင့်ပါဘူး။ စက္ကူကိုသုံးရင်လည်းမဆိုးဘူး ။ ဒါပေမယ်ံ စက္ကထဲမှာဘာပါသလဲဆိုတာ မသိရဘူး။ ဖန်ထည် ၊ ကြွေထည်သုံးတာဘဲပိုဘေးကင်းပါတယ် ။
အသင့်စားသုံးနိုင်တဲ့ စားသောက်ဆိုင် အတော်များများဟာ ဖော့ဗူးအစားစက္ကူတွေကို သုံးလာကြပါပြီ။ အဓိက အကြောင်းရင်းတစ်ခု ကတော့ ဒိုင်အောက်ဆင်းပါဘဲလို့ သူကပြောပါတယ် အစားအစာတွေကို ပလပ်စတစ်ပါးပါးနဲ့ ထုပ်ပြီး မိုက်ကရိုဝေ့(ဖ်) မီးဖိုမှာ ချက်ပြုတ် တာဟာလည်းအလားတူ အန္တရာယ်ရှိတယ်လို့ သူကပြောပါတယ် ။မြင့်မာတဲ့ အပူချိန်ကြောင့် ပလပ်စတစ်အပါးကနေ အဆိပ်တောက် တွေထွက်ပြီးအစားအစာထဲရောက်ရှိစေပါတယ် ။ စက္ကူပုဝါသုံးရင် ပိုကောင်းပါတယ် ။

ကင်ဆာကို ကာကွယ်နိုင်ခြင်း

၂။

ပုံမှန်လက်ဖက်စိမ်း လက်ဖက်ရည် သောက်သူတွေဟာ ပုံမှန်မသောက်သူတွေထက် ရင်သားကင်ဆာ ဖြစ်နိုင်ခြေ ၁၂ ရာခိုင်နှုန်း လျော့နည်းကြောင်း တရုတ်အမျိုးသမီး ၆၉၂၈ ဦးကို လေ့လာမှုအရ သိရပါတယ်။
လက်ဖက်စိမ်းလက်ဖက်ရည်၏ အံ့အားသင့်ဖွယ်ရာ အစွမ်းလေးရပ်

ရေဆာနေသလား၊ လက်ဖက်စိမ်းလက်ဖက်ရည် (Green Tea) တစ်ခွက်လောက် သောက်ကြည့်လိုက်ပါ။ ရေငတ်ပြေစေရုံသာမက အောက်ပါအကျိုးကျေးဇူးတွေပါ ရရှိနိုင်မှာဖြစ်ပါတယ်။

၁။ ကိုယ်အလေးချိန် လျော့ကျစေခြင်း

ပုံမှန်ထက် ကိုယ်အလေးချိန်များနေသူ ဒါမှမဟုတ် အဝလွန်နေသူတွေ အားကစားလုပ်ရင်း တခြားကယ်လိုရီတူ ဖျော်ရည်သောက်တာထက် လက်ဖက်စိမ်းလက်ဖက်ရည်ကို သောက်ပေးပါက ကိုယ်အလေးချိန် သုံးပေါင်၊ ဗိုက်အဆီ ခုနစ်ရာခိုင်နှုန်း ပိုမိုလောင်ကျွမ်းစေနိုင်ကြောင်း Multicentre လေ့လာမှုအသစ် တစ်ခုအရ သိရပါတယ်။

၂။ ကင်ဆာကို ကာကွယ်နိုင်ခြင်း

ပုံမှန်လက်ဖက်စိမ်း လက်ဖက်ရည် သောက်သူတွေဟာ ပုံမှန်မသောက်သူတွေထက် ရင်သားကင်ဆာ ဖြစ်နိုင်ခြေ ၁၂ ရာခိုင်နှုန်း လျော့နည်းကြောင်း တရုတ်အမျိုးသမီး ၆၉၂၈ ဦးကို လေ့လာမှုအရ သိရပါတယ်။

၃။ လေဖြတ်နိုင်ခြေ လျော့နည်းခြင်း

တစ်နေ့မှာ လက်ဖက်စိမ်းလက်ဖက်ရည် သုံးခွက်သောက်တာဟာ လေဖြတ်နိုင်ခြေကို ၂၁ ရာခိုင်နှုန်း လျော့ကျစေပါတယ်လို့ UCLA လေ့လာမှုတွေက ဆိုပါတယ်။

