Thursday, February 20, 2014

လိင်ကိစ္စအပြုအမူနဲ့ ကင်ဆာ


လိင်ကိစ္စအပြုအမူနဲ့ ကင်ဆာ

ကင်ဆာဟာ လူနေမှုစရိုက်ပြောင်းလဲမှုနဲ့ ဆက်စပ်နေပါတယ်။ လူနေမှုစရိုက်ဆိုတာမှာ လိင်ကိစ္စဟာလည်း အရေးကြီးတဲ့ ကဏ္ဍတစ်ခုပါ။ လိင်ကိစ္စစရိုက်ကလည်း အခုခေတ်မှာ အကြီးအကျယ် ပြောင်းလဲနေပါပြီ။ လိင်ကိစ္စနဲ့ ကင်ဆာ ပတ်သက်နေတာမှာ အထင်ရှားဆုံးသော ဥပမာကတော့ “အေ့ (ဒ) (စ်)” AIDS ရောဂါပဲ။

ဒီရောဂါမှာ “ကာပိုစီဆာကိုးမား” လို့ခေါ်တဲ့ အရေပြားကင်ဆာ အဖြစ်များတယ်။ ကာပိုစီဆာကိုးမားကတော့ အရင်က အင်မတန်ရှားတဲ့ အရေပြားကင်ဆာ တစ်မျိုးပါ။ “အေ့ (ဒ) (စ်)” ပေါ်လာကာမှ တော်တော်လေး တွေ့လာရတာ။

"အေ့ (ဒ) (စ်)” ကတော့ လိင်တူ (ယောက်ျားအချင်းချင်း) ဆက်ဆံသူနဲ့ အခြားလိင်တူ မဟုတ်ပေမယ့် လူများများနဲ့ ဆက်ဆံသူတွေမှာ ဖြစ်လေ့ရှိတယ်။"

အခုခေတ်အခါမှာ လိင်ကိစ္စမှာ လျော့ရဲပြီး စည်းလွတ်လာကြတော့ ဟိုတစ်ခေတ်တစ်ခါကလို တစ်လင် တစ်မယား သစ္စရှိရှိ တစ်ဦးတည်းနဲ့ သေတစ်ပန်သက်တစ်ဆုံး ဆက်ဆံသူဦးရေဟာ လျော့လာပြီ။ ဒါဟာ ဖွံ့ဖြိုးတိုးတက်ပါတယ်ဆိုတဲ့ နိုင်ငံတွေမှာ ပိုဆိုးတယ်။ ခေတ်ဆန်လာတာနဲ့အတူ စာရိတ္တအဆင့်အတန်းကလည်း ကျဆင်းလာတော့တာပဲ။

အနောက်နိုင်ငံတွေကိုပဲ လက်ညှိုးထိုးနေလို့ မရတော့ဘူး။ အာရှနဲ့ အခြား “ခေတ်မီ” နိုင်ရေးအတွက် စိုင်းပြင်းနေကြတဲ့ စီးပွားရေးတက်သစ်စနိုင်ငံတွေမှာလည်း စာရိတ္တခြစားမှုဟာ တစ်နေ့တခြား ဆိုးနေပါပြီ။ လိင်ကိစ္စနဲ့ သက်ဆိုင်တဲ့ နောက်ကင်ဆာကတော့ သားအိမ်ခေါင်းကင်ဆာပဲ။

ဒီကင်ဆာဟာ ဗိုင်းရပ် (ပ်) တစ်မျိုးနဲ့ ဆက်စပ်နေတယ်ဆိုတာတော့ သိပြီးကြပြီ။ ဒီမှာလည်း တစ်ဦးတည်းနဲ့ မဟုတ်ဘဲ အတွဲခပ်များများနဲ့ ဆက်ဆံသူ အမျိုးသမီးတွေမှာ ပိုဖြစ်တယ်။

သားမွေးမှုနဲ့ ကင်ဆာ ပတ်သက်နေပုံကတော့ ကလေးနည်းတဲ့သူတွေမှာ ရင်သားကင်ဆာ ပိုအဖြစ်များပြီး ကလေးများများမွေးခဲ့တဲ့ မိခင်တွေမှာ သားအိမ်ခေါင်းကင်ဆာ ပိုဖြစ်တယ်။

Credit to - ဒေါက်တာ မြင့်မြင့်ခင်
B.A (Rgn), M. B. B. S (Rgn)
F. R. C. P (Edin)
(ကင်ဆာ)

No comments:

Post a Comment