Sunday, February 16, 2014

၁။ ရင်သားကင်ဆာဆိုတာ ဘာလဲ။


၁။ ရင်သားကင်ဆာဆိုတာ ဘာလဲ။

ရင်သားမှာဖြစ်တဲ့ ကင်ဆာအကျိတ်ဖြစ်ပါတယ်။ အချို့ကျတော့ ချိုင်းမှာလည်း အကျိတ်တွေပျံ့နှံ့နေပါတယ်။ အချို့ဆိုရင် နို့သီးခေါင်းက သွေးကျပါတယ်။ တော်တော်များများကတော့ ရင်သားအကျိတ်အဖြစ်နဲ့ လာပါတယ်။ မြန်မာနိုင်ငံအတွင်းမှာ အမျိုးသမီးတွေဖြစ်တဲ့ ကင်ဆာရောဂါတွေထဲမှာ အများဆုံးက သားအိမ်ဝကင်ဆာဖြစ်ပြီး၊ ဒုတိယအများဆုံးက ရင်သားကင်ဆာဖြစ်ပါ တယ်။ ယခုခေတ်မှာ အမျိုးသမီးတော်တော်များများဟာ ရင်သားကင်ဆာဖြစ်ပွားသူများလာပါတယ်။ ဖြစ်စမှာရှက်လို့ ဆရာဝန်နဲ့ မပြကြဘဲ၊ ရင်သားကင်ဆာအဆင့် (၁)၊ (၂)၊ (၃)၊ (၄)ဆိုပြီး အဆင့်လေးဆင့် ရှိတဲ့အနက် (၃) (သို့) (၄) အဆင့် လောက်ရောက်မှ ဆရာဝန်ကြီးနဲ့ပြကြပါတယ်။ အဲဒီအချိန်မှာ ကုသရတာအောင်မြင်သင့်သလောက် မအောင်မြင်ဘူးပေါ့။


၂။ ရင်သားကင်ဆာ ဖြစ်နိုင်ချေရှိတဲ့ အုပ်စုတွေက ဘယ်သူတွေလဲ။

၉၉% အမျိုးသမီးတွေမှာဖြစ်ပါတယ်။ အမျိုးသားတွေလည်း ၁% ဖြစ်ပါတယ်။ အမျိုးသမီးတွေမှာ အပျိုကြီးတွေ၊ အိမ်ထောင်ပြုနောက်ကျတဲ့ အမျိုးသမီးတွေ၊ ကလေးမမွေးတဲ့ အမျိုးသမီးတွေ ကလေးနို့မတိုက်တဲ့ အမျိုးသမီးတွေမှာ ပိုးပြီးတော့ ဖြစ်တယ်။ အသက် (၄၀)ကျော် အမျိုးသမီးတွေ အဖြစ်များတယ်။ မျိုးရိုးဗီဇကြောင့် ဖြစ်တာကတော့ ၁၅%လောက် ရှိတယ်။ ရင်သား ကင်ဆာဖြစ်တဲ့ ဗီဇပါလာရင်တော့ ဖြစ်ကိုဖြစ်တယ်။ အနောက်နိုင်ငံတွေမှာ CABR -1 နဲ့ CABR-2 လို့ခေါ်တဲ့ ကင်ဆာဗီဇရှိ/မရှိ စမ်းသပ် စစ်ဆေးနိုင်တယ်။ ကြိုတင်ပြီးတော့ ခွဲစိတ်ကုသမှုလုပ်တာရှိတယ်။ မြန်မာနိုင်ငံမှာတော့ မစမ်းသပ်နိုင်သေးပါဘူး။


၃။ ရင်သားကင်ဆာရောဂါ ဟုတ် ၊ မဟုတ် ဘယ်လို စမ်းသပ်စစ်ဆေးသင့်သလဲ။

အာ(လ်)ထရာဆောင်းရိုက်ခြင်း၊ ရင်သားဓါတ်မှန်ရိုက်ခြင်း၊ FNAC (FINE NEEDLE ASPIRATION CYTOLOGY) လို့ ခေါ်တဲ့ အကျိတ်ကို အပ်နဲ့ထိုးစိုက်ပြီး စုပ်ယူကာ ကင်ဆာကလာပ်စည်းဟုတ်မဟုတ် စမ်းသပ်စစ်ဆေးတဲ့နည်းပါပဲ။ ပြီးတော့ ခွဲသင့်ရင် တစ်ခါတည်းခွဲလို့ ရပါတယ်။ မြန်မာနိုင်ငံမှာလည်း လုပ်နိုင်ပါတယ်။ ၉၈% လောက် သေချာပါတယ်။