၎။ သွားဖုံး ကျန်းမာစေခြင်း

အမျိုးသား ၉၄၀ ဦးကို လေ့လာမှုအရ လက်ဖက်စိမ်းလက်ဖက်ရည် ပိုသောက်ဖြစ်လေလေ၊ သွားဖုံးရောဂါ ဖြစ်နိုင်ခြေ ပိုလျော့ နည်းလေလေဖြစ်ကြောင်း သိရပါတယ်။

မောင်မောင်ချေ(ဓည၀တီ)
သတင်းလေးများဆုံဆည်းရာ
ကင်ဆာကို ကာကွယ်နိုင်ခြင်း

အမျိုးသမီးများနှင့်လိင်ကိစ္စပြီးမြောက်ခြင်း

အမျိုးသား တစ်​ယောက်​အတွက်​ကျ​တော့ သူ့​ငယ်​ပါ​က​နေ သုက်ရည်​တွေ ထွက်ကုန်​တာ​ကို ပြီး​တယ်​လို့ အပြတ်​အသား ပြော​နိုင်​ပါ​တယ်။ အမျိုးသမီး​မှာ​ကျ​တော့ အဲ​လို ရုပ်လက္ခဏာ​နဲ့ လက်ဆုပ်​လက်ကိုင် ပြ​စရာ ဘာ​မှ မ​ရှိ​ဘူး။
နောက် တစ်​ချက်​က အနောက်​တိုင်း သု​တေ​သန​များ​အရ အမျိုးသမီး ၂​၅ % သာ​လျှင် ချစ်​တင်း​နှော​ရင်း (ဝါ) လိင်​ဆက်ဆံ​ရင်း​နဲ့ ပြီး​နိုင်​ပါ​တယ်။ ယောက်ျား​ကျ​တော့ ၉​၀ % ကျော်​ဖြစ်​နေ​တာ​နဲ့​ကို ဒါ​ဟာ အင်​မ​တိ အင်မတန် ဖြစ်​တောင့်​ဖြစ်​ခဲ​ဆို​တာ သေချာ​နေ​ပါ​တယ်။
မ ကြာ​သေး​ခင်​က ကြုံ​ခဲ့​ဖူး​တာ တစ်​ခု​ရှိ​ပါ​တယ်။ အသက် ၆​၀ ကျော် မိတ်ဆွေ​သစ်​တစ်​ဦး​နဲ့ ခရီး​အတူ​သွား​ဖြစ်​ကြ​ရင်း ရင်းနှီး​လာ​လို့ သည်​ကိစ္စ​တွေ ပြော​ဖြစ်​ကြ​တဲ့​အခါ သူ​က အမျိုးသမီး​တွေ မ​ပြီး​ဘူး​လား​လို့ တ​အံ့​တ​ဩ မေး​လာ​ပါ​တယ်။ တကယ်​တော့ သူ​ဟာ မြေး​ရ​နေ​ပြီ​ဖြစ်​တဲ့ ကလေး​သုံး​ယောက် ဖ​ခင်​ပါ။ ဒါ​နဲ့ ကျွန်တော်​လည်း သူ့​ကို မေး​မိ​တယ်။ “ဘာ​လဲ အစ်ကို​ကြီး​က အစ်ကို​ကြီး မိန်းမ​ကို ပြီး​လား​လို့ မေး​တတ်​တယ် မဟုတ်​လား”ဆို​တော့ ဟုတ်​တယ်​လို့ သူ​က ဖြေ​ပါ​တယ်။ ဒါ​နဲ့ “ဟို​က​လည်း ခေါင်း​ညိတ်​တယ်၊ ဒါ​မှ​မဟုတ် ပြီး​တယ်​လို့ ပြော​တာ​ချည်း​ပဲ မဟုတ်​လား”ဆို​တော့ သူ​က ဟုတ်​တယ်​တဲ့။ ကျွန်တော့်​မှာ တ​အား ရယ်​ချင်​သွား​ပေ​မယ့် သူ့​ကို​ရော သူ့​မိန်းမ အမယ်ကြီး​ကို​ပါ သနား​မိ​သွား​ပါ​တယ်။ ကျွန်တော်​တို့​မှာ​က သည်လို​အကြောင်းအရာ​တွေ​ကို လူ​သိ​ရှင်​ကြား ချ​ပြ​ဆွေးနွေး​လို့ မ​ရ​တာ​မို့ အများ​စု​ဟာ ထင်​တစ်​လုံး​နဲ့ ရမ်း​ကြိတ်​နေ​ကြ​ပါ​တယ်။ သူ​လို အမျိုးသား​တွေ​က ကျွန်တော်​တို့ ပတ်ဝန်းကျင်​မှာ ၉​၀ % မက ရှိ​နေ​မှာ​လည်း အသေ​အချာ​ပါ​ပဲ။
ကိုင်း… အမေး​ရှိ​တော့ အဖြေ​ရှိ​လာ​ပါ​ပြီ။
ပထမ ဆုံး လိင်​ဆက်ဆံ​မှု မစ​တင်​ခင် အပျိုး​ကာလ​က အရေးကြီး​ပါ​တယ်။ အမျိုးသမီး​တွေ​ဟာ အမျိုးသား​တွေ​နဲ့ မ​တူ​ပါ​ဘူး။ အမျိုးသား​တွေ​ကတော့ “ဆင်​လိုက်​တုန်း​တောင် ငယ်​ပါ​တင်း​နိုင်​ကြ​သူ​များ”ဖြစ်​ပေ​မယ့် အမျိုးသမီး​တွေ​က ဆင်​လိုက်​တာ ဝေး​စွ၊ စိတ်​ထဲ​မှာ တစ်​ခု​ခု ကြောင့်ကြ​နေ​မိ​တာ​နဲ့ လိင်​စိတ်​နိုးကြား​ဖို့ အင်မတန် ခက်ခဲ​ပါ​တယ်။ ကိုယ်​ရော​စိတ်ပါ ကျန်းမာ​နေ​ပေ​မယ့် အမျိုးသမီး​တွေ​ရဲ့ အတွေး​ထဲ​မှာ မိသား​စု​ကိစ္စ​တွေ၊ စီးပွား​ရေး​ကိစ္စ​တွေ၊ လူ​မှု​ရေး​ကိစ္စ​တွေ​က လွှမ်းမိုး​ထား​စ​မြဲ​ပါ။ ဒါ့​ကြောင့် အပျိုး​ကာလ​နဲ့ သူ​တို့​ကို စိတ်​ပြောင်း​အောင် လုပ်​ပေး​ဖို့ လို​ပါ​တယ်။
အ ပျိုး​မှာ အဆင့်ဆင့်​ရှိ​ပါ​တယ်။ ပထမ​ဆုံး​က လင်​ကို​မယား စိတ်လက် ကြည်​ကြည်သာ​သာ​နဲ့ ကြည်​ကြည်နူး​နူး ရှိ​အောင် လုပ်​ဖို့ လို​ပါ​လိမ့်​မယ်။ လက်​ကလေး ကိုင်​တာ၊ ပါး​ကလေး​နမ်း​တာ၊ ဆံပင်​ကလေး နမ်း​တာ​လေး​တွေ​ဟာ တ​ကယ့် အပျိုး​ပါ​ပဲ။ အိမ်ထောင်​သက် နှစ်​ပေါင်း ၃​၀ ပဲ ရှိ​နေ​နေ မ​ပျက်​မ​ကွက် လုပ်ဆောင်​ရ​မယ့်​အထဲ​မှာ အဲ​ဒါ​တွေ ပါ⁠ပါ​တယ်။
အဲ ဒီ့​က​မှ​တစ်​ဆင့် အရှိန်​လေး နည်း​နည်း ရ​ပြီ​ဆို​ရင် ပြင်​သစ်​အနမ်း၊ အနမ်း​စို စ​သ​ဖြင့် ခေါ်​တဲ့ နှုတ်ခမ်း​ချင်း နမ်း​တာ​က ဆက်​လာ​ရ​ပါ​တော့​မယ်။ သည်မှာ​လည်း လင်​ရယ် မယား​ရယ်​ဖြစ်လာ​မှ​တော့ တစ်​ယောက်​တစ်​ယောက် ရွံ​နေ​လို့ မ​ရ​တော့​ပါ​ဘူး။ ဒါ့​အပြင် မြန်မာ အမျိုးသမီး​အတော်​များ⁠များ​က အဲ​ဒီ့​အနမ်း​ကို မ​တုံ့​ပြန်​တတ်​ဘူး။ ရွံ့​နေ​တတ်​တယ်။ အဲ​တော့ အမျိုးသား​က သင်ပေး​ဖို့ လို​ပါ​တယ်။ အမျိုးသား​က​လည်း တတ်​ဖို့ လို​တာ​ပေါ့​ဗျာ။ ပြင်​သစ်​အနမ်း ဋီကာ​ကို နောက်ကျ​တော့​မှ တစ်​ပုဒ် သတ်သတ် ရေး​ပေး​မယ်။ ဟုတ်​ပြီ​လား။