၎။ ခေတ်မီရောဂါကုထုံး ဘာတွေရှိသလဲ။

ယခုခေတ်မှာတော့ ကင်ဆာကုသတဲ့ဆေးတွေ အများကြီး ပေါ်ထွက်နေပါတယ်။ ကင်ဆာဖြစ်တဲ့ ရင်သားကို ခွဲစိတ်ထုတ်ပြီး (အကျိတ်ကိုသော်လည်းကောင်း၊ ရင်သားတစ်ခုလုံးကိုသော်လည်းကောင်း) ဓါတ်ရောင်ခြည်ပြတာဖြစ်စေ၊ ကင်ဆာကုသ ဆေးပေးတာဖြစ်စေ၊ နှစ်ခုစလုံးဖြစ်စေ လုပ်ရပါတယ်။ ဓါတ်ရောင်ခြည်စက်တွေကလည်း သိပ်ကောင်းလာတယ်။ ပေးချင်တဲ့နေရာကို တိတိကျကျပေးလို့ရတယ်။ ရင်သားကင်ဆာအဆင့် (၁)နှင့် (၂)မှာသာလာခဲ့ရင် (၅)နှစ်၊ (၁၀)နှစ်မှ အနှစ် (၂၀)အထိ အသက်ရှည်နိုင်ပါ တယ်။ အခြားရောဂါနဲ့ သေချင်သေမယ်။ ဒီကင်ဆာနဲ့တော့ မသေတော့ပါဘူး။ အဆင့်နောက်ကျရင်တော့ ရောဂါသိပ်ပျံ့နေပြီးရင် ထိန်းလို့မရတော့ပါဘူး။ ယခုနောက်ဆုံးပေါ်တဲ့နည်းကတော့ ရင်သားတစ်ခုလုံးကို မထုတ်ဘဲ အကျိတ်ကိုပဲထုတ်၊ ရောင်ခြည်ပြ ကင်ဆာ ဆေးသွင်းတဲ့နည်းနဲ့ကုကြပါတယ်။ BREAST CONSERVATIVE SURGERY အတိုကောက် (BCS)လို့ခေါ်ပါတယ်။ ကျွန်တော်တို့နိုင်ငံမှာ လည်း လုပ်နိုင်ပါတယ်။ ဆရာဝန်ညီလာခံမှာလည်း ဒီအကြောင်းစာတမ်းတင်ပြခဲ့ပြီး ဖြစ်ပါတယ်။မြန်မာအမျိုးသမီးတွေက အကျိတ်ကို ခွဲပြီးပေမယ့် ရင်သားကျန်နေတော့ ကင်ဆာပါကျန်နေမှာကို စိုးရိမ်ကြတယ်။


၅။ အများပြည်သူအား မှာကြားချင်သော အကြံပေးချက်။

ရင်သားမှာ အကျိတ်တွေ့ရတယ်လို့ သံသယရှိပြီဆိုတာနဲ့ ခွဲစိတ်အထူးကုဆရာဝန်နဲ့ အမြန်ဆုံးပြသရပါမယ်။ အမျိုးသမီးတွေ၊ အဓိက,ကတော့ အပျိုကြီးတွေပေါ့။ ရှက်စရာမလိုဘဲ စောစောစီးစီး ပြသဖို့လိုပါတယ်။ နောက်ကျသွားရင် ကုသမှုမအောင် မြင်ဘဲ ဖြစ်တတ်ပါတယ်။ နယ်မှာနေတဲ့သူတွေအနေနဲ့ အချို့လူတွေဟာ ရင်သားအကျိတ်ကို ပျောက်အောင်ဆိုပြီး စုတ်ထိုးတာမျိုး မလုပ် သင့်ပါဘူး။

http://www.mandalar.biz/Community/DrOnline.aspx?Category=ဆေးပညာ&EntryId=23
— with Eindra Kyaw Zin, Kyaw Thu, Kyaw Win, Nan Khin Hsu Yee, Kyaw Kyaw Bo Actor, Eaindra Kyaw Zin, Eaindra Kyaw Zin, Nan Khin Zay Yar, Aye Chan Mon and Kyaw Chit.

No comments:

Post a Comment