အဲ ဒီ့​အဆင့်​က​နေ နောက်​တစ်​ဆင့် တက်​ရာ​မှာ​လည်း မ​လော​ရ​ပါ​ဘူး။ ယောက်ျား​အများ​စု မှား​တတ်​တဲ့ အမှား​က နမ်း​ရင်း​နဲ့ သူ့​လက်ကြီး​က အမျိုးသမီး​ရဲ့ ရင်သား​ဆီ တန်း​ရောက်​သွား​တတ်​တာ​ပဲ။ ဟား… အလွဲ​ကြီး ခင်​ဗျ။
အမျိုးသမီး တွေ​ရဲ့ ကိုယ်​ခန္ဒာ​မှာ အာရုံ​နိုး​တဲ့​နေရာ​တွေ များ​စွာ ရှိ​ပေ​မယ့် ရင်သား​ကို တန်း​သွား​တာ​ကြီး​က နေရာ​မ​ကျ​ဘူး​ခင်​ဗျ။ ဖက်​ထား​ရင်း​က​နေ လက်မောင်း​လေး ပွတ်၊ ကျော​လေး​ပွတ် လုပ်​ရ​တယ်။ ရင်ခုန်​လာ​အောင် နှူး​ရ​တယ်။ သူ့​လက်ကြီး​က ငါ့​ရင်သား​ဆီ ရောက်လာ​တော့​မှာ… ဟော… ရောက်​တော့​မယ်… ဟင်… ဟုတ်​လဲ ဟုဘ်​ဘူး… အဲ​ဒီ့ ရွှေ​လက်​က ဘယ်​ရောက်​သွား​ရ​ပြန်​တာ​လဲ မောင်​ရယ်… ဟင့်… ဆို​တာ​မျိုး ဖြစ်လာ​အောင် စိတ်ရှည်​လက်ရှည် လုပ်​နိုင်​လေ အခြေအနေ ကောင်း​လေ⁠လေ​ပါ​ပဲ။
အဲ လို​နဲ့ ရင်သား​တွေ​ကို ညင်​ညင်သာ​သာ ထိ​တွေ့​ပေး​ရ​ပါ​တယ်။ ချို​လုံး​လေး​တွေ​ကို​လည်း အတူတူ​ပေါ့။ ညင်သာ​ဖို့ လို​ပါ​တယ်။ အမျိုးသမီး​အနေ​နဲ့ သူ့​ကို ချစ်တယ်၊ မြတ်နိုး​တယ်၊ ယုယ​တယ်​ဆို​တဲ့ ခံစား​မှု ရ​လာ​အောင် လုပ်​ရ​မှာ​ပါ။ နှုတ်ခမ်း​ချင်း ဂဟေ​ဆက်​ထား​တာ​လည်း မ​ပျက်​စေ​ဘဲ လက်​က ရင်သား၊ ခြေထောက်​က ခြေထောက်​ချင်း ပွတ်​သီး​ပွတ်​သပ် က​ယု​က​ယင် နေ​ပေး​နိုင်​ရင်​တော့ အကောင်း​ဆုံး​ပါ​ပဲ။
အဲ ဒီ့​က​မှ အရှိန်​လေး တော်တော်​ရ​ပြီ​ဆို​ရင်​တော့ နှုတ်ခမ်း​ကို နေရာ ရွှေ့​လို့ ရ​ပါ​ပြီ။ သည်​နေရာ​မှာ ပစ်​မှတ်​က ချို​လုံး​တွေ ဖြစ်​ပေ​မယ့် အဲ​ဒါ​ကို​လည်း အလော​တ​ကြီး မဟုတ်​ဘဲ သိုင်း​သိုင်းဝိုင်း​ဝိုင်း ဖွဲ့⁠ဖွဲ့​နွဲ့⁠နွဲ့​လေး လုပ်​ပေး​တတ်​ဖို့ လို​ပြန်​ပါ​တယ်။ လုပ်​တတ်​ရင် အမျိုးသမီး​ဘက်​က အတော့်​ကို အဆင်သင့်​ဖြစ်လာ​ပါ​ပြီ။
ပါး စပ်​က နေရာ​ရွေ့​သွား​တော့ လက်​က အား​နေ​တယ်၊ ဘာ​လုပ်​ရ​မ​လဲ​လို့ မေး​ရင် အဖြေ​ရှိ​ပါ​တယ်။ လက်​က ဗိုက်​သား၊ ဆီး​ခုံ၊ ပေါင်၊ ဒူး စ​တာ​တွေ​ကို ညင်သာ​စွာ ထိ​တွေ့​ပေး​နေ​နိုင်​ပါ​တယ်။ သည်မှာ​လည်း ဦးတည်​ချက်​က ယောနိ​ဖြစ်​ပေ​မယ့် ရင်သား​မှာ​တုန်း​က​လို​ပဲ အမျိုးသမီး​က အလို​ချင် အတောင့်​တ​ဆုံး အခြေအနေ ဖြစ်လာ​တဲ့​အထိ ရစ်​သီ ရစ်​သီ​နဲ့ အရစ်​ရှည်​နိုင်​လေ အကျိုး​ရှိ​လေ​ပါ။ တကယ်​လို့ အဲ​ဒီ့​နေရာ​ကို လက်​နဲ့ မဟုတ်​ဘဲ ပါး​စပ်​နဲ့​ပဲ စခန်း​သွား​လို​သေး​တယ်​ဆို​ရင်​လည်း လက်​က ယောနိ​က​လွဲ​လို့ ခါး​အောက်​ပိုင်း ကျန်​တဲ့ နေရာ​အနှံ့​ကို ထိ​တွေ့​ထား​နိုင်​ပါ​တယ်။
ပါး စပ်​နဲ့ ထိ​တွေ့​ဖို့ ကြံ​ရင်​လည်း ချက်ချင်း တန်း​မ​သွား​သင့်​သေး​ဘူး။ အမျိုးသမီး သိပ်​လိုချင်​လာ​အောင် ရစ်​သီ​ရစ်​သီ လုပ်​ပေး​ဖို့ လို​တယ်​ခင်​ဗျ။
ဒါ ဟာ အပျိုး​ကာလ​ပါ​ပဲ။ အတွေ့​အကြုံ နည်း​သူ အမျိုးသမီး​များ​အတွက် အဲ​ဒီ့ အပျိုး​ကာလ​ဟာ နာရီ​ဝက် ၄​၅ မိ​နစ်​လောက် အချိန်​ယူ​ဖို့ လို​ပါ​တယ်။ အိမ်ထောင်​သက် ရင့်​နေ​တယ်​ဆို​ရင်တောင်​မှ အပျိုး​ကို အဖျင်း​ဆုံး မိ​နစ် ၂​၀ လောက် အချိန်​ယူ​ရ​ပါ​မယ်။ ကြာ​လေ၊ အချိန်​ဆွဲ​နိုင်​လေ၊ အမျိုးသမီး​အတွက် အရှိန်​တက်​လေ​ပါ။
အဲ လို အရှိန်​တက်​လာ​တဲ့​အခါ​မှာ​တော့ အမျိုးသမီး​ဟာ မ​သိ​မသာ​လေး နွေး​လာ​ပါ​လိမ့်​မယ်။ စိတ်​ဆန္ဒ​တွေ တက်​ကြွလာ​ပါ​လိမ့်​မယ်။ သူ့​ကိုယ်​ခန္ဒာ​က သွေး​တွေ​က​လည်း ယောနိ​နဲ့ ယောနိ​ထိပ်​က အကြော​ဆိုင် အဖု​အထုံး (အစေ့​လေး)ဆီ​ကို တိုး​နေ​ပါ​ပြီ။ သည်​အချိန်​မှာ ယောနိ​အတွင်း​ပိုင်း​နံရံ​က​လည်း တ​ဖြည်း⁠ဖြည်း​နဲ့ ချွေး​သီး​ချွေး​ပေါက်​များ​ကျ​သ​လို စိမ့်​ရာ​က နစ်​လာ​ပါ​တော့​မယ်။ သည်​အချိန်​မှာ​မှ လိင်​ဆက်ဆံ​မှု လုပ်​ရ​တော့​မှာ​ပါ။
အဲ လို​နဲ့ အာရုံ​က ဆင့်​ကာ ဆင့်​ကာ နိုး​လာ​တဲ့​အခါ​မှာ​တော့ သွေး​က တင်ပါးဆုံ​ရိုး​တ​ဝိုက်​မှာ ဆက်​ပြီး တိုး​နေ​ပါ​တယ်။ အသက်ရှူ​လည်း ပြင်း​လာ​တယ်။ နှလုံးခုန်​နှုန်း​လည်း တက်​လာ​ပါ​ပြီ။ ယောနိ​ရဲ့ အတွင်း​ပိုင်း​က​လဲ ငယ်​ပါ​ကို ဆုပ်​ညှစ်​ဖို့​အတွက် ကျဉ်း​သွား​သ​လို အပြင်​ပိုင်း​က​ကျ​ပြန်​တော့ ငယ်​ပါ​ကို ကြိုဆို​ဖို့​အတွက် ကျယ်​လာ​ပါ​တယ်။
အားလုံး အဆင်​ပြေ​နေ​ပြီ၊ အနှောင့်​အယှက် ကင်း​နေ​ပြီ၊ ဖုန်း​လည်း ထ​မ​မြည်​ဘူး၊ ကိုယ့်​ခင်ပွန်း​က​လည်း အခြေအနေ​ကို ဆက်​ထိန်း​ထား​နိုင်​မယ်​ဆို​ရင်​တော့ လိင်​အင်္ဂါ​တွေ၊ တင်ပါးဆုံ​တွေ၊ တင်ပါး​တွေ၊ ဆီး​ခုံ​တွေ​နဲ့ ပေါင်​တွေ​ဆီ​က အာရုံကြော​များ​နဲ့ ကြွက်သား​များ​ဟာ တ​ဖြည်း​ဖြည်း တင်း​သ​ထက် တင်း​လာ​ပါ​တော့​မယ်။ တင်းရင်း⁠တင်းရင်း​က​နေ ဟာ​ခနဲ ဖြစ်​သွား​ပြီး သာယာ​မှု​အပေါင်း ခ​ညောင်း​စွာ အားလုံး ပွင့်​ထွက်​သွား​သ​လို ခံစား​လိုက်​ရ​ပါ​မယ်။ အဲ​ဒါ ပြီး​တာ​ပါ​ပဲ။
အဲ သ​လို ပြီး​လိုက်​ချိန်​မှာ သားအိမ်၊ ယောနိ​နဲ့ စအို​တို့​က ၀.၈ စက္ကန့်​မှာ တစ်​ကြိမ်​နှုန်း​လောက်​နဲ့ ကြုံ့⁠ကြုံ့​သွား​ပါ​လိမ့်​မယ်။ သိပ် ပြင်း​ပြင်းထန်​ထန် ပြီး​တာ မဟုတ်​ဘဲ တော်​ရုံ​ပြီး​တာ​ဆို​ရင် အဲ​လို ကြုံ့​တာ​က သုံး​ကြိမ်​မှ ငါး​ကြိမ်​လောက်​သာ ဖြစ်​ပါ​တယ်။ တ​ကယ့်​ကို အပြင်း​ထန်​ဆုံး ပြီး​တယ်​ဆို​ရင်​တော့ ၁​၀ ကြိမ်​မှ ၁​၅ ကြိမ်​အထိ ဖြစ်​တတ်​ပါ​တယ်။ အဲ​ဒါ​မှ ပြီး​တာ အစစ်​ပါ။
အဲ လို ပြီး​ခြင်း​ဟာ အစေ့​ကို တိုက်ရိုက် လှုံ့ဆော်​လို့သော်​လည်းကောင်း၊ ယောနိ​ကို လှုံ့ဆော်​လို့သော်​လည်းကောင်း၊ နှစ်​ခု​လုံး ပေါင်း​ရုံး​ထား​တဲ့ အပေါ်​မှာသော်​လည်းကောင်း မူ​တည်​နေ​တတ်​သ​လို အမျိုးသမီး တစ်​ယောက်​နဲ့ တစ်​ယောက်​လည်း မ​တူ​ပါ​ဘူး။
တချို့ အမျိုးသမီး​တွေ​ကျ​တော့ ပြီး​ချိန်​မှာ တခြား​ကိုယ်​ခန္ဒာ​အစိတ်​အပိုင်း​တွေ ဖြစ်​တဲ့ ခြေဖျား​တွေ​ပါ ကုပ်​သွား​တတ်​သ​လို မျက်နှာ​မှာ​လည်း မဲ့​ရှုံ့​သွား​တတ်​တယ်။ တချို့​ကျ​တော့ ထူးဆန်း​တဲ့ အသံ​တွေ​နဲ့ ညည်းညူ​တယ်။ အများ​စု​ကတော့ ရုတ်​တရက် နာကျင်​သွား​သ​လို မျက်နှာထား​မျိုး​နဲ့ ဖြစ်​သွား​တတ်​ပါ​တယ်။ အမှန်​တော့ နာကျင်​တာ မဟုတ်​ပါ​ဘူး။
နယ် သာ​လန်​နိုင်ငံ တက္ကသိုလ်​တစ်​ခု​ရဲ့ နောက်ဆုံး​တွေ့​ရှိ​ချက်​အရ​ဆို​ရင်​တော့ သည်​အချိန်​မှာ အမျိုးသမီး​တွေ​ရဲ့ ဦးနှောက်​ထဲ​က ကြောက်ရွံ့​မှု​နဲ့ ခံစား​မှု​များ​ကို ထိန်း​ချုပ်​နေ​တဲ့ အစိတ်​အပိုင်း​တွေ ရပ်ဆိုင်း​သွား​တယ်​လို့ ဆို​ပါ​တယ်။ ရုတ်​တရက် သတိ​လက်လွတ် ဖြစ်​သွား​တယ်​ပေါ့။
သိပ် သေချာ​တဲ့ အချက်​တစ်​ချက်​က အမျိုးသမီး​အများ​စု​အတွက်​က အစေ့​ကို မ​ပြတ် လှုံ့ဆော် မ​ပေး​နိုင်​ဘူး​ဆို​ရင် ပြီး​ဖို့ အင်မတန် ခဲယဉ်း​တယ်​ဆို​တဲ့ အချက်​ပါ​ပဲ။ ဒါ့​ကြောင့် အမျိုးသမီး​တွေ လိင်​ဆက်ဆံ​ရင်း​နဲ့ ပြီး​ချင်​ရင်၊ ပြီး​စေ​ချင်​ရင် အမျိုးသမီး​က အပေါ်​က​နေ​တဲ့ ကိုယ်​နေ​ဟန်​ထား​က အသင့်တော်​ဆုံး​ပါ​ပဲ။ ဒါ​မှ သူ့​ကိစ္စ​အတွက် သူ့​ဘာသာ လို​သ​လို ချိန်​ညှိ​လို့ ရ​နိုင်​သ​လို အစေ့​နဲ့ အမျိုးသား​ရဲ့ ငယ်​ပါ​အရင်း ဆီး​ခုံ​အောက်​နား​က အသား​နဲ့ မ​ပြတ်​ထိ​တွေ့​အောင်​လည်း ကြံဆောင်​နိုင်​ပါ​လိမ့်​မယ်။
သည် လောက်​ဆို​ရင် အမျိုးသမီး ပြီး​တယ်​ဆို​တာ​နဲ့ ပတ်သက်​လို့ လို​တာ​ထက် ပို​ပြီး အတော်​လေး ပြည့်​ပြည့်စုံ​စုံ ရှင်း​ပြ​နိုင်​ခဲ့​ပြီ​လို့ ယူဆ​ပါ​တယ်။
စာ​ ကြွင်း – တကယ် သည်​ကိစ္စ​တွေ​ကို လေ့​လာ သိရှိ​ထား​တဲ့ ယောက်ျား​ဆို​ရင် ကိုယ့်​ဇနီး​ကိုယ် “ပြီး​လား”လို့ မေး​စရာ မ​လို​ပါ​ဘူး။ မ​မေး​ဘဲ သိ​နိုင်​ပါ​တယ်။ မေး​ပြီ​ဆို​ကတည်းက အဲ​ဒီ့​ယောက်ျား​သား​ဟာ အပြာ​စာအုပ်​တွေ၊ အပြာ​ရုပ်​ရှင်​တွေ​ရဲ့ သွန်သင်​မှု အလွဲ​အမှား​တွေ​ကို​သာ နှလုံးသွင်း​ထား​လေ​တဲ့ “င​တုံး”လို့​သာ မှတ်​ကြ​ပါ​ခင်ဗျား